သစ်ထူးလွင် |
|
- ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦးအား ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထန်းကုန်းကျေးရွာတွင် ရုန်းရင်း ဆန်ခတ် ဖြစ်ပေါ်မှုအား အချိန်မီ ထိမ်းသိမ်း ဆောင်ရွက်လျက်ရှိ
- ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး
- ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ ကိုးဦးတွင် အသက်မပြည့်သေးသူများ ပါဝင်
- ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ
- ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ
- အင်္ဂါနှစ်ခုပါ မောင်စိန်မြင့် လိင်ပြောင်းပြီးပါက ကျောင်းပြန်တက်မည်
- လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ပေးမယ်
- မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချမည်
- အင်ဒိုက မြန်မာရေလုပ်သားတွေ ပြန်ရေး ဆောင်ရွက်
- မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို
- စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ
- ရွှေပြည်သာမြို့နယ်အတွင်း ရေကြီး ရေလျှံနေ
- ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး
- ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်
- မြန်မာနိုင်ငံရေးသမားတွေ ဆွစ်ဇာလန်မှာ သင်တန်းသွားတက်မည်
- တိုင်းရင်းသားများ ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပမည်
- ဆီးရီးယားမှာ ဓာတုအဆိပ်သင့် လူထောင်ချီ ဆေးရုံရောက်
- ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေးလာသည့် ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်
- ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် သီရိလင်္ကာရှိ နယူးဇီလန် Fonterra နို့မှုန့်ကုမ္ပဏီ၏ လုပ်ငန်းများ ဆိုင်းငံ့
- စစ်တွေမှာ မွတ်စလင်ဒုက္ခသည် နှစ်ရာကျော်ကို နေရာပြန်လည်ချထား
- စစ်တွေ မူဆလင်ဒုက္ခသည် IDP စခန်း နေရာရွှေ့ပြောင်း
-
ထိုင်းနယ်စပ် မြန်မာဒုက္ခသည်အချို့နေရပ်ပြန်ပိ
ု့ဖို့ စီစဉ် - လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်
Posted: 25 Aug 2013 06:40 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက် မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Aug 2013 06:31 AM PDT
ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချ အရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Aug 2013 06:06 AM PDT
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလျှိုကန်နှင့် မန်ကျီးပင် အနီးတွင် ( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Aug 2013 12:59 AM PDT
စစ်ကိုင်း-သြဂုတ်၂၅ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး သွားကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးကပြောသည်။ ည၁ချက်ထိုးလောက်ထဲက အခြေအနေကို ထိန်းသိမ်းသွား နိင်ပါပြီ.။ အဲ့ချိန်မတိုင်ခင်က လူစုခွဲခိုင်းတာမရလို့ လူ၁၀ဦးထက် မနည်း ထိန်းသိမ်းထားတယ် ။ပုဒ်မ၁၈၈တော့လတ်တလော အထိမထုတ်သေးပါဘူး။လုံခြုံရေးတော Popular Myanmar News Journal |
||
Posted: 25 Aug 2013 12:53 AM PDT
မန္တလေးမြို့တော် အထင်ကရ နေရာဖြစ်သော ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ အုပ်စုလိုက် အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုများ၌ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူ ကိုးဦးတွင် အသက် ၁၄ နှစ်မှ အသက် ၂၀ အတွင်းရှိသူများ ပါဝင်သဖြင့် အသက်မပြည့်သေးသူအတွက် ကလေးသူငယ် တရားရုံးတွင် ထိန်းသိမ်းခွင့် တောင်းထားပြီး တရားစွဲဆိုသွားရန် အစီအစဉ် ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ် ကံအောင်မြင့်က The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Aug 2013 12:03 AM PDT
