Ann Lee and 2 other friends shared World Of Wisdom's photo.
https://www.facebook.com/
ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များက လည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ် ပါတယ်။
( ဆရာကြီး ဦးဂိုအင်ကာ )
သူကျေအေးမှ ကိုယ်ကျေအေးကြေးဆိုရင် ကိုယ့်သန္တာန် ဘယ်တော့မှာ ငြိမ်းချမ်းမူရှိတော့မှာ မဟုတ်ဘူး။ ငြိမ်ချမ်းနေတဲ့ သူတော်ကောင်းတိုင်းဟာလည်း သူတစ်ပါး ကျေအေးဖို့ကို ဘယ်တော့မှ စောင့်မနေဘူး ကိုယ့်ကအရင် ကျေအေးပေးလိုက်ပါတယ်။ ကိုယ်က လာသမျှ အတိုက်အခံ အပြောအဆိုတွေကို လက်ခံထားမယ် တုံ့ပြန်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်ပဲ စိတ်ပင်ပန်းရလိမ့်မယ်။ စိတ်ပင်ပန်းရခြင်းရဲ့ အဓိက အကြောင်းရင်းကလည်း ပေါ်လာသမျှ အာရုံကို တုံ့ပြန်နေတတ်လို့ပါပဲ။
မြတ်စွာဘုရားကို သာဓကထား ကြည့်မယ်ဆိုရင် ဒေဝဒတ် ဘယ်လောက် ရန်ရှာရန်ရှာ၊ ဘာသာခြားတွေ ဘယ်လောက် နောက်ရှက် နောက်ရှက်၊ ဘယ်လိုပဲ ဆဲဆိုပြောဆိုပါစေ ဘယ်တော့မှ စိတ်ထဲမှာ မထားဘူး ကိုယ့်သန္တာန်မှာ လုံးဝ လက်ခံ မထားဘူး။ အရာရာကို မေတ္တာရှေ့ထားပြီး ကျေအေးပေးလိုက်တယ်။ ဒီတော့ အမြဲ ငြိမ်းချမ်းနေတာပဲ။ ကိုယ့်စိတ် ငြိမ်းချမ်းဖို့ဆိုတာလည်း သူများ လုပ်ယူပေးလို့မရဘူး၊ ကိုယ်ကိုယ်တိုင်း လေ့ကျင့်ပေးမှ ရတာပါ။ သူများလုပ်ပေးလို့ ငြိမ်းချမ်းခဲ့ရင်တောင် ကြာရှည်မခံပါဘူး။ အဲ့တော့ လာသမျှ အာရုံတွေကို လက်ခံမထားတဲ့သူ လက်ခံထားမိရင်လည်း သိသိချင်း မေတ္တာရှေ့ထားပြီး ကုစားလိုက်ရင် စိတ်ကငြိမ်းချမ်းနေမှာပါပဲ။ ဒီလို နေ့စဉ်နဲ့အမျှ ကျင့်ကြံတဲ့ ဆရာတော်ကြီးများ သူတော်ကောင်းများဟာလည်း အမြဲလို ငြိမ်းချမ်းနေပါတယ်။ ကိုယ်ကလည်း ဒီလို ငြိမ်းချမ်းလိုလျှင် ဒီလိုပဲ ကျင့်ကြံရမှာပါပဲ။
မနေ့က Myanmar News Update မှာ ဖက်လိုက်ရတဲ့ သင်ခန်းစာပေးတဲ့ Post ကလည်း တော်တော်လေးကောင်းပါတယ်၊ ဖန်ခွက် တစ်ခုကို ခဏကိုင်ထားရင်တော့ ဘာမှမဖြစ်ဘာဘူး၊ ဒါပေမဲ့ အချိန်ကြာကြီး ကိုင်ထားမယ်ဆိုရင်တော့ လက်ညောင်းလာမယ် နောက်လက်မောင်းပါ ကိုက်လာမယ် တဖြေဖြေနဲ့ ကြွတ်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံပါ ရောက်သွားနိုင်တယ်ပေါ့။ ဒီလိုပါပဲ အခြားသူက ကိုယ့်ကို တတ်တတ် မနာလို မုန်းတီးမူ အမျိုးမျိုးကြောင့် ဝေဖန်တိုက်ခိုက်လာတာကို ကိုယ့်စိတ်မှာ ကြာကြာလက်ခံထားရင် ဆုတ်ကိုင်ထားရင် ရည်ရှည်မှာ ကိုယ့်ကို ဒုက္ခ အကြီးအကျယ် ပေးနိုင်တယ်။ ဒါကြောင့် မြန်မြန် ကုစားဖို့လိုပါတယ် လက်လွတ်လိုက်ဖို့ လိုပါတယ်။
နောက်ဗုဒ္ဓဘာသာဝင်တွေ ပြောပြောနေတဲ့ ဖြစ်ပျက်ဆိုတာလည်: ဒါပါပဲ၊ ပေါ်လာသမျှ လောဘ ဒေါသ မောဟ စိတ်တွေကို ဖြစ်ပျက် ရှုလိုက်တာဟာ လက်လွတ်လိုက်တာပါပဲ။ ဆုတ်ကိုင်ထားမိရင် လက်ခံထားမိရင် ခန္ဓာဆက်သွားပြီး ဒုက္ခ ဆက်သွားတော့တာပါပဲ။
Click Here For : English Version
http://
" တစ်ခါက မြတ်စွာဘုရား တရားဟောနေစဉ် ဘာသာခြား တစ်ယောက်က လာပြီး တံတွေး ထွေး တော့ မြတ်စွာဘုရားက တော့ တံတွေးကို တုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့ေ
ဒါက အကောင်းဆုံး သာဓကပါပဲ၊ဖြစ်ပျက် ရှုလိုက်ပြီး စိတ်ထဲမှာ မထားပဲ လက်လွတ်လိုက်ရင် စိတ်ချမ်းသာမူကို ရတယ်၊ ကိုယ့်စိတ် မဆင်းရဲတော့ဘူးပေါ့။ စိတ်ဆင်းရဲတယ် တစ်ပါးသူကြောင့် စိတ်ဒုက္ခရတယ်ဆိုတာ သူတို့က ပေးတဲ့ အပူဓာတ် အအေးဓာတ် အမုန်းဓာတ်တွေကို ကိုယ်က လက်ခံထားမိလို့ပါပဲ။
ဒီတော့လက်ခံထားမိရင် ဘယ်လိုကုစားမှာလည်းဆိုရင် တော့ မေတ္တာဓာတ်နဲ့ အဓိက ကုစားရမှာပါပဲ၊ ဗုဒ္ဓစာပေမှာတော့ သာဓကတွေ ကုစားနည်းတွေ အများကြီးရှိပင်မဲ့ ဗုဒ္ဓဟောကြားခဲ့သော ကုစားနည်း (သို့) ဒေါသရန်ငြိုး ဖြေဖျောက်နည်း မှာ (၁၁) နည်းရှိပါတယ်။
(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၇) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဇာတ်တော်လာ သည်းခံနည်းများဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၈) သံသရာတလျှောက်လုံး၌ မိဘ ညီအကိုမောင်နှမ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူ မရှိပါလားဟု ဆင်ခြင်သည့်နည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၉) မေတ္တာအကျိုးတရားများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(မိမိ၏ ရုပ်နာမ်မမြဲခြင်းသဘောကို ဆင်ခြင်၍ ငါလည်း တချိန်သေရမည်၊ သူတို့လည်း တချိန်သေရမည်ဟု နှလုံးသွင်း၍ မရဏာနုဿတိတရား ပွားများ၍ ရန်ငြိုးဖြေဖျောက်ခြင်း)။
(၁၁) ပစ္စည်းဥစ္စာ ပေကမ်းထောက်ပံ့သောနည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်းတို့ပင် ဖြစ်ကြပါသည်။
ဒီနည်းတွေဟာ အင်မတန် မှ မှန်ကန်ပြီး အကျိုးများစေတဲ့ အတွက်ကျင့်သုံးနိုင်ရင်တော့ ကိုယ့်အတွက် အများကြီး အကျိုးရှိလာမှာပါ။
ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ့်ကို မနာလို ဝန်တို ရန်လိုမူ အမျိုးမျိုးကြောင့် တမင်တကာ လာစိတ်ဒုက္ခ ပေးနေရင် ကိုယ်က အဓိက လက်ခံမထားဖို့နဲ့ လက်ခံထားမိရင်လည်း အမြန်ဆုံး ဗုဒ္ဓဟောကြားထားတဲ့ နည်းများနဲ့ ကုစားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။
http://
မေတ္တာဖြင့် ( the eXistence - 25.7.2013 )
ဝန်ခံချက်။ ။ ဒီစာကို ရေးတော့ ရေးနေတာပါပဲ၊ ကိုယ်ကိုယ်တိုင်းကလည်း သည်းခံ ခွင့်လွတ်မူအားတွေ တော်တော်အားနည်းနေသေးတဲ့ ကြိုးစားဖို့ အများကြီးလို သေးတဲ့ ကြိုးစားနေသူတစ်ယောက်မို့ အတတ်ကြီး လုပ်လို၍ ရေးသားထားခြင်း မဟုတ်ပါ၊ Worldofwisdom Page မှာ မကြာခဏ "ကိုယ့်ကို တမင်တကာ ရန်လို၍ ဒုက္ခ ပေးနေလို့ စိတ်ဆင်းရဲရတယ် ဘယ်လိုလုပ်ရမှာလဲ " ဒီလိုမေးခွန်း တွေမေးတတ်လို့ပါ။ ဒါကြောင့် ဓမ္မစာပေက ပေးတဲ့ အသိတရားတွေ၊ ကုစားနည်းတွေကို ပြန်လည်သုံးတပ် ဝေငှလိုက်ခြင်းပင်ဖြစ်သည်။
No comments:
Post a Comment