ပလီပလာ ထွေကာလီကာ shared ရသစုံ's photo.
ဒါ ငါတို့ရဲ့ ရှေ့တန်းရောက်ရဲဘော်တွေ ဖြစ်တယ်။
မြန်မာ့ထမင်းအိုးကိုဖြည့်ဖို့ သူတို့ ဒီလို ခံစားနေကြရတာ။
သူတို့နောက်မှာ တုန်ယင်နေတဲ့ မိအိုဖအိုတွေ ရှိကောင်းရှိမယ်။
အနာဂတ်အတွက် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
သားငယ်သမီးငယ်တွေ ရှိကောင်းရှိမယ်။
မောင်တွေ၊ နှမတွေ၊ အစ်ကိုတွေ၊ အစ်မတွေ
ဘယ်သူပဲရှိရှိ သေချာတာက သူတိုတစ်ဦးစီနောက်မှာ
သူတို့ကို မျှော်လင့်နေတဲ့ (ငါတို့) မြန်မာပြည်သူတွေ ရှိနေတယ်။
တစ်နှစ်တစ်နှစ် သူတို့ပြန်ပို့တဲ့ငွေကြေးလေးတွေ ကြောင့်
ငါတို့မြန်မာပြည်သားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး
အနယ်နယ်အရပ်ရပ်ကို ဖြည့်ဆည်းနိုင်ခဲ့။
သူတို့ ချွေးက ဖြစ်လာတဲ့ငွေကြေးတွေ၊
သူတို့ ပင်ပန်းမှုက ဖြစ်လာတဲ့ငွေကြေးတွေ၊
သူတို့ မာနတွေ၊ သူတို့ စိတ်တွေ၊ သူတို့ အချိန်တွေ ... နဲ့
အရင်းအနှီးအလဲအလှယ်ပြုခဲ့ရတာတွေ ။
သူတို့ ၀င်ငွေဟာ တိုင်းပြည်ကိုရောင်းစားတာ မဟုတ်ဘူး။
တောင်တွေတစ်လုံးပြီး တစ်လုံး၊ မြစ်တွေတစ်စင်းပြီး တစ်စင်း
တောတွေတစ်တောပြီး တစ်တော၊ သတို့သမီးတွေ တစ်ယောက်ပြီးတစ်ယောက်
... နဲ့ အလဲအလှယ် လုပ်လိုက်ရတာတွေ မဟုတ်ဘူး။
စစ်မှန်သော ၀င်ငွေ၊
ဖြူစင်သော ၀င်ငွေ၊
မြင့်မြတ်သော ၀င်ငွေ။
အခုတော့ သူတို့တွေလေ လမ်းနံဘေးမှာ (တကယ့်ကိုလမ်းဘေးမှာ)
ငုတ်တုပ်လေးတွေ ထိုင်လို့ ...။
အားကိုးရာမဲ့နေတဲ့ မျက်လုံးတွေနဲ့
ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့
စိတ်ပျက်လက်ပျက် မျက်လုံးတွေနဲ့
တိုင်းတပါးသားတွေက မဟားဒယား မတရားလုပ်တာကို
အငေးသား ငြိမ်ခံနေကြရ။
သူတို့ဟာ မိဘကို၊ မိသားစုကို ရှာဖွေကျွေးချင်တဲ့သူတွေ
ကိုယ့်ခြေထောက်ကိုယ်ရပ်ချင်သူတွေ၊ လက်ကြောတင်းသူတွေ
တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုချင်သူတွေ။
အိုဗာစတေး ... တဲ့။
သူတို့ ခိုးနေ၀ှက်နေတာ မဟုတ်ဘူး။
သူတို့ လူသတ်နေတာ မဟုတ်ဘူး။ ဓားပြတိုက်နေတာ မဟုတ်ဘူး။
ဘယ်သူ့ကိုမှ မတရား သူတို့မလုပ်ဘူး။
သူတို့လုပ်အားအတွက် ထိုက်တန်တဲ့တန်ဘိုးတစ်စုံတစ်ရာရ ဖို့အတွက်
