သစ်ထူးလွင် |
|
- ကောလင်းတွင် ကျပ်တစ်သောင်းတန်အတုများ ဖမ်းဆီးရမိ
- The Voice Daily မှ သတင်းထောက်တစ်ဦး နေပြည်တော် ပျဉ်းမနား၌ ရိုက်နှက်ခံရ
- သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ
- မိုးရွာသွန်းမှုကြောင့် ပဲခူးနှင့် မကွေးတိုင်းတွေမှာ ရေကြီးရေလျှံမှုဖြစ်
- ဗုံးခွဲတိုက်ခိုက်မှု အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် ကေအန်ယူ ဖွဲ့စည်း
- သူရဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ် အလွန်တန်ဖိုးထားသူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
ငွေဆောင်မြို့နယ်တွင် ဆင်ရိုင်းအန္တရာယ်စိုးရိမ်နေရဟု
ဆို - မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု များပြား
- အခြေခံဥပဒေပြင်ရေး အီတလီ ထောက်ခံ
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လမ်းစဉ် ပုပ်ရဟန်းမင်း ချီးကျူး
- မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်
- မိုးကုတ်မြို့ အနာဂတ်ကို ဘယ်သူတွေ ကယ်တင်နိုင်မလဲ
- ဖျက်မိုးကြောင့် နိုင်ငံတစ်ဝန်းရှိ သီးနှံများပျက်စီး
- ATM စက်များ ငွေထုတ်ရန် အဆင်မပြေခြင်းမှာ မြန်မာဆက်သွယ်ရေး အင်တာနက်ကြောင့်ဟုဆို
- မီတာခတိုးကောက်သော်လည်း၂၄နာရီ မီးရရန် အာမခံချက် မပေးနိုင်
- တရားမ၀င် ဘီယာပုလင်းခွံ ဖမ်းဆီးရမှု ကျပ် ၃၆၀၀ သိန်းကျော်
- အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း
- သရုပ်ဆောင်မင်းညီနှင့် မိသားစု အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်
- လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်
- ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ
-
ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှ
င့် ပဋိပက္ခများဖြစ်ပွားနေဟုဆို - လည်ပင်းညှစ်သည့် ခင်ပွန်းကို ဓားဖြင့်ခုခံရာမှ ခင်ပွန်းသေဆုံး
- စစ်အရာရှိတွေကနေ အဝတ်အစားပဲ ပြောင်းသလား
- မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား
- SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်
Posted: 29 Oct 2013 06:34 AM PDT
ကောလင်းမြို့နယ်အတွင်း ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆက်တရားခံကို ဆက်လက်စစ်ဆေး ဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၆ရက်က ကျွန်းလှမြို့နယ်၊ တောင်ကိုင်းဝန်းကျေးရွာ၊ မူလတန်းကျောင်း ခြံစည်းရိုး တိုင်အောက်ခြေတွင် ပလတ်စတစ်အိတ်ဖြင့် မြှုပ်နှံထားသော တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၅၂၄ ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 06:25 AM PDT
The Voice Daily သတင်းစာ တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်တစ်ဦးအား ဝိုင်းဝန်း ရိုက်နှက်မှု ပျဉ်းမနားမြို့၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ယင်းဖြစ်ရပ်မှာ အောက်တိုဘာ ၂၈ ရက်နေ့ ၁ဝ နာရီခွဲခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အမှုကို ပျဉ်းမနားမြို့မ ရဲစခန်းတွင် (ပ) ၆၉၄/ဝ၃၊ ပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဝိုင်းဝန်းရိုက်နှက်ခံရသူ သတင်းထောက် ကိုအောင်ထက်သည် မင်္ဂလာရပ်ကွက် သံလမ်းထိပ် ထမင်း ဆိုင်မှ ထမင်းစားပြန်လာချိန် အောင် ချမ်းသာဘုရားအနီးအရောက် စက်ဘီး တစ်စီးကို ၄င်းစီးနင်းလာသည့် ဆိုင် ကယ်ဖြင့်ကျော်တက်စဉ် စက်ဘီးနှင့် ဆိုင်ကယ်ထိမိရာမှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 04:45 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ သံသယဖြစ်ခံရ သူရခိုင်အမျိုးသားငါးဦးကို တစ်ပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့ ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၅၃ ဦးအထိရှိပြီဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူက စံတော်ချိန်သို့ အောက်တိုဘာ ၂၇ ရက်က ပြောဆိုသည်။ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူများတွင် အောက်တို ဘာ ၁၈ ရက်က ဒွါရာဝတီကွက်သစ်မှ ကိုတင်ထွဋ်နှင့် ဗိုက်ကလေးတို့ နှစ်ဦးဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဒွါရာဝတီမြို့သစ် (၆) လမ်းမှ ကိုခင်ထွန်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ကိုသိန်းဝင်းဦးနှင့် အောက်တိုဘာ ၂၂ ရက်က ရခိုင်အမျိုးသား တစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 04:53 AM PDT
