သစ်ထူးလွင် |
|
- နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စမတ်ကတ်အဖြစ် ပြောင်းမည်
- ကားမောင်းခွင့်ပိတ်ပင်သဖြင့် ဆော်ဒီအမျိုးသမီးများ ကိုယ်တိုင်ကားမောင်းနှင် ဆန္ဒပြကြ
- နမ်လင်းပါ ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ်လို
- ‘အ’ အက္ခရာ မော်တော်ယာဉ်များ ကျပ်သိန်း ၁၁၀ ရောက်ရှိ
- တယ်လီနော မြန်မာ အလုပ်ခေါ်
- ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ
- လူလိမ်ကန်ထရိုက်များရန်မှ ကင်းဝေးပါစေ
-
ဂန့်ဂေါမြို့နယ်ကရှားရှာပါးပါး
အမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး - ရခိုင် ဒုက္ခသည်စခန်းတွေ စားနပ်ရိက္ခာ ပြတ်လပ်တော့မည်
- ပဲခူး၊ ဟင်္သာကုန်းက ပဒေသာပင်ပွဲအား မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက်ဖျက်ဆီးမှု
- ဓားဖြင့်ခုတ်သည်ဆိုသည့်အမှု ပြစ်မှုကျူးလွန်သူများကို မိဘများကိုယ်တိုင် ရဲလက်အပ်
- ယာဉ်မတော်တဆမှုများကြောင့် ၂၄ ရက်အတွင်းလူ ၁၇၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော်ဒဏ်ရာရ
- နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး
- ဓားခုတ်မှု ကျူးလွန်သည့် ပြိုင်ကားသမား ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်
- စင်ကာပူတွင် အလုပ်ရမည်ဟုခေါ်ယူခံခဲ့ရသည့် ချင်းအမျိုးသမီးငယ် ငါးဦးကိစ္စ အတည်မပြုနိုင်သေး
- ရောမမြို့တော်သူ ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
- ဒေါ်စုနဲ့ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ရှိ
- ၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်
- ရန် ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည် မွမ်းမံ မည့် ဒေါ်အောင် ဆန်းစု ကြည် ၏ အစီအစဉ်ကို ယူကေ ကူညီမည်
- တပ်သိမ်းမြေများအတွက် ကျပ်သိန်း ၄၅၀၀ ကျော် ပေးလျော်
- ပြည်ခိုင်ဖြိုးပါတီက အခြေခံ ဥပဒေ ပြင်ရန် ပထမဆုံး ဆွေးနွေး
- နေထိုင်စရာရရှိရေး ရန်ကုန်မြို့လယ်မှာ တောင်းဆိုဆန္ဒပြ
- ကချင်ဒေသခံတချို့ စစ်တပ်က ဆက်လက်ဖမ်းဆီး
- မီးဖိုခန်းမှ အိမ်ရှင်မတို့၏ အကြောက်တရား
- ဗုံးပေါက်ကွဲမှုအလွန် မြန်မာဆီးဂိမ်းလားရာ
Posted: 28 Oct 2013 06:39 AM PDT
မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 06:27 AM PDT
ဆော်ဒီအာရေးဗီးယား နိုင်ငံတစ်ဝန်းတွင် အမျိုးသမီး များ ကားမောင်းနှင်ခွင့် ပိတ်ပင် ထားမှုကို ဆန့်ကျင်ကာ အောက် တိုဘာ ၂၆ရက်တွင် အမျိုးသ မီး ၆ဝကျော် ကားမောင်းနှင်ခဲ့ ကြသော်လည်း ရဲများက တားဆီးမှု အနည်းအကျဉ်းသာရှိခဲ့ကြောင်း သိရသည်။ အမျိုးသမီးများ ကားမောင်း နှင်သင့်ကြောင်း မက်ဆေ့ခ်ျဖြင့် မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ ထို သို့ဖြစ်ပွားရခြင်းသည် အမျိုးသမီး များအပေါ် တင်းကျပ်သောစည်း မျဉ်းများ ချမှတ်ခြင်းကြောင့်ဖြစ်ပြီး ဆော်ဒီအသိုင်းအဝိုင်းတွင် အမျိုး သမီးများကို ကားမောင်းနှင်ခွင့်ပြု သင့်ကြောင်း ဝေဖန်သူများက သတိပေးခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 06:18 AM PDT
တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၄၀၀ ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်သွားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည် စခန်းများကို ရိက္ခာ ထောက်ပံ့ပေးနေသည့် ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ (ဗန်းမော်) ရုံးမှ စီမံကိန်း မန်နေဂျာ ဦးနော်ဒင့်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 01:05 AM PDT
ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်အရ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ အပ်နှံခွင့်ပြုထားသော ‘အ’ အက္ခရာ မော်တော်ယာဉ်များမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ဟံသာဝတီ အခြေစိုက် ယာဉ် ဝယ်ရောင်း အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ “ ‘အ’ အက္ခရာယာဉ်တွေ လွန်ခဲ့တဲ့လက ၉၀ ကျော်ဝန်းကျင် ရှိခဲ့ပြီးတော့ ကားလက်ခံတဲ့နေ့က ငါးသိန်း ဝန်းကျင်လောက် ချက်ချင်း ဈေးတက်သွားတယ်။ အခု လက်ရှိပေါက်ဈေး ၁၀၈ သိန်း ဝန်း ကျင်လောက် ရှိနေတယ်။ ဈေးမြှင့်နေတော့ အရောင်းအဝယ်အေးတယ်” ဟု အဆိုပါ ‘အ’ အက္ခရာယာဉ် ဈေးကွက် အခြေအနေကို လုပ်သက်ရင့် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးဖြစ်သည့် ဦးလှမျိုးက သုံးသပ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:59 AM PDT
ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်ပြီး မြန်မာပြည်မှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနော မြန်မာ ကုမ္ပဏီဟာ ပြည်တွင်းမှာ ခန့်ထားမယ့် အလုပ်တွေအတွက် အလုပ်စတင် ခေါ်ယူနေပြီ ဖြစ်ပါတယ်။ အရောင်းမန်နေဂျာတွေ၊ ဒေသခံ အရောင်းအရာရှိတွေ၊ ပြည်နယ် ၇ ခုနဲ့ တနင်္သာရီတိုင်းအတွက် ဌာနေ ဆက်သွယ်ရေးအရာရှိ တာဝန်တွေအတွက် အလုပ်ခေါ်ယူနေတာ ဖြစ်ပါတယ်။ တယ်လီနောရဲ့ အလုပ်ခေါ်တဲ့ ကြေညာချက်ထဲမှာ သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုအပ်တဲ့ အရည်အချင်းတွေ ဖော်ပြထားပြီး အီးမေးလ်ကနေ လျှောက်ထားရမယ် ဖြစ်ပါတယ်။ လျှောက်ထားလို့ ပမာဏ ရွေးချယ်ခံရသူတွေကို ပြန်ပြီး အကြောင်းကြားမယ်လို့လည်း ကြေငြာချက်မှာ ပါဝင်ပါတယ်။ အလုပ်အကိုင်တွေအတွက် တယ်လီနောရဲ့ ၀က်ဆိုက်ဒ် www.telenor.com/myanmar မှာ ၀င်ရောက် လေ့လာနိုင်ပြီး အလုပ်အတွက် လျှောက်ထားရမယ့် အီးမေးလ်လိပ်စာကတော့ hr.myanmar@telenor.com ဖြစ်ပါတယ်။ by ဒီဗွီဘီ |
||
Posted: 28 Oct 2013 12:51 AM PDT
ဘင်္ဂလာဒေခ်ျ့မှ
စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို
ရသေ့တောင်မြို့နယ် တွင် သက်ဆိုင်ရာ နယ်မြေခံ စစ်တပ် တပ်ရင်း တစ်ခုက
ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။ ရသေ့တောင်မြို့နယ် တောင်ပိုင်း
ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဥ့်အချိန်တွင်
ဖမ်းမိခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက
အတည်ပြု ပြောကြားသည်။ “ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး
ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့
ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို
မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:19 AM PDT
ရန်ကုန်တိုင်း
ဒေသကြီး၊ မြို့ပြမြေ ဈေးနှုန်းကြီးမြင့်မှုနှင့် ကျေးလက်နေပြည် သူများ ၂၀၀၈
ခုနှစ်၊ နာဂစ်မုန်တိုင်းပေါ် ပေါက်ပြီးနောက်တွင် အလုပ်အကိုင်အခက်
အခဲရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပေါ် သို့ အလုံးအရင်းနှင့်
ရောက်ရှိလာပြီး ကြုံ ရာကျပန်း လုပ်ကိုင်စားသောက်အခြေချ လာကြသလို၊
လယ်ရောင်း၊ ခြံရောင်းပြီး နိုင်ငံရပ်ခြား အလုပ်ထွက်လုပ်ရန်အတွက်
မြို့ပေါ်သို့ ပြောင်းရွှေ့နေရာယူလာမှု ကြောင့် အိမ်ခြံမြေငှား/
