ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လက်လှုပ်ရှားမှုများ
မရှိတဲ့အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု
အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid
တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ
ဆက်တိုက်ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှုစနစ် အလုပ်လုပ်ဆောင်မှု
နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့အတွက်
ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှမလှုပ်မရှုက်ပဲ တီဗီ ၁
နာရီ ထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှအားဖြင့် တီဗီမကြည့်တဲ့လူထက်
ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး
အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက်လျော့သွားစေပါတယ်။
ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက်တိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ ပါတယ်။
ကွန်ပျူတာအသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး
ကွန်ပျူတာအသုံးပြု လုပ်ကိုင်သူများကလည်း ကိုယ်လက် လှုပ်ရှားမှုရှိရန်
လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထတည်တည်
အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး
ချို့ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
Ref: medic-facts
Aung Kham (TSJ team)
ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လက်လှုပ်ရှားမှုများ မရှိတဲ့အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက်ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှုစနစ် အလုပ်လုပ်ဆောင်မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှမလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှအားဖြင့် တီဗီမကြည့်တဲ့လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက်လျော့သွားစေပါတယ်။
ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက်တိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ ပါတယ်။
ကွန်ပျူတာအသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပျူတာအသုံးပြု လုပ်ကိုင်သူများကလည်း ကိုယ်လက် လှုပ်ရှားမှုရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထတည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
Ref: medic-facts
Aung Kham (TSJ team)
No comments:
Post a Comment