Wednesday, September 25, 2013

ကျွန်တော်က ချိန်ခွင်တစ်ခု မဟုတ်ပါဘူး ခလေးတစ်ယောက်ပါ

မြန်မာပြည်သား's photo.
တစ်နေ့မှာ ဖေနဲ့ မေက ကျွန်တော်ကိုပြောတယ် သူတို့ သဘောထားချင် မတိုက်ဆိုင်လို့ လမ်းခွဲတော့မယ်တဲ့ ကျွန်တော်ဘယ်သူနဲ့ လိုက်နေချင်လဲလို့ မေးတော့ ကျွန်တော် ဘာဖြေရမှန်းမသိဘူး ဖြစ်သွားတယ်။

ဒီလိုနဲ့ နောက်နေ့ ရောက်တော့ မေက "သား မင်းအဖေနဲ့ မလိုက်သွားနဲ့နော် မင်းအဖေက နောက် မိန်းမယူချင်ယူမှာ သားက မိထွေးနဲ့ နေရရင် သားကိုနှိပ်စက်မယ် သားအဆင်ပြေမှာမဟုတ်ဘူး မေကသားလိုချင်တာတွေလဲ ၀ယ်ပေးမယ် သားစားချင်တာတွေလဲ ချက်ကျွေးမယ်လေနော် " လို့ ကျွန်တော်ကိုလာပြောတယ်.......

ဖေကလဲ မေကွယ်ရာရောက်တော့ "သား ဖေနဲ့လိုက်မယ် မဟုတ်လားဟင် ဖေနဲ့လိုက်ရင် သားလိုချင်တဲ့ စက်ရုပ်တွေလဲ အများကြီးဝယ်ပေးမယ် ပြီးတော့ သားနဲ့ အတူ ဘောလုံးကန်မယ်လေ " လို့ ကျွန်တော်ကိုလာပြောတယ် ......

ကျွန်တော်ဘယ်လိုပြောရမလဲဟင် ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲဟင် စဉ်းစားပေးပါအုန်းနော် ကျွန်တော် အသက်အရွယ် အသိဥာဏ်တော့ ဖေကော မေကော နဲ့ အတူနေချင်တာပါ။ ကျွန်တော် မေချက်ကျွေးတဲ့ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေကို စားချင်သလို ဖေနဲ့ အတူ ဘောလုံးလဲ ကန်ချင်တယ်လေ .......

ဘာလို့များ ဖေ နဲ့ မေက ကျွန်တော်ကို ချိန်ခွင်တစ်ခုလို ဆုံးဖြတ်ခိုင်းနေတာလဲဟင် ကျွန်တော် နားမလည်တော့ဘူး ကျွန်တော်ကို ပြောပြပေးပါလားဟင် ကျွန်တော်က ဘာလို့ တစ်ယောက်တည်းကိုပဲ ရွေးချယ်ခွင့်ရှိရတာလဲဟင် နှစ်ယောက်လုံးနဲ့ အတူ နေလို့ မရဘူးလားဟင် ကျွန်တော် ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို မချတဲ့ အရွယ်မရောက်သေးဘူး အခုမှ ခလေးတစ်ယာက်ပဲ ရှိသေးတယ်လို့လေ .......

ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ။
Rose White
25.9.2013

No comments:

Post a Comment