ရောင်းဈေးကွက် အခြေပြု၍ အိမ်မြေဈေးများ မြင့်တက် လာခဲ့ပါတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:15 AM PDT
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်သည်ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၁၁၃ ရွာဖြင့်ဖွဲ့စည်း ထားရှိသဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူး ၇၅ ဦးရှိပြီး ယင်းတို့တွင် အမျိုးသမီးတစ်ဦးကို ကျွေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အဖြစ်မဲစနစ် ဖြင့် ရွေးချယ်တာဝန်ပေးအပ်ခံ ထားရကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှာ ဒေါ်ကေ ခိုင်မျိုးအောင် (၃၀ နှစ်) ဖြစ်ပြီး ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေးရွ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:07 AM PDT
ရခိုင်ပြည်နယ်က
ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေနဲ့
ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က
သတိပေးလိုက်ပါတယ်။ စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေတွေနဲ့
ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နောက်ထပ်
ကူညီထောက်ပံ့ပေးမယ့်သူတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့
တာဝန်ရှိသူတဦးက ယခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:03 AM PDT
ပဲခူးမြို့
ဟင်္သာကုန်း မွန်စံပြရှိ မွန်ရိုးရာ ပဒေသာ ပင်ပွဲတော်အား
မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက်ဖျက်ဆီးမှု သီတင်းကျွတ်လပြည့်ညက
ဖြစ်ပွားခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးအရေး ယူပေးခြင်း
မရှိသေး ဟု ပွဲတော်ရှိ စည်းကမ်း ထိန်းသိမ်းရေး ခေါင်းဆောင်ဖြစ်သူ
ကိုဖြိုးဝေမြင့်က မဇ္ဈိမကို ပြောဆိုလိုက်သည်။ “အခုချိန်ထိ အရေးယူခြင်း
မရှိသေးဘဲ ပြစ်မှုကျူးလွန်ခဲ့တဲ့ ချာတိတ်တွေကို လွှတ်ပေးထားတယ်” ဟု ၄င်းက
ပြောပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 11:55 PM PDT
ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။ အမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီကျော်အချိန်က ဦးမြရပ်ကွက်၊ မြတ်သူရိန်လမ်းရှိ စံပယ် လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို အခြားလူငယ်သုံးဦးက ချုပ်ကိုင်ပြီး ကျန်လူငယ်တစ်ဦးက ဓားဖြင့်ခုတ်ခဲ့သည်ဆိုသော တိုင်တန်းမှုလည်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Oct 2013 12:03 AM PDT
မြန်မာနိုင်ငံ
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄
ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များကြောင့် လူ ၁၃၀၀ ကျော်
ဒဏ်ရာရရှိခဲ့ပြီး ၁၇၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
သတင်းထုတ်ပြန်သည်။ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ် ၁၅ ခုတွင် ယခုလအတွင်း ၂၄ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၈၀၄ မှု
ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၈၄ ဦး ရှိကာ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း
အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 11:50 PM PDT
ကရင်ပြည်နယ်တွင်
တရုတ်နိုင်ငံသားများက လောင်းကစား ဂိမ်းစက်များယူလာကာ စီးပွားရှာနေသည့်
ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့် ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင်
ဆွေးနွေးပြီးနောက် မြ၀တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား
ဖမ်းဆီးမှု အရှိန်မြှင့် တင်လိုက်ကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန် ၁၇
ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင်
ဦးအောင်မြင့်သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့်
ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့်
မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း
ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Oct 2013 11:41 PM PDT
ဆိုင်ကယ်စီးသူကို ပြိုင်ကားပေါ်မှဆင်းကာ ဓားဖြင့် ခုတ်ခဲ့သည့်ဖြစ်စဉ်မှ အမှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 11:25 PM PDT
ချင်းပြည်နယ်မှ အမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု အမည်မသိ အမျိုးသမီးတစ်ဦး က ခေါ်ယူခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အဆိုပါအမျိုးသမီးငယ်များထဲမှ တစ်ဦးမှာ ထွက်ပြေးလာပြီး နေက် ကျန်အမျိုးသမီးများထဲမှ ငါးဦးကိစ္စကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း လူကုန် ကူးမှုတိုက်ဖျက်ရေး ရဲအုပ် ဦးဝေလွင်က မဇ္ဈိမကိုပြောသည်။ လွန်ခဲ့သည့်အောက်တိုဘာ ၁၅ ရက်က စကိုင်းတိုင်းမှ ချင်းအမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု မိဘများ၏ သဘောတူညီချက်ဖြင့် အမည်မသိအမျိုးသမီးတစ်ဦးက ကလေးကားဂိတ်မှ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ကားဂိတ်တွင် အမျိုးသမီးတစ်ဦးက လာရောက်ခေါ်ယူခဲ့ကာ အင်းစိန် အောင်ဇေယျ အိမ်ရာတွင် တည်းခိုခဲ့ရကြောင်း ထွက်ပြေးလာသူ မနွမ်ဆွီးက ကနဦး ပြောပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 11:22 PM PDT
ဥရောပ ငါးနိုင်ငံ ခရီး ထွက်ခွာနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး ခရီးတထောက်အဖြစ် အီတလီ နိုင်ငံ ရောမမြို့ကို ရောက်နေပါပြီ ။ မနေ့က ရောမ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆု ကို လက်ခံ ရယူခဲ့ပါတယ်။ ဒီဆုဟာ ၁၉၉၄ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Oct 2013 11:18 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ထိုင်းမ်စ် သတင်းအရ သိရပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့ ဒီကနေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပြီး ဒါဟာ သမိုင်းဝင်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 03:18 PM PDT
သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Oct 2013 02:15 PM PDT
ရန်
ကုန်ပြည်သူ့ဆေး ရုံကြီး ပြန်လည် မွမ်းမံမည့် ဒေါ်အောင်ဆန်းစု ကြည်၏အစီအစဉ်
ကို ယူကေက ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏
ဒုတိယအကြိမ်မြောက် ယူကေခရီး စဉ်အတွင်း အောက်တိုဘာ ၂၃ ရက်က
ဗြိတိသျှဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ ဖြိုးရေးဝန်ကြီး
ဂျက်စတင်ဂရင်း နင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် တွင် အဆိုပါကိစ္စအား
ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 10:32 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သိမ်းယူခဲ့သော လယ်မြေ ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာမှု လျော်ကြေး ကျပ်သိန်း ၄၅၉၅ ကျော်ကို ပေးအပ် ခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။ ရွှေဘိုမြို့နယ် တဲကြီး၊ ရွာမိတ်သာ၊ ဖွတ်ကုန်း၊ ပိတ်တောကျေးရွာနှင့် ခင်ဦးမြို့နယ် ဝါးရုံကုန်း ကျေးရွာတို့မှ သိမ်းယူထားသည့် လယ်မြေဧက ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာကြေးငွေကို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေဘိုအမှတ် (၈) အခြေခံစစ် လေ့ကျင့်ရေး တပ်တွင် တောင်သူများသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 09:09 AM PDT
ပြည်ခိုင်ဖြိုး ပါတီက သမ္မတ အရည်အချင်း အပါအ၀င် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်ငူတွင် ယနေ့မနက် ၁၀နာရီက စတင်ဆွေးနွေးခဲ့ ကြောင်း တောင်ငူမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင် ဦးညီညီထွန်း ကပြောကြားသည်။ “တစ်နိုင်ငံလုံးမှာ တောင်ငူက ပထမဆုံး ခရိုင်အဆင့်အရင်ဆုံး ဆွေးနွေးတာပါ”ဟု ၎င်းက ဆက်လက် ပြောကြား သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆွေးနွေးမှုတွင် တောင်ငူမြို့နယ်မှ အချက်ငါးချက်ကို အဓိက ဆွေးနွေးမည်ဖြစ် ပြီး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 08:29 AM PDT
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မူလပေးထားတဲ့ ကတိအတိုင်းမဟုတ်ဘဲ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနက စီမံကိန်းနယ်မြေအတွင်းမှာ နေထိုင်နေသူတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 08:23 AM PDT
ကချင်ပြည်နယ်ထဲမှာ မကြာသေးခင်တုန်းက လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရ စစ်တပ်က ဒေသခံတချို့ကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတချို့ကို ပြောင်းရွှေ့ပေးရတာတွေလည်း ရှိနေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက် ကိုင်အဖွဲ့တို့ကြား ဗန်းမော်ခရိုင်ထဲမှာ အရင်တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါ အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 08:07 AM PDT
“ယောက်ျားက မျှစ်ကြော်စားချင်တာ မဝယ်ကျွေးရဲဘူး” ထိုစကားသံမှာ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်စန်းက စိုးရိမ်စိတ်ဖြင့် ပြောလိုက်သော စကားသံ ဖြစ်သည်။ ဈေးထဲတွင် ရောင်းချနေသော မျှစ်များသည် အနီရောင် ဆိုးထားသောကြောင့်ဟု ၎င်းကဆိုသည်။ မီးဖိုချောင် စားသောက်ကုန်များတွင် အရောင်ဆိုးထားသည်က မျှစ်တစ်ခုတည်း မဟုတ်။ ငရုတ်သီးမှုန့်၊ ငါးပိ၊ ငရုတ်ဆီ၊ လက်ဖက်၊ ပုစွန်ချဉ်စသည့် စားသောက်ကုန် များတွင်လည်း ဆိုးဆေး အန္တရာယ်က ရှိနေသည်။ ---- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Oct 2013 08:02 AM PDT
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကျင်းပရန် ရက်ပေါင်း ၄၀ကျော်သာ လိုတော့သည့် အချိန်နှင့် ခရီးသွားရာသီ အစကာလ အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့များတွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဆက်တိုက်ဆို သကဲ့သို့ မြန်မာနိုင်ငံ မြို့ကြီးများနှင့် မြို့အချို့တို့တွင် ဖြစ်ပွားခဲ့ရာ ပြိုင်ပွဲဝင် အားကစားသမားများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအပေါ် လုံခြုံရေးအရ စိုးရိမ်မှုများ တိုးပွားလာခဲ့ရသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment