Friday, October 25, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၀)

သစ်ထူးလွင်


Posted: 25 Oct 2013 04:30 AM PDT

လုပ်သားရွေ့ပြောင်းမှု အများဆုံးပြည်နယ်များတွင် ပါဝင်သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အလုပ်အကိုင် ၆၀၀၀ကျော်ခန့် အလုပ်ပေးနိုင် သည့် ဗြိတိန်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ကို ၂၀၁၄ခုနှစ်နှစ်ဆန်းပိုင်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးလှရှိန်က People Powerသတင်းစာသို့ ပြောကြားသည်။ “သူတို့တွေက မြေနေရာနဲ့ စက်ရုံတွေကို ဌားရမ်းပြီးသွာပါပြီ။ စက်ရုံဖွင့်ဖို့က သေချာသလောက် ရှိနေပါပြီ” ဟု ဦးလှရှိန်က ထပ်မံအတည်ပြု ပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 04:21 AM PDT

မန္တလေး ကားလောကတွင် သိန်းပေါင်း လေးသောင်းကျော် လိမ်လည်ခဲ့သည့် နားကွင်းကျော်ကြီး သေဆုံးသွားသော်လည်း ရန်ကုန်တွင် ကျပ် သိန်း ၁၉၈၀ လိမ်လည်ထားသော အမှု တစ်ခုကို ၎င်းသေဆုံးသော အောက်တိုဘာ ၂၁ရက်နေ့တွင် သက်ဆိုင်ရာသို့ တိုင်ကြားခံခဲ့ရကြောင်း လသာရဲစခန်းမှ သိရသည်။ နားကွင်းကျော်ကြီး(ခ)ကျော်စိုးခိုင်မှ အလုပ်အတူတူ လုပ်ကိုင် ခဲ့ဖူးသော ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော ဦးထွန်းထွန်းနိုင်ထံမှ ကျပ် သိန်းပေါင်း ၁၉၈၀ လိမ်လည်ခဲ့ကြောင်း လသာ ရဲခစန်းမှ ဒုရဲအုပ်ဦးတိုးမြို့က ပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 04:11 AM PDT

