Monday, August 26, 2013

သေနတ်လက်ကိုင်ပုံစံဖန်တီးထားတဲ့ ကော်ဖီခွက်

Cloud Cuckoo Land shared Guide Magazine's photo.

မြေအောက်မသမာသူတွေဖန်တီးထားတဲ့ ခွက်လေများလား အရွဲ့တိုက်ပြောရမလိုဖြစ်နေပါပြီ။ လူလို့ခေါ်တဲ့ လူဆိုတာကလည်း ရိုးရိုးတန်တန်းတွေမြင်ရတာကြာတော့ အထူးအဆန်းမဟုတ်တဲ့ သာမန်ထက်ကွဲပြားတဲ့ အရာ မျိုးတွေမြင်ရင် အရူးအမူးဖြစ်တတ်တဲ့ သဘာဝကရှိတာကိုး။


ဒါတွေကိုသိတဲ့ ဖန်တီးသူတွေကလည်း သာမန်ကော်ဖီကြွေခွက်ကို ရိုးရိုးတန်း
တန်းမလုပ်ပဲ သေနတ်လက်ကိုင်ပုံစံဖန်တီးလိုက်တော့ အတော်လေးကို
အရောင်းသွက်အောင်မြင်နေတယ်လို့ဆိုပါတယ်။

ဒါကလည်း သာမန်ထက်အမြင်ဆန်းစေတဲ့ ကော်ဖီခွက်က လက်ဆောင်ပေး
တဲ့နေရာမှာ အတော်လေးကိုအသုံးတည့်လို့နေပါလိမ့်မယ်။နိုင်ငံတကာအွန်
လိုင်းစတိုးမှာ တစ်ခွက်ကို ၅ ဒေါ်လာဝန်းကျင်နှုန်းနဲ့အရောင်းသွက်နေတယ်
လို့သိရပါတယ်။

ပြည်တွင်းမှာတော့ မြင်တွေ့ဖူးခြင်းတော့မရှိပေမယ့် အွန်လိုင်းစတိုးကို
တိုက်ရိုက်မှာယူဝန်ဆောင်မှုပေးနေတဲ့ နေရာတွေရှိတယ်လို့တော့သိ ရပါတယ်။ဆက်သွယ်ဝယ်ယူချင်တဲ့ သူအဖို့ပြောဆိုလို့အဆင်ပြေစေအောင်
aHappydeal.com ကရောင်းချပေးနေတဲ့ Novel porcelain mug ကော်ဖီ ခွက်လို့အသိပေးရင်း အထူးအဆန်းကြိုက်တဲ့ စာဖတ်သူတွေအတွက်
ယခုလိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ

Ref:techblog
Khun Nay(August Myanmar Media Group)

No comments:

Post a Comment