Wednesday, September 25, 2013

သူရဖိုးဇော် ဆိုတာ လားတစ်ကောင် ဆိုရင် သင်ယုံပါ့မလား

Mg Han shared Ko Ko Oo's photo.
သူရဖိုးဇော် ဆိုတာ လားတစ်ကောင် ဆိုရင် သင်ယုံပါ့မလား

တိရိစ္ဆာန်တွေမှာ လူတွေလိုပဲ အသိုင်းအဝိုင်း အဖွဲ့အစည်းကို ခင်တွယ်တတ်ပြီး
မိမိအဖွဲ့အတွက် အသင်ကို စွန့်တတ်ပါတယ်

ကျွန်တော်တို့ စစ်သားတွေကတော့ ကိုယ်တွေ့ပါ
စစ်ကြောင်းတွေ တပ်ရင်းတွေမှာ အားကိုးအားထားပြုရတဲ့ ခွေးလေးတွေ မြင်းတွေ လားတွေရှိတတ်ပြီး
မိမိတပ်ကို ဒုက္ခပေးနေတဲ့ ရန်သူကို အသေခံပြီး ပြေးတိုက်ခိုက်တာတွေဟာ တပ်ရင်းတိုင်းမှာ ကြားရလေ့ရှိတဲ့ အကြောင်းအရာလေးတွေပါ

ဥရောပတိုက်က စစ်တပ်တွေမှာဆို တန်ဖိုးထားလွန်းလို့ အဲ့သည့်တိရိစ္ဆာန်တွေကို စစ်သားတွေလိုပဲ ချီးကျူးဂုဏ်ပြုလွှာတွေ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးလေ့ရှိပါတယ်

အဲ့သည့်ဘွဲ့တွေထဲမှာမှ အမြင့်ဆုံး နဲ့ ဂုဏ်သိက္ခာအရှိဆုံး ဘွဲ့ကတော့
အင်္ဂလန်နိုင်ငံ က ပေးတဲ့
PDSK Dickin Medal ပဲဖြစ်ပါတယ်
စစ်သားတွေရဲ့ Victoria's Cross နဲ့ယှဉ်ရလောက်အောင် ဂုဏ်သိက္ခာ မြင့်မားတာပါ

၁၉၄၃ ခုနှစ်က စတင်ပေးအပ်ခဲ့ပြီး
အင်္ဂလန်က People's Dispensary for Sick Animals အသင်းကြီးက ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်

၁၉၄၃ နဲ့ ၁၉၄၉ ကြားကာလ (ဒုတိယကမ္ဘာစစ်တွင်း) မှာဆိုရင် 
စစ်ကြောင် (၁) ကောင်
စစ်ခို (၃၂) ကောင်
စစ်ခွေး (၁၈) ကောင်
စစ်မြင်း (၃) ကောင် တောင်ရရှိပါတယ်

ထင်ရှားသူတွေကို ပြောပြရမယ်ဆိုရင်

Simon the cat
----------------
၁၉၄၉ ခုနှစ် မှာ ဗြိတိသျှစစ်သဘောင်္ HMS Amethyst ဟာ ယန်စီမြစ်တလျှောက် တရုတ်ကွန်မြူနစ်တပ်တွေ ပစ်ခတ်မှုကြားမှာ အကြီးအကျယ်ထိခိုက်ပျက်စီးနေတဲ့ကာလပါ
သင်္ဘောသားအချို့ သင်္ဘောကို စွန့်ခွာထွက်ပြေးပေမယ့်
ဗုံးဒဏ်ရာဗရဗွနဲ့ Simon ဆိုတဲ့ ကြောင်ဟာ
ကမ်းကပ်ထားသော်လည်း ဆင်းမပြေးပဲ သူ့သခင်ထားခဲ့ တာဝန်ပေးခဲ့တဲ့ ရိက္ခာ သိုလှောင်ခန်းက တဖဝါးမှမခွာပဲ တပ်မတော်ရိက္ခာကို ကြွက်တွေရန်က ကာကွယ်နိုင်လို့
ဆုတံဆိပ်ချီးမြှင့်ခြင်း ခံရပါတယ်