by The Voice Weekly

“စိုးရိမ်ရင်လဲ စိုးရိမ်မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေက တဖြည်းဖြည်း အရှိန်မြင့်လာတာကိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ လုပ်နေတာတွေ အားလုံးနဲ့ နောက်ပြီး ဟိုရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေက သူ့ကို နောက်ကျောမလုံအောင် လုပ်နေသလို ဖြစ်နေပြီ။ နောက်ပြီး မြစ်ဆုံကိစ္စတို့၊ လက်ပံတောင်းကိစ္စ စတဲ့ စီးပွားရေးကိစ္စ တွေမှာ ပြဿနာတွေ ဖြစ်လာတယ်။ အားလုံးကလည်း ပြောရဲ ဆိုရဲ ရေးရဲ ဖြစ်လာတော့ သူအာဏာမလွှဲခင်က ဖြစ်ခဲ့တာတွေကို မဖော်ထုတ်ဘူးလို့ အာမမခံနိုင်တော့ဘူး။
နိုင်ငံအကြီးအကဲ လုပ်ခဲ့တဲ့သူဟာ ချန်ထားခဲ့တဲ့ နိုင်ငံကို အေးအေးဆေးဆေးနဲ့ မြင်ချင်မှာပေါ့ ။ ဒါမှသူ့ကို မထိခိုက်မှာလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး
စိုးရိမ်တယ်ဆိုတာက ကောင်းတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် တွေကို သူ့လက်ထက်ထဲက ရပ်ဆိုင်းနိုင်ဖို့ ကြိုးစားခဲ့တာ ဆိုရင် အရင်ထဲက သူဒီစကားမျိုး ပြောသင့်တယ်၊ အခုတော့မှ ပြောတော့ သာမန်လူတစ်ယောက်က ပြောသလို ဖြစ်သွားတယ်။
စစ်အုပ်ချုပ်ရေးထက် အရပ်ဘက် အုပ်ချုပ်ရေးက ပြည်တွင်းစစ်ကို ပိုရပ်ဆိုင်းနိုင် လိမ့်မယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ
အဲလိုပြောရင် သူ့ဆီကို သွားလည်ပြီးတော့ ဆိုးတဲ့ဘက်ကို ပြောတာများလို့ နေမှာပေါ့။ မီဒီယာတွေ လွတ်လပ်လာပြီ။ မီဒီယာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပြောနေကြတယ်၊ KIA က နိုင်ငံရေး ဆွေးနွေးပွဲကို အရင်လုပ်ဖို့ ပြောတယ်၊ ရခိုင်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် အမျိုးသားရေး ဝါဒတွေ ခေါင်းထောင် လာတယ်တို့ Bad Site တွေကို ပြောတာတွေ များလို့ နေမှာပေါ့ ။အဲဒါတွေကို မှန်မှန်ကန်ကန် ပြောပေးရမယ်၊၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြန်ဆွဲဖို့ ဘယ်လောက်ပြောပြော ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပဲသွားမယ်။ အသစ်ကို ပြန်ဆွဲဖို့အတွက် လမ်းပေါ်ထွက်ပြီး အုံကြွမှု လုပ်နိုင်ပါ့မလားလို့ သံသယဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဆလ လက်ထက်ကလို လမ်းတစ်ပေါက်တည်း ရှိတာ မဟုတ်တဲ့အတွက် အုံကြွမှု မဖြစ်နိုင်ဘူး။ နောက်ကြောင်း ပြန်သွားချင်တဲ့သူ တွေက ကောင်းကောင်း မထိန်းသိမ်းဘဲ လွှတ်ထားရင် တပ်မတော်က ဒါတွေကြောင့် အာဏာပြန် သိမ်းရပါတယ် လို့ပြောလိမ့်မယ်။
ပြည်သူတွေက ဥပဒေကို ရိုသေသိရှိဖို့ လိုတယ်။ တပ်မတော်ကို ပြောချင်တာက နိုင်ငံရေး အခြေအနေ တွေကို မှန်မှန်ကန်ကန် သုံးသပ်ပါ။ စေတနာပါပါ သုံးသပ်ပါလို့ ပြောချင်တယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း
အခု မြန်မာ့နိုင်ငံရေးက သူ့ဘက် ကိုယ့်ဘက် တွေးနေရမယ့်အချိန် မဟုတ်တော့ဘူးလေ၊ သမိုင်းကြောင်းမှာ မှားခဲ့တာက မှားခဲ့တာပဲ၊ ဖုံးထားလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံး သိနေပြီ၊ မှားခဲ့တာမှ နှစ်ပေါင်း ၆၀ကျော် ကြာအောင် မှားခဲ့ကြတာပဲ။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့၊ ဒါပေမဲ့ တစ်ယောက်တည်း အုပ်ချုပ်နေတဲ့ နိုင်ငံရေး မဟုတ်တော့ဘူး၊
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ ဒီလိုပါပဲ၊ ပြဿနာ တွေကတော့ ရှိမှာပေါ့၊ ဒါတွေကို ဘယ်လို ကောင်းအောင်ပြင်ဆင်မလဲ၊ ရင်ဆိုင်မလဲ ဆိုတာပဲ အရေးကြီးတယ်၊ ဘေးကနေထိုင် ပြောနေလို့မရဘူး။
၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး
The Voice Weekly
Posted: 25 Oct 2013 03:38 AM PDT

ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးစွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေးစွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများအရ သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 03:34 AM PDT

ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့် လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 03:24 AM PDT

