သစ်ထူးလွင် |
|
- ဖုန်းဆက် သတင်းပေးမှုကြောင့် မီးသင်္ဂြိုဟ်တော့မည် လူသေအလောင်းကို ပြန်လည်စစ်ဆေး
- ဓားကိုင်သောင်းကျန်း၍ ဖမ်းဆီးစဉ် ရဲဆိုင်ကယ်ပါ လုယူထွက်ပြေး
- သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ ထွက်ခွာ
- ရေကြီးမှုကြောင့် စပါးခင်း ဧကရာချီ ပျက်စီး
- အစိုးရဘဏ်များ အရှုံးပေါ်နေ
- ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်
- လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ
- `ဆရာဝန်လုပ်မှာလား၊ ဈေးရောင်းမှာလား´
- စက်တင်ဘာလ(၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၅)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၃၄)
- စက်တင်ဘာလ(၄)ရက်နေ့ထုတ် Mobile Guide Issue 188
- စက်တင်ဘာလ(၂)ရက်နေ့ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ (၁၃) အမှတ် (၃၃)
- စက်တင်ဘာလ(၁)ရက်နေ့ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၁၇
- ကားတခါးပွင့်၍ ထွက်ကျကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ ဒေါ်ခင်ညို ဆေးကုသမှု ခံယူရန် မန္တလေးသို့ထွက်ခွာ
- ထိပ်တန်းမှန်လုံ အမြန်ယာဉ် အသင်း ကားပေါ်က ပြုတ်ကျတဲ့ အမျိုးသမီးကို တာဝန်မယူ
- ဖခင်မှသားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကို ဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ
- လိုင်းကား နှင့် တက္ကစီများ တုတ် ၊ ဓား ၊လက်နက် တွေ့က အရေးယူမည်
- တရုတ်အနှိပ်ခန်းသို့ သွားလုပ်ရန် စည်းရုံးသူများကိုဖမ်းဆီး
- ဧရာဝတီတိုင်းမှ ထိုင်းသို့ လူကုန်ကူးသူများကို ဖမ်းဆီး
- ဗီဇာကုန် အလုပ်သမားများအတွက် နေရပ်ပြန်နေခွင့် လျှော့ချပေးမည်
- ပြွန်တန်ဆာမြို့ အထက ၁ ကျောင်းဆောင် ပြိုကျ
- မြန်မာပိုင် တရုတ်လေယာဉ်များကို ပြင်သစ်လေယာဉ်များနဲ့ အစားထိုးမည်
- တစ်နှစ်လျှင် သွေးကင်ဆာ ရောဂါသည် နှစ်ရာနီးပါး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေဟုဆို
- ပုဂံ အဆန် အမြန်ရထား လမ်းချော်
- ပြည်တွင်းရွှေဈေး ဆက်တိုက်တက်ပြီးနောက် တစ်ကျပ်သား ကျပ်တစ်သောင်းနီးပါး ပြန်ကျ
Posted: 02 Sep 2013 07:20 AM PDT
ဖုန်းဆက်သတင်းပေးမှု
တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေ အလောင်းကို ဓမ္မတာ အတိုင်း
သေဆုံး ခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် ဆေးရုံးသို့ ပြန်လည်ပို့ဆောင်ပြီး
တောင်ဒဂုံ ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာနမှ မှုခင်း
မှတ်တမ်းတွင် ဖေါ်ပြထားသည်။ သြဂုတ် ၂၃ က သေဆုံးသူ ဒေါ်ခင်စန်းမြင့်၏
အလောင်းအား သင်္ဂြိုလ်ရန် ကျီစုအအေးတိုက်သို့ ပို့ ဆောင်ထားကြောင်း
အမည်မသိလူတစ်ဦးက ၂၃ ရက်တွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ သို့ သတင်းပေး
တိုင်ကြား ခဲ့သည်ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 07:09 AM PDT
ရဲများကို ဓားဖြင့်ခုတ်ကာ ရဲဆိုင်ကယ်လုယူ မောင်းနှင်ထွက်ပြေးသူကို တောင်ဒဂုံရဲစခန်းက စက်တင်ဘာ လ ၁ ရက် တွင် ဖမ်းဆီး အမှုဖွင့်လိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ သြဂုတ်လ ၃၁ ရက် ည ၉ နာရီတောင် ဒဂုံမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် တာဝန်ရှိသူများ သည် ၇၂ ရပ်ကွက်အတွင်း ယူနီဖေါင်းဖြင့် လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် လူတစ်ဦးဓားကိုင် သောင်းကျန်း နေကြောင်း သတင်းရ၍ သွားရောက်စစ်ဆေးစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 07:00 AM PDT
သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရအဖွဲဝင် ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်၊ မွေးရေနဲ့ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့် တို့အပြင် မြန်မာနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ်က လုပ်ငန်းရှင် တစ်ရာကျော်လဲ လိုက်ပါသွားပါတယ်လို့ သိရပါတယ်။ အခု ဒီခရီးစဉ်ဟာ သမ္မတဦး သိန်းစိန်ရဲ့ သမ္မတသက်တမ်းမှာ တရုတ်ကို သွားတဲ့ စတုတ0x081တမြောက် ခရီးစဉ်ဖြစ်ပြီးတော့ တရုတ် အာဆီယံ ခေါင်းဆောင်တွေနဲ့ စီးပွားရေးနဲ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီး ဆွေးနွေးမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ တရုတ် ဝန်ကြီးချုပ် လီကေချန်းနဲ့လဲ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါ တယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||||
Posted: 02 Sep 2013 06:12 AM PDT
ပြီးခဲ့တဲ့ သီတင်းပတ်တွင်း မိုးဆက်တိုက်ရွာခဲ့တဲ့အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စပါးခင်းတွေထဲ ရေ၀င်ပြီး လယ်ဧက အမြောက်အမြား ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲမှာ ဇီးချောင်း၊ ရမ်းဒေးချောင်း၊ ကိန်းဝစ်၊ ကျောက်ဆိပ်၊ အုန်းတော၊ အထက်နဂါးမော်၊ အထက်ပနံချောင်း၊ ဒါးမကျ၊ အစရှိတဲ့ ကိုယ်ထူကိုယ်ထဆည်နဲ့ တာတမံပေါင်း ၂၀ နီးပါး ကျိုးပေါက်ပျက်စီးခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ လယ်ကွင်းထဲ ရေ၀င် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်(၃၁-၈- မှုကြောင့် အမှတ်(၆)ရပ်ကွက်၊ နယ်မြေများအတွင်း နေအိမ်များ ရေ၀င်ရောက်မှုကြောင့် မိသားစုဝင်များ အား အမှတ်(၄)ရပ်ကွက် မိဘများထံပို့ခဲ့ရပြီး၊ ၄င်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်(၈)ပေ (၇)ခန်းပြိုကျခဲ့ကြောင်း၊ စုစုပေါင်းတန်းဘိုး(၂၈၀၀၀၀)ခန် |
||||
Posted: 02 Sep 2013 06:06 AM PDT
ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ဘဏ်လုပ်ငန်း နယ်ပယ်အတွင်းမှာ ပုဂ္ဂလိကဘဏ်တွေ အမြတ်ထွက် နေပေမယ့် အစိုးရဘဏ် တွေကတော့ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရဘဏ်တွေမှာ အပ်ငွေကသာ များနေပြီး ဘဏ်အနေနဲ့ ပေးရတဲ့ အတိုးက များတဲ့အတွက် ၀င်ငွေရရှိမှုက လျော့နည်းနေတာပါ။ ဒီ့အပြင် ချေးငွေပိုင်းဆိုင်ရာ ၀န်ဆောင်မှုမှာလည်း အားနည်းလို့ အစိုးရ ပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဘဏ်တွေမှာ အရှုံးနဲ့ ယှဉ်ဆိုင် နေရတယ်လို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 06:02 AM PDT
အမေရိကန်ပြည်ထောင်စု
ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ
မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ်
ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင်
ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင်
လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့်
ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက
ထုတ်ပြန်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 05:53 AM PDT
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။ အဆိုပါ DKBA တပ်သားမျိုးလင်းနှင့် ဝင်းကျော်တို့ကို ကျိုက်မရောမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း ယင်းတပ်သား နှစ်ဦးမှာ ထွက်ပြေးနေသဖြင့် တပ်မတော်နှင့် ပူးပေါင်းရှာဖွေမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 05:48 AM PDT
တလောက ကျောင်းနေဖက်ငယ် သူငယ်ချင်းတစ်ယောက်နှင့် ပြန်တွေ့ သည်။ ကိုးတန်းတုန်းကသူနှင့် အထက (၁)ပြည်မြို့မှာ စာသင်ခန်း တစ်ခန်းထဲမှာ ကျောင်းအတူနေဖူး၊ ပညာဆည်းပူး ဖူး သည်။ သူက ဟိန္ဒူဘာသာဝင်။ ကျွန်တော် တက္ကသိုလ်တက်နေစဉ် သူသည် ဆေးကျောင်းသူ တစ်ယောက်နှင့် အိမ် ထောင်ကျသွားသလိုလို သတင်းကြား သည်။ နောက်တော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားသည်မှာ နှစ် (၂၀) ခန့် ကြာသည်။ ပြီးခဲ့သောလကတော့သူနှင့် မမျှော်လင့်ဘဲ ပြန်တွေ့သည်။ သူသည် တိုက်နှင့်ကားနှင့် ချမ်းသာသော လူတစ် ယောက်ဖြစ်နေပါပြီ။ သားတစ်ယောက် သမီးတစ်ယောက်ရ၍ စော်ဘွားကြီးကုန်းတွင် ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားကာ စီးပွားရေး အတော် အဆင်ပြေနေလေသည်။ သူ့ အမျိုးသမီးဘာလုပ်နေသလဲဟုကျွန်ေ ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 05:37 AM PDT
|
||||
Posted: 02 Sep 2013 05:33 AM PDT
|
||||
Posted: 02 Sep 2013 05:31 AM PDT
|
||||
Posted: 02 Sep 2013 05:28 AM PDT
စက်တင်ဘာလ(၂)ရက်နေ့ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ (၁၃) အမှတ် (၃၃) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 05:26 AM PDT
|
||||
Posted: 02 Sep 2013 03:28 AM PDT
မကွေး-မန္တလေး ခရီးစဉ် ပြေးဆွဲနေသော ထိပ်တန်း မှန်လုံအမြန်ယာဉ် ၄ခ/၂၆၄၅ပေါ်မှ အမရပူရမြို့နယ်၊ တံခွန်တိုင် တိုးဂိတ်နှင့် မလှမ်းမကမ်း အမြန်လမ်းမကြီး၏ တစ်နေရာ၌ (၁၅/၈/၂ဝ၁၃)နေ့ ည၁၁နာရီခန့် အချိန်တွင် ကားတခါး ပွင့်၍ယာဉ် ပေါ်မှ ပြုတ်ကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ မင်းဘူးမြို့၊ရေနံပြင်ရပ်၊ အမှတ်(၁)ရပ်ကွက်မှ ဒေါ်ခင်ညိုသည် လိုအပ်သောဆေး ကုသမှုခံယူရန် အတွက်သြဂုတ်လ ၃၁ရက် ညက မန္တလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Sep 2013 03:20 AM PDT
ပြီးခဲ့တဲ့ ၁၅.၈.၂၀၁၃ ရက်နေ့က မကွေး မှ မန္တလေးသို့ ယာဉ်မောင်း ကိုလတ်မောင်းနှင်သော ထိပ်တန်း ကားအသင်း ခရီးသည်တင် မှန်လုံယာဉ်(၄ခ/၂၆၄၅)သည် ထိုနေ့ည(၁၁)နာရီ အချိန်ခန့်တွင် အမရပူရ မြို့နယ်၊ အမြန်လမ်းမကြီးပေါ် တံခွန်တိုင်တိုးဂိတ်အနီးသို့ အရောက်၌ ယာဉ်နောက်ပိုင်း နှမ်းအိတ် များပေါ်မှ လိုက်ပါလာသူ ဒေါ်ခင်ညို(၅၂နှစ်) မင်းဘူးမြို့နေသူမှာ ယာဉ်နောက်ဘေး တံခါးပွင့်၍ လမ်းပေါ် သို့ ပြုတ်ကျကာ ဒေါ်ခင်ညို၏ ယာဂျိုစောင်းဖူးယောင်၊ တင်းပါးဆုံနာကျင်၊ ၀ဲလက်ဖျံနာကျင်၊ ခြေသလုံးနာကျင် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Sep 2013 02:14 AM PDT
ရန်ကုန်၊ စင်တင်ဘာ ၂ ၃၁.၈.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးသည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊ (၁၁)နှစ်မှာ ရောက်ရှိလာပြီး ၄င်းအား ၃၀.၈.၂၀၁၃ရက်နေ့ ၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေ ဖခင်အရင်းဖြစ်သူ ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီး ဆားသိပ်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သည်ကို မိထွေးဖြစ်သူ လည်း တွေ့မြင်ကြောင်း ပြောပြသဖြင့် ဝေယံထက်၏ ခြေဖ၀ါးများအား ကြည့်ရာ ဓါးဒဏ်ရာ(၁)ချက်စီ ရရှိ ထားသည်ကိုတွေ့ရှိရ၍ ဆေးကုသပေးပြီး ဦးဇော်မင်းဦးအား အရေးယူပေးပါရန် ၁.၉.၂၀၁၃ရက်နေ့တွင် ဒေါ်မြင့်မြင့်ဦးမှ တိုင်ကြားခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police |
||||
Posted: 02 Sep 2013 02:07 AM PDT
လိုင်း ကားနှင့်တက္ကစီများတွင် တုတ်ဓား လက်နက်များကို စစ်ဆေးတွေ့ ရှိပါက တရားမဝင်လက်နက်ကိုင် ဆောင်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မှုခင်းကျဆင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။ ယင်းကဲ့သို့ တရားမဝင် တုတ်၊ ဓားလက်နက် သယ်ဆောင်မှုများ ရှိလာခြင်းကြောင့် အများပြည် သူများ၏လုံခြုံရေးကို ထိခိုက်လာ နိုင်ပြီး တစ်ဦးချင်းအလိုက်ဖြစ် စေ၊ အဖွဲ့လိုက်ဖြစ်စေ အချင်း များပါက သေဆုံးထိခိုက် ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ယင်းတပ်ဖွဲ့ဝင်များမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 01:57 AM PDT
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ဂေါင်ဒေသ အနှိပ်ခန်းသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အမျိုးသမီးငယ်များကို စည်းရုံး၍ ခေါ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။ အဆိုပါရပ်ကွက်၌ ကြယ်ဂေါင်တွင် အလုပ်လုပ်ကိုင်ရန် လာရောက် စည်းရုံးနေကြောင်း သတင်းရရှိ၍ ဒေါ်စန္ဒာ (ခ) မငယ်လေးနှင့် ဒေါ်ဇင်မျိုးခိုင်တို့ ငှားရမ်းသုံးစွဲနေသော ဗင်ခဲရောင်ယာဉ်မောင်း ထွက်လာသဖြင့် ရပ်တန့်စစ်ဆေးရာ အလုပ်သွားလုပ်ရန် စည်းရုံးခြင်းခံရသော မအေးမာဝင်း (၁၉) နှစ်ကို တွေ့ရှိရသဖြင့် အုပ်ချုပ်ရေးမှူးရုံးထံသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 01:54 AM PDT
ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို လူကုန်ကူးသည်ဆိုသည့် ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာကျေးရွာ နေထိုင်သူ ဇနီးမောင်နှံအား လူကုန်ကူးမှုဖြင့် သြဂုတ်လ ၂၈ ရက်နေ့က ပုသိမ်မြို့ အမှတ် (၁) ရဲစခန်း (အသည်ကြီးရဲစခန်း) တွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပုသိမ်မြို့ လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စုထံမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 01:44 AM PDT
ထိုင်း နဲ့ မြန်မာ ၂ နိုင်ငံအစိုးရ သဘောတူစာချွန်လွာအရ ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ လုပ်သက်ပြည့်ရင် မြန်မာပြည်မှာ ၃ နှစ် ပြန်နေရမယ့်အစား ၁ လပဲ ပြန်နေဖို့ ထိုင်းအစိုးရက လျှော့ချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပရ၀စ် ခိန်းပူးလ်က စက်တင်ဘာ ၁ ရက်နေ့က စမွတ်စခွန်ခရိုင် မဟာချိုင်မှာ ပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမား နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Sep 2013 07:03 AM PDT
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အထက ၁ က