နေပြည်တော်၊ သြဂုတ် ၂၅ ၂၃-၈-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၀၄/၇)နှင့်( ယာဉ်တိမ်းမှောက်မှုကြောင့် ကုက်္ကိုခါးလှရွာနေ သန်းဦး(၁၈)နှစ်ပါ ၁၀ ဦးတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ နဖူး ဖူးရောင်၊ ယာပခုံးနာကျင်၊ ယာမျက်ခုံးပေါက်၊ ၀ဲနားဖူးပွန်း၊ ၀ဲ/ယာနံဘေးအောင့်၊ ယာဒူးပေါက်ပြဲ၊ ၀ဲပါးပွန်းပဲ့၊ ခါးနာကျင်၊ ရင်ဘတ်နာကျင်၊ ၀ဲယာတံတောင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိသဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မျိုးသူအား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည် |
||
Posted: 24 Aug 2013 11:43 PM PDT
ကန့်ဘလူမြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ ရှိသော ထန်းကုန်းတွင် ယမန်နေ့ည ၂၄-၈-၁၃ က ဖြစ်ရပ်မှာ ဇီးပင်သာရွာသူ ဆံပင်စီသောအလုပ်ဖြင့် အသက်မွေးသူ မလပြည့်(အသက်၁၉နှစ်ခန့်)အား လူ ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သိရပြီး ထို၃ဦးအနက် ၂ဦးကိုသာ ဖမ်းမိထားသည်ဟု သိရသဖြင့် ရဲစခန်းတွင် ဖမ်းမိထားသူများအား ထုတ်ပေးရန် ထန်းကုန်းအနီးတ၀ိုက်ရှိ ဇီးပင်သာ၊ ၀က်တိုး၊ ရေကြည်၊ အုတ်ဖိုကျေးရွာများမှ လူအုပ်အပါအ၀င် မြို့ခံလူအုပ်ကြီးက ၀ိုင်းဝန်းရာမှ စတင်ကာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 11:28 PM PDT
ကျား/မ အင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့် ထိုင်း နိုင်ငံ PAYATHAI ဆေးရုံ၌ ကျားအင်္ဂါသို့ အပြီးပြောင်းပြီးပါ က တက္ကသိုလ်ဝင်တန်း ဆက်တက် မည်ဖြစ်ကြောင်း သိရသည်။ ကျား/မအင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်သည် အသက် ၁၈ နှစ်ရှိပြီဖြစ်ကာ မိုင်းလုံတပ်နယ် ပန်စံကျေးရွာ၌ မွေးဖွားခဲ့ပြီး အထက(၁)ကျောက်မဲ၌ တက္က သိုလ်ဝင်တန်းအထိ ပညာသင် ကြားခဲ့ကြောင်း၊ ကျန်းမာရေး အခြေအနေအရ ပညာသင်ကြား ခြင်းကို ခေတ္တရပ်နားခဲ့ရသော် လည်း ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသ မှုခံယူပြီးပါက ကျောင်းပြန်တက် မည်ဖြစ်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 10:36 PM PDT
အလုပ်သမား ၂၅ ယောက်ထက် နည်းတဲ့ စီးပွားရေး လုပ်ငန်း ငယ်တွေကို စတင်မယ် ဆိုရင် လုပ်ငန်း မှတ်ပုံတင်ကြေး မယူဘဲ သုံးနှစ်အခွန် ကင်းလွတ်ခွင့်တွေ ပေးမယ့် အစီအစဉ်ကို မြန်မာအစိုးရက စတင် ဆောင်ရွက်နေပါတယ်။ Free to Start Small ဆိုတဲ့ လှုပ်ရှားမှုနဲ့ပ တ်သက်တဲ့ ကြော်ညာ စည်းရုံးမှုတွေလည်း တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ မင်္ဂလာ မြန်မာ ပရဟိတအဖွဲ့က ၀င်ရောက် ကူညီ နေတာကို တွေ့ရပြီး အဲဒီအဖွဲ့ကိုတည်ထောင်သူကတော့ ဒေါက်တာဖုန်းဝင်း ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 10:35 PM PDT
အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 10:22 PM PDT
အင်ဒိုနီးရှား ရေပိုင်နက် ထဲမှာ ဝင်ရောက်ပြီး ငါးခိုး ဖမ်းခဲ့တယ် ဆိုတဲ့ ပစ်မှုနဲ့ အင်ဒိုနီးရှား အကျဉ်းထောင် တွေထဲမှာ ပြစ်ဒဏ် ကျခံခဲ့ ရတဲ့ မြန်မာ ရေလုပ်သား တွေ၊ ပြစ်ဒဏ် ပြည့်လို့ မြန်မာ နိုင်ငံကို ပြန်လည် ခေါ်ဆောင်ဖို့ စီစဉ် ဆောင်ရွက် နေကြပြီ ဖြစ်ပါတယ်။ အခုလို ပြန်ခေါ်ဖို့ကို အင်ဒိုနီးရှားက ဆက်သွယ် လာခဲ့တာ ဖြစ်ပြီး၊ အခုတော့ ပြန်ခေါ်ဖို့ အတွက် မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနက ဦးဆောင် စီစဉ် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Aug 2013 10:16 PM PDT
နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲ နေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 09:58 PM PDT
ရန်ကုန်တိုင်းထဲက စက်မှုဇုန် မြေနေရာတွေကို ရင်းနှီးမြှုပ်နှံ လုပ်ငန်း လုပ်ကိုင် လိုသူတွေ အတွက် လေလံတွေ ဆွဲပေး တော့မယ်လို့ သိရပါတယ်။ ဘယ်စက်မှုဇုံက မြေကွက် တွေကို လေလံဆွဲမှာ ဖြစ်ပြီး ဘယ်တော့ လောက်မှာ လေလံဆွဲမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စက်မှု လုပ်ငန်း ရှင်များ အသင်းရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးမြင့်စိုးကို ဆက်သွယ် မေးကြည့်တော့ ရွာသာကြီး ဘက်မှာ ရှိတဲ့ အရှေ့ဒဂုံ စက်မှု ဇုန်မှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ လေလံပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Aug 2013 09:23 PM PDT
(၂၂-၈-၂၀၁၃)ရက်နေ့နှင့် (၂၃-၈-၂၀၁၃)ရက်တွေ့များတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေထောက်ခြင်း တို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရွြှေ့ပည်သာမြို့နယ်၊ အမှတ်(၁)၊(၂)၊(၁၂)၊(၁၄)၊(၁၅)၊( (၂၄-၈၂၀၁၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် အဆိုပါရေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများသို့ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များ သွားရောက်အားပေးကာ ၀ိုင်းဝန်း ပံ့ပိုးကူညီခဲ့ကြသည်။ မြို့ တော်ဝန်နှင့် အဖွဲ့ မှ ရွှေပြည်သာမြို့နယ်၏ ဗဟိုကယ်ဆယ်ရေး စခန်းဖြစ်သော အမှတ်(၁၇)ရပ်ကွက်ရှိ၊ အလက(၆)ကျောင်းနှင့် အမှတ်(၁၈)ရပ်ကွက်တွင် ပြည်ခိုင်ဖြိုး ပါတီမှ ဆောက်လုပ် လှူဒါန်းထာသော မူလတန်းကျောင်းသို့သွားရောက် ကြည့်ရှုခဲ့ကာ လိုအပ်သည်များကိုပံ့ပိုးကူညီ ခဲ့ကြောင်း သတင်းရရှိသည်။ ပေးပို့သူ-------စင်ကြယ်မြတ်နို by Myanmar News Now
|
||
Posted: 24 Aug 2013 08:53 PM PDT
ပဲခူးမြို့၊ ရွှေမောဓော် ဘုရားတောင်ဘက်မုခ်အနီး၊သနပ္ပင် ဖြစ်ပွားပုံမှာ သနပ္ပင်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်းသန်းစိုး၊ အသက်(၄၅)နှစ် အလင်းရောင်(၆)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူ မောင်းနှင်လာသော ၁ခ/………စိမ်းပြာရောင်(FUSO) Heinoခြောက်ဘီး ဆန်တင်ကားသည် သပြုသား ဆိုင်ရှေ့အရောက် ၄င်းဆိုင်ရှေ့တွင်ရပ်ထားသော ဆိုက္ကားအမှတ်…….အား ၀င်တိုက်မိရာ ဆိုက္ကားပေါ်ရှိ အောင်မြင့်မြတ် (ခ)မွန်ကုလား၊ အသက်(၂၅)နှစ်၊(ဘ)ဦးမောင်မြင့်၊ Ko Thant Zin by Myanmar News Now |
||
Posted: 24 Aug 2013 07:56 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေးလူမျိုးရေး ဆက်နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တခိျု့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။ ညနေပိုင်းကနေ လူရာနဲ့ချီ စုဝေးခဲ့ကြပြီး ညနက်ပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ထန်းကုန်းရွာက အပြန်မှာ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင် လူငယ်တစ်ဦးက ဖက်ဖို့ ကြိုးစားရာမှာ မိန်းကလေးက ထွက်ပြေးခဲ့ပြီးနောက် ပဋိပက္ခစဖြစ်တာလို့ ကန့်ဘလူ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အဲဒီလူငယ်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲလို့ ရဲအရာရှိက ပြောပါတယ်။ မနက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။ ကန့်ဘလူ မီးသတ် ဌာနကလည်း ထန်းကုန်းကို မီးသတ်ကား အတော်များများ သွားပြီး မီးငြိမ်းသတ် နေရတဲ့အကြောင်း အတည်ပြု ပြောပေမယ့် အိမ်ဘယ်နှစ်လုံး လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
|
||
Posted: 24 Aug 2013 07:46 PM PDT
ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေး ပါတီဝင်တွေ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတချို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ၃ ပတ်ကြာ သင်တန်းသွားတက်ကြမယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းမှာ အစိုးရအဖွဲ့က ပုဂ္ဂိုလ်တချို့လည်း ပါမှာဖြစ်တာကြောင့် အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ် လေ့လာဆွေးနွေးခွင့် ရမှာဖြစ်တယ်လို့ ချင်းအမျိုးသားပါတီက အတွင်းရေးမှူး ကိုဖလိုင်းငယ်ပီးက RFA ကို ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:43 PM PDT
