Wednesday, August 28, 2013

သင်ကြားရေးတွင် စာအုပ်အစား ကွန်ပျူတာနှင့် တက်ဘလက်ပြောင်းသုံးရန်ပြင်ဆင်

Photo: သင်ကြားရေးတွင် စာအုပ်အစား ကွန်ပျူတာနှင့် တက်ဘလက်ပြောင်းသုံးရန်ပြင်ဆင်

    Category: မောက္ခနိုင်ငံတကာသတင်း 
    
    Written by သတင်းအဖွဲ့ 

လန်ကက်စတာ၊ သြဂုတ် ၂၇

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းအများစုတွင် သင်ကြားမှု သင်ယူမှုကို အထောက်အကူဖြစ်စေရန်အတွက် ကွန်ပျူတာ များနှင့် iPad တက်ဘလက်များကို ပြောင်းသုံးရန်ပြင်ဆင်နေကြကြောင်း ဖဲယားဖီးလ်ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်း များက ထုတ်ပြန် ကြေညာခဲ့သည်။

ကျောင်းများတွင် ကျောင်းသားအများစုသည် မိမိတို့သုံးစွဲနေသည့် ကွန်ပျူတာနှင့် တက်ဘလက်များကို password ပေးပြီး Log in ဝင်လိုက်သည်နှင့် အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး၊ ဆရာသို့မဟုတ် ကျောင်းတွင်းရှိ ကျောင်းသားများ အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်ရန် စီစဉ်ထားပေးနိုင်ပြီဖြစ်ကြောင်း အင်္ဂလိပ်ဆရာ မတ် ဂီလစ်ပိုင်းကပြောကြားသည်။

ဖဲယားဖီးလ်ဒေသတွင် လေးနှစ်အတွင်း ဒေါ်လာ တစ်သန်းအကုန်အကျခံပြီး အထက်တန်းကျောင်းတိုင်းရှိ ကျောင်းသားတိုင်း ခေတ်မီစွာ ပညာရှာမှီးနိုင်ရေးအတွက် ကွန်ပျူတာနှင့် တက်ဘလက်များကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ကစပြီး နည်းပညာကို ကျောင်းသားအတော်များများနဲ့ ထိတွေ့စေတယ်။ ကိုယ့်အီးမေးလ်တောင် ကိုယ်မှန်အောင် မရိုက် တတ်ရင် ဘယ်လိုမှ account ဖွင့်လို့တောင်ရမှာ မဟုတ်ဘူး။ သူတို့ကို အနာဂတ်အတွက် ခုကတည်းကပြင်ဆင်ပေးထား ရမယ်” ဂီလစ်ပိုင်းကဆိုသည်။

ပညာရေးအတွက် အီလက်ထရွန်းနစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို eBookအသွင်ဖန်တီးပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူတိုင်း
သည် မိမိတို့ ကွန်ပျူတာ သို့မဟုတ် တက်ဘလက်များကတစ်ဆင့် ရယူဖတ်ရှုနိုင်ခြင်း၊ စာဖတ် ကျွမ်းကျင်စေရန်အတွက် ဗီဒီယိုသင်ခန်းစာများကို ဖမ်းယူနားထောင်နိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပေးစာများဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ခြင်း၊ ဆရာများထံ အီးမေးလ်ဖြင့်ဆက်သွယ်နိုင်ခြင်းစသည့် အကျိုးတရားများသည် ကျောင်းသားတိုင်း တက်ဘလက်နှင့် ကွန်ပျူတာများကို ကိုင်တွယ်အသုံးပြုနိုင်ခြင်း၏ရလဒ်ဖြစ်ကြောင်း၊ ပညာရေးစနစ်ပုံစံ ပြောင်းသွားနိုင် ကြောင်း လာမည့် နိုဝင်ဘာလတွင် ထုတ်ဝေမည့် သူ့စာအုပ်တွင်ရေးသားထားသည်ဟု ဂီလစ်ပိုင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် အိုဟိုင်းအိုးပြည်နယ် ကျောင်း ၃၅ ကျောင်းတွင်လည်း ကျောင်းသားတိုင်း ကွန်ပျူတာသုံးနိုင်ရေးကို ဆောင်ရွက်ပေးခဲ့ပြီး၊ ယခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၌ တက်ဘလက်များသုံးစွဲနိုင်ရေးအတွက် ဒေါ်လာ ၂၃ ဒသမ ၅ သန်းအထိသုံးစွဲရန်လျာထားကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား တိုင်း အနည်းဆုံး ကျောင်းသား ၄ ဦးတွင် ကွန်ပျူတာ သို့မဟုတ် တက်ဘလက် တစ်လုံးရှိစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကိုလံဘတ်စ်မြို့တော် ဒေသဆိုင်ရာအာဏာပိုင်များ
ကလည်း ပြောကြားခဲ့သည်။
Written by သတင်းအဖွဲ့
လန်ကက်စတာ၊ သြဂုတ် ၂၇

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းအများစုတွင် သင်ကြားမှု သင်ယူမှုကို အထောက် အကူဖြစ်စေရန်အတွက် ကွန်ပျူတာ များနှင့် iPad တက်ဘလက်များကို ပြောင်းသုံး ရန်ပြင်ဆင်နေ ကြကြောင်း ဖဲယားဖီးလ်ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်း များက ထုတ်ပြန် ကြေညာခဲ့သည်။

ကျောင်းများတွင် ကျောင်းသားအများစုသည် မိမိတို့သုံးစွဲနေသည့် ကွန်ပျူတာနှင့် တက်ဘလက်များကို password ပေးပြီး Log in ဝင်လိုက်သည်နှင့် အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး၊ ဆရာသို့မဟုတ် ကျောင်းတွင်းရှိ ကျောင်းသားများ အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်ရန် စီစဉ်ထားပေးနိုင်ပြီဖြစ်ကြောင်း အင်္ဂလိပ်ဆရာ မတ် ဂီလစ်ပိုင်းကပြောကြားသည်။

ဖဲယားဖီးလ်ဒေသတွင် လေးနှစ်အတွင်း ဒေါ်လာ တစ်သန်းအကုန်အကျခံပြီး အထက်တန်းကျောင်းတိုင်းရှိ ကျောင်းသားတိုင်း ခေတ်မီစွာ ပညာရှာမှီးနိုင်ရေးအတွက် ကွန်ပျူတာနှင့် တက်ဘလက်များကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ကစပြီး နည်းပညာကို ကျောင်းသားအတော်များများနဲ့ ထိတွေ့စေတယ်။ ကိုယ့်အီးမေးလ်တောင် ကိုယ်မှန်အောင် မရိုက် တတ်ရင် ဘယ်လိုမှ account ဖွင့်လို့တောင်ရမှာ မဟုတ်ဘူး။ သူတို့ကို အနာဂတ်အတွက် ခုကတည်းကပြင်ဆင်ပေးထား ရမယ်” ဂီလစ်ပိုင်းကဆိုသည်။

ပညာရေးအတွက် အီလက်ထရွန်းနစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို eBookအသွင်ဖန်တီးပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူတိုင်း
သည် မိမိတို့ ကွန်ပျူတာ သို့မဟုတ် တက်ဘလက်များကတစ်ဆင့် ရယူဖတ်ရှုနိုင်ခြင်း၊ စာဖတ် ကျွမ်းကျင်စေရန်အတွက် ဗီဒီယိုသင်ခန်းစာများကို ဖမ်းယူနားထောင်နိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပေးစာများဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ခြင်း၊ ဆရာများထံ အီးမေးလ်ဖြင့်ဆက်သွယ်နိုင်ခြင်းစသည့် အကျိုးတရားများသည် ကျောင်းသားတိုင်း တက်ဘလက်နှင့် ကွန်ပျူတာများကို ကိုင်တွယ်အသုံးပြုနိုင်ခြင်း၏ရလဒ်ဖြစ်ကြောင်း၊ ပညာရေးစနစ်ပုံစံ ပြောင်းသွားနိုင် ကြောင်း လာမည့် နိုဝင်ဘာလတွင် ထုတ်ဝေမည့် သူ့စာအုပ်တွင်ရေးသားထားသည်ဟု ဂီလစ်ပိုင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် အိုဟိုင်းအိုးပြည်နယ် ကျောင်း ၃၅ ကျောင်းတွင်လည်း ကျောင်းသားတိုင်း ကွန်ပျူတာသုံးနိုင်ရေးကို ဆောင်ရွက်ပေးခဲ့ပြီး၊ ယခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၌ တက်ဘလက်များသုံးစွဲနိုင်ရေးအတွက် ဒေါ်လာ ၂၃ ဒသမ ၅ သန်းအထိသုံးစွဲရန်လျာထားကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား တိုင်း အနည်းဆုံး ကျောင်းသား ၄ ဦးတွင် ကွန်ပျူတာ သို့မဟုတ် တက်ဘလက် တစ်လုံးရှိစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကိုလံဘတ်စ်မြို့တော် ဒေသဆိုင်ရာအာဏာပိုင်များ
ကလည်း ပြောကြားခဲ့သည်။
2

No comments:

Post a Comment