Thursday, September 26, 2013

ယနေ့အကြိုက်ဆုံး ဟာသ


အညာဘက်မှာ ရွာတွေရှိတယ် ရွာနာမည်ဆန်းဆန်းတွေပေါ့ကွယ်။
ရွာတရွာရဲ့နာမည်က "ဂွေးကြီး" ရွာတဲ့။ ရွာက ဘုန်းကြီးကျောင်းမှာ ဆရာတော်ရှိတယ်။ ဒီတော့ လူတွေက လေးလေးစားစား "ဂွေးကြီး ဆရာတော်" လို့ ခေါ်ကြသတဲ့။ လူကြားထဲ လော်နဲ့အော်ခံရတော့ ဆရာတော် စိတ်ညစ်သတဲ့။


ဒါနဲ့ နာမည်ပြောင်းအောင် အလှူခံပြီး ကိုးတောင်ပြည့်စေတီလေး ရွာထိပ်မှာ တည်သတဲ့။

တည်ပြီးမှ လူတွေက ဘုန်းဘုန်းကို လေးလေးစားစား "ကိုးတောင်ပြည့် ဂွေးကြီး ဆရာတော်" လို့ ခေါ်တော့တာပဲကွယ်။

အလှူမှာ လှူဖွယ်ပစ္စည်းတွေမဲနှိုက်ပြီး ကြေညာတယ်၊၊ ဆရာတော်တွေများတော့ ကြေညာတဲ့သူက အလွယ်ပဲကြေညာတယ်၊၊

ဥပမာ.. တောရဆရာတော်ဆွမ်းချိုင့် ပေါက် ရင် ...တောရဆရာတော် ဆွမ်းချိုင့်ပါဘုရား....လို့ အော်တယ်၊၊၊

ခုနက ဆရာတော် နှာ ရှူဆေးဗူး ပေါက်တော့ ကြေညာလိုက်တာက.... "ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဗူးပါဘုရား......."

(ဟာသအမြင်ဖြင့်သာ ဖတ်ကြရန်)


(originally posted by အနက် မဲ့ )

No comments:

Post a Comment