ကျောင်းဆောင်တခု ဒီနေ့ မနက်ပိုင်းမှာ မတော်တဆ ပြိုကျခြဲ့ပီး
ကျောင်းသူကျောင်းသား အနည်းဆုံး ၁ ဒါဇင်လောက် ဒဏ်ရာရသွားတယ်လို့
ပြွန်တန်ဆာရဲစခန်းနဲ့ ညောင်လေးပင်မြို့ နယ်ရဲစခန်းတွေက
အတည်ပြုပြောဆိုပါတယ်။
ကျောင်းသားအများစု ပွန်းပဲ့ဒဏ်ရာရသွားတာဖြစ်ပြီး ကျောင်းသူ ၃ ယောက်ကိုတော့ ဆေးရုံကြီးကို ပို့လိုက်ရကြောင်း ပြွန်တန်ဆာမြို့ ရဲစခန်း တာဝန်ကျရဲအရာရှိ မင်းဇော်ဦးက ပြောပါတယ်။ သစ်သားကျောင်းဆောင် ပြိုကျရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးပေမယ့် နံနက်ကျောင်းတက်ချိန် နိုင်ငံတော် သီချင်းဆိုဖို့ ဝရံတာမှာ တန်းစီနေစဉ် ကျောင်းဆောင် မတော်တ ဆပြိုကျခဲ့တာလို့ ကျာင်းသားမိဘတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျတဲ့အတွက် ကျောင်းသူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ by ဒီဗွီဘီ |
||||
Posted: 02 Sep 2013 12:50 AM PDT
နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာမှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။ လက်ရှိရပ်နားထားတဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ်သုံးစီးနေရာမှာ အစားထိုးပြေးဆွဲဖို့ ပြင်သစ်နိုင်ငံလုပ် ATR72 – 500 လေယာဉ်စီး ဝယ်ယူတော့မယ်လို့ နေပြည်တော် သတင်းရပ်ကွက်ကို ကိုးကားပြီး eTurbo News က ဖေါ်ပြပါတယ်။ အခု စတင်ဝယ်ယူမည့် ပထမဆုံး ပြင်သစ်လေယာဉ်ဟာ သက်တမ်း ၅ နှစ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ ကျသင့်တယ်လို့ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 12:47 AM PDT
နာတာ ရှည်သွေးကင်ဆာသည် အသက် ၄၀ နောက်ပိုင်း လူကြီးပိုင်းများတွင်ပိုဖြစ်ပြီ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Sep 2013 12:42 AM PDT
နွားထိုးကြီး ၊ စက်တင်ဘာ ၁။ ။ ပုဂံ မှမန္တလေးသို့ ထွက်ခွာလာသော ပုဂံအဆန်အမြန်ရထား ၁၁၉သည် မြို့သာမြို့နှင့် ပြည်သာယာဘူတာ ကြားတွင် ဩဂုတ်၂၈ရက် နေ့ လယ်ပိုင်းက လမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ လမ်းချော်မှုဖြစ်ပွားရခြင်း မှာ ဘရိတ်တွဲ လမ်းချော်ခြင်းဖြစ် ပြီး ခရီးသည်ထိခိုက်မှုမရှိဘဲ ညပိုင်းတွင် မန္တလေးမြို့သို့ဆက်လက် ထွက်ခွာသွားသည်။ အဆိုပါလမ်း ချော်မှုသည် ဩဂုတ်လအတွင်း ဒုတိယအကြိမ်မြောက် လမ်းချော် ခြင်းဖြစ်ကြောင်း သိရသည်။ ပုဂံ-မန္တလေးလမ်းပိုင်းကို သံ လမ်း၊ မီးရထားလမ်းသုံးကျောက် နှင့် ကွန်ကရစ်ဇလီဖားတုံးများ လဲလှယ်ပြီးနောက်ပိုင်းတွင် လမ်း ချော်မှုမရှိသလောက် နည်းပါးသွား ပြီး သွားလာမှုအဆင်ပြေနေခဲ့ရာ မှ ယခုအခါ မြို့သာတစ်ဝိုက်တွင် လမ်းချော်မှု များလာခြင်းဖြစ် ကြောင်း သိရသည်။ ဌေးဌေးမောင် Yangon Media Group |
||||
Posted: 02 Sep 2013 12:32 AM PDT
အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်တို့က ဆီးရီးယားကို စစ်ရေးအရ အရေးယူရန် စောင့်ကြည့်နေပြီး အမေရိကန် ပြည်ထောင်စုကလည်း ကွန်ဂရက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဆိုခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ကျဆင်းသွားခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းနီးပါး ပြန်ကျသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment