Thursday, July 25, 2013

နတ်မောက်ရောဂါ

အောင်ဆန်းဟာ ..
ကင်ဆာဆဲလ်ပဲ
ငါတို့ ဆေးမမှီတော့ဘူး ။

ဝန်ကြီးချုပ်အက်တလီရဲ့
ဘုရင်မကြီးဆီ ပို့တဲ့ကြေးနန်းမှာ
ဒီဆဲလ်ရဲ့ ကြောက်စရာကောင်းပုံကို
အသေးစိပ်တင်ပြခဲ့တယ် ။

ဒေါင်းနင်းလမ်းမှာ
ဒီရောဂါရဲ့ကုထုံးက
လုံးဝ လွတ်လပ်ရေးပဲ
ကိုယ့်ကို သတ်မဲ့ဆေးကို
ရောဂါက အညွှန်းပြန်ပေးဖူးတယ် ။

အခုလည်း
အောင်ဆန်းဆဲလ်ရဲ့မျိုးကွဲတစ်မျိုးဟာ
မြန်မာပြည်ရဲ့ဒုတိယကင်ဆာ
နေပြည်တော်ရဲ့ ကြေးနန်းစာကို
ကျွန်တော် စောင့်ဖတ်နေပါတယ် ။

မင်းငြိမ်းအေး

ရယ်စရာ မဂ္ဂဇင်း သြဂုတ်လ၊ ၂၀၁၃

No comments:

Post a Comment