ပဲခူးတိုင်းအရှေ့ပိုင်း
တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်ရေ
လွှတ်မှုကြောင့် ကျေးရွာတွေအပြင် မြို့တွင်းရပ်ကွက်တချို့မှာ
ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း
တောင်ငူ၊ ဆွာနဲ့ ရေတာရှည်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ
ဖြစ်ပါတယ်။ မနေ့ညကစပြီး ဆွာချောင်းရေး ရုတ်တရက်ကြီးလာပြီး ရေကြီးရေလျှံမှု
ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆွာမြို့နယ် ဆွာမကြီး၊ ဆွာတောင်ခန်းနဲ့
ရေနှီးသရက်တော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ဆွာမြို့ပေါ်ကို
တက်လာပြီး ရေဘေးခိုလှုံကြတယ်လို့ ဆွာမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 03:22 AM PDT
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွနဲ့ ကေအန်ယူအဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဘားအံခရိုင် တပ်မဟာ ၇ ဌာနချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က အရေးပေါ် အစည်းအဝေးခေါ်ယူ ကျင်းပကာ ဆွးနွေးကြပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 03:23 AM PDT
ဥရောပ
(၅)နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီ
သတင်းဌာနနှင့် ယခုလ ၂၅ ရက် တွေ့ဆုံ မေးမြန်းခန်းတွင် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စု လွှတ်တော်နာယက ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ကိုယ့်သိက္ခာ
ကိုယ်အလွန် တန်ဖိုးထားသူ ဖြစ်ကြာင်း၊ ဖြောင့်မတ်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်၍
ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 03:24 AM PDT
ဧရာဝတီတိုင်းဒေသကြီး
ငွေဆောင်မြို့နယ် ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ သလပ်ခွာ ကျေးရွာ အနီးရှိ
မဒေါ့ကုန်း ကျေးရွာ၊ ရွာသစ် ကျေးရွာ၊ ကျောင်းကုန်း ကျေးရွာ၊ ညောင်ကုန်း
ကျေးရွာတို့တွင် စပါး ရိတ်သိမ်း ချိန်၌ ဆင်ရိုင်းများ အန္တရာယ်ကို စိုးရိမ်
နေကြကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာရှိ လယ်သမားများသည် မိမိပိုင်
လယ်များကို စပါး ရိတ်သိမ်းချိန်တွင် လင့်စင်ထိုး ၍ ဆင်များဖျက်ဆီးမည့်
အန္တရာယ်မှ ကာကွယ်ရ ကြောင်း၊ ဆင်များရောက်ရှိလာလျှင် မိသားစု လိုက်
ဗြောက်အိုးဖောက်ခြင်း၊ ဒန်အိုးများတီး၍ အော်ဟစ်ခြောက်လှန့်
မောင်းထုတ်ရကြောင်း ၄င်း တို့က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 02:27 AM PDT
မြန်မာနိုင်ငံမှာ မော်တော်ကားနဲ့ ဆိုင်ကယ်အရေအတွက် ၃ သန်း ၇ သိန်း ကျော် ရှိလာပြီး ယာဉ်မတော်တဆမှုကြောင့် အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေ လမ်းပေါ် သေဆုံးမှုဟာ ကမ္ဘာ့အဆင့် နံပါတ် (၁) နေရာရောက်နေတယ်လို့ ချောက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အောက်တိုဘာ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:57 AM PDT
အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက အီတလီ အစိုးရခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံဆွေးနွေး အပြီးမှာ ဝန်ကြီးချုပ်က အီတလီအစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ။ ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်၊ အီတလီမှာ ကျင်းပမယ့် ကမ္ဘာ့ကုန်စည်ပြပွဲကို တက်ရောက်ဖို့လည်း ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:54 AM PDT
မြန်မာနိုင်ငံမှာ ဘာသာတရားတွေကြား ဆွေးနွေးညှိနှိုင်းကြဖို့ ဗာတီကန် ကျောင်းတော်က ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီး Franciscus Jorge Mario Bergoglio က ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ ထိတွေ့ဆက်ဆံရေးဆောင်ရွက်မှုအပေါ် ချီးကျူးထောမနာပြုလိုက်ပြီး၊ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေချင်း ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့ ဆုတောင်းပါကြောင်း၊ ဝတ်ပြုအခမ်းအနားမှာလည်း မြန်မာနိုင်ငံက လူတိုင်းလူတိုင်းအတွက် မခွဲခြားဘဲ ဆုမွန်ကောင်းတောင်းပေးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:50 AM PDT
အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်နေပြီ ဖြစ်သော်လည်း ဥပဒေ အတည်ပြုရန် နောက်ကျနေသော မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ ပြင်ဆင်ချက်များမှာ သဘောထား ကွဲလွဲနေ၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:48 AM PDT
စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေမှာ လှေကားထစ်သဖွယ် အဆင့်လိုက် အဆင့်လိုက် ဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေ။ တောတောင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေကလေနုအေး။ ချမ်းသာကြီး ဘုရားပေါ်က လှမ်းမျှော်ကြည့်လိုက်ရင် ပတ္တမြားမြေဟာ နီနီ ရဲရဲ အိမ်ကလေးတွေနဲ့ အလှဆင်ထား ပါတယ်။ အိမ်နီကလေးတွေ များစွာကြောင့် မိုးကုတ်မြို့က ပိုပြီးလှပနေခဲ့တယ်။ ကျောက်မျက်ပန်းချီကား တစ်ချပ်မှာ အလှဆင်ထားတဲ့ ကျောက်နီနီလေးတွေ အလား အိမ်နီကလေးတွေက မိုးကုတ်မြို့ မြင်ကွင်းကျယ်ကို ပုံဖော် သရုပ်ဆောင်ထား ပါတယ်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 01:37 AM PDT
အောက်တိုဘာ နောက်ဆုံး ရက်သတ္တပတ်အတွင်း ရွာသောမိုးကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိုးစပါး စိုက်ဧကများအပြင် အခြားသီးနှံ စိုက်ခင်းအများစု ရေနစ်မြုပ် ပျက်စီးခဲ့ရကြောင်း ဒေသခံ စိုက်ပျိုးရေး သမားထံမှ သတင်းရရှိသည်။ ပုံမှန်အတိုင်း မိုးရွာသွန်းလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသ နှင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသာမက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများပါ အောက်တိုဘာ ၂၆ ရက် မှ စတင်ကာ နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:30 AM PDT
အရောင်းဆိုင်များတွင် ဈေးဝယ်ယူရာ၌ ကတ်ဖြင့် ငွေပေးချေနိုင်သည်အထိ တိုးချဲ့လုပ်ဆောင် လာနေသော MPU (Myanmar Pay Union) ကတ်များ ATM စက်များတွင် ငွေထုတ်ယူရာ၌ အဆင်မပြေမှုများ ဖြစ်ရခြင်းမှာ ဘဏ်များ၏ နည်းပညာ အားနည်းချက်ကြောင့် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဝန်ဆောင်မှု ပေးနေသည့် အင်တာနက်လိုင်း ဆက်သွယ်မှုကြောင့်သာ ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။ “အင်တာနက်လိုင်း မကောင်းလို့ ထုတ်လို့ မရတာက ဘဏ်တွေက လုပ်ပေးလို့ မရဘူး။ MPT ရဲ့ Connection နဲ့ပဲ ဆိုင်တယ်” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 01:23 AM PDT
လျှပ်စစ်ဓါတ်အား
သုံးစွဲခများကို နိုဝင်ဘာလမှစတင်ကာ တိုးမြှင့် ကောက်ခံမည်ဆို သော်လည်း၂၄
နာရီ မီးရရန်ကို အာမခံချက် မပေးနိုင်သေးကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်
ဓါတ်အား ဖြန့်ဖြူးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လာမည့်နိုဝင်ဘာလမှ စတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်မည်ဖြစ်ရာ “၂၄
နာရီ လျှပ်စစ်မီးရရန် အာမခံချက်ရှိပြီလား”ဟု People Power၏ မေးမြန်းမှုကို
“မပေးနိုင်သေး”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး အဖွဲ့မှ
အင်ဂျင်နီယာချုပ် ဦးထွန်းကျော်ကပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 12:59 AM PDT
မိုဘိုင်းမ်တင်းမ် (Mobile Team) တွေနဲ့ ၁၀ လအတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဖမ်းဆီးရမိမှုမှာ တံဆိပ်မျိုးစုံ ဘီယာပုလင်း ၉ သိန်းနီးပါးနဲ့ ဘီယာချန် ပုလင်းခွံအရည်အတွက် ၁ သန်းကျော် ပါဝင်တာကြောင့် ဖမ်းမိ ကုန်ပစ္စည်းတွေအနက် တန်ဖိုး အများဆုံးဖြစ်တယ်လို့ ရန်ကုန် မိုဘိုင်းမ်တင်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။ လက်ရှိ ကုန်သွယ်မှု မူဝါဒအရ ပြည်တွင်းကို နိုင်ငံခြားဘီယာနဲ့ အရက်တွေ တရားဝင် တင်သွင်းခွင့် မရှိတာကြောင့် အကောက်ခွန်မဲ့ မှောင်ခို တင်သွင်းမှု များတာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။ ဘီယာချန် ပုလင်းခွံ ၁ သန်းကျော်ကိုတော့ ရန်ကုန် ဆိပ်ကမ်းနယ်မြေကနေ ဖမ်းဆီးရမိတာ ဖြစ်ပြီး ဘီယာအတုလုပ်တာနဲ့ အခြား အရက်ပုလင်းတွေအဖြစ် အသုံးပြုတာ ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။ ဘီယာပုလင်းမျိုးစုံနဲ့ ပုလင်းခွံ ဖမ်းဆီးရမိမှု တန်ဖိုး စုစုပေါင်း ကျပ်သိန်း ၃၆၀၀ ကျော်ဖိုး ရှိမယ်လို့ ခန့်မှန်းထား ကြပါတယ်။ by ဒီဗွီဘီ |