ရုန်းကန်ခွင့်ပဲ လိုချင်တာ
ပြည်တွင်းမှာ ဒီလို ကိုယ့်လုပ်အားအလျောက်အကျိုးခံစားခွင့်မရှိတဲ့အခါ
ပြည်ပကို သူတို့ထွက်ခွာခဲ့
မိသားစုနဲ့ဝေးကွာ၊ ဘာသာတရားနဲ့ဝေးကွာ၊ စိမ်းလှသော ပတ်ဝန်းကျင်မှာ
အိမ်လွမ်းနာကို ကြိတ်မှိတ်ခံရင်း
ချစ်သောသူများနဲ့ ကွေကွင်းရခြင်းဆင်းရဲကို ကြိတ်ခံရင်း
သူတို့နေ့စဉ် ပင်ပန်းကြီးခဲ့။
ဒီကြားထဲကမှ အနည်းနည်းအဖုံဖုံ
ဒုက္ခတွေကလည်း သူတို့ပတ်လည် စုံလို့။
မြန်မာဆို သတ်မယ်ဆိုသူတွေလည်း ရှိ။
မြန်မာဆို ခေါင်းပုံဖြတ်မယ်ဆိုသူတွေလည်း ရှိ။
အခုတော့ မြန်မာဆို ဖမ်းမတဲ့။
အဲဒီဒုက္ခများစွာအတွက် သူတို့ခမျာ ကူကယ်ရာမဲ့နေဆဲ။
သေချာတာက ... သူတို့သာလျှင်
ငါတို့ရဲ့ အစစ်မှန်ဆုံးသော ရှေ့တန်းရောက်ရဲဘော်တွေဖြစ်တယ်။
ဘယ် တိုင်းရင်းသားရဲ့ အကျိုးကိုမှ မထိခိုက်ပဲ
ငါတို့ တိုင်းပြည်ဝင်ငွေတိုးဖို့ အခက်ခဲများစွာကို သူတို့ရင်ဆိုင်တိုက်ခိုက်နေကြတယ်။
သူတို့ အနှိပ်စက်ခံရခြင်းဟာ ငါတို့ မြန်မာပြည်သူတွေ အနှိပ်စက်ခံရခြင်း
သူတို့ အသတ်ခံရခြင်းဟာ ငါတို့အတွက် မြင့်မြတ်စွာ
တိုက်ပွဲမှာ ကျဆုံးခြင်း ဖြစ်တယ်။
credit> ဆောင်းဦးရာသီ
ရသစုံ
မြန်မာ့ထမင်းအိုးကိုဖြည့်ဖို့ သူတို့ ဒီလို ခံစားနေကြရတာ။
သူတို့နောက်မှာ တုန်ယင်နေတဲ့ မိအိုဖအိုတွေ ရှိကောင်းရှိမယ်။
အနာဂတ်အတွက် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
သားငယ်သမီးငယ်တွေ ရှိကောင်းရှိမယ်။
မောင်တွေ၊ နှမတွေ၊ အစ်ကိုတွေ၊ အစ်မတွေ
ဘယ်သူပဲရှိရှိ သေချာတာက သူတိုတစ်ဦးစီနောက်မှာ
သူတို့ကို မျှော်လင့်နေတဲ့ (ငါတို့) မြန်မာပြည်သူတွေ ရှိနေတယ်။
တစ်နှစ်တစ်နှစ် သူတို့ပြန်ပို့တဲ့ငွေကြေးလေးတွေ
ငါတို့မြန်မာပြည်သားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး
အနယ်နယ်အရပ်ရပ်ကို ဖြည့်ဆည်းနိုင်ခဲ့။
သူတို့ ချွေးက ဖြစ်လာတဲ့ငွေကြေးတွေ၊
သူတို့ ပင်ပန်းမှုက ဖြစ်လာတဲ့ငွေကြေးတွေ၊
သူတို့ မာနတွေ၊ သူတို့ စိတ်တွေ၊ သူတို့ အချိန်တွေ ... နဲ့
အရင်းအနှီးအလဲအလှယ်ပြုခဲ့ရတာတွေ
သူတို့ ၀င်ငွေဟာ တိုင်းပြည်ကိုရောင်းစားတာ မဟုတ်ဘူး။
တောင်တွေတစ်လုံးပြီး တစ်လုံး၊ မြစ်တွေတစ်စင်းပြီး တစ်စင်း
တောတွေတစ်တောပြီး တစ်တော၊ သတို့သမီးတွေ တစ်ယောက်ပြီးတစ်ယောက်
... နဲ့ အလဲအလှယ် လုပ်လိုက်ရတာတွေ မဟုတ်ဘူး။
စစ်မှန်သော ၀င်ငွေ၊
ဖြူစင်သော ၀င်ငွေ၊
မြင့်မြတ်သော ၀င်ငွေ။
အခုတော့ သူတို့တွေလေ လမ်းနံဘေးမှာ (တကယ့်ကိုလမ်းဘေးမှာ)
ငုတ်တုပ်လေးတွေ ထိုင်လို့ ...။
အားကိုးရာမဲ့နေတဲ့ မျက်လုံးတွေနဲ့
ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့
စိတ်ပျက်လက်ပျက် မျက်လုံးတွေနဲ့
တိုင်းတပါးသားတွေက မဟားဒယား မတရားလုပ်တာကို
အငေးသား ငြိမ်ခံနေကြရ။
သူတို့ဟာ မိဘကို၊ မိသားစုကို ရှာဖွေကျွေးချင်တဲ့သူတွေ
ကိုယ့်ခြေထောက်ကိုယ်ရပ်ချင်သူတေ
တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုချင်သူတွေ။
အိုဗာစတေး ... တဲ့။
သူတို့ ခိုးနေ၀ှက်နေတာ မဟုတ်ဘူး။
သူတို့ လူသတ်နေတာ မဟုတ်ဘူး။ ဓားပြတိုက်နေတာ မဟုတ်ဘူး။
ဘယ်သူ့ကိုမှ မတရား သူတို့မလုပ်ဘူး။
သူတို့လုပ်အားအတွက် ထိုက်တန်တဲ့တန်ဘိုးတစ်စုံတစ်ရာရ
ရုန်းကန်ခွင့်ပဲ လိုချင်တာ
ပြည်တွင်းမှာ ဒီလို ကိုယ့်လုပ်အားအလျောက်အကျိုးခံစာ
ပြည်ပကို သူတို့ထွက်ခွာခဲ့
မိသားစုနဲ့ဝေးကွာ၊ ဘာသာတရားနဲ့ဝေးကွာ၊ စိမ်းလှသော ပတ်ဝန်းကျင်မှာ
အိမ်လွမ်းနာကို ကြိတ်မှိတ်ခံရင်း
ချစ်သောသူများနဲ့ ကွေကွင်းရခြင်းဆင်းရဲကို ကြိတ်ခံရင်း
သူတို့နေ့စဉ် ပင်ပန်းကြီးခဲ့။
ဒီကြားထဲကမှ အနည်းနည်းအဖုံဖုံ
ဒုက္ခတွေကလည်း သူတို့ပတ်လည် စုံလို့။
မြန်မာဆို သတ်မယ်ဆိုသူတွေလည်း ရှိ။
မြန်မာဆို ခေါင်းပုံဖြတ်မယ်ဆိုသူတွေလည်း ရှိ။
အခုတော့ မြန်မာဆို ဖမ်းမတဲ့။
အဲဒီဒုက္ခများစွာအတွက် သူတို့ခမျာ ကူကယ်ရာမဲ့နေဆဲ။
သေချာတာက ... သူတို့သာလျှင်
ငါတို့ရဲ့ အစစ်မှန်ဆုံးသော ရှေ့တန်းရောက်ရဲဘော်တွေဖြစ်တယ်။
ဘယ် တိုင်းရင်းသားရဲ့ အကျိုးကိုမှ မထိခိုက်ပဲ
ငါတို့ တိုင်းပြည်ဝင်ငွေတိုးဖို့ အခက်ခဲများစွာကို သူတို့ရင်ဆိုင်တိုက်ခိုက်နေကြတယ
သူတို့ အနှိပ်စက်ခံရခြင်းဟာ ငါတို့ မြန်မာပြည်သူတွေ အနှိပ်စက်ခံရခြင်း
သူတို့ အသတ်ခံရခြင်းဟာ ငါတို့အတွက် မြင့်မြတ်စွာ
တိုက်ပွဲမှာ ကျဆုံးခြင်း ဖြစ်တယ်။
credit> ဆောင်းဦးရာသီ
ရသစုံ
No comments:
Post a Comment