သစ်ထူးလွင် |
- ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ
- ချက်နိုင်ငံ တစ်ဝန်းတွင် လက်ယာ အစွန်းရောက်များက ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြ
- ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် လွှတ်တော်အမတ် ပြစ်တင်
- အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံး
- အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုး ဒီဇိုင်းပြောင်း ပုံနှိပ်မည်
- အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ
- ရေတပ်စခန်း သိမ်းယူထားသော ဒလရှိ လယ်ဧက ၅ဝဝမှ လယ်သမားများကို ၁၄၄ထုတ် မောင်းနှင် (ရုပ်/သံ)
- မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ထောင်ကျော်ရှိနေ
- မြန်မာနိုင်ငံတွင် ကလေး နှစ်သန်းခွဲခန့် အရပ် ပုနေ
- မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်
- အငြိမ်းစား ကျောင်းဆရာတစ်ဦး နေအိမ်တွင်း သေဆုံး ပုပ်ပွ
- ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်
- ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ချမှတ်
- တိုင်ကြားမှုများကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် ဆရာမများ အခက်ကြုံ
- ပြည်မြို့ မြောက်န၀င်းဆည် နယ်နိမိတ်အတွင်းရှိ နေအိမ် ၇၅ လုံး သြဂုတ်လ ၂၉ ရက်တွင် အပြီးသတ်ဖယ်ရှားရန် အကြောင်းကြား
- ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ္မတ ညွှန်ကြား
- မြစ်ကြီး သုံးစင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်မှု မိုး/ဇလ သတိပေး
- ပလိပ်မြွေဘုရားသို့ ရွာငံမြို့မှ စပါးအုံးမြွေ လာရောက်လှူဒါန်း
- ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်
- ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေးမြန်းချက်
- ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိုင်ခွင့်ရရန် အစိုးရ ဆောင်ရွက်မည်
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်လုပ်ခွင့် ရမည်
- လာရှိုးမြို့ နယ်မှာ ရေလွှဲမြောင်း မကောင်းလို့ရေနစ်မြုပ်မှု ဖြစ်ခဲ့
- တောင်ငူမြို့နယ်မှာ တောင်သူလယ်သမားပါတီ ရပ်/ကျေးရုံးဖွင့်လှစ်
- မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား
Posted: 26 Aug 2013 06:39 AM PDT
မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာသီရိ ရပ်ကွက် အောင်သပြေ (၄) လမ်းတွင် လမ်းမီး တိုင်မှ လျှပ်စစ်ဓာတ်ကြိုး ရေအိုင်ထဲ သို့ ပြုတ်ကျနေ သည်ကို ကိုင်မိ၍ သြဂုတ် လ ၂၃ ရက်နေ့တွင် ကလေးနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျာသီရိ ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဘဌေးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 05:53 AM PDT
ချက်နိုင်ငံ တစ်ဝန်းရှိ မြို့များ ရွာများတွင် လက်ယာ အစွန်းရောက် ရာပေါင်းများစွာတို့သည် ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အချို့သော ဒေသများတွင် ဆန္ဒပြသမားများက ရဲတပ်ဖွဲ့ဝင်များ ကို ကျောက်တုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ အသုံးပြု ဖြိုခွင်းခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 05:13 AM PDT
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီးမှုကြောင့် မွတ်စလင် ကလေးလူကြီး ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ရှေ့ရေးအတွက် အကူအညီ လိုအပ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ ဒုက္ခသည်တွေကို ထန်းကုန်းကျေးရွာက အာရဗီ ဘာသာရေး နှစ်ထပ်ကျောင်းဆောင်မှာ နေရာချထား ကျွေးမွေးနေပြီး အခြေအနေ တည်ငြိမ် အေးငြိမ်းနေတယ်လို့ သူက ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 05:00 AM PDT
ပဲခူးမြို့၊အမှတ်(၃)စခန်း အပိုင်၊ ဥသာမြို့သစ်(၅) ရပ်ကွက်တွင် အမျိုးသမီး(၁)ဦး ရေတွင်းထဲတွင်ခုန်ချသေဆုံး နေကြောင်း သတင်းအရ စခန်းမှူးရဲအုပ် ဇော်လင်းနှင့် အဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဥသာမြို့သစ်(၅)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာ၊ အမှတ်(၄၄)နေ ၊ဦး……….၏ဇနီးဖြစ်သူ မရွှေစင်ဌေး၊ အသက်(၂၆)နှစ်၊(ဘ)ဦးစိန်မြင့်၊ သေဆုံးသူမရွှေစင်ဌေးသည် စစ်မှုထမ်းဟောင်းအိမ်ရာရှိ မိသားစုဝင်များ အသုံးပြုသော အကျယ် (၃)ပေ၊အနက်(၁၅)ပေခန့်ရှိ ရေပြည့်နေသော ရေတွင်းထဲသို့(၂၆.၈.၂၀၁၃)နေ့ နေ့လည် (၁၂း၀၀)အချိန်ခန့်က ခုန်ချသည်ကို ကို……..မှတွေ့ရှိ၍ အော်ဟစ်အကူ အညီတောင်းခံရာ ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီး မရွှေစင်ဌေးအား ရေတွင်းထဲမှ ဆယ်ယူသော်လည်း ၄င်းမှာသေဆုံးနေပြီ ဖြစ်ကြောင်းသိရှိရသည်။ ထိုအမှုအား အမှတ်(၃)စခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃) အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။ Ko Thant Zin by Myanmar News Now | ||
Posted: 26 Aug 2013 03:52 AM PDT
စာရွက်အရည်အသွေးပိုင်း အားနည်းချက်ကြောင့် ကျောင်းသား၊ ကျောင်းသူ များ ကိုင်ဆောင်ရန် အခက်အခဲ ဖြစ်နေသော အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်း စာအုပ်များကို လာမည့်ပညာသင်နှစ်မှ စတင်ကာ ပုံစံပြောင်းလဲထုတ်ရန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 03:37 AM PDT
အနှိပ်ခန်းသို့ သွားရောက်ခဲ့သော ရဲနှစ်ဦးရိုက်နှက်ခံရသည့် အမှုတစ်ခု သြဂုတ် ၂၃ ရက်ညက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ဘုရင့်နောင်နယ်မြေ ရဲစခန်းက နောက်တစ်နေ့တွင် အမှုဖွင့်ပြီးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ကနဦးတွင် ထိုအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ၎င်းကို စားသောက်ဆိုင်တစ်ခုအနီးတွင် အမည်မသိ လူများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:57 AM PDT
ရန်ကုန်မြို့ ဒလမြို့နယ်အတွင်းက လယ်ဧက ၅ဝဝကျော်ကို သိမ်းယူထားတဲ့ (၇ပလ)တပ်ကဟာ သီးစားချထားတဲ့ လယ်သမားတွေကို သြဂုတ်လကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းနေတာကြောင့် လယ်သမားတွေ ဒုက္ခရောက်နေပြီလို့ သြဂုတ် ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:49 AM PDT
မောင် တောနယ်စပ်ဒေသအတွင်း ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ကျူး လွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ အဖမ်းမခံ ဘဲ ထွက်ပြေးတိမ်းရှောင်နေသူ မှာ ၁၀၀၀ ကျော်ရှိနေကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသူ များအား ဖမ်းဆီးရရှိနိုင်ရေးအ တွက် နယ်မြေခံလုံခြုံရေး တပ်များ က ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ် နေသော်လည်း တိမ်းရှောင်နေသူ များကို ဖမ်းဆီးရရှိမှုမှာ မရှိသ လောက် ဖြစ်နေကြောင်းသိရသည်။ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေသည့်သူများ အား လုံးကို ဖမ်းဆီးရရှိရေးမှာ မောင် တောနယ်စပ်ဒေသအတွက် လွန် စွာအရေးပါနေကြောင်း ကျေးရွာ များနှင့် မောင်တောမြို့ခံများက ပြောသည်။ လက်ရှိ မောင်တောနယ်စပ် တွင် ထွက်ပေါ်နေသည့် လုံခြုံရေး သတိပေးသတင်းများကြောင့် တိမ်းရှောင်နေသူများသည် အ ကြမ်းဖက်အုပ်စုများနှင့် ပူးပေါင်း ကာ မောင်တောနယ်စပ်ဒေသ ကို အချိန်မရွေးပြန်လည်ဒုက္ခပေး နိုင်ကြောင်း မောင်တောမြို့ခံတစ် ဦးက သုံးသပ်ပြောကြားသည်။ သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်ေ Yangon Media Group | ||
Posted: 26 Aug 2013 12:44 AM PDT
မြန်မာနိုင်ငံတွင် ကလေး နှစ်သန်း ခွဲခန့်သည် အရပ်ပု နေကြပြီး အနာဂတ်တွင် ယင်းကဲ့သို့ ပုသောသူများ များနေ ပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေ ကျဆင်း နိုင်ကြောင်း ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားလိုက်သည်။ အရပ်ပုခြင်းသည် အာဟာရ ချို့တဲ့ မှုကြောင့် သော်လည်းကောင်း၊ အစား အစာများ စားသုံး နေသော်လည်း အာဟာရ ရရှိရန် အထောက် အပံ့ မဖြစ်ခြင်းကြောင့် ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:38 AM PDT
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:34 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း အနီးရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အသက် ၇၄ နှစ်အရွယ် အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာ တစ်ဦး သေဆုံး ပုပ်ပွနေသည်ကို သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း ယင်းအမှု စစ်ဆေးသည့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:13 AM PDT
သာသနာ ရေးဝန်ကြီး၏ ပြောကြားချက် အရ ရွှေတိဂုံစေတီတော်တွင် လုံ ခြုံရေးအင်အား ၂၀၀ အထိတိုး မြှင့် ချထားလျက်ရှိကြောင်း သိ ရသည်။ ဩဂုတ် ၁၁ ရက်တွင် သာသ နာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဆန်းဆင့်မှ ရွှေတိဂုံ စေတီတော်နှင့်ပတ်သက်သည့် ကိစ္စအရပ်ရပ်အား ပြောကြားရာ တွင် လုံခြုံရေးအင်အားအပြည့် သုံးရန်ပြောကြားခဲ့သောကြောင့် လုံခြုံရေးအင်အားတိုးချဲ့ရခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်း ကြိုင်က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2013 12:04 AM PDT
ရန်ကုန်၊ သြဂုတ် ၂၆ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင်ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဥက္ကံနယ်မြေ ရဲစခန်း(ပ) ၁၁၄/၂၀၁၃၊ ပုဒ်မ ၄၃၆/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားရှိခဲ့သည့် အမှုမှတရားခံ များဖြစ်သော စိန်ဟန်(ဘ)ဦးဖိုးဟန်၊ဥက္ကံမြို တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ၂၃.၈.၂၀၁၃ ရက်နေ့တွင် တိုက်ကြီးမြို့နယ်တရားရုံးမှ တရားခံ စိန်ဟန်အား ပုဒ်မ ၄၄၀/၃၄ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ တရားခံ ၀င်းသန်းအား ပုဒ်မ ၄၃၆/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်၊ တရားခံ ကြည်ခိုင်စိုးအား ပုဒ်မ ၄၄၀/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်နှင့် ပုဒ်မ ၄၃၆/၃၄ အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Yangon Police | ||
Posted: 25 Aug 2013 11:57 PM PDT
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများကို ကျောင်းသား ကျောင်းသူများ၏ မိဘများက တိုင်ကြားမှု များကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် အခက် ကြုံလျက် ရှိကြောင်း အဆိုပါကျောင်းမှ ကျောင်းဆရာမ အချို့က ပြောကြားသည်။ ကျောင်းသား မိဘများက ဆရာမများ၏ ဆိုဆုံးမမှုများကို ဝေဖန် စိစစ်ခြင်း မရှိဘဲ ၎င်းတို့ကလေးများ၏ ပြောကြားချက်ဖြင့်သာ ကျောင်းအုပ်ကြီး၊ မြို့နယ် ပညာရေးမှူးရုံးသို့ မကြာခဏ တိုင်ကြားမှုများကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 11:03 PM PDT
ပဲခူးတိုင်းပြည်မြို့နယ် မြောက်န၀င်း ဆည်အနီးရှိ ရေလှောင်တမံ၊ ရေလွှဲဆည်၊ တူးမြောင်းနှင့် လမ်းနယ်နိ မိတ်နယ်များ အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ လူနေအိမ်၊ တဲနှင့် စိုက်ခင်းများကို သြဂုတ်လ ၂၉ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် မြို့နယ်ဆည်မြောင်း ဦးစီးဌာနက သုံးကြိမ် မြောက်အဖြစ် သတိပေးစာ ထုတ်ပြန် ထားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2013 10:48 PM PDT
ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွင် အဓိက အတားအဆီး တစ်ခုဟု ပညာရှင်များ ဝေဖန်ထားသည့် ချဲထီနှင့် လောင်းကစား လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း နှိမ်နင်းရန် နိုင်ငံတော် သမ္မတက ညွှန်ကြားထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 10:38 PM PDT
မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေခြင်းကြောင့် စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ငဝန်မြစ်ရေ တို့သည် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနေကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေး ကြေညာချက် ထုတ်ပြန်သည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့က စတင်၍ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေရာ သြဂုတ်လ ၂၅ ရက်နေ့ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 10:29 PM PDT
မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ ရတနာလာဘမုနိ ဆု တောင်းပြည့်မြွေဘုရားသို့ ရှမ်း ပြည်နယ် ရွာငံမြို့ လီဝမ်းစား သောက်ဆိုင်နှင့် ရွှေကမ္ဘာငွေ ကမ္ဘာသတ္တုတူးဖော်ရေး ကုမ္ပဏီ ဒါရိုက်တာ မောင်စိုင်းလူထွေး၊ မစန်းစန်းရီတို့က ပလိပ်မြို့ဘုရား အတွင်းထားရှိရန် စပါးအုံးမြွေ ကြီး တစ်ကောင်ကို ဩဂုတ် ၂၄ ရက်က လာရောက်လှူဒါန်းသွား ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးရဲ ညွန့်က ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2013 10:24 PM PDT
ကန့်ဘလူ မြို့နှင့်အနီးတစ်ဝိုက်တွင် ဩဂုတ် ၂၄ရက်က အကြမ်းဖက်မီးရှို့ဖျက် ဆီးမှုများကြောင့် လူစုလူဝေးခြင်း ကို တားဖြစ်သည့် ပုဒ်မ၁၈၈ကို ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြို့နယ်မှ နေအိမ်၃၉ လုံး၊ ဈေးဆိုင်ခန်းသုံးခန်း၊ ကြက်ခြံ တစ်ခြံမီးလောင်ကျွမ်းပြီး နေအိမ် သုံးလုံး၊ ဈေးဆိုင်၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2013 10:11 PM PDT
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ၄ နှစ်ပြည့်ပြီး ဖြစ်တဲ့ မြန်မာ အလုပ်သမားတွေ တရားဝင်ဆက်လက်လုပ်ကိုင်ခွင့် ရရှိဖို့ အရှိန်အဟုန်မပျက် ဆက်လုပ်ဆောင် နေတယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၅ ရက်ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်ကို သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 10:04 PM PDT
မြေယာ ပိုင်ဆိုင်မှု မရှိသည့် ကျေးလက်နေ ပြည်သူများ အဆင်ပြေစေရန် အတွက် ၂၀၁၅ မတိုင်မီ မြေယာ ပိုင်ဆိုင်နိုင်ခွင့် ရရှိစေရန် လုပ်ဆောင်ပေး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး အချို့နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 10:02 PM PDT
နေထိုင်ခွင့် ဗီဇာ သက်တမ်းနှစ် ကုန်ဆုံး၍ ပြည်တော်ပြန်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည့် မြန်မာ လုပ်သားများ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ဗီဇာ သက်တမ်းကုန် လုပ်သားများ အလုပ် ဆက်လုပ်ခွင့် ရရှိရန်နှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများအပြင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2013 09:54 PM PDT
၂၅-၈-၂၀၁၃ ရက်နေ့ည (၂၂း၃၀)ချိန်ခန့်မှ စပြီး တစ်နေကုန် ရွာသွန်းခဲ့သော မိုးကြောင့် လားရှိုး-မန္တလေး ကားလမ်းနှင့် ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နားမခေါ်ရွာလယ် ကြားနှင့် ဦးအိုက်တူး ဆီဆိုင် နောက်တို့တွင် ရေနစ်မြုပ်မှု ဖြစ်ခဲ့သဖြင့် အိမ်ခြေ (၃၀)ခန့် အား နယ်မြေ မှူး၊(၁၀)အိမ်စုမှူးနှင့်ပြည်သူ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2013 09:38 PM PDT
၂၄၊၈၊၂၀၁၃.ရက်နေ့နံနက်(၉း၀၀)နာ
"ဦးစိန်ဝင်းအိမ်ခြံထဲမှာ ဖွင့်တာပါခင်ဗျ၊ တောင်ငူမြို့နယ်ရဲ့ ပထမဦးဆုံး ရပ်ကျေးရုံးပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဦးမောင်မောင်၊ တောင်ငူမြို့နယ်ဥက္ကဌကျွန်တော်.. ကိုဆွေ (တောင်ငူ) by Myanmar News Now | ||
Posted: 25 Aug 2013 09:05 PM PDT
၈လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား တက်သည့် အလယ်တန်းပြ ဆရာမတစ်ဦး အပေါ် ပညာရေး ၀န်ကြီးဌာန၊ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၏ အရေးယူ ဆောင်ရွက်မှု အပေါ် ယခုတလော သတင်းများစွာ ထွက်ပေါ်နေသဖြင့် အဆိုပါ ကိစ္စသည် သက်ဆိုက်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ခြင်း ဟုတ်မဟုတ်သိနိုင်ရန် လေ့လာတင်ပြ အပ်ပါသည်။
တည်ဆဲဥပဒေ ၀န်ထမ်းဆိုင်ရာ လက်ရှိ တည်ဆဲဥပေဒကို လေ့လာ ကြည့်သောအခါ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ် ပြဋ္ဌာန်းအတည်ပြုခဲ့သော နိုင်ငံ့ဝန်ထမ်းဥပဒေကို တွေ့ရှိရပါသည်။ အဆိုပါဥပဒေသည် အခန်းပေါင်း ၁၄ ခန်းနှင့် ပုဒ်မပေါင်း ၇၆ ခု ပါဝင်ပါသည်။ အဆိုပါဥပဒေ အခန်း(၄) တာဝန်နှင့်အခွင့်အရေးများအခန်း တာဝန်များ ၁၀။ ဝန်ထမ်းသည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည် - (က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ ( ဂ ) နိုင်ငံတော်နှင့်နိုင်ငံသားတို (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင် ( င ) မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ ( စ ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း၊ (ဆ) ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ ( ဇ ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသောသင်တန်းများကို တက်ရောက်ခြင်း၊ ( ဈ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတိ (ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ( ဋ ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ( ဌ ) ပြည်သူကို ရိုသေလေးစားခြင်း။ အဆိုပါဥပဒေ အခန်း(၁၀)တွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပုဒ်မ ၃၇ မှ ပုဒ်မ ၅၂ အထိ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရမည်ဖြစ်သည် ဝန်ထမ်းကျင့်ဝတ်နှင့်လုပ်ငန်းခွ ၃၇။ ဝန်ထမ်းသည် ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့် အပြင် ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းအမျိုးအစားအလိုက် သီးခြားသတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများကိုလည် ဌာနဆိုင်ရာအရေးယူခြင်း ၃၈။ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူ နိုင်သည်။ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုသည် ပြစ်မှုမြောက်နိုင်သည့်ကိစ္စဖြစ် ၃၉။ ဝန်ထမ်းသည် တရားရုံး၏ပြစ်မှုထင်ရှားစီရင်ြ ၄၀။ ဝန်ထမ်းအား တရားစွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ တရားရုံးက စွဲချက်မတင်မီ လွှတ်ခြင်း သို့မဟုတ် အပြီးပြတ် လွှတ်ခြင်း အမိန့်တစ်စုံတစ်ရာချမှတ်စေကာမူ ယင်းတရားစွဲဆိုသောအမှုသည် ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြားခြင်းနှ ၄၁။ ဝန်ထမ်း၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းမြ တာဝန်မှယာယီရပ်ဆိုင်းခြင်း ၄၂။ ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူရာတွင် ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်းတို့ ဆောင်ရွက်နေစဉ် ယင်းဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားနိုင် ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း ၄၃။ ဝန်ထမ်းအား လိုအပ်ချက်အရ ရှေးဦးစုံစမ်းမှုပြုလုပ်ရာတွင် - (က) ရှေးဦးစုံစမ်းမှုခံရသည့် ဝန်ထမ်း၏အဆင့်ကို မူတည်၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းသည့်အမိန့်ကို ထုတ်ပြန်ပြီး ယင်းအမိန့်တွင် ရှေးဦးစုံစမ်းရေးအဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကာလတို့ကို သတ်မှတ်ရမည်။ ( ခ ) ရှေးဦးစုံစမ်းရေးအဖွဲ့သည် ရှေးဦးစုံစမ်းမှုအမှုတွဲဖွင့်လှစ် ( ဂ ) ရှေးဦးစုံစမ်းရေးအဖွဲ့သည် စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များပါရှိသည့် အစီရင်ခံစာကို ယင်းအဖွဲ့အား ဖွဲ့စည်းပေးသော သက်ဆိုင်ရာအကြီးအမှူးထံ တင်ပြရမည်။ ၄၄။ စုံစမ်းခြင်းခံရသည့်ဝန်ထမ်းကို ရှင်းလင်းချေပခွင့်ပေး၍ ယင်း၏ရှေ့၌ သက်သေများကို စစ်ဆေးရမည့်အပြင် ပြန်လှန်မေးခွန်းများကိုလည်း မေးမြန်းခွင့်ပြုရမည်။ ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ခြင်း ၄၅။ ရှေးဦးစုံစမ်းမှုတွေ့ရှိချက်များ ၄၆။ ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရာတွ ၄၇။ ဝန်ထမ်းက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌကိုလည်းကောင်း၊ အဖွဲ့ဝင်တစ်ဦးဦးကိုလည်းကောင်း ကန့်ကွက်နိုင်သည်။ ၄၈။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် - (က) ဌာနဆိုင်ရာစစ်ဆေးမှု အမှုတွဲဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစာ ( ခ ) ဌာနဆိုင်ရာစစ်ဆေးခြင်းခံရသည့် ဝန်ထမ်းကို ရှေးဦးစွာစွဲချက်တင်၍ စွဲချက်လွှာကို ဝန်ထမ်းထံပေးပို့ပြီး အချိန်လုံလောက်စွာပေး၍ ချေပလွှာတင်ပြခွင့်ပေးရမည်။ ( ဂ ) ဝန်ထမ်း၏ ချေပလွှာကို လက်ခံရရှိသည့်အခါ သက်သေများကို စစ်ဆေး၍ သက်သေထွက်ဆိုချက် များအား စနစ်တကျမှတ်တမ်းတင်ရမည်။ ဌာနဆိုင်ရာစစ်ဆေးခြင်းခံရသည့် ဝန်ထမ်းကိုယ်တိုင်လာရောက်၍ ထုချေဖြေရှင်းထွက်ဆိုလိုပါက ခွင့်ပြုရမည်။ ယင်းသို့ ဝန်ထမ်းကိုယ်တိုင်လာရောက်၍ ထုချေဖြေရှင်းသည့် အခါ ဝန်ထမ်းက တောင်းဆိုလျှင် ယင်းကို ကူညီရန် ရှေ့နေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ခွင့်ပြုနိုင်သည်။ (ဃ) စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ တင်ပြရမည်။ ( င ) ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် အမှုအကြောင်းအရာအကျဉ်းချုပ်၊ စွဲချက်၊ စစ်ဆေး တွေ့ရှိချက်၊ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်တို့ကို ဖော်ပြရမည်။ ၄၉။ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း ၅၀။ ပုဒ်မ ၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည် |
[Message clipped] View entire message
No comments:
Post a Comment