သစ်ထူးလွင် |
|
- ရှစ်လေးလုံးနေ့ မြို့ထဲကို လမ်းလျှောက်ပြီး ပန်းခွေချသူ ၂ဦးကို ပုဒ်မ ၁၈ဖြင့် တရားစွဲပြန် (ရုပ်/သံ)
- ပန်းတနော်တွင် မွတ်စလင် အိမ်တအိမ် ဖျက်ပေးလိုက်ရ
- အခြေခံပညာကျောင်းများ အင်္ဂလိပ်စာအဆင့်မြှင့်သင်ရိုး လာမည့်နှစ်စမည်
- လားရှိုးနှင့် ကွတ်ခိုင်တွင် ရေကြီး၊ နေအိမ်များ နစ်မြှုပ်
- ပုဒ်မ ၁၈ ရုပ်သိမ်းပေးရေး ရန်ကုန်တွင် ဆန္ဒပြ
- ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရာတစ်လုံး တိုးရောင်းမည်
- ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်
- လုပ်သား ၂၀ဝကျော် ဟုတ်ရှင်းအအေးခန်း စက်ရုံကို ဆန္ဒထုတ်ဖော်
- ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး
- မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ
- ဈေးကွက်အတွင်းရှိ ရေကျိုငါးပိများ စားသုံးသူ ကာကွယ်ရေးအသင်း ဓာတ်ခွဲ စစ်ဆေးမည်
- နည်းပညာတက္ကသိုလ်တိုင်း စာသင်နှစ်တစ်နှစ်စီ တိုးမြှင့်မည်
- အနှိပ်ခန်းနှင့် ပြည်တန်ဆာခန်းများ ပေါများလာကြောင့် ဒေသခံများ နစ်နာမှုများနှင့် ကြုံတွေ့နေရ
- ယာဉ်ရပ်နားခ ပိုမို ကောက်ခံ၍ ခံဝန်လက်မှတ် ရေးထိုးရ
- ဥက္ကံ ပဋိပက္ခ အမိန့်ချမှတ်မှု လျှို့ဝှက်ရန် ညွှန်ကြားဟု တရားသူကြီးဆို
- နှစ်စဉ် ဘဏ်ချေးငွေ ရရှိခဲ့သော်လည်း ယခုနှစ် ထုတ်မရ
- မီတာအလုံးရေ သောင်းကျော်ကို ၀န်ထမ်းနှစ်ဦးနဲ့ ငွေလက်ခံမှုကြောင့် မီတာလာဆောင်သူတွေ ဒုက္ခဖြစ်နေ
- နေ့ ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူတော့မည်
- အရိုက်ခံချင်လွန်းသော ကိုကိုချစ်၊ မမချစ်များ
- မိုးထိ မိုးမိ အသေးစား ရွှေလုပ်ငန်းများ လုပ်ကိုင်ခွင့် ဆက်လက် ရရှိရန် တောင်းဆိုမည်
- မြန်မာ့ကမ်းလွန်တွင် မိုးသက်လေပြင်း ကျမည်
- ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့် ဒလတွင် ကောလာဟလများ ပျံ့နှံ့ဟုဆို
-
ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာရောရောင်းသူ
များကို အရေးယူမည် - ပန်းတနော်တွင် ပဋိပက္ခဖြစ် အချိန်မီတားဆီးနိုင်
- အာဆီယံ နိုင်ငံများနှင့် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ် ရေးထိုးမည်
Posted: 27 Aug 2013 07:18 AM PDT
ရှစ်လေးလုံး
ငွေရတုနှစ်ပတ်လည်နေ့က မြို့တော်ခမ်းမရှေ့ကို လမ်းလျှောက်ပြီး
ပန်းခွေချခဲ့သူ တစ်ရာကျော်ကို ဦးဆောင်ခဲ့သူ ၂ယောက်ကို ကျောက်တံတားရဲစခန်းက
ပုဒ်မ ၁၈နဲ့ သြဂုတ် ၂၇ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:47 AM PDT
ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ သီချင်းဖွင့်ရာကနေ စကားများပြီး မွတ်စလင်အိမ်တအိမ်ကို မွတ်စလင် ဘာသာရေးခေါင်းဆောင်ပိုင်းက ကိုယ့်ဘာသာကိုယ် ဖျက်ပေးလိုက်တယ်လို့ မြို့ခံတွေ ပြောပါတယ်။ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ပန်းတနော်မြို့ ကွက်သစ်ရပ် ရေလဲလမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် ဦးကာစင်ရဲ့ နေအိမ်မှာ ကုလားသီချင်းဖွင့်သလို အနားက ဗုဒ္ဓဘာသာအလှူက ဗမာသီချင်း အပြိုင်ဖွင့်ကြရာက အချင်းများကြတာလို့ မြို့ခံတွေက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:32 AM PDT