GI Joe, Pigeon
-----------------
ကိုယ်ပိုင်နာပါတ် USA43SC6390 စစ်ခို Joe ဟာ
၁၉၄၆ ခုနှစ်မှာ မိုင်နှစ်ဆယ်အကွာအဝေးမှာရှိတဲ့ ဗြိတိသျှအမှတ် ၁၀ စစ်ဌာနချုပ်ကို
အရေးကြီးစစ်သတင်းတစ်ခုကို မိနစ်ပိုင်းအတွင်းအရောက်ပေးပို့နိုင်ခဲ့လို့ မဟာမိတ်တပ်သား တစ်ရာကျော်အပေါ်ကို ဗုံးမှားကြဲမယ့်ဘေးက ကယ်တင်နိုင်ခဲ့ပါတယ်

Rob a War Dog
------------------
ကိုယ်ပိုင်နံပါတ် စစ်ခွေး/471332 စစ်ခွေး Rob ဟာ ၁၉၄၅ ဇန်နဝါရီ ၂၂ ရက်နေ့မှာ မဟာမိတ် လေထီးတပ်မဟာတွေနဲ့အတူ လေထီးနဲ့ မြောက်အာဖရိကရှိ ရန်သူ့ စစ်မြေပြင်ထဲကို ခုန်ဆင်းလာပြီး မိမိတပ်များ တပ်ချင်းမမှားစေရန် အချက်ပေးခြင်း မိုင်းကွင်းများရှာဖွေပေးခြင်းဖြင့် တပ်မဟာတစ်ခုလုံးကို စုစည်းနိုင်ခဲ့လို့
နိုင်ငံတော်ရဲ့ အမြင့်ဆုံးဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရပါတယ်

ပထမဆုံးဆုတံဆိပ်ကတော့ ၁၉၄၃ ဒီဇင်ဘာလမှာ ပေးအပ်ခဲ့ပြီး ဗြိတိသျှတော်ဝင်လေတပ်မတော်ရဲ့ စစ်ခိုသုံးကောင်က ပူးတွဲရရှိခဲ့ပါတယ်
နောက်ဆုံး ၆၄ ခုမြောက် ဆုတံဆိပ်ရသွားသူကတော့ ၂၀၁၂ အောက်တိုဘာ မှာဖြစ်ပြီး
ဗြိတိသျှ တော်ဝင်တပ်မတော်နဲ့အတူ အာဖဂန်နိုင်ငံမြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Theo အမည်ရတဲ့ စစ်ခွေးလေးဖြစ်ပါတယ်



ဒါနဲ့ ကျွန်တော်ပထမဆုံး ပြောခဲ့တဲ့ သူရဖိုးဇော် အကြောင်းကို ဆက်ရအောင်
မြန်မာ့တပ်မတော်ရဲ့ သမိုင်းဝင် ဗကပ တိုက်ပွဲစဉ်မှာ ဖြစ်ပါတယ်
ကိုယ်ပိုင်နံပါတ်ရ စစ်လားတစ်ကောင်ဖြစ်တဲ့
ဖိုးဇော်ဟာ
ဗကပတွေ မရပ်မနားပစ်ခတ်နေတဲ့ ဗုံးဆန်တွေကြားထဲမှာ သူ့သခင်နဲ့အတူ ဒဏ်ရာရ တပ်သားတွေကို ထမ်းစင်နဲ့အတူ နောက်တန်းဌာနချုပ်ကို လူးလားခေါက်တုန့် သယ်ပို့ပါတယ်
သေနတ်ဒဏ်ရာ ဗုံးမှန်ရာတွေ ပြည့်နေတဲ့ ဖိုးဇော်ဟာ
နောက်တန်းမှ စစ်ကူရောက်သည်အထိ တောင့်ခံထားပြီး
သူ့သခင်ရဲဘော်လေးနဲ့အတူ အစာငတ်ခံ ရေငတ်ခံ တာဝန်ထမ်းဆောင်ခဲ့ပါတယ်
ဒီလို ဘာမှမကျွေးနိုင်ပဲ လူးလားခေါက်တုံ ခိုင်းသမျှတာဝန်ကို ငြင်းဆန်ပေကပ်ခြင်းမရှိပါပဲ
ထမ်းဆောင်နေရင်း
စစ်ကူပစ်ကူလာတဲ့နေ့မှာပဲ 
တပ်ကူတွေကို တွေ့တွေ့ချင်း
စိတ်လျှော့လိုက်တယ်ထင်ပါတယ်
နေရာမှာပဲ အမောဆို့ပြီးနှလုံးရပ်ပြီး ကျဆုံးသွားရှာပါတယ်

တိရိစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် သာမန်လူတစ်ယောက်ထက်တောင် မိမိတပ်ဖွဲ့အပေါ်သစ္စာရှိတဲ့ စစ်လားလေးဖိုးဇော်ကို တပ်မတော်ခေါင်းဆောင်များက သူ့သခင်ရဲဘော်လေးနဲ့အတူ သူရဘွဲ့ချီးမြှင့်ခဲ့ပါတယ်
ဒါ့ကြောင့် ယနေ့ထက်တိုင် ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းတွေမှာ လားကလေးသူရဖိုးဇော် အကြောင်းကို အမှတ်တရပြောဆိုနေကြဆဲ ဖြစ်ပြီး
တပ်မတော်သမိုင်းထဲမှာလဲ လေ့လာနိုင်ပါတယ်ခင်ဗျာ




(ကျွန်တော်တို့ကို လာရောက်သင်ခန်းစာပို့ချတဲ့ ထောက်ပို့တပ်က ဗိုလ်မှူးကို ကျွန်တော်သွားပြီး စောဒက တက်ကြည့်ပါသေးတယ်

ဗိုလ်မှူး!! တခြားဘွဲ့တစ်ခုခုမပေးဘူးလား
သူရဘွဲ့ထက်စာရင် မြန်မာ့သမိုင်းထဲက အာဇာနည်မြင်း လို အာဇာနည်လား ဆိုလဲ ရတာပဲ

ဆိုတော့

အမယ်လေး ခင်ဗျား အမှုကြီးအောင်လုပ်နေပြန်ပါပြီ ဖိုးဇော်လေး ကို သူရဘွဲ့ပေးတာ စစ်သားအချင်းချင်းမို့ နားလည်တယ်ဗျာ ဘယ်သူမှဘာမှမပြောဘူးဗျ
အာဇာနည်လား လို့ ပေးကြည့်ပါလား
ဟို ဘာမသိညာမသိ အဖွဲ့အစည်း သောင်းခြောက်ထောင်က က အာဇာနည်ခေါင်းဆောင်ကြီးတွေကို လားနဲ့တတန်းတည်း ထားပါတယ် ဆိုပြီး လုပ်လာမှ
ကျုပ်တို့ဖိုးဇော်လေး လူတကာအပြောခံနေရပါ့မယ်ဗျာ
မလုပ်ပါနဲ့

တဲ့

ကျွန်တော်လည်း ဟုတ်ပေသားပဲဆိုပြီး အလေးပြုပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်ခင်ဗျာ)

ကိုဆေး

Ref:
Wikipedia : PDSA Dickin Medal

Animals in War Memorial Fund
official web page
www.animalsinwar.org
တိရိစ္ဆာန်တွေမှာ လူတွေလိုပဲ အသိုင်းအဝိုင်း အဖွဲ့အစည်းကို ခင်တွယ်တတ်ပြီး
မိမိအဖွဲ့အတွက် အသင်ကို စွန့်တတ်ပါတယ်

ကျွန်တော်တို့ စစ်သားတွေကတော့ ကိုယ်တွေ့ပါ
စစ်ကြောင်းတွေ တပ်ရင်းတွေမှာ အားကိုးအားထားပြုရတဲ့ ခွေးလေးတွေ မြင်းတွေ လားတွေရှိတတ်ပြီး
မိမိတပ်ကို ဒုက္ခပေးနေတဲ့ ရန်သူကို အသေခံပြီး ပြေးတိုက်ခိုက်တာတွေဟာ တပ်ရင်းတိုင်းမှာ ကြားရလေ့ရှိတဲ့ အကြောင်းအရာလေးတွေပါ

ဥရောပတိုက်က စစ်တပ်တွေမှာဆို တန်ဖိုးထားလွန်းလို့ အဲ့သည့်တိရိစ္ဆာန်တွေကို စစ်သားတွေလိုပဲ ချီးကျူးဂုဏ်ပြုလွှာတွေ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးလေ့ရှိပါတယ်။

အဲ့သည့်ဘွဲ့တွေထဲမှာမှ အမြင့်ဆုံး နဲ့ ဂုဏ်သိက္ခာအရှိဆုံး ဘွဲ့ကတော့
အင်္ဂလန်နိုင်ငံ က ပေးတဲ့ PDSK Dickin Medal ပဲဖြစ်ပါတယ်
စစ်သားတွေရဲ့ Victoria's Cross နဲ့ယှဉ်ရလောက်အောင် ဂုဏ်သိက္ခာ မြင့်မားတာပါ

၁၉၄၃ ခုနှစ်က စတင်ပေးအပ်ခဲ့ပြီး
အင်္ဂလန်က People's Dispensary for Sick Animals အသင်းကြီးက ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်

၁၉၄၃ နဲ့ ၁၉၄၉ ကြားကာလ (ဒုတိယကမ္ဘာစစ်တွင်း) မှာဆိုရင်
စစ်ကြောင် (၁) ကောင်
စစ်ခို (၃၂) ကောင်
စစ်ခွေး (၁၈) ကောင်
စစ်မြင်း (၃) ကောင် တောင်ရရှိပါတယ်

ထင်ရှားသူတွေကို ပြောပြရမယ်ဆိုရင်

Simon the cat
----------------
၁၉၄၉ ခုနှစ် မှာ ဗြိတိသျှစစ်သဘောင်္ HMS Amethyst ဟာ ယန်စီမြစ်တလျှောက် တရုတ်ကွန်မြူနစ်တပ်တွေ ပစ်ခတ်မှုကြားမှာ အကြီးအကျယ်ထိခိုက်ပျက်စီးနေတဲ့ကာလပါ
သင်္ဘောသားအချို့ သင်္ဘောကို စွန့်ခွာထွက်ပြေးပေမယ့်
ဗုံးဒဏ်ရာဗရဗွနဲ့ Simon ဆိုတဲ့ ကြောင်ဟာ
ကမ်းကပ်ထားသော်လည်း ဆင်းမပြေးပဲ သူ့သခင်ထားခဲ့ တာဝန်ပေးခဲ့တဲ့ ရိက္ခာ သိုလှောင်ခန်းက တဖဝါးမှမခွာပဲ တပ်မတော်ရိက္ခာကို ကြွက်တွေရန်က ကာကွယ်နိုင်လို့
ဆုတံဆိပ်ချီးမြှင့်ခြင်း ခံရပါတယ်

GI Joe, Pigeon
-----------------
ကိုယ်ပိုင်နာပါတ် USA43SC6390 စစ်ခို Joe ဟာ
၁၉၄၆ ခုနှစ်မှာ မိုင်နှစ်ဆယ်အကွာအဝေးမှာရှိတဲ့ ဗြိတိသျှအမှတ် ၁၀ စစ်ဌာနချုပ်ကို
အရေးကြီးစစ်သတင်းတစ်ခုကို မိနစ်ပိုင်းအတွင်းအရောက်ပေးပို့နိုင်ခဲ့လို့ မဟာမိတ်တပ်သား တစ်ရာကျော်အပေါ်ကို ဗုံးမှားကြဲမယ့်ဘေးက ကယ်တင်နိုင်ခဲ့ပါတယ်

Rob a War Dog
------------------
ကိုယ်ပိုင်နံပါတ် စစ်ခွေး/471332 စစ်ခွေး Rob ဟာ ၁၉၄၅ ဇန်နဝါရီ ၂၂ ရက်နေ့မှာ မဟာမိတ် လေထီးတပ်မဟာတွေနဲ့အတူ လေထီးနဲ့ မြောက်အာဖရိကရှိ ရန်သူ့ စစ်မြေပြင်ထဲကို ခုန်ဆင်းလာပြီး မိမိတပ်များ တပ်ချင်းမမှားစေရန် အချက်ပေးခြင်း မိုင်းကွင်းများရှာဖွေပေးခြင်းဖြင့် တပ်မဟာတစ်ခုလုံးကို စုစည်းနိုင်ခဲ့လို့
နိုင်ငံတော်ရဲ့ အမြင့်ဆုံးဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရပါတယ်

ပထမဆုံးဆုတံဆိပ်ကတော့ ၁၉၄၃ ဒီဇင်ဘာလမှာ ပေးအပ်ခဲ့ပြီး ဗြိတိသျှတော်ဝင်လေတပ်မတော်ရဲ့ စစ်ခိုသုံးကောင်က ပူးတွဲရရှိခဲ့ပါတယ်
နောက်ဆုံး ၆၄ ခုမြောက် ဆုတံဆိပ်ရသွားသူကတော့ ၂၀၁၂ အောက်တိုဘာ မှာဖြစ်ပြီး
ဗြိတိသျှ တော်ဝင်တပ်မတော်နဲ့အတူ အာဖဂန်နိုင်ငံမြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Theo အမည်ရတဲ့ စစ်ခွေးလေးဖြစ်ပါတယ်



ဒါနဲ့ ကျွန်တော်ပထမဆုံး ပြောခဲ့တဲ့ သူရဖိုးဇော် အကြောင်းကို ဆက်ရအောင်
မြန်မာ့တပ်မတော်ရဲ့ သမိုင်းဝင် ဗကပ တိုက်ပွဲစဉ်မှာ ဖြစ်ပါတယ်
ကိုယ်ပိုင်နံပါတ်ရ စစ်လားတစ်ကောင်ဖြစ်တဲ့
ဖိုးဇော်ဟာ
ဗကပတွေ မရပ်မနားပစ်ခတ်နေတဲ့ ဗုံးဆန်တွေကြားထဲမှာ သူ့သခင်နဲ့အတူ ဒဏ်ရာရ တပ်သားတွေကို ထမ်းစင်နဲ့အတူ နောက်တန်းဌာနချုပ်ကို လူးလားခေါက်တုန့် သယ်ပို့ပါတယ်
သေနတ်ဒဏ်ရာ ဗုံးမှန်ရာတွေ ပြည့်နေတဲ့ ဖိုးဇော်ဟာ
နောက်တန်းမှ စစ်ကူရောက်သည်အထိ တောင့်ခံထားပြီး
သူ့သခင်ရဲဘော်လေးနဲ့အတူ အစာငတ်ခံ ရေငတ်ခံ တာဝန်ထမ်းဆောင်ခဲ့ပါတယ်
ဒီလို ဘာမှမကျွေးနိုင်ပဲ လူးလားခေါက်တုံ ခိုင်းသမျှတာဝန်ကို ငြင်းဆန်ပေကပ်ခြင်းမရှိပါပဲ
ထမ်းဆောင်နေရင်း
စစ်ကူပစ်ကူလာတဲ့နေ့မှာပဲ
တပ်ကူတွေကို တွေ့တွေ့ချင်း
စိတ်လျှော့လိုက်တယ်ထင်ပါတယ်
နေရာမှာပဲ အမောဆို့ပြီးနှလုံးရပ်ပြီး ကျဆုံးသွားရှာပါတယ်

တိရိစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် သာမန်လူတစ်ယောက်ထက်တောင် မိမိတပ်ဖွဲ့အပေါ်သစ္စာရှိတဲ့ စစ်လားလေးဖိုးဇော်ကို တပ်မတော်ခေါင်းဆောင်များက သူ့သခင်ရဲဘော်လေးနဲ့အတူ သူရဘွဲ့ချီးမြှင့်ခဲ့ပါတယ်
ဒါ့ကြောင့် ယနေ့ထက်တိုင် ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းတွေမှာ လားကလေးသူရဖိုးဇော် အကြောင်းကို အမှတ်တရပြောဆိုနေကြဆဲ ဖြစ်ပြီး
တပ်မတော်သမိုင်းထဲမှာလဲ လေ့လာနိုင်ပါတယ်ခင်ဗျာ




(ကျွန်တော်တို့ကို လာရောက်သင်ခန်းစာပို့ချတဲ့ ထောက်ပို့တပ်က ဗိုလ်မှူးကို ကျွန်တော်သွားပြီး စောဒက တက်ကြည့်ပါသေးတယ်

ဗိုလ်မှူး!! တခြားဘွဲ့တစ်ခုခုမပေးဘူးလား
သူရဘွဲ့ထက်စာရင် မြန်မာ့သမိုင်းထဲက အာဇာနည်မြင်း လို အာဇာနည်လား ဆိုလဲ ရတာပဲ

ဆိုတော့

အမယ်လေး ခင်ဗျား အမှုကြီးအောင်လုပ်နေပြန်ပါပြီ ဖိုးဇော်လေး ကို သူရဘွဲ့ပေးတာ စစ်သားအချင်းချင်းမို့ နားလည်တယ်ဗျာ ဘယ်သူမှဘာမှမပြောဘူးဗျ
အာဇာနည်လား လို့ ပေးကြည့်ပါလား
ဟို ဘာမသိညာမသိ အဖွဲ့အစည်း သောင်းခြောက်ထောင်က က အာဇာနည်ခေါင်းဆောင်ကြီးတွေကို လားနဲ့တတန်းတည်း ထားပါတယ် ဆိုပြီး လုပ်လာမှ
ကျုပ်တို့ဖိုးဇော်လေး လူတကာအပြောခံနေရပါ့မယ်ဗျာ
မလုပ်ပါနဲ့

တဲ့

ကျွန်တော်လည်း ဟုတ်ပေသားပဲဆိုပြီး အလေးပြုပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်ခင်ဗျာ)

ကိုဆေး

Ref:
Wikipedia : PDSA Dickin Medal

Animals in War Memorial Fund
official web page
www.animalsinwar.org

No comments:

Post a Comment