မိုးကြာညို မိုး shared Spring Flowers's photo.
chemistry ဆိုတာ ဓါတုဗေဒဘာသာရပ်ကို ခေါ်တာပေါ့နော် ။ ဥပမာ chemistry lessonဟိုဒြပ်နဲ့ ဒီဒြပ်တွေရဲ့ ဖွဲ့စည်းမှုတွေ ပေါင်းစပ်မှုမို့လို့ တနည်းအားဖြင့် ရှုပ်ထွေးသိရခက်တဲ့ အကြောင်းလို့ ဆိုလိုတာပေါ့လေ ။ အဲဒီလို အနက် အဓိပ္ပါယ်နဲ့ဘဲ chemistry ကို ထူးထူးဆန်းဆန်း သုံးနည်းရှိသေးတယ် ။
chemistry = အသိခက်သော ၊ နက်နဲသော ဆွဲဆောင်မှု
The strange chemistry that causes two people to fall in love
လူသား နှစ်ဦးကို ချစ်ကျွမ်းဝင်သွားစေတဲ့ အသိခက် နက်နဲသော အရာ
chemistry = a strong mutual attraction, attachment, or sympathy
They have a special chemistry .
သူတို့နှစ်ဦးကြားမှာ ထူးခြားသိရခက်တဲ့ ဆွဲဆောင်မှုတစ်ရပ် ရှိနေတယ် ။
They tried dating but there was no chemistry between them.
သူတို့နှစ်ယောက် တွဲတော့ တွဲကြည့်ကြသေးတယ် ၊ ဒါပေမယ့် တစ်ဦးပေါ်တစ်ဦး နှစ်သက် ဆွဲဆောင်မှု မရှိကြဘူး ။
chemistry = interaction between people working togetherအတူတူ တွဲလုပ်ရသူတွေကြားက အသင်းအဖွဲ့ စိတ်ဓါတ် သို့မဟုတ် သဟာဇာတဖြစ်မှု
A team lacking chemistry သဟဇာတ မဖြစ်တဲ့ အသင်းတစ်ခု
The chemistry of our office is not good. ငါတို့ရုံး ( ၀န်ထမ်းများကတော့ ) ညီညွတ်အအဆင်ပြေခြင်းမရှိ ။
The chemistry of this couple is wonderful. ဒီစုံတွဲ တည့်ပုံများ အံ့ဖွယ် ။
Astonishing chemistry between the two actors
သရုပ်ဆောင် နှစ်ယောက်ကြားက အံ့သြဖွယ် အပေးအယူတည့်မှု
The chemistry between my boss and me was all wrong from the beginning.
ငါနဲ့ ဘော့စ် ကြားမှာ အစကတည်းက အဆင်မပြေတာပါကွာ ( စကတည်းက တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြ )
ဒီအဓိပ္ပါယ်နဲ့ ရေးထားတာကို မကြာခဏတွေ့မိလို့ စာဖတ်သူများလည်း တွေ့မိသည် ရှိသော် နားလည်အောင် ဖော်ပြလိုက်တာပါ ၊ သုံးချင်ရင် အထက်ပါ ဥပမာများကိုသေချာလေ့လာပြီးမှ သုံးပါ ။ အဲဒီစကားအစား mutual understanding တို့ mutual attraction တို့နဲ့ လည်း လဲလည် သုံးလို့ရပါတယ် ။
အခုပြောသွားတဲ့ အနက်နဲ့ မကြာခဏ တွေ့ရတဲ့ စကားလုံးကတော့ chemistry of love
တဲ့ ။ အချစ်ရဲ့ ဆွဲအားလို့ ဆိုရမလား မသိဘူး.....အဲဒါကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားရင်း Youtube မှာ ရှာလိုက်တာ ရုရှားသီချင်းတစ်ပုဒ် ထွက်လာတယ် ၊ ကောင်လေးတွေ ငယ်ငယ်ချောချောလေးတွေဆိုတော့ အင်္ဂလိပ်လို မဟုတ်ပေမယ့် ထည့်ပေးလိုက်တယ် ...ဟီး...အားနာလို့။
http://www.youtube.com/
ဒါက Michael Franks ရဲ့ Chemistry of Love အမည်ရ သီချင်း
http://www.youtube.com/
ဒါက Chemistry of Love အမည်ရ အင်္ဂလိပ်လို documentary အတိုလေးတစ်ခု
http://www.youtube.com/
အချစ်ဇာတ်လမ်းတွေရေးတဲ့ အမေရိကန်စာရေးဆရာမ Simone Elkeles ရဲ့ အင်မတိ အင်မတန် နာမည်ကြီး ရောင်းအားကောင်းတဲ့ အချစ်ဝတ္တု Perfect Chemistry ဆိုတဲ့ စာအုပ်ထဲက quote တွေကို ဖတ်ချင်ရင် ဒီ Link ကို သွားပါ ။
http://www.goodreads.com/work/
No comments:
Post a Comment