ရှမ်း၊ ကယားနဲ့ မွန်တိုင်းရင်းသား အဖွဲ့တွေ ဦးဆောင်ကျင်းပမယ့် တတိယ အကြိမ်မြောက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ တောင်ကြီးမြို့ မှာ ကျင်းပမယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပမယ့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ရဲ့ရည်ရွယ်ချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:38 PM PDT
ဆီးရီးယားနိုင်ငံမှာ အာရုံကြောကို ထိခိုက်စေတဲ့ ဓာတ်သင့်ထားတဲ့ လက္ခဏာတွေ့ရတဲ့ လူနာ ၃,၆၀၀ လောက် ဆေးရုံ ၃ ရုံကို ရောက်လာကြ တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ကျန်းမာရေး အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောပါတယ်။ ဆီးရီးယားအစိုးရက ဓာတုလက်နှက်နဲ့ တိုက်ခိုက်လို့ လူပေါင်း ၁,၀၀၀ ကျော် သေဆုံး သွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးရက်ပိုင်းအတွင်းမှ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:34 PM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:25 PM PDT
ဗက်တီးရီးယားပိုးမွှား ပါဝင်ခြင်းကြောင့် တရုတ်နိုင်ငံသို့တင်သွင်းခွင့် ပိတ်ပင်ထားသော နယူးဇီလန် Fonterra ကုမ္ပဏီထုတ် နို့နှင့်နို့ထွက်ပစ္စည်း များကို သီရိလင်္ကာနိုင်ငံတွင် ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါကုမ္ပဏီ၏ လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:21 PM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်တဲ့ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ သက္ကယ်ပြင် ဒုက္ခသည် စခန်းအနီးမှာ ဒီနေ့ကစပြီး ရွှေ့ပြောင်းနေရာချ ထားပေးနေပါတယ်။ အခုလိုနေရာ ချထားပေးတာဟာ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက် အရ ပြည်နယ်အစိုးရက အခုလို ရွှေ့ပြောင်းနေရာချ ထားပေးတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှဟန်က RFA ကို ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:14 PM PDT
မြန်မာနိုင်ငံ အနောက်ခြမ်းမှာ လူမျိုးရေး ပဋိပက္ခတွေ မနှစ်ကဖြစ်ပွားပြီး တဲ့နောက်မှာ စစ်တွေ အောင်မင်္ဂလာ ရပ်ကွက်မှာ ဖြစ်သလို အခြေအနေနဲ့ နေနေရတဲ့ ရာနဲ့ချီတဲ့ မူဆလင်တွေကို စနေနေ့ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ အတွက် စီစဉ်ပေးတဲ့ စခန်းတခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 07:08 PM PDT
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုနေတဲ့ကြားက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို အသုတ်လိုက် နေရပ်ရင်းပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။ နှစ်ဘက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင် ဖို့ တွေ့ဆုံဆွေးနွေးနေ ချိန်မှာပဲ ကရင်ပြည်နယ်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းပြီး နေရာပြန်လည်ချထားရေး စီစဉ်ပေးနေတယ်လို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 06:56 PM PDT
နောင်လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပြန်လည်ဖွဲ့စည်းမယ့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ လီဆူးနဲ့ ရဝမ် တိုင်းရင်းသား ရေးရာဝန်ကြီး တာဝန်တွေ မထားတော့ဖို့ ကချင်ပြည်နယ် အင်ဂျန်းယန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြည်သူ့လွှတ်တော် ဥက္ကဌဆီ တင်ပြထားတယ်လို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment