သစ်ထူးလွင် |
- ဗေဒင်ဆရာမတစ်ဦး ဆွဲကြိုးချ၍ မိမိကိုယ်ကို အဆုံးစီရင်
- မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်
- သူရိယအလင်း ဂျာနယ်တိုက် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲကို ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်
- သူရိယအလင်း ဂျာနယ် အပြီးသတ် ရပ်ဆိုင်း
- နေပြည်တော်တွင် အမျိုးသားဦးရေ ပိုများ
- ပလောင်ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်သည့် ဘင်္ဂါလီရှစ်ဦးအနက် ဦးဆောင်သူနှစ်ဦးဖမ်းမိ
- ပါရမီ စိန်ဂေဟာအနီး ခြောက်လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
- အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ
- နေအပြည့်ကြတ်မှု ဖြစ်စဉ်ကြောင့် မီဒီယာများနှင့် အစိုးရတို့ကြား ပြင်းထန်သည့် ပဋိပက္ခ ပေါ်ပေါက်နိုင်
- ကျန်းမာရေးဘတ်ဂျက် တိုးသော်လည်းထိရောက်သည့် စောင့်ရှောက်မှု မရသေး
- စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ
- သူရိယအလင်းဂျာနယ်တိုက်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ နှစ်ဖက်ပြောကြားချက်ကွဲလွဲ
- အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်
း ၃၂ ဦးသေဆုံး - မှတ်ပုံတင်မထားသည့် မြေသြဇာအမည်များ ထုတ်ပြန် ယင်းမြေသြဇာများ ရောင်းချပါက ဥပဒေအရ အရေးယူမည်
- သမ၀ါယမ ချေးငွေလုပ်ငန်းကို ဘဏ္ဍာရေးကော်မတီ စောင့်ကြည့်မယ်
- အခြေခံဥပဒေပြင်ဖို့ ဒေါ်စုထပ်မံတိုက်တွန်း
- ဗုံးကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှာ စိုးရိမ်
- ဗုံးဖောက်ခွဲမှုကြိုးကိုင်သူ KNU စုံစမ်းမည်
- ဗုံးဖောက်ခွဲသူများ ရွှေတီဂုံတီတော်ကို ဖောက်ခွဲရန် အစီစဉ်ရှိခဲ့ဟု KNUဆို
- မီးရှူးမီးပန်းကြောင့် သိမ်ကြီးဈေးဒီရုံ မီးလောင်
- သိမ်ကြီးဈေး D ရုံ မီးလောင်
- ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထုသဘောထားခံယူပွဲ ပုသိမ်မှာကျင်းပ
- မြန်မာ့ဖြစ်ထွန်းမှု ဥရောပကော်မရှင် သတိနဲ့ စောင့်ကြည်
- ဥရောပကောင်စီ ဥက္ကဋ္ဌနဲ့ ဒေါ်စုတွေ့ဆုံ
- ၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို
Posted: 21 Oct 2013 06:27 AM PDT
တိုက်ကြီးမြို့တွင် အမျိုးသမီးဗေဒင် ဆရာမတစ်ဦး အောက်တိုဘာ ၁၉ ရက်က မိမိကိုယ်ကို ဆွဲကြိုးချပြီး အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 04:33 AM PDT
မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ်လို့ မလေးရှားအစိုးရက ကြေညာပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ကနေ စတင်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာယာမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရုံးမှာ ၃ လတိတိ ဆောင်ရွက်ပေးမယ်လို့ မလေးရှားအာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ (ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ်) | ||
Posted: 21 Oct 2013 04:27 AM PDT
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့် ဝင်ရောက်ပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ System ပုံး ၁၄လုံးနှင့် CCTV တစ်လုံးကို ဖြုတ်ယူသွားကြောင်း ယင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏ ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည် ဖြစ်ကြောင်း သူရိယအလင်းဂျာနယ် ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 04:19 AM PDT
ယခုရက်ပိုင်း အတွင်း အငြင်းပွားဖွယ် သတင်းများ ထွက်ပေါ် နေသည့် သူရိယအလင်း ဂျာနယ်သည် ယင်းဂျာနယ်ကို ဆက်လက် ထုတ်ဝေတော့မည့် မဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့တွင် နိုင်ငံပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ များတွင် အယ်ဒီတာအဖွဲ့က ကြော်ငြာ ထည့်သွင်း ခဲ့သည်။အောက်တိုဘာ ၁၈ ရက်နေ့က ညပိုင်း အချိန်တွင်း သူရိယ အလင်း ဂျာနယ် ရုံးခန်းကို လူအချို့ ၀င်ရောက် ကာ ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ များကို ထိန်းချုပ်သည့် ဆာဗာကို ယူဆောင် သွားသည်ဟု ယင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ပြောကြား ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျာနယ် ရပ်ဆိုင်း သည့် ကြော်ငြာကို သတင်းစာ များတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 03:57 AM PDT
နေပြည်တော် ကောင်စီနယ်မြေ ငါးမြို့နယ်အတွင်း အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုများကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ တစ်နိုင်ငံလုံးတွင် အမျိုးသမီးဦးရေက ပိုများသော်လည်း နေပြည်တော်တွင်မူ အမျိုးသားဦးရေက သိသိသာသာ ပိုများနေကြောင်း နေပြည်တော်ကောင်စီရုံး၌ အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်းဆို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 03:49 AM PDT
ပေါက်တောပလောင် ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်ခဲ့သော ဘင်္ဂါလီလူမျိုးများအနက် ဦးဆောင်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ““ပုဒ်မ ၃၂၆၊ ၃၂၅ နဲ့ ၃၈၂ တို့ အရ အရေးယူထားပါတယ်””ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။ အောက်တိုဘာ ၁၉ ရက် နံနက်စောစောပိုင်းက ပေါက်တောပလောင်ရွာမှ ရခိုင်တိုင်းရင်းသားတစ်ဦး၏ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Oct 2013 03:27 AM PDT
လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ စိန်ဂေဟာ ဈေးဝယ်စင်တာ အနီးရှိ တိုက်အမှတ် ၂၊ ခြောက်လွှာ အခန်း ၅၀၆ တွင် အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်က အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး တိုက်ခန်းရှေ့ ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။ အင်တာနက်ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသူ မဟေမာဝင်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ အဆိုပါ တိုက်ခန်းတွင် နေထိုင်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သောကြောင့် နေအိမ် ဘုရားစင်တွင် မီးထွန်းပူဇော်စဉ် တိုက်အောက်မှ လူခေါ်သံ ကြားသဖြင့် ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည်ရာ အရှိန်လွန် ခြေချော်ကာ ပြတင်းပေါက်မှတစ်ဆင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 03:24 AM PDT
အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ တွင် မီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဥကရုခရိုင် တပ်ဆမ်ကျေးရွာ အနီးရှိ တောင်ထိပ်မှ ချောရည်ပူများ၊ ကျောက်ဆိုင် ကျောက်ခဲများ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ စီးဆင်းနေကြောင်း မဏိပူရ ပြည်နယ် အစိုးရအရာရှိများက ထုတ်ပြန် ပြောကြားထားသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 03:16 AM PDT
နိုဝင်ဘာလ ၃ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၄မိနစ်တွင် စတင်ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှု ဖြစ်စဉ် ၏ အကျိုးသက်ရောက်မှုအဖြစ် စာပေမီဒီယာ ရပ်ဝန်း၌ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများ၊ ထင်ရှားသော စာရေးဆရာနှင့် ထုတ်ဝေသူများနှင့် အစိုးရအကြား ပြင်းထန်သည့် ပဋိပက္ခ ပေါ်ပေါက်လာနိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ဗေဒ သိပ္ပံ ပညာရှင်များ အဖွဲ့ချုပ်မှ ဦးဇေယျာကိုက ပြောကြားသည်။ နေကြတ်မှုဖြစ်စဉ်သည် တူရာသီအတွင်း ဖြစ်ပေါ်မည် ဖြစ်ကာ ဗုဒ္ဓဟူးဂြိုလ်ပတ်လမ်းကြောင်း၌ ဖောက်ပြန်၍ ပါဝင်ပူးယှဉ်နေပြီး လွတ်လပ် ရေး ဇာတာ၏ မကောင်းသော ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Oct 2013 03:12 AM PDT
အစိုးရသစ်လက်ထက် နှစ်နှစ်ခွဲကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် ခုနှစ်ဆ တိုးမြှင့်ပေးထားသော်လည်း ယခုတိုင် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိသေးကြောင်း ဆေးပညာရှင်အသိုင်း အ၀ိုင်း၏ ပြောကြားချက်အရ သိရသည်။ ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ပြည်သူ့ကျန်းမာရေး အာမခံစနစ် လိုအပ်ပြီး မြန်မာနိုင်ငံတွင် ယင်းစနစ်ကို ယခုထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးတစ်ဦးက ပြောကြားသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 09:44 PM PDT
စင်ကာပူနိုင်ငံတွင် ဆောက် လုပ်ရေးလုပ်ငန်းများ အရှိန်အ ဟုန် မြင့်မားလာသော်လည်း အ လုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည် ဟု သိရသည်။ဆောက်လုပ်ရေးလုပ်ငန်း များ တိုးတက်လာခဲ့ပြီး အလုပ် သမား မလုံလောက်မှုကြောင့် စင် ကာပူဆောက်လုပ်ရေးလုပ်ငန်း များသည် ကုန်ကျစရိတ် မြင့်မား ခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရောက် နေသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 09:41 PM PDT
ဦးနေရွှေသွေးအောင်(ခ)ဖိုးလ ပြည့်က ''ညကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကျွန်တော့် အနေနဲ့ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ စီးပွားကူးသန်းဝန်ကြီးဦးဝင်ြး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 09:27 PM PDT
အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့တွင် ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ သေဆုံးသူအများစုမှ အလုပ်ကြမ်းသမားများ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အာသာပါရာဒက်ခ်ျပြည်နယ် #Adampur ရွာရှိ ဆိုင်တစ်ဆိုင်မှလွန်ခဲ့သော ကြာသပတေးနေ့တွင် အဆိပ်အတောက်ဖြစ်စေသည့် အရက်များကို ၀ယ်ယူaသာက်သုံးခဲ့ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 09:16 PM PDT
မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများ စာရင်းကို ကော်မတီက အောက်တိုဘာ ၂၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြလိုက်ပြီး ယင်းသို့ မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများ ထုတ်လုပ်၊ ဖြန့်ဖြူး တင်သွင်းမှုများ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူ သွားမည်ဟု မြေသြဇာ ကော်မတီက ထုတ်ပြန်သည်။ယင်းသို့ မှတ်ပုံတင်ခြင်းမရှိသည့် မြေသြဇာများ ထုတ်ပြန်ရာတွင်၂၅မျိုးဖြစ်ပြီး ယင်းတို့ကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ၊ လုံးဝမပြု လုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက မြေသြဇာ ဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၃၅)တို့အရ အရေးယူမည် ဖြစ်သည်ဟုလည်း မြေသြဇာကော်မတီက ထုတ်ပြန်ထားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 08:59 PM PDT
မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံကပေးလိုက်တဲ့ ချေးငွေတွေကို အစိုးရက သမ၀ါယမ ၀န်ကြီးဌာနအား လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 08:54 PM PDT
ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ဥရောပကို ၂ ပတ်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဥရောပ ၅ နိုင်ငံကို သွားရောက်ခိုက် ဥရောပ ကော်မရှင်နာ မင်းကြီး Jose Barroso နဲ့ ဘရာဆဲလ်မြို့မှာ စနေနေ့က တွေ့ဆုံတုန်းမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 07:40 PM PDT
