ဘဲကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးတုံး၍၊ ဘဲအရိုးတွေကို ဟင်းချို
ချက်ရန်အတွက် သက်သက် ဖယ်ထားပါ။ ဘဲအဆီဘူးကို ထည့်မပေါင်းပါနှင့်အရမ်းနြံ
ပီး စားမရဖြစ်တတ်သည်။ ပေါင်းမည့်အိုး ထဲ သို့ ရေကိုအသားမမြုတ်တမြုတ်ထည့်က
ာ ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့်ဆား၊ ပဲငံပြာရည်၊ အသားမှု
န့်၊တရုတ်မဆလာ(သို့)နာနတ်ပွ
င့်၊မှိုခြောက် တို့ကို အသင့်အတင့် ထည့်ပြီး နူးအိနေအောင် ဘဲကိုပေါင်းပါ။
ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။ကြက်သွန်မိတ် ပါးပါးလှီးထားပါ။ကြက်သွန်နီနှင့်ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ငရုတ်ဆီနှင့်အချဉ် လုပ်ထားပါ။
ဟင်းချိုအိုးတည်ရန် ဖယ်ထားသော ဘဲအရိုးများကို ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့်ဆား၊အသားမှုန့်၊ငံပြာရည်၊ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ကာ အသားများနူးအောင်တည်ထားပါ။ အသားများနူးပြီး
ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ခတ်ပြီး သုံးဆောင်ဖို့ အသင့်ရပါပြီ။
ရေနွေးကို ဆူအောင်တည်ပြီး ဆီချက်ခေါက်ဆွဲဖက်ကို မိနစ်အနည်းငယ်ခန့် နူးအောင် ပြုတ်ပြီး ဘဲပေါင်းအနှစ်အဆီ၊ကြက်သွန်ဖြူ ဆီချက်၊ ငံပြာရည်၊အသားမှုန့်၊ပဲငံပြာရည် အကြည်၊ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် တို့ကိုထည့်ကာနှံ့အောင်မွှေ၍ ဘဲပေါင်းထည့်ကာ အရသာကောင်းမွန်သော ဘဲပေါင်းဆီချက်လေး သုံးဆောင်လို့ရပါပြီရှင်။
ဒေါ်ပု လက်ရာ
—
No comments:
Post a Comment