သစ်ထူးလွင် |
|
- ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော ကလေး(၃)ဦးအား ရထားတိုက်မိ
- ဒုရဲအုပ် အယောင်ဆောင် ရွှေထည်လိမ်လည်သူ ဖမ်းမိ
- ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန်
- ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီမြောက်ပိုင်းမှာ အသတ်ခံရ
- ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်
- သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်
- မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- လယ်တီသိမ်အက်ကွဲ သတင်းကြောင့် တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်
- ဂူးဂဲလ်မျက်မှန် ယာဉ်စည်းကမ်း ချိုးဖောက်သလား
- ကိုမင်းကိုနိုင်တို့၏ စာပေဟောပြောပွဲ အာဏာပိုင်ပိတ်ပင်၍ နေရာပြောင်းရွှေ့ခဲ့ရ
- တရုတ်ပိုက်လိုင်းဖြတ်ရာ ရွာချင်းဆက်လမ်း မြေကျွံနိမ့်ကျ၍ ဒေသခံများ အခက်တွေ့
- မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ်
- နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး
- လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို တရားဝင် ကန့်ကွက်မည်
- တာမွေ လမ်း ၁၄၀ ရှိ ဆိုင်အချို့  ညအချိန်မတော် ဖျက်ဆီးခံရ
- အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
- လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး
- တာလီဘန် ခေါင်းဆောင်သေလို့ ဆွေးနွေးပွဲ ပျက်စီး
- နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.43
- နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၄)
- ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး
Posted: 03 Nov 2013 03:47 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၃ ၃.၁၁.၂၀၁၃ရက်နေ့ ၀၄၂၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်း ဘူတာအနီး ရန်ကုန်-မန္တလေး အဆန်သံလမ်း၊ မိုင်တိုင်အမှတ် (၄/၅)နှင့် (၄/၆)ကြား ရထားလမ်းပေါ်တွင် အိပ်ပျော်နေသော သင်္ဃန်းကျွန်း မြို့နယ်နေသူများဖြစ်သည့် လျှာထိုးခန်း၊(၁၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ရဲထက်ကျော်(၁၄)နှစ်၊ (ဘ)ဦးစန်းဦးနှင့် သန်းထိုက်(ခ)မျက်ပြူး(၉)နှစ်၊ (ဘ)ဦးဝင်းဇော်တို့ (၃)ဦးအား ရန်ကုန်မှ မန္တလေးသို့ ထွက်ခွါလာသော စက်ခေါင်းအမှတ် DF-1357 အမှတ်(၁)အဆန်စာပို့ရထားမှ တိုက်သွားခဲ့ပါသည်။ အဆိုပါရထားတိုက်မှုကြောင့် လျှာထိုးခန်းတွင် ဦးခေါင်းကြေမွ၊ ၀ဲလက်ပြတ်ဒဏ်ရာများဖြင့် လည်းကောင်း၊ ရဲထက်ကျော်တွင် ၀ဲလက်၊ ၀ဲခြေထောက်ပြတ်ဒဏ်ရာများဖြင့် သေဆုံးသူ(၂)ဦးနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၃)ဖြင့် ဖွင့်လှစ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police |
||
Posted: 03 Nov 2013 02:55 AM PST
အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဝတ်ဆင်ထားသော ရွှေထည်များကို ဒုရဲအုပ် အယောင်ဆောင်ကာ လိမ်လည် ယူဆောင်ခဲ့သူ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် ဖမ်းမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူ ကိုဖြိုးကိုကိုသည် အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကွန်ပျူတာသင်တန်းမှ အိမ်သို့ ပြန်လာစဉ် တာမွေဗလီ ကားမှတ်တိုင်၌ အမျိုးသားတစ်ဦးက နာမည်မေးမြန်းခဲ့ပြီး ၎င်းသည် ခရိုင် ဒုစရိုက်နှိမ်နင်းရေးဌာန (ဒ/န) မှ ဒုရဲအုပ်ဖြစ်ပြီး ယင်းလူငယ်နှင့် ရုပ်ချင်းတူသူကို လိုက်ရှာနေသောကြောင့် ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ရာ လမ်းလျှောက် လိုက်လာခဲ့ပြီး ဗဟန်းမြို့နယ် ဗန်ဒါပင် မှတ်တိုင်တွင် ရွှေထည် အလိမ်ခံရခြင်း ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ မှုခင်း မှတ်တမ်းများအရ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Nov 2013 02:51 AM PST
နိုင်ငံပိုင်
ရုပ်မြင်သံကြား နှင့် သတင်းစာများ သတင်းဖော်ပြရာတွင် မြန်မာနိုင်ငံရှိ
တန်ခိုးအကြီးဆုံးသော ရွှေတိဂုံစေတီတော်၏သတင်းကို ဦးစွာမဖော်ပြဘဲ
လူကြီးများ၏မျက်နှာကိုလိုက်၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သတင်းကို
ဦးစွာထုတ်လွှင့်နေသည်မှာ မူဝါဒမရှိဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က
ဝေဖန်ပြောကြားလိုက်သည်။ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံတွင်သာမက
ကမ္ဘာမှာပင် ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်း မှတ်တိုင်ဖြစ်သည့်အတွက်
နောက်မှပေါက်သည့် ရွှေကြာပင်သဘောမျိုး ဖြစ်နေသည်ဟု ဆိုကာ
ဝါစဉ်/သမားစဉ်တို့ကို အလေးထားသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က
နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနပိုင်
မီဒီယာများ၏ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဝေဖန်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Nov 2013 02:28 AM PST
Radio
France Internationale ရေဒီယို ဌာနက ပြင်သစ် သတင်းထောက် နှစ်ယောက်
မာလီနိုင်ငံမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဌာနက
အတည်ပြု ပြောကြားလိုက်ပါတယ်။ ကီဒဲလ် မြို့မှာ အစောပိုင်းတုန်းက
သေနတ်သမားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ Ghislaine Dupont နဲ့ Claude Verlon
တို့ရဲ့ အလောင်းတွေကို တွေ့ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Nov 2013 02:21 AM PST
ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။ “ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Nov 2013 02:17 AM PST
အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။ ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Nov 2013 02:12 AM PST
ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Nov 2013 02:07 AM PST
လက်ပံတောင်း ကြေးနီ စီမံကိန်း မိုင်းခွဲမှုတွေကြောင့် လယ်တီ ဆရာတော် သမုတ်တဲ့ သိမ် အက်ကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သံဃာနဲ့ လူတခိျု့ သွားကြည့်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။ တားမြစ်ခံရတဲ့ ဒေသခံ ရဟန်း ရှင်လူတွေက တုံရွာထိပ်မှာ သံဃာခြောက်ပါး အပါအဝင် လူအင်အား ၂ဝဝလောက်နဲ့ သိမ် ကာကွယ်ရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Nov 2013 02:01 AM PST
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက စီစီလီယာ အဘာဒီး ဆိုသူ အမျိုးသမီးတယောက်ကို မော်တော်ကား သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုနဲ့ အတူ ဂူဂဲလ် စမတ်မျက်မှန်ကို ကားမောင်းရင်း တပ်ဆင်မှုနဲ့ပါ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။ ဂူဂဲလ်စမတ်မျက်မှန် တပ်ဆင် မောင်းနှင်မှုနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့ အပေါ်မှာ အငြင်းပွားမှုတွေတော်တော်များမျာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Nov 2013 01:44 AM PST
ကိုမင်းကိုနိုင်တို့၏ ကယား(ကရင်နီ)ပြည်နယ် စာပေဟောပြောပွဲ အာဏာပိုင်များ ပိတ်ပင်ထားခဲ့၍ နေရာပြောင်းရွှေ့ပြီး ကျင်းပခဲ့ကြရသည်ဟု စာပေဟောပြောပွဲ ဦးဆောင်းကျင်းပသည့် လူငယ်အဖွဲ့မှ မင်းသူကျော်က ပြောသည်။ စာပေဟောပြောပွဲကျင်းပရန် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ စီစဉ်ထားခဲ့ကြပြီး ပြည်နယ်အစိုးရမှ၎င်းနေရာကို ခွင့်မပြုပဲ နေရာထိုင်ခင်း အခက်အခဲရှိသည့် အားကစားရုံတွင် ပြုလုပ်ရန်ပြောကြားခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Nov 2013 01:23 AM PST
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာချင်း ဆက်လမ်းမှာ မိုးရွာသွန်းမှုများသဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ မြေကျွံကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပိုက်လိုင်း မြှုပ်ပြီးနောက် မြေပြန်ဖို့မှုမှာ စနစ်ကျနမှု မရှိခြင်းကြောင့် မိုးများသည့် အချိန်တွင် လမ်းနိမ့်ကျခြင်း ဖြစ်ကြောင်း ရွာဘိုကျေးရွာ ဒေသခံများက တူညီစွာ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Nov 2013 12:53 AM PDT
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 07:16 PM PDT
မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္တိတိုက်နယ်ထဲမှာ ရေကြီးနေတဲ့အတွက် ကျေးရွာပေါင်း ၈ ရွာက အိမ်ခြေ ထောင်ကျော် ရေနှစ်မြုပ်နေပါတယ်။ ရေဘေးဒုက္ခရောက်နေသူပေါင်းလည်း ထောင်နဲ့ချီရှိနေပါတယ်။ နေအိမ်တွေအပြင် လယ်မြေနဲ့ ယာမြေပေါင်းများစွာခဲ့ ပျက်စီးဆုံးရှုံးနေတယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ “ဗြဟ္မစိုရ် နှလုံးလှ” လူမှုကူညီရေးအသင်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒုက္ခသည်တွေအတွက် တာဝန်ရှိသူတွေက ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ပေးပေမဲ့ ရက်ပိုင်းအကြာမှာပဲ နေရပ်ပြန်ခိုင်းခဲ့တဲ့အတွက် ရေမြုပ်နေတဲ့ နေအိမ်တွေဆီပြန်သွားဖို့ ဒုက္ခသည်တွေမှာ အခက်တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တချို့ကလည်း ပြန်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ လယ်ယာမြေတွေ ရေလွှမ်းကုန်တာကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်ပြီး စိုက်ပျိုးသီးနှံတွေဆုံးရှုံး ဗွီအိုအေ (မြန်မာဌာန) |
||
Posted: 02 Nov 2013 04:08 PM PDT
လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် တရားဝင် ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 04:04 PM PDT
တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့ ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်က သတင်းပေးပို့သည်။ လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်း ဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 03:18 PM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။ သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 01:56 PM PDT
အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 08:40 AM PDT
အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။ ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 02 Nov 2013 08:33 AM PDT
|
||
Posted: 02 Nov 2013 08:31 AM PDT
နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၄) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Nov 2013 07:53 AM PDT
အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒံ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
No comments:
Post a Comment