ကျွန်တော်သည် နေပြည်တော်တွင် နေသူဖြစ်၍ ကားဖြင့် နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ နေပြည်တော် သို့ အသွားအပြန် တိုင်းတွင် ဖြူးစခန်း ကားရပ် ရာတွင် (Feel) စားသောက်ဆိုင် တွင်သာ စားသောက်လေ့ ရှိပါသည်။ ခရီးသည် အများစုသည်လည်း ၎င်းဆိုင်တွင်ပင် ၀င်ရောက် စားသောက် ကြသည်။ အစားအသောက် ကောင်းလွန်း၍ မဟုတ်ပါ၊ သန့်စင်ခန်း အသုံးပြုရသည်မှာ အဆင်ပြေ ၍ ဖြစ်ပါသည်။ ပင်မဆိုင် အဆောက်အအုံ အတွင်း၌ တစ်ခါက ၀င်စားရာတွင် ထိုင်စရာနေရာ မရှိသဖြင့် လွတ်နေသည့် သီးခြား အခန်းကို ၀င်မည်ပြုရာ -““ဒါက ဗိုလ်မှူးကြီးနဲ့ အထက်သာ ၀င်ခွင့်ရှိတယ်””ဟု ဆိုင်ဝန်ထမ်းက ပြောသဖြင့် ကျွန်တော် ၀င်မထိုင်တော့ပါ။ နောက်လည်း ထိုအခန်းတွင် လူရှိရှိ၊ မရှိရှိ မ၀င်ခဲ့ပါ။ ကိုယ့် အဆင့်အတန်းကို ကိုယ်သိပါသည်။ (၂၀-၁၀-၂၀၁၃) ရက် တနင်္ဂနွေနေ့တွင် နေပြည်တော်မှ ရန်ကုန်သို့ သွားရာ နေ့လည် ၁၂း၀၀ အချိန်၊ ပူလှသဖြင့်  (Feel) ဆိုင်ဘေး သန့်စင်ခန်း၊ သွားရာလမ်းရှိ အအေးခန်းသို့ (ခါတိုင်းလည်း ထိုအခန်း၌ပင် ၀င်စားလေ့ ရှိပါသည်။) ၀င်မည်ပြုရာ ထိုအခန်းဝတွင် အင်္ဂလိပ်လို Reserved (သီးသန့်ထားသော နေရာ) ဟူသော စာချိတ်ဆွဲ ထားပါသည်။ ၀န်ထမ်း အမျိုးသားလေးက ၀င်၍မရဟု ပြောပါသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 03:05 AM PDT

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ရန် တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲ အားကစားရုံများ တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ အသုံးစရိတ် (ဘတ်ဂျက်)များ ချပေးရာတွင် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ကော်မတီအနေဖြင့် ဘတ်ဂျက် လျာထားငွေနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် ထုတ်ပြန် ပြောဆိုခွင့် မရှိကြောင်း အောက်တိုဘာ၂၂ ရက်တွင် အဆိုပါ ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 03:02 AM PDT

မြောက်ပိုင်း အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေး အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူရပါလိမ့်မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မြောက်ပိုင်းအိုင်ယာလန် Belfast မြို့ကို ရောက်ရှိခဲ့ပါတယ်။ မြောက်အိုင်ယာလန်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ပထမနဲ့ ဒုတိယဝန်ကြီးတို့ အမေရိကန် ပြည်ထောင်စုမှာ ကုန်သွယ်ရေးဆွေးနွေးနေကြတဲ့အတွက်၊ အငယ်တန်းဝန်ကြီးတွေဖြစ်ကြတဲ့ Jonathan Bell နဲ့ Jennifer McCann တို့က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရုံးစိုက်ရာ Stormont ရဲတိုက်မှာ ကြိုဆိုခဲ့ကြပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 02:59 AM PDT

အောက်တိုဘာ၂၄ရက် နံနက်၉ နာရီခွဲက အိပ်ခန်းထဲအထိ ဝင် ရောက်ခိုးယူနေသည့် သူခိုးတစ်ဦးကို မိန်းကလေးငယ်တစ်ဦးက ဉာဏ် ကောင်းစွာဖြင့် အိပ်ခန်းတံခါး အား သော့ခတ်ပေးထားမှုကြောင့် ရဲ တပ်ဖွဲ့ဝင် များမှ အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကသာမြို့ အ မှတ်(၇)ရပ်ကွက်နေ ဒေါ်ရင်တိုး (ခ)ဒေါ်တင်တင်တိုး သည် အလှ ပြင်ဆိုင်သို့ရောက်ရှိနေစဉ် အိမ် တွင်ကျန်ရှိနေခဲ့သော သမီးငယ် မယဉ်မွန်အောင် ၁၇ နှစ်က ဖုန်း ဆက်၍ အိမ်ရှိအိပ်ခန်းအတွင်း သူခိုးတစ်ဦး ဝင်ရောက် ပြီး ငွေ များ ခိုးယူနေသည် ကို တွေ့ရ၍ အိပ်ခန်းတံခါးကို သော့ခတ်ထား လိုက်ကြောင်း အသိပေးခဲ့သည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Oct 2013 02:36 AM PDT

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန ၌ လာရောက် အပ်နှံကြောင်း သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Oct 2013 02:30 AM PDT

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေး ပေးဆောင်ကာ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။ တရားမဝင် လုပ်သားများ ပြည်တော် ပြန်ခွင့်ရရှိရန် အထူးဖြတ်သန်းခွင့် (Special Pass) ရရှိရေးအတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေးကို ရင်းဂစ် ၅၀၀ ပေးဆောင်ရပြီး ကလေးဆိုပါက ရင်းဂစ် ၃၀၀ ပေးရပြီး အခြားကိစ္စများ ဆောင်ရွက်ရန် ရင်းဂစ် ၁၅၀ ခန့် အလုပ်သမားများက ပေးဆောင်ရကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ၏အဆိုအရ သိရှိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 06:16 PM PDT
ရခိုင်ပြည်နယ်အတွင်း ဖြစ်တဲ့ အခြေ အနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး အယူ အဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်အတွက် အကြီးမား ဆုံး ခြိမ်းခြောက်မှု တရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်လာ တယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်း မရှိဘူးလို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနား ကုလသမဂ္ဂ တတိယ ညီလာခံ တွင် မြန်မာ့အရေးဆွေးနွေးစဉ်။ (အောက်တိုဘာလ ၂၄၊ ၂၀၁၃)။

Posted: 24 Oct 2013 06:20 PM PDT
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက် ရပ်ကွက် ၆မိုင်ကုန်းရှိ စမ်းသော်တာ ဘိလိယက် ကစားရုံသို့ လူနှစ်ဦးရောက်ရှိလာပြီး ဘိလိယက် ခုံတစ်ခုံလျှင် ငွေကျပ်လေးသိန်းပေးရန် တောင်းခံ ခဲ့သည့်ဖြစ်စဉ်တစ်ခု ယခုလ ၂၁ ရက်ညပိုင်း ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘိလိယက် ခုံပိုင်ရှင်က အလုပ်အဆင်မပြေ၍ မပေးနိုင်ဟု ပြောရာ အမည်မသိလူနှစ်ဦးက ယခုလောလော ဆယ် ကျပ် ၅ဝဝဝဝ ပေးရန်တောင်းဆိုခဲ့ ကြောင်း၊ ယင်းသို့မပေးလျှင် မိုင်းခွဲမည်ဟုပြော ဆိုကြောင်း၊ ဆက်လက်၍ အမည်မသိလူနှစ်ဦး သည် ယင်းဘိလိယက်ခုံအနီးရှိ အောင်ချမ်းသာ ဆီဆိုင်သို့သွားရောက်ကာ ငွေတစ်သိန်းတောင်းခံ ခဲ့သော်လည်း ဆီဆိုင်မှ မပေးလိုက်ကြောင်း သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 05:51 PM PDT

