သစ်ထူးလွင် |
|
- ပြင်လိုက်ညာလိုက် ပညာရေး ဘာလဲ၊ ဘယ်လဲ
- ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို
- သမဝါယမဘဏ်တွင် မင်္ဂလာဦးအပ်ငွေ ထားသူများ ကျပ်နှစ်သောင်း လက်ဖွဲ့မည်
- သုံးနှစ်အတွင်း ပဲဈေးအမြင့်ဆုံးဖြစ်
- လွှတ်တော်လုံခြုံရေးတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ
- People Power သတင်းစာနှင့် ယနေ့သံတော်ဆင့်ဂျာနယ် ထုတ်ဝေခွင့်မချပေး
- မြို့နယ် နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို ပြည်သူက ရွေးချယ်ခွင့်ရရန် အဓိကထားပြင်ဆင်မည်
- CIF ဈေးနှုန်း ပြောင်းလဲမည့် သတင်းကြောင့် ကားဈေးကျ
- လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေ ဘယ်လိုလဲ
- တိုင်းရင်းသား အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည့် ကေအိုင်အေ အမျိုးသမီးစစ်မှုထမ်းတွေ
- ထောင်ကျနေသောဖခင်အတွက် စိတ်ကြွဆေးပြားပို့ရန် ကြိုးစားသော ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီး
- ၀န်ကြီးများဖောင်းပွဟု ဝေဖန်ချိန် ဒုဝန်ကြီးတစ်ဦး ထပ်ခန့်
- တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့
- ဗိုလ်ချုပ်ဂွမ်မော်၊ ဦးတေဇနဲ့ ပူတာအို၊ မချမ်းဘော၊ ရေခဲတောင်ဒေသတွေ
- ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ရှယ်ယာများ ပြန်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်း ငြင်းဆို
- ထားဝယ် စီမံကိန်း အီတာလျံ-ထိုင်း နုတ်ထွက်၊ မြန်မာ-ထိုင်း စာချုပ်သစ် ပြန်ချုပ်
- လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ
- မူးယစ်ဆေးဝါးချက်လုပ် စခန်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိ
- လန်ဒန်က ထိန်းချုပ်ခံ အမျိုးသမီး ၃ ဦးကို ကယ်ခဲ့
- တရားမျှတမှု့မရှိသော တရားသူကြီး ဦးအောင်မင်း (ပေးစာ)
- ပြည်တွင်းရွှေဈေး ဆက်တိုက်ကျ
- အမေရိကန်ရဲ့ အာရှစစ်အင်အား တရုတ် စိန်ခေါ်
-
သင်္ကန်းဝတ်တစ်ဦး ညအချိန်မတော်ကျော်နင်းမှုဖြစ်သြ
ဖင့်အရေးယူခံရ - ရှမ်းဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ
- ကုလ တိုက်တွန်းချက် မမျှတလို့ အစိုးရဆို
Posted: 22 Nov 2013 05:45 AM PST
ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေးအတွက် ကိုယ့်လူကိုယ် ခန့်ထားတဲ့သူတွေ ပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လိုဖြစ်မှာ အမှန်ပဲဗျ . . . ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 05:40 AM PST
သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေး
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Nov 2013 02:54 AM PST
ပြည်တွင်း ဘဏ်များတွင် ထားရှိမှု နည်းပါသော အပ်ငွေစနစ် တစ်မျိုးဖြစ်သည့် မင်္ဂလာဦးအပ်ငွေ ထားရှိသောသူများကို လက်ဆောင်အဖြစ် ကျပ်နှစ်သောင်းပေးမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်ထံမှ သိရသည်။ မင်္ဂလာဦးအပ်ငွေ ထားရှိမည် ဆိုပါက လက်ထပ်စာချုပ် မိတ္တူ ဘဏ်တွင် ထားရှိရမည် ဖြစ်ပြီး ကျပ် ၁၀ သိန်းနှင့် အထက်ကို လက်ထပ်အပြီး ခြောက်လအတွင်း အပ်နှံရမည် ဖြစ်ကြောင်း၊ ဘဏ်တိုးနှုန်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး အနည်းဆုံး တစ်နှစ်အပ်နှံရမည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 02:38 AM PST
တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာသောကြောင့် သုံးနှစ်အတွင်း မြန်မာ့ပဲမျိုးစုံ ဈေးသည် ယခုနှစ်တွင် အမြင့်ဆုံးဖြစ်ကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အိန္ဒိယပဲ အထွက် လျော့နည်းခြင်းနှင့် တရုတ်ကုန်သည်များက နယ်စပ်မှတဆင့် ၀ယ်ယူမှု များနေသောကြောင့် ပြည်တွင်း၌ ပဲဝယ်လိုအား မြင့်တက်လာပြီး ဈေးအမြင့်ဆုံးနှစ် ဖြစ်နေကြောင်း မန္တလေးမြို့ဝါရင့် ပဲကုန်သည်ကြီး ဦးဥာဏ် ထွန်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 02:24 AM PST
လွှတ်တော်ဖွဲ့စည်းပုံ တိုးချဲ့ရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း အတွက် ကိုယ်ပိုင်လုံခြုံရေး တပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း၍ ယင်းတပ်ဖွဲ့တွင် တပ်မတော်အရာရှိ ၄၀ ဦး ပါဝင်အားဖြည့်ရန် တောင်းဆို ထားခြင်းကို အစိုးရအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Nov 2013 02:15 AM PST
အစိုးရသစ်လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာနမှ စာပေကင်းလွတ်ခွင့် ပေးပြီး ပုဂ္ဂလိက သတင်းစာ ဂျာနယ်များကို ထုတ်ဝေ ခွင့် နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသော်လည်း အဆိုပါ ထုတ်ပြန်ချက်မှာ မမှန်က န်ကြောင်း တွေ့ရှိရသည်။ ရန်ကုန်မြို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ မှတစ်ဆင့် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ထုတ်ဝေခွင့် လျှောက်ထားခဲ့သည့် ပုဂ္ဂလိက သတင်းစာ ဂျာနယ်များဖြစ်သော People Power (ပြည်သူ့အာဏာ) သတင်းစာနှင့် ယနေ့ သံတော်ဆင့် ဂျာနယ်တို့ ထုတ်ဝေခွင့်မှာ ယနေ့(နိုဝင်ဘာ၂၁)အထိ ခွင့်ပြုချက် မရသေးကြောင်း၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 02:01 AM PST
မြို့နယ် နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ပြည်သူများက သာရွေးချယ်ခွင့်ရရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး တွင် အဓိကထားပြင် ဆင်သွားမည်ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြော သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၂၈၈တွင် ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ခန့်အပ်ရာတွင် နိုင်ငံ့ဝန်ထမ်းများကိုသာ ခန့်အပ် တာဝန်ပေးထား သည့်အပေါ် ဒီမို ကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည့်အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အဓိက ထားပြင် ဆင်ရမည်ဖြစ်ကြောင်း ဦးသိန်း ညွန့်က ပြောသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 01:39 AM PST
မော်တော်ယာဉ်များကို ထုတ်လုပ်သည့် မော်ဒယ်လ်၊ ခုနှစ်အလိုက် ဆိပ်ကမ်းအရောက် တန်ဖိုး သတ်မှတ်ချက် (Cost Insurance Freight- CIF) နှုန်းများ မြင့်တက်မည် ဟူသော သတင်းများကြောင့် ကားဝယ်ရောင်း ဈေးများ ဆက်တိုက် ကျဆင်းနေကြောင်း သီရိမင်္ဂလာ ဈေးဟောင်း ကားဝယ်ရောင်း ပွဲစားတန်းမှ ၀ါရင့် ကားပွဲစား ဦးအောင်ကျော်က နိုဝင်ဘာ ၁၅ ရက်၌ မြန်မာသံတော် ဆင့်သို့ ပြော သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 01:32 AM PST
စီးပွားရေးပညာရှင်များ၊ စိုက်ပျိုးရေး သုတေသနပညာရှင်များနှင့် မြန်မာလယ်သမားများ ကိုယ်တိုင်ပင် လပေါင်းများစွာ ဝေဖန်ဆွေးနွေးခဲ့ကြပြီးနောက် 'လယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် စီးပွားရေးသက်သာချောင်ချိရေး ဥပဒေ'ကို အောက်တိုဘာလ ၃ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သောအခါ နိုင်ငံတွင်းရှိ သတင်းမီဒီယာများတွင် ဖော်ပြသည် ဆိုရုံမျှသာ ဖော်ပြခဲ့ကြသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 01:29 AM PST
"တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ"ဟု ရေးထိုးထားသော ခန်းမ၏ အပြင်ဘက်တွင်
ဒုဗိုလ် ခေါန်နန် သည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များကိုကူညီရန်
စောင့်ဆိုင်း လျက်ရှိသည်။ ဖြူဖွေးသည့် အသားအရေနှင့် သွယ်လျသည့်
ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စစ်ဝတ်စုံအပြည့် ၀တ်ဆင်ထားသော သူ၏
အမူအရာသည် အနည်းငယ် မာကျော ခက်ထန်လျက်ရှိသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Nov 2013 01:09 AM PST
ထောင်ကျနေသည့် ဖခင်ဖြစ်သူ သုံးစွဲရန် စိတ်ကြွဆေးပြားများပေးပို့ရန် ကြိုးစားခဲ့သော ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ဖြစ်စဉ်တစ်ခု ကျိုင်းတုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 01:05 AM PST
အစိုးရအဖွဲ့အတွင်း ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ များပြားနေ၍ ကုန်ကျစရိတ်များပြားနေကြောင်း လွှတ်တော်မှ ဝေဖန်နေချိန်တွင် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၂၁ ရက်တွင် ဒုတိယ၀န်ကြီးတစ်ဦး ထပ်မံခန့်အပ်လိုက်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမော်သာထွေးအား ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း အမိန့်အမှတ် ၅၀/၂၀၁၃ ဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Nov 2013 12:56 AM PST
၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ
လေးပင်၊ သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အား တွေ့ရှိရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ် ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံး Yangon Police |
||
Posted: 22 Nov 2013 12:48 AM PST
လာကပေါ် – ကိုအောင်ကျော် ခုတလော ကေအိုင်အေ ဗိုလ်ချုပ်ဂွန်မော် သတင်း အတော် ပေါ်ပြူလာ ဖြစ်တယ်နော်။ အောင်ကျော် – ဒါပေါ့ဗျ။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်လေ။ ဘာလဲ ခင်ဗျားက လက်ရှိ ထိုင်းနိုင်ငံ ဗန်ကောက်မှာ အလှမယ် ပြိုင်ပွဲဝင်နေတဲ့ ထားထက်ထက်တို့ သိပ်မကြာ သေးခင်ကမှ မော်စကိုက ပြန်လာတဲ့ မိုးစက်ဝိုင် တို့ကမှ ပေါ်ပြူလာ ဖြစ်မယ် ထင်နေလို့လား။ အခုခေတ်က သတင်းခေတ်ဆိုတော့ ပြည်သူတွေ စိတ် ၀င်စားတာ တွေဆို ပေါ်ပြူလာဖြစ်တာ ပေါ့ဗျာ။ တကယ်လည်း ဗိုလ်ချုပ်ဂွမ်မော် သတင်းက စိတ်ဝင်စားဖို့ ကောင်းနေတာ ကိုးဗျ။ လာကပေါ် – ဘာလဲ ခင်ဗျား၊ အဆိုတော် အယ်လ်ဆိုင်းဇီက ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွဲပြီး ဓာတ်ပုံရိုက်တာ တွေ့မိလို့ အဲလို ထောက်ခံတာလား။ … အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 12:43 AM PST
လတ်တလော ဖြစ်ပေါ်လျက်ရှိသော ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က ၄င်းပိုင် ရှယ်ယာများကို ပြန်လည် ထုတ်ယူသွားသည် ဆိုခြင်းနှင့် ထို့အတွက် နေပြည်တော်ရှိ AGD ဘဏ်ခွဲတွင် ငွေအပ်နှံထားသူများက ၄င်းတို့ အပ်နှံထားငွေများကို ပြန်လည်ထုတ်ယူမှု ပြုလုပ်နေသည် ဆိုသည့် သတင်းတို့အပေါ် မှန်ကန်မှု မရှိကြောင်း AGD ဘဏ် Chief Operation Officer ဦးသက်လွင်ရွှေက မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားလိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 12:27 AM PST
အရှေ့တောင်အာရှ ကုန်သွယ်ရေး တံခါးပေါက်အဖြစ် သတ်မှတ် ခံထားရသည့် ထားဝယ် စီမံကိန်းမှ မူလအကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီနုတ် ထွက်သွားပြီး စီမံကိန်း ဆက်လက်လုပ် ဆောင်ရန် မြန်မာနှင့် ထိုင်းအစိုးရတို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ် ရေးထိုးကြောင်း ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားသည်။ ထားဝယ် စီမံကိန်း အကောင်အထည်ဖော်ရေး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှု မရှိခြင်းနှင့် ရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မဆောင်ရွက်နိုင်မှု တို့ကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Nov 2013 12:23 AM PST
အပြည်ပြည်ဆိုင်ရာ
မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံဖြစ်သည့်
မြန်မာနိုင်ငံသည် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁
ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းဆွေထွန်းက ပြောကြားသည်။ လေကြောင်းပိုင်း ဆိုင်ရာတွင်
အားနည်းချက်များ ရှိသေးသဖြင့် ပျက်ကွက်မှု ရှိနိုင်သော်လည်း ပျက်ကွက်မှုသည်
ကမ္ဘာက သတ်မှတ်သည့် ပျမ်းမျှ ပျက်ကွက်မှုနှုန်း ၄၁ ရာခိုင်နှုန်း အောက်တွင်သာ
ရှိကြောင်း ၎င်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 08:00 PM PST
ကွတ်ခိုင်မြို့နယ်
မုံးစီးဒေသ အတွင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ နိုဝင်ဘာ ၁၉ရက်မှ
စတင်၍ နယ်မြေခံတပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါး တားဆီး
နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်း အဖွဲ့သည်
နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ နိုဝင်ဘာ ၂ဝရက် နေ့လယ်ချိန်တွင် မုံးစီး
ကျေးရွာ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ ခန့်မှန်း မြေပုံညွှန်း (MG -၄ဝ၅၁၃၇)
တွင် အဖွဲ့(စိစစ်ဆဲ) အင် အား ၁ဝဦး ခန့်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး
၎င်းအဖွဲ့များသည် နေရာ အသီးသီးသို့ ဖြန့်ခွဲ ဆုတ်ခွာ သွားခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 07:45 PM PST
ဗြိတိန်နိုင်ငံ
လန်ဒန်မြို့ တောင်ပိုင်းက အိမ်တအိမ်မှာ နှစ်ပေါင်း ၃၀ နီးပါး
ကျေးကျွန်သဘွယ် ထိန်းချုပ် ခံနေခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၃ ဦးကို ရဲတွေက
ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလို သူတို့ကို ထိန်းချုပ်ထားခဲ့တာနဲ့ ပတ်သက်ပြီး
အသက် ၆၇ နှစ် အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို ရဲ့တွေက
ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ သူတို့ဟာ
ဗြိတိသျှလူမျိုးမဟုတ်ဘူးလို့ ရဲကပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Nov 2013 07:34 PM PST
မန္တလေးတိုင်း
ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာအုပ်စု၊
လျှော်ဖြူကုန်းကျေးရွာနေ ဦးဇော်မင်းဦး သားဖြစ်သူ ရမည်းသင်းမြို့ နည်းပညာ
တက္ကသိုလ် ကျောင်းသား မောင်စိုင်းဇော်ဝင့်အောင် သည် (၆-ရ-၂၀၁၃)နေ့တွင်
မန်းလေး သို့ ဆိုင်ကယ်ဖြင့် စီးနင်းသွားစဉ် ကျောက်ဆည်ခရိုင်၊
မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအနီး ရှေ့မှမောင်းနင်လာသော mark II .ယာဉ်မှ
ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် ဆိုင်ကယ်ငြိမိပြီး လွင့်စဉ်သွားစဉ်
ဆိုင်ကယ်ကို ယာဉ်မောင်း မောင်ကျော်ဦး မောင်းနှင်လာသောယာဉ်အမှတ် (၈ခ/၆၆၇၅)
ကုန်တင်ယာဉ် ၁၂ဘီး ကားမှ ထိပ်တိုက်ဝင်ရောက်တိုက်မှုဖြစ်
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 07:35 PM PST
အမေရိကန်၏
ငွေချေး လုပ်ငန်းစနစ် ပြောင်းလဲမည့် သတင်းများကြောင့် ကမ္ဘာ့ ရွှေဈေး
ထိုးကျလာပြီး ပြည် တွင်းရွှေဈေး တစ်ရက်အတွင်း ၄၀၀၀ ကျပ် ကျဆင်းလာသည်ဟု
ရွှေလုပ်ငန်းရှင်များ ကပြောသည်။ နိုဝင်ဘာ ၂၀ တွင် ပြည်တွင်း ရွှေဈေး
တစ်ကျပ်သားလျှင် ၆၇၂,၀၀၀ ကျပ်ဈေးရှိရာမှ ၂၁ ရက်တွင် ၆၆၈,၀၀၀ ကျပ်ထိ
ကျဆင်းလာသည်။ နိုဝင်ဘာလ ၁၈ တွင် ပြည်တွင်းရွှေဈေး ၆၇၇,၀၀၀ ကျပ်ဈေးရှိနေ ရာ
၂၁ ရက်ဈေးအရ သုံးရက်အတွင်း ၈,၀၀၀ ကျပ်ထိ တောက်လျှောက် ကျဆင်းလာသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 03:22 PM PST
တရုတ်နိုင်ငံက
စစ်ရေးခေတ်မှီအောင် တဟုန်ထိုး လုပ်ဆောင်နေတာဟာ အာရှပစိဖိတ်ဒေသတွင်း
ဆယ်စုနှစ်နဲ့ချီပြီး အမေရိကန်စစ်တပ်ရဲ့ အရေးပါမှုကို စိန်ခေါ်နေသလို ဒေသတွင်း
လုံခြုံရေးဆိုင်ရာ ချိန်ခွင်လျှာ ညှိပြီး ပြောင်းလဲဖို့
ကျိုးစားနေတယ်လို့ အမေရိကန်လွှတ်တော် အမတ်တွေရဲ့ တရုတ်ဆိုင်ရာ မူဝါဒရေးရာ
အကြံပေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်-တရုတ် စီးပွါးရေးနဲ့
လုံခြုံရေးဆိုင်ရာ ပြန်လှန်သုံးသပ်ရေးကော်မရှင် က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့
နှစ်ပါတ်လည် အစီရင်ခံစာမှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 03:12 PM PST
ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်၊ မင်းကြီးညို(၅)လမ်းတွင်(၂၀.၁၁.
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 03:02 PM PST
ဗန်းမော်ခရိုင်
မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်စခန်းမှာ
ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့
ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက်ကူညီခဲ့တဲ့ တိုင်းလိုင်
(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က
ပြောပါတယ်။ အဲဒီဒုက္ခသည်တွေဟာ မန်စီမြို့နယ် ကောင်လွင်ရှမ်းရွာက
ဒုက္ခသည်တွေဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့က အစိုးရတပ်တွေနဲ့
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တွေအကြား ကောင်လွင်ကျေးရွာမှာ
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စီခမ်းကြီးကျေးရွာကို ရောက်ရှိနေကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Nov 2013 02:52 PM PST
ပြီးခဲ့တဲ့
ရက်ပိုင်းက ကုလသမဂ်ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေး ကော်မတီ အစည်း အဝေးမှာ
ချမှတ် ခဲ့တဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ဆုံးဖြတ်ချက်မှာ
ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ တိုက်တွန်းတဲ့ ကိစ္စ နဲ့
ပတ်သက်လို့ မြန်မာ အစိုးရက ပယ်ချလိုက် ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး
သုံးနှုန်းမှုကို လက်မခံ ကြောင်းနဲ့ ရခိုင် ပြည်နယ် အတွင်းမှာ ရှိနေတဲ့
ဘင်္ဂါလီ လူမျိုးတွေထဲက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီ သူတိုင်းဟာ
နိုင်ငံသား ဖြစ်ခွင့် ရှိမယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေး ဆိုခွင့်
ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
No comments:
Post a Comment