(၁၂) စက်ပျက်ရင် အကောင်းသား
ဆရာဦးမောင်ညိုက စတုတ္ထတန်း ကျောင်းသားများကို စာသင်နေသည်။ ထိုစဉ် မောင်မြ၊ မောင်လှနှင့် မောင်ဖြူတို့က စကားပြောနေကြသည်ကို တွေ့သွားသဖြင့် ဆရာက ယောက်ျားလေးများကို ပေးနေကျအပြစ်ပေးမှုပုံစံအတို
ဆိုင်ကယ်ဆို၍ တကယ့်ဆိုင်ကယ်မဟုတ်။ ပုံပြင်ထဲကအတိုင်း တန်ခိုးရှင်များသာ မြင်နိုင်စွမ်းရှိသည်ဆိုသော
ခဏအကြာမှာ …
ဆရာ။ ။ မောင်မြ၊ မင်း အခု ဘယ်နားရောက်ပြီလဲကွ။
မောင်မြ။ ။ ဟုတ်ကဲ့။ ကျွန်တော် နဂါးရွာထဲကို ဝင်ခါနီးပါပြီ … ဆရာ။
ဆရာ။ ။ အေး … အေး။ ကောင်းပြီ။ ဆက်မောင်းထား။ ကဲ … မောင်လှကော။ ဘယ်နား ရောက်ပြီတုန်း။
မောင်လှ။ ။ ကျွန်တော် ဇရပ်ပြင်ရွာဘက်က လာနေပါတယ် ဆရာ။ ဇရပ်ပြင်ရွာထဲ ရောက်ပါပြီ။
ဆရာ။ ။ အင်း …။ သိပ်မလိုတော့ဘူးပဲ။ ဆက်မောင်းထား။ ကဲ … မောင်ဖြူကော။ ဘယ်မှာလဲ။
မောင်ဖြူ။ ။ ဆရာရေ။ ကျွန်တော် ဆန်တင်မော်မှာပဲ ရှိသေးတယ်။
ဆရာ။ ။ ဟေ … မင်းက ဘာလုပ်နေတာလဲကွ။ သူများတွေ့ ရှေ့ရောက်သွားပြီ။ အခုထိ မင်း ဂိတ်က မထွက်ရသေးဘူး။ ကဲ … ကဲ … စထွက်တော့ …။
မောင်ဖြူ။ ။ ဟုတ်ကဲ့ … ဆရာ။
(၂) မိနစ်ခန့် ကြာပြီးနောက်တွင် …
ဆရာ။ ။ ကဲ … မောင်မြ။ ဘယ်ရောက်ပြီလဲ။
မောင်မြ။ ။ ဟုတ်ကဲ့ … ဆရာ။ ကျွန်တော် အခု ဇရပ်ပြင်ရွာ ဘောလုံးကွင်းကို ဖြတ်မောင်းနေပါတယ်။
ဆရာ။ ။ အေး … ဟုတ်ပြီ။ ဆက်မောင်းထား။ မောင်လှကော ။ အခု ဘယ်ရောက်ပြီလဲ။
မောင်လှ။ ။ အခု ကျွန်တော် ကွမ်းအိုင်ရွာထဲ ဝင်လာနေပါပြီ … ဆရာ။
ဆရာ။ ။ အိုကေ။ ဆက်မောင်းကွာ။ ကဲ … မောင်ဖြူကော။ ဘယ်ရောက်ပြီလဲ။
မောင်ဖြူ။ ။ ဆရာရေ …။ ပြောကို မပြောချင်တော့ပါဘူးဗျာ။ ဆန်တင်မော်မှာပဲ ရှိပါသေးတယ် ခင်ဗျ။
ဆရာ။ ။ ဟေ … မင်းဟာက အထူးအဆန်းပါလားကွ။ ဘာဖြစ်လို့တုန်း။
မောင်ဖြူ။ ။ မပြောချင်ပါဘူး ဆရာရယ်။ ဆိုင်ကယ်စက်ပျက်နေလို့ နေရာကကို မရွှေ့နိုင်တာပါ။ ဟူး …။
ဆရာ။ ။ မင်းက တကယ် ဒုက္ခရောက်နေတာကိုး။ ဒီပုံစံနဲ့ ဒီနေ့ မင်း ကျောင်းကို ပြန်ရောက်တော့မှာ မဟုတ်ဘူး။ ကဲ … ကဲ… မင်း ထိုင်တော့။
ဤသို့ဖြင့် မောင်ဖြူတစ်ယောက် ပထမဦးစွာ ထိုင်ခွင့်ရခဲ့သည်။ (၁၀) မိနစ်ခန့်ကြာပြီးမှ မောင်မြနှင့် မောင်လှတို့၏ ဆိုင်ကယ်များ ကျောင်းသို့ ဆိုက်ရောက်လာခဲ့သည် ဟူသတတ်။
By: ဇွဲသစ် (ရမ္မာမြေ)
၂၂၊ ၁၀၊ ၂၀၁၃
No comments:
Post a Comment