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာဟာ သမ္မတဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်တာကြောင့်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့ ဘီဘီစီ Radio 4 အစီအစဉ်က ဒီကနေ့ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 05:45 PM PDT

အမေရိကန် ထောက်လှမ်းရေး ဟောင်း အက်ဒွပ်စနိုးဒန်း ဖောက်ချ လိုက်တဲ့ လှိျု့ဝှက် မှတ်တမ်းတွေ အရ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် ၃၅ ယောက်ရဲ့ ဖုန်း တွေကို အမေရိကန်က ထောက်လှမ်း နေခဲ့ကြောင်း တွေ့ရှိ လာရ ပါတယ်။ အရေးကြီးတဲ့ ဖုန်းနံပါတ် ၂ဝဝ ကျော်ကို ရရှိပြီးနောက် အမေရိကန် ထောက်လှမ်းရေးက စပြီး ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ ကြီးမှာ ပါတဲ့ ကန့်သတ် မှတ်တမ်းစာ တခုမှာ ပါရှိ ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂ နိုင်ငံ ယုံကြည်မှု ပြန်တည်ဆောက်ဖို့လို

Posted: 24 Oct 2013 05:23 PM PDT

ကမ္ဘာပေါ်က AIDS ရောဂါ ဝေဒနာရှင် သန်းပေါင်း များစွာ အတွက် ကုစား နိုင်မယ့် ကုထုံး တရပ် ဖော်ထုတ်နိုင်ဖို့ ဟာ သိပ္ပံ ပညာရှင် တွေ စိုးရိမ်တာ ထက် ပိုပြီး ခက်ခဲ နိုင်တယ်လို့ သုတေသန တွေ့ရှိချက် အသစ်တွေ က ဖော်ပြ နေပါတယ်။ ၃ နှစ်တာ လေ့လာချက် များအရ AIDS ရောဂါ ဖြစ်ပေါ် စေတဲ့ HIV ဗိုင်းရပ်စ်ပိုး ပမာဏဟာ အရင်က ထင်ထားတာထက် အဆ ၆ဝ ကျော် ပိုပြီး ကြီးနေတာကို တွေ့ရှိ လာရပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရောဂါ အရှင်းပျောက်မယ့်ဆေး ပေါ်ဖို့ဝေးဆဲ

Posted: 24 Oct 2013 05:14 PM PDT

ချင်းပြည်နယ်မှာနေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေကို သီးသန့်တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီနေ့ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီနေ့ ချင်းပြည်နယ် တီးတိန်မြို့မှာကျင်းပတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၅နှစ်မြောက် အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်တယ်လို့ အဲဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က RFA ကို ပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 03:37 PM PDT

သမ္မတဦးသိန်းစိန်အနေနဲ့ လာမယ့် သမ္မတသက်တမ်းအတွက် ဆက်လက်ရွေးချယ်ခံမှာ မဟုတ်တော့ဘူးလို့ ပြောဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အတည်ပြုပြောလိုက်ပါတယ်။ နေပြည်တော် လွှတ်တော်အတွင်းကခန်းမတစ်ခုမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သူ့အနေနဲ့ မူဘောင်အတွင်းက ဆောင်ရွက်သွားမယ်လို့ ဦးရွှေမန်းက ပြောပါတယ်။ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 03:34 PM PDT

မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ်က ကျိုက်က္ခမီ ရေလယ်ဘုရားပွဲဟာ ဒီနှစ်မှာ ထိုင်းနိုင်ငံသား ဘုရားဖူးတွေပါ လာရောက်လည်ပတ်ကြတဲ့အတွက် အထူးစည်ကားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 03:25 PM PDT

အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Oct 2013 03:18 PM PDT
အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





No comments:

Post a Comment