Wai Maw and Seaman Nayminthu shared Yee Yee Htun's photo.
အခု ၂၀၁၃-ခုနှစ် ဇူလိုင်လမှာ ကျောင်းသား၊ ဘုရားသား၊ တပ်မတော်သား -ဆိုတဲ့ သား-သုံး-သားထဲက တပ်မတော်သားကောင်း ဗိုလ်မူးဟောင်း ၀င်းနိုင်ကျော် ဖမ်းဆီးခံရခြင်း ၄-နှစ်ပြည့်ပါပြီ။ ဘယ်လိုနောက်ခံပဲရှိရှိ လူတစ်ယောက်ဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိလာမှာကို ပြည်သူကို အသိပေးလို့ အဖမ်းခံရတာဆိုရင် ဒီလိုလူဟာ ပြည်သူ့ ဘက်တော်သားပါပဲ။
အရင် စစ်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးရွှေမန်း (ယခုပြည့်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်း) ၂၀၀၈-ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ တရုတ်ကို လက်နက်ဝယ်ဖို့  သွားရောက်ခဲ့တဲ့ လျှို့ ဝှက် ခရီးစဉ်တွေက ဓါတ်ပုံတွေ ပေါက်ကြားအောင် ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်မူးဟောင်း ၀င်းနိုင်ကျော်ကို စစ်အစိုးရက ၂၀၀၉-ခုနှစ် ဇူလိုင်လ ၉-ရက်နေ့ မှာ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဒီနေ့ ဆို ၄-နှစ်တိတိရှိပါပြီ။ သူ့ ကို ၂၀၁၀-ခုနှစ် ဇန်န၀ါရီလ ၈-ရက်နေ့ မှာ စစ်အစိုးရက သေဒဏ်ချမှတ်ခဲ့ပါတယ်။ အခု ဦးဝင်းနိုင်ကျော်ဟာ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ ဥက္ကဌလဲဖြစ်၊ ပြည်ထောင်စု ၀န်ကြီးလဲဖြစ်တဲ့ ဦးစိုးသိန်းက နိုင်ငံတော်လျှို့ ဝှက်သတင်းပေါက်ကြားမူနဲ့ အကျဉ်းကျခံရသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းပါဝင်ခွင့်မပြုဘူးလို့  ပြောထားတာကြောင့် ဦးဝင်းနိုင်ကျော်ကိုလဲ နိုင်ငံရေးအကျဉ်းသားအဖြစ်လက်ခံ
https://www.facebook.com/
ဗိုလ်မူးဟောင်း ၀င်းနိုင်ကျာ်ဟာ လေယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ နအဖ အတွင်းရေးမူး ၂ ဗိုလ်ချုပ် တင်ဦးရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ်လဲ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဒါအပြင့် အမျိုးသားစီမံကိန်း ၀န်ကြီးဌာနရဲ့  နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ-ရာထူးကို တာဝန်ယူဖူးသူလဲဖြစ်ပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်ဝန်းကျင်မှာ အစိုးရ၀န်ထမ်းဘ၀-ကနေ အနားယူပြီးတဲ့နောက်မှာ ယူအန်-အေဂျင်စီတစ်ခုမှာ တာဝန်ထမ်းဆောင်နေစဉ် ပြည်ပခရီးစဉ်တစ်ခုက အပြန် အဖမ်းခံခဲ့ရတာပါ။ သူနဲ့ အတူ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်လက်ရှိ ကိုသူရကျော်ကိုလဲ သေဒဏ်ချမှတ်ခဲ့ပြီး၊ ဖိုးတရုတ်-အင်တာနက်စာမျက်နှာတွေ
၂။(http://www.aappb.org/bio_pdf/
http://www.dvb.no/
၃။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံတူ ခဲပန်းချီကားကိုလဲ သာယာဝတီအကျဉ်းထောင်ထဲမှာ ရေးဆွဲခဲ့တယ်လို့  သိရပါတယ်။ အဲ့ပုံတူကို ဖေ့ဘုတ်ပေါ်မှာ မိတ်ဆွေတစ်ယောက်က တင်ထားတာကို ကူးယူထားတာပါ။
၎။ ဗိုလ်မှူးဟောင်း ဦးဝင်းနိုင်ကျော်မိသားစုတွေကို
https://www.facebook.com/
No comments:
Post a Comment