Thursday, August 29, 2013

ခင်ဝင့်ဝါသို့ ပေးစာ .....



သို့ /

ချစ်ရတဲ့ စိတ်ကူးထဲက ဇနီးလောင်းလေး ခင်ဝင့်ဝါ........

မင်းရဲ့ ၀တ်စားဆင်ယင်မှုတွေကိုကြည့်ပြီး "ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးမဟုတ်ဘူးလား..?" လို့ မေးတဲ့ ငတိတွေရော ငတိမတွေကိုပါ ကိုကိုပြွတ် နရင်းရိုက်ချင်တယ် ခင်..... ခင်က တော့ အားကျိုးမာန် တက် နိုင်ဂျံဂါးဆိုတဲ့ နေရာတွေမှာ နိုင်ငံ့ ဂုဏ်ဆောင်ဖို့ကြိုးစားနေချိန်မှာတော့...... ကိုကိုပြွတ်က Miss International ပွဲနဲ့ ရွာဘုရားပွဲ မော်ဒယ်ရှိုး မတူတဲ့အကြောင်း ဘကြီးတော်ဘုရားလက်ထက် ကလူတစ်ချို့ကိုလက်လှမ်းမှီသလောက် ရှင်းပြနေပါတယ်ကွာ....
ကိုကိုပြွတ်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါ........တချို့က ခင့်ကိုပြောကြတယ်........ အရှက်မရှိဘူးလားတဲ့.... ဒီလိုမော်ဒယ် အလုပ်မလုပ်လို့ ထမင်းငတ်မသွားပါဘူးတဲ့.... အရှက် သိက္ခာဘာညာ BLAH ..BLAH BLAH!! ပေါ့ကွယ်... စိတ်ထဲမထားပါနဲ့ခင်..... သူတို့ဟာ Model နဲ့ Miss တောင်ကွဲကွဲပြားပြားမသိသေးတဲ့ လူတွေမို့ပါ... ပြီးတော့ ထမင်းငတ်လို့ ၀င်ပြိုင်နေတာမှ မဟုတ်ပဲကွယ်.... ထမင်းငတ်တဲ့ Body အချိုးအစားနဲ့လဲ ဒီပြိုင်ပွဲဝင်လို့ရပါ့မလားရယ်...... နော့်....
ဟိုနေ့ကပဲခင့်ကို ပုတ်ခတ်နေတဲ့ Facebook က အမျိုးသမီးတစ်ယောက်ရဲ့ Photo ထဲကို ကိုကိုပြွတ်ဝင်ကြည့်မိတယ်ကွယ်..... ရုပ်ဆိုး အသားမဲ အကျည်းတန် ကြမ်းထော် ကလေက၀ကြီးပါကွာ...... ခင့် ကိုမနာလိုလို့ ပြောတာလေ.. တခြားဘာရှိဦးမလဲ ဟုတ်ဘူးလား??
ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးမဟုတ်ဘူးလားကွာ လို့ပြောတဲ့ ဘဲကြီးတစ်ယောက်ရဲ့ Profile ထဲကိုလဲဝင်ကြည့်ဖြစ်ပါတယ်.... လား... လား... လား..... ကိုကိုပြွတ်လေ... ရတနာသိုက်ကြီးထဲရောက်သွားသလိုပဲ.... သူ Like လုပ်ထားတဲ့ Porn Page တွေလေ...အရမ်းမိုက်တာဗျ.... ကိုကိုပြွတ်လဲ တွေ့သမျှပုံ အကုန်ဒေါင်းတာ ဖုန်းကလေးတောင် ဟမ်းချင်သလိုလို ဖြစ်သွားသေးတယ်.... 


အဲ.... စကားတွေဘေးရောက်ကုန်ပါပြီ...ခင်.... စကားမစပ် ဘီကနီ အမဲလေးနဲ့ ပုံလေးတွေအရမ်းလှတယ်နော်... ကိုကိုပြွတ်ဒေါင်းထားပါတယ်ကွယ်... (အဲဒီကနေကိုမထွက်နိုင်ဘူး)ဟုတ်ပါတယ်... ခင် ဖော်တယ်ချွတ်တယ်..... ဘာဖြစ်လဲ....???နိုက်ကလပ်မှာမဟုတ်ဘူး.... ကေတီဗီမှာမဟုတ်ဘူး.... မီးနီအိမ်မှာမဟုတ်ဘူး... ဆက်ရှင်နဲ့ နေလို့ရတဲ့ ဟော်တယ်ခန်းတွေထဲမှာမဟုတ်ဘူး.......... တဏှာမျက်လုံးနဲ့ မကြည့်ပဲ ပညာမျက်လုံးနဲ့ သာကြည့်တဲ့ ကမ္ဘာ့အလှအပ ပညာရှင် အကဲဖြတ်သူတွေရဲ့ ရှေ့မှာ ဖော်တာချွတ်တာဖြစ်တဲ့ အတွက်ကြောင့် ဂုဏ်ယူပါလေ......

ငွေရောင်ပိတ်ကားနောက်ကွယ်ကခင့်ရဲ့...
ကိုကိုပြွတ်

shared Oppi Kyal's photo.

No comments:

Post a Comment