ရန်ကုန်မြို့နဲ့ တခြားမြို့တခိျု့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံး ပေါက်ကွဲမှု တွေကြောင့် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိကြသလို ခရီးသွား လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းတွေ ထိခိုက်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လာဖို့ ပြင်ဆင် ထားကြတဲ့ နိုင်ငံခြား ခရီးသွားတွေဟာ သူတို့ မလာခင် လုံခြုံရေး အခြေအနေကို မေးမြန်းကြတာ ကြုံရကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 07:33 PM PDT
မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 07:29 PM PDT
ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ရက်ဆက်ဗုံးဖောက်ခွဲသူများသည် ရွှေတီဂုံစေတီတော်မြတ်ကိုပါ ဖောက်ခွဲရန် အစီအစဉ်ရှိခဲ့ကြောင်း KNUအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသော ဗုံးပေါက်မှုနှင့် ပတ်သတ်ပြီး KNUဘက်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 07:25 PM PDT
မီးရှုးမီးပန်း ဖောက်ရာမှ သိမ်ကြီးဈေး ဒီရုံရှိ အများ ပြည်သူသုံး အိမ်သာခန်းကို ထိမိပြီး မှန်ကွဲကာ အထဲသို့ ကျရောက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိမ်ကြီးဈေးတွင် ယနေ့ညတာဝန်ကျ လုံခြုံရေး ၀န်ထမ်းက ပြောကြားသည်။ မီးလောင်ကျွမ်းသော အခန်းမှာ မြို့နယ်စည်ပင်သာယာမှ အများပြည်သူသုံးအိမ်သာတွင် ပစ္စည်းများ လာရောက်ထည့် ထားသော အခန်း၌လောင်ကျွမ်းခြင်းဖြစ်ကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 07:21 PM PDT
ရန်ကုန်မြို့၊ သိမ်ကြီးဈေး D ရုံ၊ လေးလွှာတွင် ယနေ့ည ၈း၃၀ ၀န်းကျင်က မီးစတင်လောင်ကျွမ်းခဲ့သည်။ စက္ကူဂျပ်ဖာများသိမ်းဆည်းထားသည့် Yangon Press International | ||
Posted: 20 Oct 2013 06:19 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲ နဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ဆင်သင့်သလား အသစ်ပြန်လည်ရေးဆွဲသင့်သလား ဆိုတဲ့အပေါ် လူထုသဘောထားခံယူပွဲကို ဧရာဝတီတိုင်း ပုသိမ်မြို့၊ ဆရာဝန်များအသင်း ခန်းမဆောင်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း ၊ တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုး နဲ့ ဧရာဝတီတိုင်း ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဝေလှိုင်ထွန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Oct 2013 06:10 PM PDT
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ဖော်ဆောင်ရေး အတွက် လုပ်စရာတွေ အများကြီး ရှိနေသေးတာကို EU ဥရောပသမဂ္ဂအနေနဲ့ ကောင်းကောင်း သိပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ပြောလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်က ဥရောပကော်မရှင်မှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Barroso က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Oct 2013 06:04 PM PDT
“ဒေါ်အောင်ဆန်းစုကြည် ဘရပ်ဆဲလ်ကို ၁၉ ရက်နေ့ စနေနေ့မနက်၊ ၇ နာရီ ၂၀ က ရောက်လာတယ်၊ ရောက်ရောက်ချင်းပဲထင်ပါတယ်၊ ဟိုတယ်လ်မှာနေရာချပြီးတော့ EU ကော်မရှင်နာ Jose Barroso တို့နဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ သတင်းစာရှင်းလင်းပွဲပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင် ပြုပြင်ပြောင်းလဲရမယ်၊ ပြုပြင်ပြောင်းလဲခြင်းမရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြီးတော့ Jose Barroso အနေနဲ့ကျကတော့ ဗမာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဥရောပသမဂ္ဂအနေနဲ့ သတိကြီးစွာနဲ့ စောင့်ကြည့် အကဲခတ်နေမယ်လို့ ပြောသွားပါတယ်။ ---- ဥရောပကောင်စီ ဥက္ကဋ္ဌနဲ့ ဒေါ်စုတွေ့ဆုံ | ||
Posted: 20 Oct 2013 05:59 PM PDT
၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment