သစ်ထူးလွင် |
|
- ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ
- မီးရှို့ဖျက်ဆီးသူများကို အရေးယူရန် အစ္စလာမ်ဘာသာရေး အဖွဲ့များ လိုလား
- ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်
- အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက်ကွက်ပါက အရေးယူသွားမည်
- ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်
-
မိခင်နို့အစားထိုးအစားအသောက်မျာ
း ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာ ဥပဒေ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းမည် -
တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူများ၏ပုံတူမျာ
း ရဲကရရှိထားပြီ - အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်
- ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိုများလာဟုဆို
- မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့် မူအားဖြင့် သဘောတူညီထားဟု သမ္မတရုံးဝန်ကြီး ပြော
- ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ
- ကျန်းမာရေး အသုံးစရိတ် သင့်မှာဘယ်လောက်ရှိသလဲ
- မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်
- ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်
- ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
- မြဝတီ-မဲဆောက်တွင် မြန်မာနှင့်ထိုင်း ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ချက် ကန်ဒေါ်လာသန်း ၁၀၀ဝကျော် ကွာနေ
- ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်
- ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြု
- သံတွဲ၌ ပဋိပက္ခ ဖြစ်ပွားလုဆဲ ရဲတပ်ဖွဲ့ အချိန်မီ ထိန်းသိမ်း
- သံဘီးတပ်လှည်းတွေကြောင့် ကားလမ်းတွေပျက်ရတာဟု ဒုဝန်ကြီးပြောပြီ
- အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တရားစွဲမည်
- ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့
- မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင့် ၀င်ထွက်ခွင့်ပြုခြင်းကို ကော့သောင်းမြို့တွင်စတင် ဆောင်ရွက်
- သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး
- ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်
Posted: 28 Aug 2013 07:06 AM PDT
ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှ အစိုးရက ဖုန်းဆင်းမ်ကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချခဲ့ပြီး ၀ယ်လိုအားများလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြော နိုင်ငံတကာတွင်ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung ၏နောက်ဆုံးပေါ်ဖုန်းများအလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို သူ့ထက်ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက် ၀န်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့ စိတ်အားထက်သန်ခြင်းမရှိကြ။ “အာမခံတစ်နှစ်ပေးထားတယ်ဆိုပြီး သွားပြင်တော့ တစ်လနှစ်လကြာမှရမယ်ဆိုပြီးချိန် Samsung ၏ မြန်မာနိုင်ငံအတွက် တရားဝင်ဖွင့်လှစ်ထား သည့် ပြုပြင်ရေးဌာနသို့ သွားရောက်အကြောင်းကြားသော်လည်း ၎င်းတို့ထံမှ ၀ယ်ယူခြင်းမဟုတ်သောကြောင့် ပြင်ဆင်ပေးရန်ငြင်းဆန်ခဲ့ကြောင် ကိုဖြိုးကဲ့သို့ပင် အရောင်းဆိုင်များမှရောင်းပြီး ပစ္စည်းကိုတာဝန်မယူမှုများ ကြုံတွေ့ရသူ အများအပြားရှိခဲ့သည်။ “ဖုန်းဝယ်တာ Samsung Glaxy Ace ကိုရီးယားဖြစ်ဆိုပြီး ပြောရောင်းတယ်။ ဖုန်းကိုကြည့်တော့ ဗီယက်နမ်ဖြစ်နေတယ်။ ဆိုင်ကိုဖုန်းဆက်ပြောတော့ ဆိုက်ရောက်တဲ့နေရာချင်းပဲကွာတာ။ ဖုန်းအသားမှာ တံဆိပ်ရိုက်ထားတာ ပဲလို့ ပြောတယ်”ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းအနီး ဟန်းဆက်အရောင်းဆိုင်နှင့် ဖြစ်ပွားခဲ့သည့်ပြဿနာကို ကာယကံရှင်က 7Day Daily သို့ ပြောသည်။ ဈေးကွက်ထဲတွင်ရောင်းချနေသည့် Samsung အမှတ်တံဆိပ်ပါပစ္စည်း တိုင်းကို အာမမခံနိုင်ကြောင်း Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာကပြောသည်။ ဈေးကွက်အတွင်း Samsung ဟု ရောင်းချနေသော ဟန်းဆက်များထဲတွင် Samsung မှ တရားဝင်တင်သွင်းထားခြင်းမဟုတ်ဘဲ ရောင်းချနေသည့် ဟန်းဆက်အများအပြားရှိနေခြင်းေ Samsung အမှတ်တံဆိပ်ဖြင့် တရားဝင်ရောင်းချပေးနေသည့် ဟန်းဆက်အရောင်းဆိုင်မှာ တစ်နိုင်ငံလုံးတွင် ဆိုင်နှစ်ဆယ်ခန့်ရှိပြီး ထိုဆိုင်များမှရောင်းချပေးနေသည် “Samsung Service ဆိုင်တွေမှာလာပြင်တဲ့ ပစ္စည်းဆိုရင် ကြည့်လိုက်တာနဲ့ သိသာတယ်။ တရားဝင်သွင်းတဲ့ပစ္စည်း ဟုတ်လား မဟုတ်လားဆိုတာ။ အခုနောက်ပိုင်းဖုန်းတွေဆိုရင် တရားဝင်သွင်းထားတဲ့ဖုန်းတွေမှာ ကုတ်နံပါတ်တို့၊ မြန်မာဖောင့်တို့ပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့ ဖုန်းတွေမှာကျတော့ အဲဒါတွေမပါတော့ဘူး။ အဲဒီဖုန်းတွေဆိုရင် ဆိုင်ကတာဝန်မယူပေးဘူး”ဟု Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာ ဦးဇာနည်ဝင်းထက်ကပြောသည်။ တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ Samsung အမည်တပ်ကာ ဖွင့်လှစ်ထားသည့် အခြားဟန်းဆက်ဆိုင်များကိုလည်း Samsung အမှတ်တံဆိပ်သုံးစွဲမှုနှင့်ပတ် “ရေရှည်မှာတရားစွဲဆိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ဦးဇာနည်ဝင်းထက်ကပြောသည်။ မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းကို လူလတ်တန်းစားများ လက်လှမ်းမီသုံးစွဲလာနိုင်သည်မှာ သုံးနှစ်ဝန်းကျင်သာရှိဦးမည်။ ထို့ကြောင့် ဖုန်းဟန်းဆက်ကဲ့သို့သော ပစ္စည်းများမှာ လူအများနှင့်နီးစပ်မှုမရှိပါ။ ထိုကဲ့သို့ သုံးစွဲသူများ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ ပုံစံတူတံဆိပ်အတုများ၊ အရည်အသွေးညံ့ပစ္စည်းများရောင်းချ မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲသူအများစု လက်ခံအားပေးနေသည့် Huawei အမှတ်တံဆိပ်ပါ ဟန်းဆက်များသည်လည်း အထက်ပါကဲ့သို့ အခက်အခဲများကြုံတွေ့နေရကြောင်း သုံးစွဲသူများကပြောသည်။ “Huawei တံဆိပ်ပစ္စည်းတွေ အဓိကရောင်းတဲ့ဆိုင်ကို သွားဝယ်တယ်။ အာမခံပေးထားပေမယ့် သွားပြင်တော့အဆင်မပြေဘူး။ ဈေးတွေလျှော့ ပြီးရောင်းတယ်။ ပစ္စည်းကျ အမှန်အကန်မရောင်းဘူး။ ရောင်းပြီးဝန်ဆောင် မှုကတော့ ဘာမှမရှိဘူး။ Huawei ကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ အဲဒီဆိုင်က Huawei ရဲ့ တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ဆိုင်မဟုတ်ဘူးလို့ အကြောင်းပြန်တယ်”ဟု လှည်းတန်းစံရိမ်ငြိမ် ၆ လမ်းထိပ် ဟန်းဆက်ဆိုင်တွင် ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။ အဆိုပါပြဿနာများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည် အခြားနာမည်ကျော်အမှတ်တံဆိပ်များ မြန်မာနိုင်ငံရှိ လူသိများသည့် လျှပ်စစ်ပစ္စည်း၊ ဖုန်းဟန်းဆက်ပစ္စည်း များ ရောင်းချသည့် ဆိုင်ကြီးများအပါအ၀င် အရောင်းဆိုင်များသည် ၀ယ်ယူသုံးစွဲသူများအပေါ် ရောင်းချပြီးနောက်ပိုင်းကတိပြု ရောင်းချသည့်ဆိုင်များသည် အလွန်အကျွံကြော်ငြာမှုများ ပြုလုပ်နေပြီး သုံးစွဲသူဘက်မှ၎င်းတို့ဝန်ဆောင်မှု “များသောအားဖြင့် ဖြေရှင်းမပေးနိုင်ဘူး။ သူတို့ထိခိုက်တဲ့ကိစ္စပေါ်လာမှ လိုက်လျောတာများတယ်။ ဥပမာဆိုင်နာမည်ကို မီဒီယာတွေကတစ်ဆင့် ပြောတာတွေကျမှ ဖြေရှင်းပေးတယ်”ဟု ဦးဗအုပ်ခိုင်ကပြောသည်။ ဟန်းဆက်အရောင်းဆိုင်အချို့က ကျင့်ဝတ်မလိုက်နာဘဲ အလွန်အကျွံအာမခံကာ ရောင်းချခြင်းကြောင့် ပြဿနာဖြစ်ပွားမှုများရှိသကဲ့သို့ သုံးစွဲသူများဘက်က အာမခံကိုနားလည်မှုလွဲမှားသောကြော “သုံးစွဲသူဘက်က အမှားကြောင့်ဖြစ်တဲ့ပြဿနာတွေကို ပြည်တွင်းတွင် ဟန်းဆက်တင်သွင်းသူအများစုသည် တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းကြခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်မရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖုန်းအရောင်းဆိုင်များကပြောသည်။ သို့သော်လည်း ယင်းဟန်းဆက်များကို ပြည်တွင်းဆိုင်များက အာမခံပေးမည်ဟု လိမ်လည်ရောင်းချမှုများရှိကြောင် “ကျွန်တော်တို့ ဒိုင်တွေဆီက ၀ယ်တာတောင် ၁၀ လုံးလောက်ဝယ်မှ ကတ်ဖတ်၊ မဖတ် စစ်ခွင့်ရတယ်။ သုံးရက်အတွင်း ပြန်မလဲလို့ ကိုယ့်လက်ထဲပျက်ရင်အဆုံးပဲ။ ဒိုင်ကတောင် သုံးရက်ပဲ အာမခံပေးတယ်။ ဆိုင်တွေက တစ်နှစ်လောက် အာမခံပေးတယ်ဆိုတာ စဉ်းစားစရာရှိတယ်”ဟု အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်တစ်ခုမှ ပိုင်ရှင်ကပြောသည်။ နိုင်ငံတကာတွင်တော့ စားသုံးသူများ၊ ပစ္စည်းသုံးစွဲသူများကို ရောင်းချသူများ ဘက်မှ ကတိက၀တ်ဖောက်ဖျက်ပါက ကူညီအရေးယူဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးသည့် ဥပဒေများမရှိခြင်းကြောင့် ယခုကဲ့သို့ နစ်နာမှုများဖြစ်ပွားနေရခြင်ြး အာဆီယံနိုင်ငံများတွင် စားသုံးသူအရေးယူဆောင်ရွက်မှုဆို စားသုံးသူများ၊ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည့်အစီ သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်း “ဥပဒေကိုအတည်ပြုပြီးရင် ကျွန်တော်တို့ စားသုံးသူရေးရာဌာနခွဲကို တိုင်ကြားနိုင်ပါပြီ”ဟု သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ယခုအချိန်အထိ နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများက ၎င်းတို့အမှတ်တံဆိပ်ရိုက်နှိပ်ကာ ရောင်းချနေသည့် ကုန်ပစ္စည်းများ၊ ကုမ္ပဏီမှ အာမခံသည်ဟု ရောင်းချသည့်ပစ္စည်းများကြောင့် စားသုံးသူများ၏နစ်နာနေမှုကို ဖြေရှင်းပေးရန် ထင်သာမြင်သာသည့် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မတွေ့သေးပေ။ ထို့အတူ အစိုးရဘက်ကလည်း တိုင်းသူပြည်သားများ ကုန်ပစ္စည်းဝယ်ယူသုံးစွဲရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို တားဆီးဖြေရှင်းပေးမှုများလည်း မတွေ့ရသေး။ ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှ ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်၊ ဆွေမွန် 7Day News Journal |
||
Posted: 28 Aug 2013 07:02 AM PDT
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ထန်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို အရေးယူဖို့ နဲ့ မူလနေရာမှာ နေမြဲအတိုင်း နေထိုင်ခွင့်ရရေးကိစ္စကို တိုက်တွန်းဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကျော်ခင်က ပြောပါတယ်။ ဦးကျော်ခင်က “မူလ သူ့ပိုင်ဆိုင်မှု ရှိနေတဲ့နေရာမှာ သူတို့ပြန်နေနိုင်ဖို့အတွက် လုပ်ရမယ်။ နောက် တကယ်ဖြစ်စဉ်အပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ကိုလည်း ကျနော်တို့က တွန်းအားပေး ဆောင်ရွက်သွားမှာပေါ့” လို့ ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 06:58 AM PDT
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆို လိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက် ခိုလှုံနေတာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 04:33 AM PDT
အလုပ် သမားများအား အလုပ်ခန့်ထား ပါက အလုပ်ခန့်ထားမှုဆိုင်ရာ စာ ချုပ်ချုပ်ဆိုမှုပျက်ကွက်ပါက ဥပ ဒေအရအရေးယူသွားမည်ဟု အ လုပ်သမား၊ အလုပ်အကိုင်နှင့် လူ မှုဖူလုံရေးဌာန ဒုတိယဝန်ကြီးဒေါ် ဝင်းမော်ထွန်းက ပြောသည်။ ယနေ့ကျင်းပသော ပြည် ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁ရ ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စုလွှတ် တော်အလုပ်သမား၊ အလုပ်ရှင်အ ခွင့်အရေးလေ့လာရေး ပူးပေါင်း ကော်မရှင်၏ အစီရင်ခံစာနှင့် စပ် လျဉ်းပြီး ပြန်လည်ရှင်းလင်းရာတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:30 AM PDT
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်ကုန်းသာကျေးရွာ ရန်ကုန်-မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၃၂၄ အနီးတွင် သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က ဆွမ်းခံကြွလာသော သံဃာ တစ်ပါး သုံးဘီး ဆိုင်ကယ် တိုက်မိ၍ ပျံလွန်သွားကြောင်း ယင်းမြို့ ဒေသခံများထံမှ သိရသည်။ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က မိတ္ထီလာမြို့နယ် ကန်တောင် ကျေးရွာနေ ယာဉ်မောင်း မျိုးဆန်း ၁၉ နှစ် မောင်းနှင်သော သုံးဘီး ဆိုင်ကယ် ၂င/၈၉၈၆ သည် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:27 AM PDT
နို့မှုန့်များ အား နည်းလမ်းပေါင်း စုံဖြင့်ကြော် ငြာရောင်းချခြင်းများကို တားမြစ် ပိတ်ပင်ရန်နှင့် ခြောက်လအထိ မိခင်နို့တစ်မျိုး တည်းတိုက်ကျွေး ရန်အတွက် မိခင်နို့ အစားထိုးအ စားအသောက်များ ရောင်းဝယ် ဖောက်ကားခြင်း ဆိုင်ရာဥပဒေ ကို မြန်မာနိုင်ငံတွင် မကြာမီ ပြ ဋ္ဌာန်းတော့မည်ဖြစ်ကြောင်း သိ ရသည်။ အဆိုပါဥပဒေမှာ မြန်မာ နိုင်ငံတွင်မရှိသေးဘဲ ကုလသမဂ္ဂ မှပြဋ္ဌာန်းထားသော ၁၉၈၃ခုနှစ် မိခင်နို့အစားထိုးအစားအသောက် များရောင်းဝယ်ဖောက်ကားခြင်း ဆိုင်ရာ ကိုဓဥပဒေကိုမှီငြမ်းပြီး ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရန် ယခု အစိုးရသစ်လက်ထက်တွင် အ ကောင်အထည်ဖော်မည်ဖြစ် ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:22 AM PDT
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို ဓားဖြင့်လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:14 AM PDT
နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန် ငွေလွှဲကုမ္ပဏီ Money Gram က မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေ လွှဲသော ဝန်ဆောင်မှုကို စတင်ကြောင်း ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Sr.Grant Lines က ပြောကြားသည်။ အဆိုပါ ကုမ္ပဏီက နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများ ကို ပြည်တွင်းဘဏ် AGD (အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်) နှင့် ပူးပေါင်း ဆောင်ရွက်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်၌ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:06 AM PDT
မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်းအတု ရောင်းချသူများ ပိုများလာသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူစေလိုကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်စိမ်း ကုန်သည်များက ပြောကြားသည်။ အဆိုပါ စခန်းတွင် အရည်ကျောက်၊ တရုတ်ကျောက်နှင့် ဆေးဆိုး ကျောက် များကို အုပ်စုဖွဲ့ ရောင်းချ မှုများ ပိုများလာသဖြင့် ကျောက်စိမ်းဈေးကွက် ထိခိုက်စေနိုင်ကြောင်း အဆိုပါ ကျောက်ကုန်သည် များက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 04:01 AM PDT
အမေရိ ကန် ACO ကုမ္ပဏီမှ မြန်မာနိုင်ငံ မြင်းခြံမြို့တွင် ဆိုလာစက်ရုံတည် ဆောက်ရန် အစိုးရအနေဖြင့် သဘောတူထားပြီ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ဩဂုတ် ၂၄ရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးဗဟို စင်တာတွင်ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 03:56 AM PDT
အောက်ဆုံးအဆင့် ရဲဝန်ထမ်းလစာ ၆ သောင်းသာရရှိသည့် အတွက် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေပြီး လာဘ်ပေး လာဘ်ယူမှုကို ဖြစ်စေကြောင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။ ”အောက်ဆုံးအဆင့် ရဲဝန်ထမ်း တစ်ယောက်က လစာ ၆ သောင်းပဲရ တယ်။ တစ်နေ့မှ ၂ ထောင် နောက်ပြီး တော့ သူတို့မှာ မိသားစုတွေ ရှိတယ်။ ကျောင်းနေရမယ်။ မလောက်ဘူး။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 12:01 AM PDT
ကျွန်တော်တို့မှာ သက်ရှိများဖြစ်၍ တစ်သက်တာအတွင်း ဘာဆိုဘာမှမဖြစ်ဘဲ ကျန်းမာစွာနေထိုင်သွားနိုင်ခြင် လူတစ်ယောက်အတွက် ကျန်းမာရေးမှာ အရေးကြီးသည်။ ကျွန်တော်တို့အတွက် ကျန်းမာရေးစရိတ်မှာလည်း ပို၍အရေးကြီးလှပေသည်။ အထူးကုဆေးရုံ များအပြိုင် ပြည်ပထွက်ဆေးကုနေကြသူများလည်းရှ စရိတ်မည်မျှထိရှိနေပါသနည်း။ ကျန်းမာရေး အသုံးစရိတ်မှာ လူတစ်ဦးချင်းဝင်ငွေနှင့် ဆိုင်သည်။ သူတို့၏ အဖြေများအပေါ်အခြေခံ၍ တိုင်းပြည်၏ စီးပွားရေးအခြေအနေကို မှန်းဆနိုင်သည်။ အစိုးရသစ်တက်စကာလတွင် အထူးကြွေးကြော်ခဲ့သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအေ ခင်မောင်ဝင်း (ဆိုက်ကားသမား) တစ်နေ့ကို ကျွန်တော်က ပုံမှန်ဝင် ငွေကတော့ သုံးထောင်ငါးရာ၊ လေး ထောင်ပတ်ဝန်းကျင်တော့ ကျန်တာပေါ့ နော်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲဆိုတော့ ဆိုက်ကားသမားကတော့ ကျန်း မာရေးအတွက် ဖယ်ထားတာမရှိဘူး။ တကယ်လို့ အရေးနဲ့အကြောင်းနဲ့ ဖြစ်လာ ပြီဆိုရင် သူ့ဘာသူပဲ၊ ကိုယ့်မိသားစုအနေ နဲ့ အကူအညီလိုတာပေါ့နော်။ မိသားစု အကူအညီပေးနိုင်တဲ့ လူကလည်း ကူညီ ပေးပေါ့၊ မပေးနိုင်တဲ့ လူကျတော့လည်း တစ်ခါတလေ နည်းနည်းပါးပါးတော့ ဂိတ်က စောင့်ရှောက်ပေးပါတယ်။ ဒါပဲရှိပါတယ်။ ကျွန်တော်တို့လည်း စပ်ဆေးတွေဘာတွေ သောက်ရတာပေါ့။ ကျွန်တော်တို့က အခြေခံလူတန်းစားလည်းဖြစ်တယ်၊ ပညာလည်း သိပ်မတတ်တော့ ကျန်းမာရေးတစ်ခု ခုဖြစ်ခဲ့ရင်ဆိုပြီး တွေးမထားနိုင်ဘူးလေ။ စားဝတ်နေရေးအရ လောလောဆယ်တော့ ကျွန်တော်တို့လုပ်ရတာပဲ။ လုပ်နေရင် စားရမယ်။ နောက်ကိစ္စကိုတော့ ကျွန်တော်တို့က စဉ်းစားထားတာမရှိဘူး။ တတ်နိုင်သမျှ ဆင်းရဲတဲ့လူအတွက် ဆေးရုံတွေ ဘာတွေက ပိုပြီးတော့ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့နော်။ အခုဆို ဆင်းရဲတဲ့ လူတွေက ဆေးရုံသွားရင်တောင်မှပဲ မျက်နှာငယ်ရတာပါ။ လှလှအေး (ကြက်ကင်ရောင်းသူ) တစ်နေ့ ဝင်ငွေက သုံးထောင်လောက်တော့ ရတယ်။ နေမကောင်းရင် ဆေးခန်းပဲသွားတယ်လေ။ ဆေးခန်းကတော့ တစ်ခါတလေလည်း ၁၅ဝဝ၊ တစ် ခါတလေလည်း ၂၅ဝဝ ပေါ့၊ တစ်ခါတ လေလည်း ဆေးစပ်သောက်တယ်။ အမြဲ တမ်းတော့ ဆေးခန်းမသွားဘူး။ ကလေး ကိုတော့ဆေးခန်းပဲသွားပြတယ်။ ကြီးကြီး မားမားရောဂါတွေဖြစ်လာတဲ့အခါ ကု နိုင်တော့လည်း ကုပေါ့၊ မကုနိုင်တော့လည်း ဒီတိုင်းသေရတာပေါ့။ ဒီလိုပဲတွက်ရမှာပေါ့။ အဲဒီလိုပေါ့နော် ကိုယ်ရှာရင်းဖွေရင်း စုဘူးလေးထဲ ငါးမူးတစ်ကျပ်ထည့်။ အဲဒီလိုမျိုးသုံး ရတာပေါ့။ အရေးဟဲ့၊ အကြောင်း ဟဲ့ဆိုရင် ကျန်းမာရေးအတွက်ဆိုပြီး သီးသန့်ဒီအတိုင်းကြီး ဖယ်ထားတာမျိုး မရှိပါဘူး။ ဆေးရုံတွေမှာကတော့ သိပ်လည်းမပေးပါဘူး။ အလကားဆိုတာမရှိပါဘူး။ အကုန်လုံး ပိုက်ဆံနဲ့ လမ်းခင်းနေရတာ။ အစိုးရဆေးရုံဆီက ဘာမှလည်း မျှော်လင့်မနေပါဘူး။ ရမှာလည်း မဟုတ်ပါဘူး။ မမိုးသူ (ကွမ်းယာရောင်းသူ) တစ်နေ့ကို ဈေးဖိုးချည်းပဲ တစ်သောင်းလောက်ရ တယ်။ ဈေးရင်းဖို့ တွေဘာတွေကဖယ်ပြီးသားပဲ။ အဲဒီထဲက မှ နေမကောင်းဖြစ်ရင်ဆိုပြီး သတ်သတ်ဖယ်ထား လေ့ကတော့မရှိဘူး။ နေမကောင်းရင် တော့ ဒီတိုင်း ၂ဝဝ၊ ၃ဝဝ လောက်နဲ့ စပ်ဆေးသောက်လိုက်တာပဲ။ သိပ်တော့ မသုံးဖြစ်ဘူး။ ပြီးသွားတာပဲ။ ခုချိန်ထိ တော့ ဆေးခန်းသွားရတာမျိုး မရှိသေး ဘူး။ တကယ်လို့ ရောဂါကြီးကြီးမားမားဖြစ်ရင် ဘယ်လိုကုမလဲဆိုတာမျိုး တွေးထား တာလည်း မရှိပါဘူး။ ဖြစ်လာရင်လည်း အဲဒီ့ကျမှပဲ စဉ်းစားတာပေါ့။ အဲဒီ့လောက် ထိမတွေးဘူးလေ။ ကိုယ်ကွမ်းယာရောင်းတယ်။ ကိုယ့်မိသားစုအဆင်ပြေရင်ပြီးပြီ ပိုလျှံရင်စုထားပေါ့။ ကျွန်မကတော့ ဒီကနေ ပိုက်ဆံတစ် သောင်း၊ တစ်သောင်းပေးလိုက်တယ်။ အဲဒီ့ထဲက သူဘာသူသူ ချက်စရာရှိချက်၊ သုံးစရာရှိသုံးပေါ့။ မိသားစုက မြောက်ဥက္ကလာမှာ၊ မောင်နှမ မိသားစုက များတယ်လေ။ နောက်ပြီး မြောက်ဥက္ကလာဆိုတော့ ညတိုင်းပြန်လို့မကောင်းလို့ အခုဈေးရောင်းတဲ့လှိုင်က အသိအိမ်မှာပဲ အိပ်တယ်။ ကျန်းမာရေးအတွက်စရိတ်က မိသားစုမှာ သီးသန့်ဆိုပြီး ဖယ်ထားတာမျိုးမရှိသလို ကျွန်မလည်း ဖယ်ထားလေ့တော့မရှိပါဘူး။ အန်တီပွင့် (ဆံပင်ညှပ်ဆိုင်) တစ်နေ့ဝင်ငွေက ဆံပင်ညှပ်ဆိုင် အလုပ်ဆိုတော့လည်း ပုံမှန်အတိအကျ ဘယ်လောက်ဆိုတာတော့မရှိဘူး။ တစ် နေ့တစ်နေ့ ပုံမှန်အသုံးစရိတ်ထဲက နည်း နည်းပါးပါးဖယ်ထားလိုက်နဲ့ တစ်ထောင် ဖယ်ထားလိုက်၊ နှစ်ထောင် ဖယ်ထားလိုက် နဲ့ အဲဒီ့လိုမျိုး ဖယ်ဖယ်ထားရတာတော့ ရှိတာပေါ့။ အဲဒီလိုစုထားစုထားရင်းနဲ့ ကျန်းမာရေးအတွက်လည်း ရတယ်။ကလေးတွေ ကျောင်းစရိတ်အတွက်လည်း ရတယ်ပေါ့။ အဲဒီလိုမျိုးပေါ့ တစ်ခုခုဖြစ်လို့ ရှိရင် သုံးစွဲရအောင်ဖယ်ထားရတာပေါ့။ မဖယ်ထားရင် ဒီဘက်ခေတ်မှာက သူများဆီက ချေးငှားရတာက မလွယ်ဘူးလေ။ ရွှေရှိမှချေးလို့ရတာ။ မဟုတ်ရင် မရဘူးလေ။ အဲဒီလို မျိုးဖယ်ထားမှသာ အန်တီက နေမကောင်းဖြစ်ရင်တော့ နီးစပ်ရာ ဆေးခန်းတွေ၊ ဘာတွေတော့ ပြရတာပေါ့။ အန်တီ တို့ မိသားစုက အခုနေမကောင်းကြီးကြီး မားမား ဖြစ်တာမျိုးတော့မဖြစ်ဘူး။ နှာစေး၊ ချောင်းဆိုးရိုးရိုးပေါ့နော်။ အဲဒီအခါကျရင်တော့ နီးစပ်ရာဆေးခန်းကိုပဲ သွားပြလိုက် တာပါ။ အန်တီ့သားဆို ဟိုတစ်ခါက နေမကောင်းအရမ်းဖြစ်တော့ နှင်းဆီကုန်းမှာ သွားပြရတာလေ။ သုံးရက်လောက်နဲ့ ခုနစ်သောင်း၊ ရှစ်သောင်းလောက် ကုန်သွားတယ်။ အဲဒီလိုမျိုး မစုထားလို့ရှိရင် ဘယ်လိုလုပ်ပြမလဲ။ အသုံးစရိတ်ထဲက ချွေတာသင့်တာ ချွေတာရတာပေါ့။ အစားအစာဆိုရင်လည်း စားသင့်တဲ့ဟာလောက် အာဟာရဖြစ် တာမျိုးစားတာပေါ့။ အန်တီက အဝတ်အစားဆိုလည်း အရမ်းအကောင်းစားမဝယ်ဘူး။ ဖိနပ်ဆိုရင်လည်း အရမ်းဈေးကြီးတာ မဝယ်ဘူး။ အဲဒီအခါကျမှ အပိုဝင်ငွေလေးစုစုပြီး ထားရတာပေါ့။ ဆေးရုံတွေက ဘယ်လိုမျိုးဖြစ်စေချင်လည်းဆို အလကားကုပေးနိုင်ရင်တော့ ကောင်း တာပေါ့နော်။ ကိုသန်းလွင် (ဆိုက်ကားသမား) တစ်နေ့ဝင်ငွေ အနည်းဆုံး ၆ဝဝဝ ရှိတယ်။ ကျန်းမာရေးစရိတ်တော့ ဖယ် ထားတာတော့မရှိဘူး။ ဒါပေမဲ့ တစ်နေ့ နှစ်ထောင်ဖယ်ထားတယ်။ စုငွေပဲ။ နေ မကောင်းဖြစ်ရင်တော့ စပ်ဆေးသောက် တယ်။ ကြီးကြီးမားမားဖြစ်ရင်တော့ ရှိတဲ့ ပိုက်ဆံနဲ့ တတ်နိုင်သလောက် ဆေးရုံသွား မှာပေါ့။ စုငွေအတွက်ပဲ ဖယ်ထားတာ။ ကျန်းမာရေးအတွက် သပ်သပ်တော့ ဖယ် ထားတာမရှိဘူး။ ကိုယ့်ကျန်းမာရေး နေမ ကောင်းရင်တော့ ခေါင်းကိုက်ရင်တော့ နားလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချရ ပြီဆိုမှလာတယ်။ နေမကောင်းဘူထင်ရင် နားလိုက်တယ်။ အစိုးရက အခမဲ့ဆေးပေး ခန်းတွေ ဖွင့်ပေးတာ ပိုအဆင်ပြေမယ် ထင်တယ်။ ဦးတင်စိုး (ကွမ်းယာရောင်း) တစ်နေ့ကို ငါးထောင်လောက် ရတယ်။ ကျန်းမာရေးအတွက် သတ်သတ်ဖယ်ထားတာတော့ မရှိဘူးပေါ့။ ဒီထဲက နေပဲစားတယ်။ ပိုတာကို စုတယ်။ နေ မကောင်းဖြစ်တဲ့အချိန် ဒီထဲက ပိုက်ဆံ လေးနဲ့ပဲကုရတာပေါ့။ စပ်ဆေးသောက် တာကတော့ များတယ်။ ဆေးခန်းကတော့ မသက်သာတဲ့အဆုံးကျမှ သွားတာများ တယ်။ ကြီးကြီးမားမားကတော့ ဖြစ်ရင် ရှိတဲ့ ပိုက်ဆံနဲ့ ကုမယ်ပေါ့။ ကျန်းမာရေး စရိတ်အတွက် ပိုက်ဆံတွေ ဖယ်ထားဖို့ စိတ်လည်းမကူးမိဘူး။ သပ်သပ်လည်း ဖယ်မထားဘူး။ ဒီလိုပဲ စားတဲ့အထဲက ပိုတဲ့ဟာ လေးဖယ်ထားတာပဲရှိတယ်။ အမြဲတမ်းတော့ ကျန်းမာရေးက ဂရုစိုက်နေတာပေါ့။ အစိုးရက ပြည်သူကို အခမဲ့ဆေးခန်းတွေ ဘာတွေတော့ လုပ်ပေးသင့်တာပေါ့။ မချောစု (ဒင်းဆမ်းရောင်းသူ) ဈေးရောင်းတာကတော့ တစ်နေ့ကို နှစ်သောင်းလောက်တော့ရတယ်။ အသုံး စရိတ်ဘာညာနဲ့ဆိုရင် ငါးထောင်လောက် တော့ကျန်တယ်။ နေတာက တစ်ဦးတည်း ပဲ။ မိသားစုကလည်း မရှိတဲ့အခါကျတော့ ပိုတဲ့ ပိုက်ဆံကတော့ စုမိဆောင်းမိတာ ပေါ့။ ဖျားတာနာတာကလည်း တစ်ခါမှ မဖြစ်ဖူးသေးဘူး။ နေမကောင်း ဘာညာ ဖြစ်ပြီဆိုလည်း ပိုက်ဆံကတော့ရှိပြီးသား ဆိုတော့ သိပ်တော့ မစိုးရိမ်ရဘူးပေါ့။ ကျန်းမာရေးအတွက် အစိုးရက ပြည်သူ အပေါ် တစ်ခုခုလုပ်ပေးဖို့ရှိရင်တော့ ကောင်းတာပေါ့နော်။ ပြည်သူတွေအတွက် အခမဲ့ ဆေးရုံဆိုတာမျိုးလေးရှိရင်တော့ ကောင်းတာပေါ့နော်။ ဒေါ်သီတာ (အငြိမ်းစား အလယ်တန်းပြ၊ ရန်ကင်း) အကြီးတို့က အဲလို ကျန်းမာရေး သတ်သတ်ဆိုဖယ်ထားလို့မှ မရတာ။ အရင်တုန်းက သားသမီးသုံးယောက်နဲ့ဆိုတော့ ကျောင်းစရိတ်၊ အိမ်စရိတ်နဲ့ကုန်တာပဲ။ အခုကတော့ကျန်းမာရေး အတွက်မဟုတ်ပေမယ့်သားငယ် ထောက်ပံ့တဲ့ ပိုက်ဆံရယ်၊ ပင်စင်လခလေးရယ်နဲ့ တူလေးနဲ့နေတယ်။ တူလေး ကျောင်းစရိတ်နဲ့ အိမ်စားစရိတ်ပြီးရင် ပိုတာလေးစုထားတာရှိတယ်။ အဲဒီထဲကတော့ နေမကောင်း ဖျားရင်သုံးရတာပေါ့။ ကြီးကြီးမားမားဖြစ်ရင် ဘယ်လိုတွေ သုံးခဲ့လဲမမှတ်မိပါဘူး။ အခုဆိုရင်တော့ ရွှေစလေး၊ စုဆောင်းထားတာ အကုန်သုံးရမှာပဲ၊ မရှိရင်လည်း ကုသဖို့ ရှာကြည့်ရမှာပဲ မဟုတ်ဘူး လား။ ကိုယ့်အသက်က အရေးကြီးတယ်လေ။ လူဆိုတာ အချိန်တန်ရင်သေမှာပဲ။ ကျန်းမာရေးအတွက် သတ်သတ်တော့ဖယ်ဖို့မလွယ်ဘူး။ အခြေအနေအရပေါ့လေ။ အစိုးရက သူ့ဟာသူတော့ လုပ်နေတာပဲ။ အရင်ကဆိုရင်တော့ ဆေးရုံတွေမှာ အခမဲ့ တွေ ဘာတွေရသေးတယ်။ အခုလည်း တစ်ခုခုပေါ့။ ခိုင်နွယ်ဦး၊ ဝေမာထွန်း၊ မြတ်စုငြိမ်း Popular Myanmar News Journal |
||
Posted: 27 Aug 2013 11:26 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Aug 2013 11:14 PM PDT
ရန်ကုန်-ဒလ တံတားဒီဇိုင်းပုံစံ ထုတ်ရန်အတွက် မြစ်လယ်မြေသား စမ်းသပ်မှုကို သြဂုတ် ၂၇ ရက်မှ စတင်၍ ဘုန်းကြီးလမ်း ဆိပ်ကမ်းအနီး ၌ ပြုလုပ်နေပြီဖြစ်ကြောင်း သိရ သည်။ မြစ်လယ်မြေသားစမ်းသပ် စစ် ဆေးမှုကို ကိုရီးယားနိုင်ငံမှ ပညာရှင် လေးဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ ပြုလုပ်ေ နခြင်း ဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 11:11 PM PDT
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများ ဖြစ်နေကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။ မြေပိုင်ဆိုင်မှု မမှန်ကန်ဟု ဆိုလို ရင်းမှာ ရန်ကုန်စည်ပင်၌ အမည်ပေါက် နေသော ပိုင်ရှင်နှင့်လက်ရှိတွင် နေထိုင် နေသည့် ပိုင်ရှင် မတူညီခြင်း ဖြစ်သည်။ ယင်းကဲ့ သို့ ဖြစ်ပွားခြင်းမှာ မြေယာကို လက်ဆင့် ကမ်း ရောင်းချရာတွင် စည် ပင်သာယာသို့ အမည်ပေါက်လာရောက် ပြောင်း လဲခြင်းမရှိဘဲ အရပ်စာချုပ်များ ဖြင့်သာ ဝယ်ယူေ ရာင်းချခြင်းများေ ကြာင့် ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှသိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 11:07 PM PDT
၂၀၁၂ ဧပြီ မှစ၍ ၂၀၁၃ မတ်အထိ မြဝတီ ကုန်သွယ်ရေး စခန်း၏ သွင်းကုန် ပမာဏနှင့် မဲဆောက်ဘက်မှတင် ပို့သည့် ပို့ကုန်ပမာဏနှိုင်းယှဉ်ချက် မှာ အမေရိကန်ဒေါ်လာ ၁၀၈၁ ဒသမ၆၉သန်း ကွာခြားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ကွာခြားချက်များ မှာ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ခြင်းများကြောင့်ဖြစ်ပြီ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 11:04 PM PDT
အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေး များစွာ နိမ့်ကျလျက်ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့ ကဝေဖန်လိုက်သည်ဟု သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 10:57 PM PDT
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင် ထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်နေသော ဆက်သွယ်ရေး ဥပဒေကို သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြု လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
No comments:
Post a Comment