အခြေခံ ပညာအဆင့် အင်္ဂလိပ်စာအဆင့် မြှင့်သင်ရိုးအားလာမည့် ပညာသင် နှစ်တွင် စတင်သင်ကြားနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့သင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီတို့ ပူးပေါင်းကာသင်ရိုး ရေးဆွဲနေပြီဖြစ်ပြီး လာမည့်ပညာ သင်နှစ်တွင် သင်ကြားနိုင်ရန်အ ကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:24 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး နဲ့ ကွတ်ခိုင်မြို့တွေမှာ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် တောင်ကျချောင်းရေတွေ လျှံတက်ပြီး လူနေအိမ်ခြေနဲ့ သီးနှံစိုက်ခင်းတွေ ရေ၀င်ရောက်ခဲ့ပါတယ်။ လားရှိုးမြို့က နမ့်ခိုက်ချောင်းရေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ညကတည်းက လူနေအိမ်ခြေ ရပ်ကွက်တွေထဲ ၀င်ရောက်ခဲ့ပြီး ဒီနေ့အထိ ရေပြန်မကျသေးဘူးလို့ ရပ်ကွက် ၁ မှာ နေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:21 AM PDT
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အရေးယူရာမှာ အသုံးပြုတဲ့ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့မှာ ဒီကနေ့ လူငယ်တွေ ခေါင်းဆောင်ပြီး ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှု ပုဒ်မ ၁၈ နဲ့ အရေးယူခံရသူတွေ များပြားလာတဲ့အတွက် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ကန့်ကွက်ကြတာလို့ ဆန္ဒပြသမားတွေက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:18 AM PDT
ထီစောင်ရေ များလာစေရန်အတွက် လာမည့် စက်တင်ဘာလ၌ စတင်ရောင်းချမည့် ၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာတစ်လုံးတိုး၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အောင်ဘာလေသိန်းဆုဌာနမှ သိရသည်။ ယင်းသို့ အက္ခရာတစ်လုံးတိုး၍ ရောင်းချပေးခြင်းမှာ ထီထိုးသူ များလာ၍ဖြစ်ပြီး တိုးလိုက်ပါက အက္ခရာ ၃၆ လုံးအထိ ဖြစ်သွားမည်ဖြစ်ကာ သြဂုတ်လအထိ ၃၅ လုံးသာ ရောင်းချပေးသည်ဟု အောင်ဘာလေ သိန်းဆုဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က သြဂုတ် ၂၆ ရက်တွင် ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:13 AM PDT
ကျောင်းထိုင် ဆရာတော်တစ်ပါး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သည့် အမှုအခင်းတစ်ခု သြဂုတ် ၂၅ ရက်က ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ယင်းအမှုသည် ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ “သဲချောင်း” ဘုန်းတော်ကြီးကျောင်း တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၅ ရက် နံနက် ၇ နာရီတွင် ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:07 AM PDT
ဒဂုံဆိပ် ကမ်းစက်မှုမြို့ရှိ ဟုတ်ရှင်းအအေး ခန်းစက်ရုံအား ယင်းစက်ရုံမှလုပ် သားများအပါအဝင် အဆိုပါစက် မှုဇုန်ရှိ စက်ရုံလေးခုမှ အလုပ် သမားသမဂ္ဂစုစုပေါင်း အင်အား ၂၀ဝကျော်ခန့်ဖြင့် ဆန္ဒထုတ်ဖော် ကြောင်း သိရသည်။ အဆိုပါလမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပွဲကို ဩဂုတ်၂၅ရက်က ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် ယင်း စက်မှုဇုန်ရှိ ရန်ကင်းအထည်ချုပ် စက်ရုံ၊ နီလာစတားစက္ကူစက်ရုံ၊ အမ်သုံးလုံး(အာရှနဂါး)စက်ရုံနှ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 06:04 AM PDT
ရေလွှမ်း မိုးမှုဖြစ်ပွားသည့် ငါးရက်မြောက် နေ့အထိ ရွှေပြည်သာမြို့နယ်ရှိ ရေဘေးဒုက္ခ ကြုံနေရသည့် ရပ် ကွက်များတွင် ရေပြန်လည်ကျ ဆင်းခြင်း မရှိသေးကြောင်း ယ နေ့ နံနက်တွင် ကယ်ဆယ်ရေးစ ခန်း ရောက်ရှိနေသူများ၏ ပြော ကြားမှုများအရ သိရသည်။ ဩဂုတ် ၂၂ ရက်က စတင် ခဲ့သည့် မိုးရွာသွန်းမှုနှင့် ဝါးတစ် ရာချောင်းရေ တိုးလာမှုကြောင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စုရှိ ရပ်ကွက်ရှစ်ခု တွင် ရေလွှမ်းခဲ့ပြီး အဆိုးဆုံးရပ် ကွက်များတွင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 05:56 AM PDT
ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။ ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄ ( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 05:49 AM PDT
မြန်မာလူမျိုးများ နေ့စဉ်နှစ်ခြိုက်စွာ စားသုံးနေသော ရေကျိုငါးပိများတွင် ယူရီးယား ဓာတ်မြေသြဇာ ထည့်သွင်းထားကြောင်း သိရှိရသည့် အတွက် ဈေးကွက်အတွင်းရှိ ငါးပိများကို စားသုံးသူ ကာကွယ်ရေးအသင်းက ယခုသီတင်းပတ်အတွင်း ပြည်တွင်းရှိ ဓာတ်ခွဲခန်းများတွင် စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 05:46 AM PDT
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နည်းပညာ တက္ကသိုလ်တိုင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်တစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး စုစုပေါင်း စာသင်နှစ်ခြောက်နှစ် ရှိသွားကြောင်း ယင်းတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယင်းသို့ စာသင်နှစ် တိုးမြှင့်ခြင်းနှင့်အတူ အေဂျီတီအိုင် ဒီပလိုမာစနစ်ကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 12:40 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ၊ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု၊ နမ့်တော ရွာ နှင့် သက္ကယ်တောင် ကျေးရွာ သို့ သွားသောလမ်း စွယ်အင်္ဂလိပ် နှင့် ဟွေဖလာရွှေမှော်တို့တွင် KTV, အနှိပ်ခန်း, ပြည့်တန်ဆာ များ အလွန်ပင် ပေါများနေကြောင်း ဒေသခံတဦးက ပြောပါတယ်။ မိုင်းကိုင်းရဲစခန်းမှူး ဦးစိုးသင်း ပိုင် KTV 3 Power ဆိုင်တွင် အမျိုးသမီး(၂၅)ယောက်ခန့် နှင့် အခန်း (၅) ခန်းရှိ ပြီး ဟွေတစောရပ်ကွက်တွင် အခြားသူများ ပိုင်သော ပြည့်တန်ဆာလုပ်ငန်း ရုံ (၅) ဆိုင် ရှိတယ်လို့ ဆိုပါတယ်။ အခုလို ပြည်တန်ဆာ လုပ်ငန်းများ ပေါများနေတာကြောင့် နိုင်ငံတော်အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များ ခေါင်းဆောင်ကောင်းများ မပေါ်ထွန်းလာနိုင်ခြင်း။ အိမ်ထောင်ရှိ အမျိုးသမီး များအတွက် ရင်မောဖွယ်ရာ ဖြစ်လာခြင်း၊ ကျေးရွာရှိ ရပ်မိရပ်ဖ များအား အခြားသော ကျေးရွာမြို့နယ်များမှ အထင်မြင်သေးလာခြင်းနှင့် မကောင်းသော အကျိုးဆက်များ ပေါ်ပေါက်လာသောကြောင့် နယ်ခံ ရွာခံများ နစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦး Myanmar News Now ကိုပြောပါတယ်။ by Myanmar News Now
|
||
Posted: 27 Aug 2013 12:29 AM PDT
မန္တလေးမြို့တော်တွင် ယာဉ်ရပ်နား ကန့်သတ်နယ်မြေ ၆ နေရာ သတ်မှတ် ထားရာတွင် သတ်မှတ် နှုန်းထားထက် ပိုမို ကောက်ခံခဲ့သည့် နေရာ ၄ နေရာမှ လေလံ လုပ်သားများအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက ခေါ်ယူ၍ ပထမအကြိမ် ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 12:18 AM PDT
တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပါဝင်သူ သုံးဦးကို တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ငါးနှစ်မှ ထောင်ဒဏ် ခုနစ်နှစ် အထိ အသီးသီး အမိန့် ချမှတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ အထက်က လျှို့ဝှက်ဟု ညွှန်ကြားထားသောကြောင့် မီဒီယာများ၏ မေးမြန်းမှုကို ပြောပိုင်ခွင့် မရှိကြောင်း မြို့နယ် တရားသူကြီး ဦးထွန်းကြည်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Aug 2013 12:07 AM PDT
နေပြည်တော်၊
ဒက္ခိဏသီရိမြို့နယ်၊ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုး
ကျေးရွာများမှ တောင်သူ များ လုပ်ကိုင် နေကြသော ကိုင်းပလွေး ကွင်း
အမှတ်(၁)(၂) အစရှိသည့် ကွင်းများတွင် လယ်ယာ လုပ်ငန်း လုပ်ကိုင် နေကြသော
တောင်သူများမှာ နှစ်စဉ် ဘဏ်ချေးငွေ ရရှိသော်လည်း ယခုနှစ်တွင်မှ သစ်တော
မြေတွင် ကျူးကျော် လုပ်ကိုင်ထားကြခြင်း ဖြစ်သည်ဟု ဆိုကာ ဘဏ်ချေးငွေ
ထုတ်ပေးခြင်း မရှိကြောင်း သိသည်။
၂၇.၈.၂၀၁၃ ရက်နေ့တွင် လယ်သမားများကို ဘဏ်ချေးငွေ ထုတ်ပေးမည်ဖြစ်ရာ ယခင်နှစ်များ အတိုင်း ထုတ်ယူရရှိလိမ့်မည်ဟု ထင်၍ မကျည်းကုန်းကျေးရွာ လူကြီးထံ ဘဏ်ချေးငွေ ထုတ်လို့ ရ/မရ သွားမေးသော တောင်သူတစ်ဦးအား မကျည်းကုန်းကျေးရွာလူကြီးမှ “အဲဒါတွေက သစ်တောမြေတွေမှာ ကျူးကျော်ထားတာမို့လို့ ထုတ်မပေးတာ” လို့ ပြောဆိုလိုက်ကြောင်း ပြန်လည်ကြားသိရသည်။ တောင်သူမှ နှစ်စဉ် ဒိုင်စပါးလည်း ချခဲ့ကြောင်း ၊ ဘဏ်ချေးငွေ တစ်နှစ်မယူရင် နောက်နှစ်တွေ ထုတ်လို့မရဘူးဆိုလို့ နှစ်စဉ် ယူခဲ့ရရှိခဲ့ပြီး ယခုနှစ်တွင်မှ မပေးဘူးဖြစ်နေတယ် ဟု ပြောပြသည်။ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း နောက်ဆယ်နှစ်နဲ့တောင် အဲဒီ မြေတွေကို ပိုင်ဆိုင်ခွင့် ချမပေးဘူးဟု ကျေးရွာလူကြီးမှ ပြန်လည်ပြောဆို လိုက်ကြောင်း သိရသည်။ ကိုင်းပလွေး ကွင်း (၁)(၂)အတွင်း မြေယာသိမ်းဆည်းမှု အချို့ရှိခဲ့ပြီး တောအုပ်၊ တောခေါင်းများက စိမ်းလန်းစိုပြည်ရေးဟု ပြောဆိုကာ လုပ်ငန်းရှင်များကို ပြန်လည်ရောင်းချ ထားသည်များလည်း ရှိသည်။ ထိုသို့ အရှုပ်အထွေးများ ဖြစ်ပေါ်လာခဲ့ပြီး တောင်သူများ ဘဏ်ချေးငွေပင် ထုတ်ယူခွင့် မရှိသော အခြေအနေသို့ ဖြစ်လာကြောင်း သိရသည်။ ထွန်းထက် by Myanmar News Now |
||
Posted: 26 Aug 2013 11:55 PM PDT
မြ၀တီ သြဂုတ်၂၇ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ (၂၄)နာရီမီးလင်းရေး အပိုင်း(၁)ရုံးတွင် မီတာအလုံးရေ သောင်းကျော်ရှိသော်လည်း မီတာခ လက်ခံဝန်ထမ်းမှာ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးသာထားရှိ လက်ခံပေးခြင်းကြောင့် ယခုကဲ့သို့ မီတာလာရောက် ဆောင်သူ လုပ်သားပြည်သူများမှာ နံနက်(၀၉း၀၀)နာရီ ကတည်းက အိမ်အလုပ်များ ပစ်ထားခဲ့ရပြီး လာရောက်တန်းစီ စောင့်ဆိုင်းနေရသည်မှာ ကလေးလည်း ကျောင်းမကြိုနိုင် ထမင်းဟင်းလည်း မချက်နိုင်ဖြင့် နေ့လည်(၁၂း၀၀)နာရီထိုးသည်အထိ မိမိအလှည့်လည်းမကျသေးသည်ကို စိတ်ပျက်ဖွယ်ပုံပါ အတိုင်းတွေ့မြင်ရပါသည်။ မီတာစာရွက်လာရောက်ပေးသော နေ့မှာလည်း ၂၆.၈.၂၀၁၃ရက်နေ့မှသာ လာရောက်ပေးပြီး၂၈.၈.၂၀၁၃ရက်ေ ကျနော်လေ့လာကြည့် ရသလောက်ဆိုလျှင် မော်လမြိုင်မြို့တွင် အများပြည်သူ အဆင်ပြေစေရန်အတွက် ကားဖြင့် လာရောက်ကောက်ခံခြင်း သတ်မှတ်နေရာ များတွင်ကားရပ်နားပြီး မိုက်ခရိုဖုန်းဖြင့် ကြေငြာခြင်းတို့ဖြင့် ၀န်ဆောင်မှုပေးသည်ကိုတွေ့ရပြီး မြ၀တီမြို့တွင်တော့ ထိုင်းမှဝယ်ယူထားသော ပုဂိုလ်လိကမီးလင်းရေးဖြစ်သော် မြတ်ကို(ဒေါနမြေ) by Myanmar News Now |
||
Posted: 26 Aug 2013 11:24 PM PDT
နေ့အချိန် ဖွင့်သည့်ကလပ်များ (Day Club) ကို အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ တာဝန်ရှိသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူက '' Day Club တွေရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြ တယ်ဆိုပြီး တိုင်တာ တောတာ တွေရှိလာတယ်။ ဒါကြောင့် Day Club တွေကို အရေးယူဖို့လုပ်နေ တယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Aug 2013 11:18 PM PDT
သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွား “ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန် ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊ အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။ ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦးမှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကို ဆက်၍ သီကုံးရပေဦးမပေါ့။ ပြည်သူအားလုံး လွမ်းမဆုံးရှိနေကြမယ်ဆိုတာလည်း ကျုပ်ယုံတယ်။ ကျုပ်မောင်ဘစီအဖို့ ကြေကွဲစွာ နောက်ဆုံးလိုက်ပါပို့ဆောင်ခဲ့တာ နေပြည်တော်အမြန်လမ်းကို သက်စွန့်ဆံဖျားဖြတ်သန်းခဲ့ပြီး သကာလပျဉ်းမနားက ဗိုလ်ချုပ်ကြီးများရဲ့ အိမ်နားကဖြတ်ပြီး ရှမ်းတောင်တန်းကို တက်ခဲ့တာပေါ့ဗျာ။ ဆရာကြီးဟာ သူနေချင်တဲ့၊ ပျော်ချင်တဲ့ မဲဇာကျေးလက်မှာပဲ ခေါင်းချသွားတာကိုး။ မြို့ကြီးပြကြီးက ဆရာကြီးကို ချစ်လှပါ တယ်ဆိုသူတွေလည်း ခရီးလမ်းပန်းအခက်အခဲကြောင့် မဲဇာအောင်ပန်းဆီ အရောက်မလှမ်းနိုင်ကြဘူးထင်တယ် အောင်ပန်းက ဆရာကြီးနေ အိမ်ရှေ့ကိုရောက်တော့ ခေါင်းပေါင်းတွေနဲ့၊ ပလိုင်းကလေးတွေ ပခုံးမှာသိုင်းထားတဲ့ ဒေသခံတိုင်းရင်းသားတွေသာ စုရုံးနေတာပေါ့။ရိုးရိုးသားသား ဒေသခံတွေကသာ အနေရခက်နေတာမောင်။ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို တစ်ခေါက်တစ်ခါအရောက်လာကြတဲ့ မြို့ပြကနိုင်ငံရေး တက်ကြလှုပ်ရှားသူအချို့ (သူတို့ထဲမှာ ဆရာကြီး အသက်ထင်ရှားရှိစဉ်တုန်းက တစ်ခေါက်တစ်ကျင်းတောင်မှ အရောက်အပေါက်မရှိသူတွေ၊ ဆရာရေးတဲ့စာတွေ မဖတ်ဖူးတဲ့သူတွေ၊ နာမည်ကိုတောင်မှ မှန်အောင်မရေးတတ်တဲ့သူတွေပါသဗျ) အသုဘလား၊ မင်္ဂလာဆောင်လား၊ နိုင်ငံရေးအခမ်းအနားလား ဝေခွဲမရ အမှတ်မှားနေကြပုံရပါရဲ့။ ပြုံးလိုက်ကြ၊ ရယ်လိုက်ကြနဲ့ပါဗျာတို့ရဲ့။ တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လို့ပါခင် သို့ကလို အဝေမတည့်ဖြစ်နေတုန်းမှာ ရန်ကုန်ကအချိန်မီ ရောက်တော်မူလာတဲ့ အဖွဲ့အစည်းဆိုလား၊ ကွန်ရက်ဆိုလား အသင်းအပင်းများ ကလည်း မသိသားဆိုးရွားစွာ သူတို့လည်း အလောင်းကို ထမ်းပါရစေလို့ ဆိုလာပြန်ရော။ အိမ်အပေါ်ထပ်က ပြင်ဆင်ထားတဲ့ခုတင်ပေါ်မှာ ထာဝရအိပ်စက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုကြီးကတော့ သူ့ဈာပနကို အကြောင်းပြုပြီး အိမ်အပြင်မှာ မငြိမ်းမချမ်းဖြစ်နေတာကို သိမှာမဟုတ်ဘူးပေါ့ဗျာ။ သြော် ဆရာကြီးရေ.. ဆရာကြီး ကို ချစ်ပါတယ်ဆိုသူများ ဖြစ်ပျက်နေပုံကိုထပြီး ကြည့်ပါဦး၊ မြင်ပါဦး၊ ဆိုဆုံးမပါဦးလို့ ကျုပ်မှာ အော်ချင်စိတ်တွေ တဖျင်းဖျင်း ဖြစ်မိသဗျ။ ဘောလုံးကွင်းထဲယူပြီး သကာလအများပြည်သူ အသုဘရှု၊ ဂါရ၀ပြုခွင့်ပေးရမယ်ဆိုသူကတော့ နေရာမှားရောက်လာတာလား။ အခြေအနေမှန်ကို မရိပ်မိတာလား မသိပေါင်ဗျာ။ အောင်ပန်းလို မြို့ကလေးကျဉ်းကျဉ်းမှာ အခု ဆရာကြီးအိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေဟာ မြို့မှာရှိတဲ့ လူအကုန်လောက်နီးပါးရှိတယ်ဆိုတာ ရိပ်မိပုံရရဲ့လား မပြောတတ်ဘူးဗျာ။ အင်း မရိပ်မိဆိုလည်း အပြစ်မ တင်ပါဘူး။ သူတို့က အမေရိကားက လာကြတာကိုးခင်ဗျ။ နောက်ဆုံးတော့ ဆရာကြီးရဲ့ ခေါင်းတလားကို အိမ်ရှေ့လူမြင်ကွင်းမှာ နေရာရွှေ့ပြီး ပြင်ပေးထားလိုက်ပါတယ်။ ဒီတော့မှ အသုဘရှုလာကြတဲ့ ပရိသတ်နဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံတွေရိုက်ရတာပေါ့ဗျာ။ ဒီမှာကျုပ်ပြောချင်တာ ရောက်လာပြီဗျ။ အနှီလို ဓာတ်ပုံတွေရိုက်ကြတဲ့ အခါ အခုနနိုင်ငံရေးတက်ကြွ လှုပ်ရှားအဖွဲ့အစည်းအချို့က သကောင့်သား၊ သကောင့်သမီးများရဲ့ ဖြစ်ပုံပါ။ ကျုပ်လည်း အိတ်ထဲက ကင်မရာအစုတ်ကလေးကိုထုတ်၊ ဆရာကြီးကို အမှတ်တရဓာတ်ပုံ ရိုက်မယ် လုပ်တာပေါ့ခင်ဗျာ။ ဆရာကြီးရဲ့တူ၊ တူမ၊ မြေးများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ရာဇာနေ၀င်းတို့၊ အဆိုတော်ဟေမာနေ၀င်းတို့ကလည်း သူတို့အဘိုးလေး ဈာပနမှာ ရှိနေကြတော့ ခေါင်းတလားကို လူမြင်ကွင်းမှာ ထားတဲ့အခါ သူတို့လည်း ရှိနေတာပေါ့။ ဒီမှာတင် တက်ကြလှုပ်ရှားနိုင်ငံရေးသမားအချ အသုဘဆိုတော့လည်း ဣနြေသိပ်ပျက်လို့မရတော့ ဒိုင်လျှိုကလေးပေါ့ဗျာ။ ကျုပ်ကလည်း ကင်မရာမှန်ဘီလူးကြားက သူတို့ဖြစ်နေပုံကိုကြည့်ပြီး မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်လိုက်တာဗျာ။ နောက်တစ်ခါတက်ကြွလှုပ်ရှားသူအချု ဓာတ်ပုံသမားတွေက ဆရာကြီးရဲ့ ညာဘက်ကနေရိုက်နေရင် သူတို့ကဘယ်ဘက်ကို ရောက်သွားတယ်။ တစ်ခါဓာတ်ပုံသမားတွေက ခြေရင်းဘက်ရောက်ရင် သူတို့က ခေါင်းရင်းဘက်ရောက်သွားတယ်။ ဆရာကြီးအလောင်းစင်နားမှာ ၀ိုင်းကြီးပတ်လည်လှည့်ပြီး ဓာတ်ပုံထဲမှာ ပါဖို့ရာ အားထုတ်နေကြတာ ရုပ်ပျက်ဆင်းပျက်ဗျာ။ ခက်ရချည်ရဲ့။ ကျုပ်မှာ အသုဘမှာ အနှီလိုရှုခင်းမျိုးကို မြင်နေတော့ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မိသိန်းကြည်ဆိုသလို ဖြစ်နေတာပေါ့ဗျာ။ ငို၍ ရယ်၍မရသော မျက်နှာနဲ့ပေါ့ဗျာ။ ဒီကြားတဲ့ အသုဘပို့မယ်ဆိုတော့ လွမ်းသူ့ပန်းခြင်းကို နာမည်ကြီးတွေရဲ့ လွမ်းသူ့ပန်းခြင်းမှ ရွေးကိုင်ကြတဲ့ တက်ကြလှုပ်ရှား လူငယ်အချို့ကလည်း ရောဂါတစ်မျိုးထနေပြန်သဗျ။ မိမိတို့ အဖွဲ့အစည်းရဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေကို ဓာတ်ပုံ သတင်းထောက်တွေ၊ ရုပ်သံသတင်းထောက်တွေမြင်အောင်ြေ မင်းသား ရာဇာနေ၀င်းကတော့ ဆရာကြီးဒဂုန်တာရာရဲ့ ပုံတူပန်းချီကားကြီးကို တစ်ဖက်တစ်ချက်ကကိုင်ပြီး လိုက်သဗျ။ သူကမင်းသားဆိုတော့ သတင်းဓာတ်ပုံသမားတွေကလည်း ဓာတ်ကျတာပေါ့ဗျာ။ ဒေသခံတွေကလည်း အိမ်ရှေ့ထွက်ကြည့်သူကြည့်ပေါ့ဗျ ဆန်းတာက သူ့အနားမှာနေရင် သတင်းဓာတ်ပုံထဲမှာ မလွဲမသွေပါမှာပဲဆိုတာ ရွှေဉာဏ်တော်စူးရောက်စွာ သဘောပေါက်ကြတဲ့ ကိုကိုချစ်များ ကလည်းတမှောင့်။ ရာဇာနေ၀င်းအနားက တစ်ဖ၀ါးမှမခွာ။ ငါသည်လည်း ခေသူမဟုတ်ဆိုတဲ့ လုပ်ပေါက်တွေနဲ့ခင်ဗျ။ အဲ နိုင်ငံရေးလှုပ်ရှားတဲ့သူများဆို အသုဘ ယာဉ်တန်းလည်း ထွက်ကရော သူတို့ကလည်း ကားပေါ်ကနေ အုပ်စုလိုက်လက်သီးလက်မောင်းတန်း အသုဘရှုသူတွေ၊ မိသားစုဝင်တွေကတော့ ကိုယ့်အပူနဲ့ကိုယ်ပေါ့ခင်ဗျာ။ ဘယ်မှာဒါတွေလိုက်ကြည့်နေနိုင်ပါ ကျုပ်တော့ ဆရာကြီးရဲ့ ဈာပနမှာ အနှီလိုသော ရောဂါကြီးကြရှာတဲ့ လူပုဂ္ဂိုလ်အကြီးအငယ်၊ မောင်မယ်သစ်လွင်များကို ကြည့်ပြီးသကာလ တရားကျမိပါရဲ့။ ဆရာကြီးအသက်ထင်ရှားရှိစဉ်ကတော့ ချဉ်းကပ်မေးမြန်း၊ သူရေးတဲ့စာပေတွေလေ့လာ မလုပ်ကြဘဲနဲ့ ကွယ်လွန်ခါမှ အသုဘ မှာ နိုင်ငံရေးအမြတ်ထုတ်ခါ ချစ်ပြလာကြတဲ့ တက်ကြွလှုပ်ရှား ကိုကိုချစ်၊ မမချစ်များကို ဆလံပေးပါတယ်ဗျာ။ စာပေဖခင်ကြီး၊ ကဗျာဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးလို့ တ စီစီကြွေးကြော်နေကြပေသိ ဆရာ ကြီးဈာပနကိစ္စနဲ့ ပတ်သက်ပြီး တုတ်တုတ်မျှ မလှုပ်ကြတဲ့ အဖွဲ့ အစည်းတွေလည်းရှိသဗျ။ အစကတော့ သူတို့ပဲ ချစ်လှပါချည်ရဲ့၊ လေးစားလှပါချည်ရဲ့ ပြောခဲ့ကြ တာ။ အနှီလူကြီးများကလည်း မသိမသာ ခပ်ခွာခွာကလေးဗျ။ ဦးဦးချစ်၊ ဒေါ်ဒေါ်ချစ်တွေပေါ့လေ။ သူတို့နဲ့စာရင် ဈာပနနေ့ တုန်းက ဓာတ်ပုံအရိုက်ခံချင်ကြ လို့ ဆရာ့ခေါင်းတလားကို ပတ်လည်လှည့်နေတဲ့ ကိုကိုချစ်၊ မမချစ်တို့ကမှ တော်သေး။ ငြိမ်းချမ်းရေး စာဆိုကြီးအပါအ၀င် ဒီသြဂုတ်လထဲမှာ ကြွေလွင့်သွားတဲ့ ဆရာသမားများအားလုံး နောင်ဘ၀ဆက်တိုင်းမှာ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ လို့ ကျုပ်တို့ ဆုတောင်းပေးလိုက်ကြရအောင်လားဗျ။ ကျုပ်တို့ အသက်ရှင်ကျန်ခဲ့သူတွေကတော့ ဒီလူတွေနဲ့ ဒီခေတ်ကြီးမှာ ဒီမိုး၊ ဒီလေတွေကို ဖြတ်သန်းရဦးမှာပါ။ ငို၍ ရယ်၍မရသော မျက်နှာတွေနဲ့ပေါ့ခင်ဗျာ။ (ဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်ပါသည်) ရေးသားသူ- ဘစီ 7Day News Journal |
||
Posted: 26 Aug 2013 11:14 PM PDT
ရမည်းသင်းမြို့နယ် မိုးထိ မိုးမိ ရွှေတူးဖော်ရေး ဒေသတွင် ယခုလအတွင်း ရပ်ဆိုင်းခဲ့ရသော အသေးစား ရွှေလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိရန် အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု အုပ်စု လီမိတက်ထံ တောင်းဆိုမည် ဖြစ်ကြောင်း အသေးစား ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတင်ဝင်းဌေးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Aug 2013 11:12 PM PDT
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီမနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးမယ့်အကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်၊ ကျန်တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။ by ဒီဗွီဘီ |
||
Posted: 26 Aug 2013 11:04 PM PDT
ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်က လျော်ကြေးပေး သိမ်းယူထားသည့် ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ် ခနောင်ရွာမ (ကွင်း) နှင့် တုံးတင်ကန် (မြောက်ကွင်း) ရှိ လယ်မြေ ဧက ၅၀၀ ၏ ဧရိယာ ဝန်းကျင်တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ထားခြင်းကြောင့် ဒလမြို့နယ် အတွင်းတွင် ကောလာဟလများ ထွက်ပေါ်နေကြောင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Aug 2013 10:52 PM PDT
ဈေးကွက် အတွင်း ရောင်းချနေသော ငါးပိ များတွင် ယူရီးယားဓာတ်မြေဩ ဇာများအသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသောလုပ်ငန်း ရှင်များအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်၂၆ ရက် က မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်း ဖြစ်မြောက် ရေးကော်မတီနှင့် မြန်မာနိုင်ငံစား သုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ ဆောင် ရွက် မှု များပြု လုပ်သွားမည်ဖြစ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Aug 2013 10:50 PM PDT
ပန်းတ နော်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အသွ |
[Message clipped] View entire message
No comments:
Post a Comment