||
Posted: 29 Oct 2013 12:41 AM PDT
မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 12:39 AM PDT
ရုပ်ရှင် ဗီဒီယိုသရုပ်ဆောင် မင်းညီနှင့် မိသားစုသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်၌ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သီးကုန်း အမြန်လမ်း ရဲစခန်း အမှုစစ်အရာရှိ ဒုရဲအုပ် မြင့်စိုးနိုင်က ပြောကြားသည်။ သရုပ်ဆောင် မင်းညီနှင့် မိသားစု လိုက်ပါလာသည့် ယာဉ်မောင်း ဦးသန်းလွင် (၃၅) နှစ် မောင်းနှင်သော မီးခိုရောင် Toyota Probox ကားအမှတ် (၆င/၇၈၃၄) သည် မိုင်တိုင်အမှတ် ၂၇၆/၂ -၃ ကြား၊ ချောင်းကောက် တံတားအနီးတွင် ရှေ့ယာဘက်ဘီး ပေါက်၍ တံတား၏ ကွန်ကရစ် ဘောင်ကို တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 12:31 AM PDT
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။ လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 12:25 AM PDT
အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ တနင်္လာနေ့တုန်းကတော့ ဗာတီကန် ဘုရားကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။ အမုန်းတရားတွေ၊ အကြောက်တရားတွေဟာ လူသားတို့ရဲ့တန်ဖိုးနဲ့ နေထိုင်မှုဘ၀တွေကို ယုတ်ကျစေတယ် ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက် ဟာ သူနဲ့ တသဘောတည်း ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဟာ အကြောက်တရား လွန်ကဲ မှုကြောင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 12:20 AM PDT
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 12:13 AM PDT
လှည်းကူးမြို့နယ်တွင်
လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးက ဓားဖြင့်ထိုး၍ ခင်ပွန်း
သေဆုံးသွားကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂၇ ရက်က လှည်းကူးမြို့နယ်၊
ဆင်ဖုံကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးသည် ဆန်သယ်သည့်ကိစ္စနှင့်
ပတ်သက်၍ စကားများရန်ဖြစ်ကြသည်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို
လက်သီးဖြင့်ထိုးကာ လည်ပင်းကိုညှစ်သောကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 12:04 AM PDT
အရင် စစ်အစိုးရလက်ထက်က အရာရှိကြီးတွေထဲက အများအပြားဟာ အဝတ်အစားပဲ ပြောင်းဝတ်ကြပြီး သူတို့ရဲ့ စိတ်သဘောထားကတော့ မပြောင်းသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့ တနင်္လာနေ့က ရောမမြို့မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ယူနီဖောင်းချွတ် အဝတ်အစားပြောင်းရုံ သဘောလောက်ပဲ တွေ့ရသလား၊ နောက်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဦးဆောင် ပါဝင်လာနေကြ သလားဆိုတာကို သတင်းထောက်က မေးရာမှာ ဒေါ်အောင်ဆန်း စုကြည်က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 12:50 AM PDT
ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးနေထိုင်သော
မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမားများထံ ငွေတောင်းခံမှုများ
ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
(MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား အမှုဖွင့်တိုင်ကြားထားကြောင်း
သတင်းရရှိသည်။ မဟာချိုင်မြို့တွင်နေထိုင်သော တရားဝင်မြန်မာလုပ်သားများကို
စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က အတင်းအဓမ္မငွေတောင်းခံမှုများ
ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၏ အကူအညီဖြင့်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က ထိုင်းနိုင်ငံ
ဗဟိုရဲချုပ်ဌာနသို့ အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်တိုင်ကြားထားကြောင်း
၎င်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Oct 2013 11:53 PM PDT
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment