Thursday, November 28, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၁)

သစ်ထူးလွင်



Posted: 28 Nov 2013 06:38 AM PST

ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ပြီးရင် ဖက်ဒရယ် တပ်မတော်ဆိုတဲ့ ကိစ္စပါ။ အစိုးရ ဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာ အရပ်ရပ် ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့ မရပါဘူး။ ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လိုင်ဇာမြို့၌ လုံခြုံရေးတာဝန်ယူထားသော ကေအိုင်အေစစ်သားသုံးဦး။ ဘူးသီး/မြန်မာတိုင်း(မ်)

Posted: 28 Nov 2013 05:23 AM PST

နိုင်ငံတော်အစိုးရက အရှုံးပေါ်တယ်ဆိုတဲ့ ဌာနတွေအတွက် ပြည်သူတွေဆီက အခွန်အခတွေ ပိုကောက်ခံမယ့်အစား သက်ဆိုင်ရာဌာနတွေရဲ့ အောက်ခြေအတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံးအဖြေရှာကာ ပြန်လည် သုံးသပ်ဖို့လိုအပ်လာပြီလို့ နိုင်ငံရေး ပါဝင်လှုပ်ရှားနေသူပညာရှင်အချို
့က သုံးသပ်ကြပါတယ်။ ကြို့ကုန်းမြို့နယ်၊ အနောက်ရပ်ကွက်၊ မီးရထားဝင်းအတွင်းနေထိုင်သူ အသက် ၃၀ ဝန်းကျင်ခန့်ရှိအမျိုးသားတစ်ဦးက “မီးရထားက အရှုံးပေါ်နေတယ်ဆိုပြီး ပြည်သူတွေဆီကပဲ ရထားခတိုးကောက်နေတယ်၊ မနက်စောစောတွေဆိုရင် ဆီ လေးပီပါ၊ ငါးပီပါလောက် နေ့တိုင်း ခိုးထုတ်နေတာတွေကျတော့ သေချာမဖော်ထုတ်ကြဘူး၊ ဒါတွေအတွက်ပါ ပြည်သူတွေက ပိုက်ဆံပေးနေရတယ်”လို့ သူ့အမြင်ကို ပြောပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Nov 2013 04:32 AM PST

ဩ​စ​တြေး​လျ​နိုင်​ငံ​မှာ ​အ​လည်​အ​ပတ်​ရောက်​ရှိ​နေ​တဲ့ ​မြန်​မာ့​ဒီ​မို​က​ရေ​စီ​ခေါင်
း ​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​နဲ့ ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။ ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​နဲ့ ​ဒီ​နေ့ ​တွေ့​ဆုံ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။ ​တွေ့​ဆုံ​အ​ပြီး ​ပြု​လုပ်​တဲ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​က  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ကြို​ဆို​တဲ့ ​အ​ကြောင်း​နဲ့ ​တ​ချိန်​က ​သူ ​အ​တိုက်​အ​ခံ ​ဖြစ်​စ​ဉ်​က​လည်း ​တ​ခါ​တ​လေ ​စိတ်​အ​နှောင့်​အ​ယှက် ​ဖြစ်​ခဲ့​ဖူး​သ​လို ​တ​ခါ​တ​လေ ​စိတ်​ပျော်​ရွှင်​ဖူး​တဲ့​အ​ကြောင်း ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 28 Nov 2013 03:08 AM PST

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ပြည်သူများက (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ၏ အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိသဖြင့် ယနေ့ နံနက်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ ဆန္ဒပြပွဲကို စတင်ခဲ့ပြီး လူပေါင်း ၉၀၀ ခန့် ပူးပေါင်း ပါဝင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး မြို့ထဲ လမ်းတလျှောက် ချီတက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Nov 2013 02:57 AM PST

ဖွဲ့ ​စည်း​ပုံ​ပြင်​ဆင်​ရေး ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​သ​မ္မ​တ၊ ​လွှတ်​တော်၊ ​တပ်​မ​တော်​တို့​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​လို​ကြောင်
း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​မေ​တ္တာ​ရပ်​ခံ​စာ​ကို ​လွှတ်​တော်​ဖွဲ့​စည်း​ပုံ ​လေ့​လာ​သုံး​သပ်​ရေး​ကော်​မ​တီ ​အ​စီ​ရင်​ခံ​စာ​ထွက်​ချိန်​ထိ ​စောင့်​ဆိုင်း​ပြီး ​စ​ဉ်း​စား​လုပ်​ဆောင်​သင့် ​တယ်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ  ​တုံ့​ပြန်​ပြော​ကြား​လိုက်​ပါ​တယ်။  ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​သ​မ္မ​ထံ​ပေး​ပို့​ထား​တဲ့ ​စာ​နဲ့ ​ပတ်​သက်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ  ​ဦး​ရဲ​ထွဋ်​က ​အ​ခု​လို ​တုံ့​ပြန်​ပြော​ကြား ​လိုက်​တာ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦး​ရဲ​ထွဋ်

Posted: 28 Nov 2013 02:54 AM PST

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်းများသည် စိတ်ချ ယုံကြည်ရသော အခြေအနေ မရှိကြောင်း မြန်မာ့ ငါးသယံဇာတကို သုတေသန ပြုလုပ်ရန် ရောက်ရှိနေသည့် နော်ဝေ ငါးသုတေသန ယာဉ် R/V Dr Fridtjof Nansen ၏ ကနဦး ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင် ကျန်ရှိသည့် ငါး၊ ပုစွန် သယံဇာတ ပမာဏနှင့် ငါး၊ ပုစွန် သယံဇာတ မပြုန်းတီးရေးအတွက် တင်းကျပ်သော စီမံခန့်ခွဲမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်က ထောက်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Nov 2013 02:51 AM PST

၂၇.၁၁.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ ကားလမ်းအတိုင်း သုံးခွဘက်မှသန်လျင်ဘက်သို့ ယာဉ်မောင်း နေလင်း (ဘ)ဦးကြွက်၊ (၂)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၁စ/---- ဟွန်ဒိုင်း အမျိုးအစား သုံးခွ မှန်လုံခရီးသည် တင်ယာဉ်သည် သန်လျင်မြို့နယ်၊ (၆)လမ်းသွား လမ်းဆုံ အရောက်တွင် ဒဂုံသီလ၀ါ လမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း သူရအောင်(ဘ)ဦးထွန်းရီ၊ စစ်ပင်ကွင်းရပ်ကွက်၊ မုံရွာမြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/---- ဆမ်ဆောင်း အမျိုးအစား သစ်လုံးတင်ယာဉ်နှင့် တိုက်မိခဲ့ကြရာ သစ်လုံးတင်ယာဉ်မှာ တိမ်းမှောက်သွားပြီး သုံးခွမှန်လုံ ခရီးသည်တင်ယာဉ်မှာ လမ်း၏၀ဲဘက် မြေနိမ့်ပိုင်းသို့ ထိုးကျသွားခဲ့ သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Nov 2013 02:45 AM PST

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ယင်းမြို့နယ် အမှတ် (၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင် ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာမှာ လေတပ်ကွေ့ ကားမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ပြီး ကျွန်းသစ်များ တင်လာသည်ကို မတွေ့ရှိသော်လည်း အဆိုပါယာဉ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူများကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ခုနစ်ဦးနှင့် ယာဉ်မောင်းကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Nov 2013 02:27 AM PST
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက် အရွေးကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင် ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည် မဟုတ်ကြောင်း အတည်အလင်း ထုတ်ဖော်ပြောခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Nov 2013 10:43 PM PST

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ် နောင်မူးကျေးရွာတွင် မူးယစ်ဆေးဝါး သတင်းများအရ မူးယစ်တပ်ဖွဲ့စု(၈) မုံရွာ လက်အောက်ခံ ကသာလှုပ်ရှားတပ်ဖွဲ့မှ ယခုလ ၂၅ ရက်နေ့ မနက် ၁၁ နာရီခွဲက ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ ရာ ဒေသခံ ရွာသား လူအယောက်(၃၀)ကျော်မှ ဖမ်းဆီးရဲအရာရှိအား ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ ရုံအဖွဲ့မှ ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ နောင်မူးကျေးရွာနေ မမြိုင် အသက် (၂၆)နှစ်၊ ဖခင်အမည် ဦးရောင်ထူး၏ နေအိမ်သို့ ၀င်ရောက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Nov 2013 09:41 PM PST

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်သည့် အချိန်အထိ စောင့်ဆိုင်း သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ၎င်း၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 09:27 PM PST

ယနေ့နံနက် ၁ဝနာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ရပ်ကွက် ခရေပင်လမ်းရှိ အိမ် အမှတ် ၂၇၄မှ အိမ်ပိုင်ရှင်ဒေါ်အေး အေးမွန် လမ်းခင်းရန်အတွက် ဝယ်ယူသော မြေကြီးများနှင့် ရော နှောကာ လက်ပစ်ဗုံး ၅၈ လုံး ပါလာခဲ့ကြောင်း၊ မြေကြီးများကား ပေါ်မှချချိန်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ဝေဘာဂီမြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင့်ထူးက ပြော သည်။မြေကြီးများကိုမင်္ဂလာဒုံခု
တင် ၃ဝဝဆံ့ ဆေးရုံမှ ဝယ်ယူခြင်းဖြစ် ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 09:16 PM PST

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသား အားလုံး အတွက်အရေးကြီးပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီ အားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင် ဆွေးနွေးရမည့် ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 09:05 PM PST

ဓာတ်ပုံတစ်ခုဟူသည် သမိုင်းဖြစ်သည်။ အထူးသဖြင့် ထိုသမိုင်းသည် သံမဏိအမျိုးသမီးဟု ကမ္ဘာကအမည် နာမတပ် ရသည်အထိ လေးစားကြသော  မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တန်းရောက်ခွင့်မရသော မိသားစုသမိုင်း။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်၊ စနေနေ့က မိဘနှစ်ပါးစုံညီစွာ ဖြင့် သားနှစ်ဦးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပခွင့်ရခဲ့သည့်  မှတ်တမ်းဓာတ်ပုံ။ အသံမဲ့ စကားလုံးများက ခံစားတတ်သူတိုင်း၏ နှလုံးသားကို ခပ်ပြင်းပြင်းခေါက်လိုက်သလိုပင်
ဖြစ်သည်။ ထိုပုံကို အင်တာနက်ဖေ့စ်ဘွတ်တွင် တင်ခဲ့သူက မစီစီရိုဇာ။ သူက ထိုပုံကို ကျော်ကြားမှုနှင့် အကျိုးမျှော်လင့်ချက် တစ်စုံ တစ်ရာအတွက် တင်ခဲ့ခြင်း မဟုတ်။ ထိုပုံ တင်ဖြစ် ခဲ့ခြင်း တွင် အဓိပ္ပာယ်များစွာ ရှိပြီး ထိုဓာတ်ပုံတွင်လည်း ပြန် လည်တူးဆွစရာသမိုင်းနှင့် ခံစားချက်များစွာရှိပါသည်။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 08:51 PM PST

ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၂၆ ရက်တွင် အဓမ္မပြုကျင့်ခံရသဖြင့် အမှုဖွင့်တိုင်တန်းမှု သုံးမှုထိရှိခဲ့ရာ ပထွေးဖြစ်သူက အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ပြုကျင့်မှုနှစ်မှုထိ ပါဝင်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်တစ်ခုမှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်း
ရှိ ကျေးရွာတစ်ရွာတွင် နိုဝင်ဘာလ ၉ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 08:21 PM PST

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ အခက်အခဲ အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို မကြာမီ အချိန်အတွင်း ခွင့်ပြုတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata က The Voice နှင့် သီးခြား တွေ့ဆုံရာတွင် အတည်ပြု ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နယ်စပ်ဒေသမှာလည်း ပံ့ပိုးမှုတွေ ပိုများလာပါမယ်” ဟု Mr. Pisanu Suvanajata က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 08:07 PM PST

သြစတြေးလျနိုင်ငံသို့ ရောက် ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသော လူမျိုးရေးပြဿနာနှင့် ပတ်သက်သော ၄င်း၏ ရပ်တည် ချက်များ အပေါ်မေးခွန်း ထုတ်ခဲ့ခြင်း များကို တုံ့ပြန်ဖြေရှင်းသွားခဲ့သည် ဟု အေပီသတင်းဌာနက ယနေ့ ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆစ်ဒနီပြဇာတ်ရုံ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ''လူ့ အခွင့်အရေး ချိုးဖောက်ခံရသူတွေ ကို အမြဲကာကွယ်ပေးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ပြဿနာ အပေါ် တချို့က ကျွန်မပြစ်တင် ရှုတ်ချတာမျိုး လုပ်စေချင်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 08:00 PM PST
စစ် အာဏာသိမ်းမှု ကြောင့် မာလီမှာ ကစင့်ကလျား ဖြစ်

မာလီ နိုင်ငံမှာ မနှစ်က အာဏာ သိမ်းပွဲကို ခေါင်းဆောင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Amadou Sanogo ကို လူသတ်မှု၊ လူပြန်ပေးမှု တွေနဲ့ ဖမ်းဆီး စွဲဆို ထားလိုက်ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Sanogo အိမ်ကို တပ်တွေ အများကြီးနဲ့ ဝိုင်းပြီး ဖမ်းခဲ့တာ ဖြစ်ပါတယ်။

သူ့ကို တရားရုံးက ရမန်ယူပြီး ချုပ်နှောင် ထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Sanogo ရဲ့ အာဏာသိမ်းမှုကြောင့် မာလီမှာ ကစင့်ကလျား ဖြစ်ခဲ့ ပြီး နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ် သူပုန်တွေ ထကြွ ခဲ့ပါတယ်။

မာလီ စစ်သား တွေက လူထု အပေါ် စနစ်တကျ ညှဉ်းပန်း သတ်ဖြတ် တာတွေ ရှိတယ် ဆိုပြီး စွပ်စွဲမှုတွေ လည်း ထွက်နေ ပါတယ်။

ဗိုလ်ချုပ်ကြီးကို ဖမ်းဆီး လိုက်လို့ ပြည်သူ တွေ စိတ် သက်သာရာ ရသွားကြောင်း ၊ အသစ် တက်လာတဲ့ အရပ်သား အစိုးရ က စစ်တပ်ကို အစွယ်ထုတ်ပြ လိုက်တာ ဖြစ်ကြောင်း ဘာမာကို မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောဆို ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted: 27 Nov 2013 07:58 PM PST

တောင်သူလယ်သမားများ၏ ၀င်ငွေမြင့်မားရေး၊ လူနေမှုဘ၀တိုးတက်ရေး ကူညီဆောင်ရွက်ရန်ရည်ရွယ် သည့် ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူးဦးမင်းသူက နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။ “အဲဒီကွန်ရက်က အချက်အလက်မှန်တွေ ရအောင်စုမယ်၊ ပြီးရင် တောင်သူတွေကို ဘယ်လို ကူညီနိုင်မ လဲဆိုတဲ့ ဆုံးဖြတ်ချက် ချမယ်။ ရေရှည်မှာ ရလဒ်ကောင်းဖို့အတွက် အစီအစဉ်တွေဆွဲပြီး အကောင်အ ထည်ဖော်သွားမှာပါ”ဟု ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 07:40 PM PST

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဘာသာမတူသည့် အုပ်စုနှစ်စုအကြား ပဋိပက္ခများ ဖြစ်ပေါ်နေမှုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသည့် အသုံးအနှုန်းသုံးနှုန်းခြင်းသည် မုန်းတီးမှုများကိုသာ ဖြစ်စေမည်ဟု သတိပေးလိုက်သည်။ နိုဝင်ဘာ ၂၇ ရက်က ဆစ်ဒနီမြို့ရှိ Sydney Opera House တွင် ကျင်းပသော Ideas At the House ဆွေးနွေးပွဲတွင် စာနယ်ဇင်းသမားများ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Nov 2013 06:38 PM PST

နေပြည်တော် နိုဝင်ဘာ ၂၇

နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ငလိုက်ချောင်း နမ်ချွန်တံတားအနီးတွင် နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်သီးဆိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် နက်ပြာရောင် ဆတ်ဖ် ၄ဃ/ ----- ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာယာ အရှိန်မထိမ်းနိုင်ဘဲ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်ကို ဝင်တိုက်ပြီး အရှိမသေဘဲ သစ်သီးဆိုင်ကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သစ်သီးဆိုင်မှ သားအမိနှစ်ဦးကို တိုက်မိရာ နှစ်နှစ်ခွဲခန့်အရွယ် ကလေးငယ်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာများရရှိသောကြောင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းကို ချင်းရွာ (ဘုရားကုန်း) မြို့မရဲစခန်းက အမှုဖွင့် ထားကြောင် သိရသည်။

MOI Webportal Myanmar
Posted: 27 Nov 2013 06:36 PM PST

သိမ်းထားတဲ့ လယ်တွေကို စီမံကိန်း မလုပ်ရင် ပြန်ပေးမယ် ဆိုတဲ့ သမ္မတ မိန့်ခွန်းကို ကြားပြီး သိမ်းခံရတဲ့ လယ်တွေမှာ ၀င်ရစိုက်လို့ မူလ လယ်ရှင် တွေကို ပိုင်နက် ကျူးလွန်မှုနဲ့ ထောင်ချ လိုက်ပါတယ်။ ကိုယ့်ဘိုးဘွား ပိုင်မြေမှာ ၀င်စိုက်တာပဲ ဆိုပြီး ထွန်ယက် ခဲ့တဲ့ ငပုတော သဲချောင်း ရွာက ကိုထွန်းထွန်းနိုင်၊ မယ်သီလ ရွာက မန်းစံဖေနဲ့ သား ကိုရွှေဧည့်သည် တို့ကို ငပုတော တရားရုံးက ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ အပြစ်ပေး ခံလိုက် ရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လယ်ပိုင်ဆိုင်မှုတွေ ခြိမ်းခြောက်ခံနေရ

Posted: 27 Nov 2013 06:31 PM PST


မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အဓိက အခန်းက ပါခဲ့တဲ့ BIA ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို စတင် ထူထောင်သူ ရဲဘော် သုံးကျိပ် ထဲက နောက်ဆုံး ကျန်ရစ်သူ ဗိုလ်ရဲထွဋ် ရန်ကုန် မြို့ မှာ ဗုဒ္ဒဟူး နေ့ည က ကွယ်လွန် သွားပါတယ်။ ကွယ်လွန်ချိန် မှာ အသက် ၉၂ နှစ် ရှိသူ ဗိုလ်ရဲထွဋ်ဟာ ၁၃ဝဝ ပြည့် အရေးတော်ပုံ နဲ့ ကျောင်းသား သမဂ္ဂတွေမှာ ပါဝင်ခဲ့ပြီး သခင် ကိုယ်တော်မှိုင်း တို့ဗမာ အစည်းအရုံး ဝင် သခင်အောင်သိန်း အဖြစ် လှုပ်ရှား ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တော်လှန်ရေးနေ့ တက်လာတဲ့ ဗိုလ်ရဲထွဋ်( ဝဲ)

Posted: 27 Nov 2013 06:23 PM PST

အမေရိကန်ပြည်ထောင်စု သမ္မတတွေကြား ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့တဲ့ အစဉ်အလာအတိုင်း ကျေးဇူးတော်နေ့အတွက် ကြက်ဆင် ၂ ကောင်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လွှတ်ပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ကြာသပတေးနေ့ ကျရောက်တဲ့ ကျေးဇူးတော်နေ့ ရုံးပိတ်ရက်မှာ မိသားစုတွေဝိုင်းဖွဲ့ပြီး ကြက်ဆင်သားကို စားကြတာဟာ ထုံးစံတခု ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 06:16 PM PST
နိုဝင်ဘာလ(၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment