သစ်ထူးလွင် |
- မိသားစုများ၏ စီးပွားရေး လုပ်ငန်းကို ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အချိန်မရွေး လာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်း ပြောပြီ
- ဦးခင်ညွှန့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက သီးခြား မှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို
- ဦးခင်ညွှန့်က ဖြစ်ခဲ့သမျှမေ့ခိုင်း၍ ဂါရ၀ပြုကန်တော့ခြင်း
- ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဟု ဦးရွှေမန်းပြော
- မြန်မာအလုပ်သမားများထံ ငွေတောင်းသည့် ထိုင်းရဲများကို အမှုဖွင့်
- အောက်တိုဘာလ(၂၆)ရက်နေ့ ထုတ် Netguide Vol (3) , Issue (7)
- အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် M Plaza Shopping Journal - Vol 1 , No 20
- အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် Auto World Journal အတွဲ-2၊ အမှတ်-40
- အောက်တိုဘာလ(၂၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ-၂ ၊ အတွဲ-၄၂
- အောက်တိုဘာလ(၂၃)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၃
- တစ်နိုင်ငံလုံးတွင် ကျေးလက်အိမ်ရာ တည်ဆောက်နိုင်ရေး ကျပ်သန်း ရှစ်ထောင်ကျော် သုံးစွဲမည်ဟုဆို
- မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်
- ခရီးသည်တွေကို ဒုက္ခပေးနေတဲ့ အောင်မင်္ဂလာ အဝေးပြေး အငှားယာဉ်ဂိတ်
- ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး
- သင်္ဂဟဟိုတယ် ဖောက်ထွင်းလုယက်မှု တရားခံမမိသေး
- တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး
- ရန်ကုန်မြို့တော် မြေအောက်ရေ အလွန်အကျွံ အသုံးပြုမှု ထိန်းချုပ်ရန်လိုဟုဆို
- လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ
- ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး
-
မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွ
က် ဒေါ်စုတောင်းဆိုချက် ဗြိတိန်ထောက်ခံ - ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများ
- မူးယစ်ဆေးဝါးကိစ္စကြောင့် တာချီလိတ်ခရိုင် တပ်ပိုင်းအရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ
- နိုင်ငံဝန်ထမ်းဥပဒေနှင့် တက္ကသိုလ်များ၏ ၀န်ထမ်း ခန့်ထားမှု အခန်းကဏ္ဍ
- ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဗြိတိန် ထောက်ခံ
- ဗုံးပေါက်ကွဲမှုတွေ ပဋိပက္ခနဲ့ မသက်ဆိုင်ကြောင်း သာသနာရေးဝန်ကြီးပြောကြား
Posted: 24 Oct 2013 06:15 AM PDT
မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ် အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။ “အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။ နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။ လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ် ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 06:10 AM PDT
ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့် အနေဖြင့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည်မှာမှန်ကန်ပါက ၎င်း၏ အခွင့်အရေးဖြစ်ပြီး သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကပြောသည်။ “တကယ်လို့ ဒီသတင်းထွက်တာမှန်တယ်ဆိုလို့ရှိ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 06:03 AM PDT
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။ ---- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 05:56 AM PDT
၂၀၁၅ ခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့က လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူရဲ့ နိုင်ငံခြားခရီးစဉ်တခုမှာ နောက်တကြိမ်သမ္မတ အရွေးမခံတော့ကြောင်းနဲ့ ပြည်သူတွေက တောင်းဆိုမှုတွေ ရှိလာရင် သမ္မတအဖြစ် အရွေးခံမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် သူရ ဦးရွှေမန်းက အရင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေကို အစိုးရအဖွဲ့ သွားရောက်ကန်တော့ချိန်မှာ ဦးသန်းရွှေက မြန်မာ့နိုင်ငံရေးကို စိုးရိမ်ကြောင်းနဲ့ နိုင်ငံရေးမှာလည်း ၀င်မပါတော့ဘူးလို့ ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ by ဒီဗွီဘီ |
||
Posted: 24 Oct 2013 04:38 AM PDT
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာအလုပ်သမားတွေ အများဆုံး နေထိုင်တဲ့ မဟာချိုင်မှာ မြန်မာနိုင်ငံသားတွေဆီကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ငွေတောင်းခံတဲ့ ဖြစ်ရပ်တွေ ဆိုးဝါးလာတဲ့အတွက် စမွတ်စခွန်ခရိုင် ရဲစခန်းကို မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။ ၂ နိုင်ငံ အစိုးရ ထုတ်ပေးထားတဲ့ အလုပ်သမား မှတ်ပုံတင်နဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ မဟာချိုင်က မြန်မာ အလုပ်သမားတွေဆီကနေ ငွေတောင်းခံတဲ့ ထိုင်းရဲတွေကို မြန်မာသံရုံး အကူအညီနဲ့ အခုလို တိုင်ချက်ဖွင့်လိုက်တာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဦးကျာ်သောင်းက ပြောပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 04:33 AM PDT
|
||
Posted: 24 Oct 2013 04:30 AM PDT
အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် M Plaza Shopping Journal - Vol 1 , No 20 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 04:27 AM PDT
|
||
Posted: 24 Oct 2013 04:23 AM PDT
အောက်တိုဘာလ(၂၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ-၂ ၊ အတွဲ-၄၂ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 04:19 AM PDT
|
||
Posted: 24 Oct 2013 04:10 AM PDT
မြန်မာတစ်နိုင်ငံလုံးတွင် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်အိမ်ရာ ၂၉၀၀ ကျော် တည်ဆောက်ရေးအတွက် ကျပ်သန်း ရှစ်ထောင်ကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၏ ပြောကြားချက်အရ သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအဖွဲ့ ဆပ်ကော်မတီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကော်မတီဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 04:07 AM PDT
မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 03:57 AM PDT
ကျွန်မဟာ လှိုင်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ဖြစ်ပါတယ်၊ ယနေ.(24.10.13)
နေ.မနက် ၅နာရီခွဲမှာ ထားဝယ်မြို.ကနေ ရွှေဝယ်ရတနာ ယာဉ်လိုင်း နဲ.ရန်ကုန်
အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို ရောက်ပါတယ် ၊ ပစ္စည်းများချပြီ်း နံနက်6
နာရီမှာ တက္ကစီငှားပါတယ်။
ကားဆရာက အဝေးပြေးဂိတ်မှ လှိုင်မြို့နယ်၊အင်းစိန်လမ်း၊ သံလမ်းမှတ်တိုင်အထိ လေးထောင်ကျပ်တောင်းပါတယ်။ ကားပေါ်ရောက်တဲ့အချိန်မှာ ကားမထွက်သေးဘဲ နောက်ထပ်ခရီးသည် တင်ရဦးမယ်ပြောပါတယ်။ ဒီလိုနဲ့ ခရီးသည်များ ထပ်တင်ရာမှာ ဒရိုင်ဘာဘေး ရှေ့ခန်းမှာနှစ်ယောက် ၊ နောက်ခန်းမှာ ၃ယောက် ထပ်မံတင်ပါတယ်။ထပ်မံတင်နေလို့ နံနက် ၇ နာရီတိတိ မှာ ကားစထွက်ဖြစ်ပါတယ်။ ၁နာရီကြာ စောင်.ရပါတယ်။ ခရီးသည်များမှာလည်း ရှေ့ခန်း၂ယောက် ၊ နောက်ခန်း လေးယောက်နှင့် အထုပ်အပိုးများနှင့် ကျပ်သိပ်စွာ စီး နင်းကြရပါတယ်။ အလွန်ဒုက္ခရောက်ကြရပါသည်။ ကားသမားမှာတော့ ခရီးတစ်ကျော့ကို နှစ်သောင်းကျပ် ခန့် ရရှိပါတယ်။ ထိုကဲ့သို့ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ဆိုက်ရောက် လာသော ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် လက်ရှိတာဝန်ကျနေသော ဂိတ်မှူးများကို အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ် ပါသည်။ ကျောင်းဆရာမတစ်ဦး (လှိုင်မြို့နယ်) |
||
Posted: 24 Oct 2013 02:54 AM PDT
ကိုယ်လုံးနှင့် ကျကျနနဖြစ်သည့် ယူနီဖောင်း၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီးသည်နှင့် ကိုစိုးမိုး (အမည် လွှဲ) အဖို့ ယနေ့ည အလုပ်ခွင်သို့ ဝင် ရန် အဆင် သင့်ဖြ စ်နေပြီဖြစ်သည်။ ည က ညဦးပိုင်းသို့အဝင် ၈ နာရီစွန်းစွန်း ခန့်ရှိပြီ။ထို့နောက်ခန်းမသို ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 02:40 AM PDT
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေက ထိပ်တန်းဟိုတယ်စာရင်းဝင် သင်္ဂဟဟိုတယ်မှာ အခန်းတွင်း ဖောက်ထွင်းလုယက် ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ ဆေးရုံကြီးကနေ ဆင်းပြီး ရန်ကုန်ကို ပြန်သွားပြီလို့ ဒီအမှုကို ကိုင်တွယ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။ ဟိုတယ်အနေနဲ့လည်း ဒဏ်ရာရအမျိုးသမီးရဲ့ ကျန်းမာရေးကို တာဝန်ယူမယ့်အကြောင်းနဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက် သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 02:37 AM PDT
မြန်မာနိုင်ငံရှိ ထင်ရှားသောနေရာများ၊ သမိုင်းဝင်နေရာများ၊ အများစု စိတ်ဝင်တစား သွားရောက်လေ့ ရှိသည့် နေရာများ၊ သိမှတ်ဖွယ် အကြောင်းအရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို The Voice Daily သတင်းစာတွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်ခြား ဖော်ပြသွားမည် ဖြစ်ပါသည်။ ချင်းပြည်နယ် တီးတိန်နယ်အတွင်း နေထိုင်ကြသော ချင်းမျိုးနွယ် တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာတင်ပြရလျှင် လူနေမှုစရိုက်ပုံစံ (Nisim Nuntakna) မှာ မျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Oct 2013 02:32 AM PDT
ရန်ကုန်မြို့တော်တွင် ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာ၌ အဝီစိတွင်းများ တူးဖော်၍ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲလာမှုကြောင့် မြေကျွံကျမှုများ မဖြစ်ပေါ်စေရန် မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကို ထိန်းချုပ် လျှော့ချရန် လိုအပ်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် (အငြိမ်းစား) ဦးဘရွှေက ပြောကြားသည်။ မြေအောက်ရေများ အလွန်အကျွံ သုံးစွဲမှုကို မထိန်းချုပ်နိုင်ပါက နှစ် အနည်းငယ်အတွင်း မြေကျွံမှုများနှင့် ရေချိုပျက်စီးကာ ရေငန် ဝင်ခြင်းများ ဖြစ်ပွားလာနိုင်သောကြောင့်----- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 10:06 PM PDT
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။ အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲပိုင်းက ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ရဲတပ်ဖွဲဝင်များ၏ အကာအကွယ်ဖြင့် လျော်ကြေးငွေ ရယူထားခြင်း မရှိသော ယာမြေတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးမှုကြောင့် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 09:48 PM PDT
သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 07:58 PM PDT
မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတာကို လက်ခံတယ်လို့ ယူကေ ဝန်ကြီးချုပ်က ပြောလိုက်ပါ တယ်။ ယူကေမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံအပြီး ဗြိတိန်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ပြောထားတာ ဖြစ်ပါတယ်။ ရန်ကုန် အထွေထွေဆေးရုံကြီး ပြင်ဆင် ဆောက်လုပ်ရေး အတွက်ကိုလည်း ဗြိတိန်အစိုးရက အကူအညီ ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 03:56 PM PDT
ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများဆီးရီးယား ပြည်တွင်းစစ်အတွင်း ပျင်းရိငြီးငွေ့နေသော Sniper လက်ဖြောင့် သေနတ်သမားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ပစ်မှတ်ထားကာ စိတ်အပန်းဖြေနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့သည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့ |
||
Posted: 23 Oct 2013 03:27 PM PDT
ယခုလဆန်းပိုင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးကြောင့် တာချီလိတ်ခရိုင်အတွင်းရှိ တပ်ပိုင်းအရာရှိ အချို့နှင့် အပေါင်းအပါ ၁၀ ယောက်ကျော် ခေါ်ယူစစ်ဆေးခံနေရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာ အုပ်စု ရဲတပ်ဖွဲ့မှ ယခုလ ၃ ရက်နေ့က ဖမ်းမိ သော မူးယစ်ဆေး ဝါးကိစ္စကြောင့် ဒေသအတွင်းအခြေစိုက် ခမယ ၅၇၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော် လင်း နှင့် စပ်ဆိုင်သူ ၁၇ ဦးအား ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ကာ စစ်ဆေးမှု ပြုလုပ် နေကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 03:21 PM PDT
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ်နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပေသည်။ အဆိုပါဥပဒေကို ပြဋ္ဌာန်းရခြင်းမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်ဖြစ်သော “နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်။” ဟူသောပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်သည့် သဘောဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေအရ တက္ကသိုလ်များ၏ အုပ်ချုပ်ရေးကဏ္ဍတွင် မည်မျှအထိ ကိုယ်ပိုင်အုပ်ချုပ်မှု ရရှိမည်ကို လေ့လာဆန်းစစ် တင်ပြသွားမည်ဖြစ်သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 03:04 PM PDT
မြန်မာ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ဗြိတိန်က ထောက်ခံ
သွားမှာ ဖြစ်ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက လန်ဒန်ရောက်
ဒေါ်အောင်ဆန်း စုကြည် ကို ပြောကြား ခဲ့ပါတယ်။ မြန်မာပြည် ဖြစ်ပေါ် ပြောင်းလဲ
မှုတွေ ရေရှည် တည်တံ့ ရေးမှာ ဖွဲ့စည်း ပုံကို ပြင်ဆင်ဖို့ လိုပါတယ်။
ဒီဖွဲ့စည်းပုံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ တွေမှာ မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင်ကို သမ္မတ အရွေးမခံ နိုင်အောင် ချန်လှပ် ထားတာဟာ လုံးဝ မှားယွင်း
နေပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Oct 2013 02:51 PM PDT
ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူနဲ့ စစ်ကိုင်းစတဲ့
မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ဘာသာရေး၊ လူမျိုးရေး
ပဋိပက္ခတွေကြောင့် မဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဆန်းဆင့်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့ရှိ မူလမင်းကွန်း ဇေတဝန်ကျောင်းတိုက်မှာ ရှမ်းပြည်နယ်
သံယမဟာနာယကအဖွဲ့ ဥက္ကဌ ဦးပညာသီရိဘိဝံသနဲ့ ဆရာတော်၊ သံယာတော်တွေကို
ဘာသာရေးဆိုင်ရာကိစ္စတွေ လာရောက်လျှောက်ထားရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလို
ပြောကြားခဲ့တာပါ။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment