၄၂ article: talking in general (ယေဘုယျအကြောင်းပြောခြင်း)
အရာဝတ္ထုတို့အကြောင်းယေဘုယျပြောသည့်အခါ the + uncountable/plurals ကိုမသုံးပါ။ ဥပမာ စာအုပ်များ-လူများ-သက်ရှိများအားလုံး။ the သည် အားလုံး (all) ဟုမဆိုလိုပါ။ သတ်သတ်မှတ်မှတ် အရာကိုသာညွှန်းသည်။
နှိုင်းယှဉ်ကြည့်ပါ။
Did you remember to buy the books? (= ငါဝယ်ခိုင်းသည့်စာအုပ်များ)
Books are expensive. (NOT. . .
I’m studying the life of Beethoven. (= အခြားသူများ၏ဘ၀မဟုတ်)
ဘီသိုဗင်ရဲ့ဘ၀အကြောင်းလေ့လာနေတယ်။
Life is hard. (NOT. . .
ဘ၀ကကြမ်းတမ်းတယ်။
‘Where’s the cheese?’ ‘l ate it. ’ (နှစ်ယောက်စလုံးသိသည့်ဒိန်ခဲ)
ဒိန်ခဲကော။ ငါစားလိုက်ပြီ။
Cheese is made from milk. (ဒိန်ခဲအားလုံး)
ဒိန်ခဲသည်နို့မှလုပ်သည်။
Could you put the light on? မီးဖွင့်လိုက်နိုင်မလား။
Light travels at 300,000 km a second. (ေယဘုယ်)
အလင်းရောင်သည် တစ်က္ကန့်လျှင် ကီလိုမီတ ၃ သိန်းနှုန်းနှင့်သွားသည်။
တစ်ခါတစ်ရံတွင် နာမ်အနည်းကိန်းကိုသုံး၍လည်း ယေဘုယျအကြောင်းအရာကိုပြောနိုင်သည်။ ယင်းအခါမျိုးတွင် ရှေ့က a/an ထည့်ပြောသည်။
A baby deer can stand as soon as it is born. (မည်သည့်သမင်ပေါက်မဆို)
သမင်ပေါက်ကလေးသည့်မွေးပြီးပြီးချင်းမတ်တပ်ရပ်နိုင်သည်။
A child needs plenty of love.
ကလေးငယ်တစ်ယောက်သည် ချစ်ခြင်းမေတ္တာအလျှံအပါယ်လိုအပ်သည်။
ရေတွက်၍ရသောနာမ်အနည်းကိန်းနှင့် the ကိုတွဲသုံးကာ ယေဘုယျအကြောင်းအရာများကိုပြောနိုင်သည်။ သိပ္ပံပစ္စည်းကိရိယာ၊ တူရိယာပစ္စည်းများနှင့် သုံးလေ့ရှိသည်။
Life would be quieter without the telephone.
တယ်လီဖုန်းသာမရှိရင် ဘ၀ကပိုဆိတ်ငြိမ်သွားမှာ။
The violin is more difficult than the piano.
တယောသည် စန္ဒယားထက် (လေ့လာရတာ) ပိုခက်သည်။
အောက်ပါအသုံးများသောစကားစုများတွင် ယေဘုယျအဓိပ္ပါယ်ရှိသည်။
the town, the country, the sea, the seaside, the mountains, the rain, the wind,
the sun(shine).
I prefer the mountains to the sea. l hate the rain.
ပင်လယ်ထက်တောင်တန်းတွေကိုပိုသဘောကျတယ်။ မိုးကိုမုန်းတယ်။
Would you rather live in the town or the country?
မြို့မှာနေမလား။ ကျေးလက်မှာနေမလား။
We usually go to the seaside for our holidays.
အားလပ်ရပ်ခရီးအတွက် ပင်လယ်ဘက်သွားလေ့ရှိသည်။
I like lying in the sun(shine). I like the noise of the wind.
နေရောင်ခြည်အောက်မှာလဲလျောင်းရတာနှစ်သက်တယ်။ လေတိုးသံကိုကြိုက်တယ်။
၄၃။ articles: countable and uncountable nouns ရေတွက်၍ရသောနာမ်နှင့်ရေတွက်၍ မရသော နာမ်များ
ရေတွက်၍ရသောနာမ်အနည်းကိန်းသည် ပုံမှန်အားဖြင့် article သို့မဟုတ် determiner တစ်ခုတွဲလေ့ရှိသည်။
a cat, the cat, my cat, this cat, any cat, either cat or every cat ဟုပြောနိုင်သော်လည်း but cat တစ်ခုတည်းပြောလေ့မရှိပေ။ (ချွင်းချက်တစ်ချို့ရှိပါသည်။)
Plural နှင့် uncountable nouns တို့မှာ article သို့မဟုတ် determiner မပါဘဲသုံးနိုင်သည်။
a/ an | the | no article | |
singular countable – cat | a cat | the cat | × × × × |
plural countable – cats | × × × × | the cats | cats |
uncountable – water | × × × × | the water | water |
၄၃။ articles: a and an; pronunciation of the အသံထွက်ပုံများ
vowel (a, e, i, o, u) သံ၏ရှေ့တွင် / Ə / သံထွက်လေ့မရှိပါ။ an ဟုသာသုံးသည်။ ထို့အတူပင် သရသံရှေ့တွင် the ၏အသံထွက်သည် /T/(သ) သံမှ /Di:/ (သည်)သံသို့ပြောင်းသွားပါသည်။
a rabbit an elephant the sea / D@ si: သစီး/ the air / Di: e@ သည်အဲ/
ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။
ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674
Tags: ဇာနည်(MyWay)
Read more: အခြေခံအင်္ဂလိပ်အသုံး ၁၃ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A989173&xgs=1&xg_source=msg_share_topic#ixzz2lrreSxMy
No comments:
Post a Comment