Tuesday, July 23, 2013

နိုင်ငံကျော်စာရေး ဆရာ

Seaman Nayminthu shared Lon Ely's photo.


နယ်မြို့ တစ်မြို့ရှိ အိမ်တအိမ်တွင် ရိုးသားသော လင်မယား နှစ်ယောက် စကား အခြေအတင် ပြောနေကြ၏။

မိန်းမ။ ။ခုတစ်လော....တော်......မဂဇင်းတွေ ငှားဖတ်နေတာ တော်တော်များနေပီနော်။



ယောက်ကျား။ ။ ငှားရတာပေါ့ ကွ။မင်းဘာမှလဲမသိပဲနဲ့။ခု ငါ့သားက နာမည်ကျော် စာရေးဆရာဖြစ်နေပီ။...မဂဇင်းတိုင်းမှာ သူ့နံမည်ပါတယ်လေ......။

မိန်းမ။ ။ ဟယ် တယ်ဟုတ်ပါလား...၀မ်းသာလိုက်တာရှင်။ဒါဆို ကျမတို့သား မြို့ မှာ သဌေးဖြစ်နေပီပေါ့..။

ယောက်ကျား။ ။မိန်းမကလဲကွာ....ငါ့သားက ငါ့ဆီကိုစာရေးတယ်ဟ..။ အခု သူစာရေးဆရာဖြစ်နေပီတဲ့။ စာမူခတော့မရသေးဖူးတဲ့။

ဒါကြောင့်...စာအုပ်လက်ဆောင်တော့မပေးနိုင်သေးတာတဲ့ ။သူ့ ကလောင်နံမည်ကတော့ စာအုပ်တိုင်းမှာ ပါနေပီတဲ့...ဟ။

မိန်းမ။ ။ဟုတ်လားရှင့်။ နောက်ဆို ကျမတို့သား စာမူခ တွေနဲ့ ချမ်းသာတော့မှာပေါ့ တော်။

အင်း...ဒါနဲ့ သူ့ ကလောင်နံမည်က ဘာတဲ့လဲတော့။

ယောက်ကျားဖြစ်သူမှ ၀မ်းသာဂုဏ်ယူသံဖြင့်......

ယောက်ကျား။ ။မာတိကာ........တဲ့ ကွ။.............

ဒါကြောင့် တကယ် ဟုတ်မဟုတ် ငါ မဂဇင်းတွေ ငှားဖတ်နေတာ။စာအုပ်တိုင်းမှာပါတယ်....မှန်တယ်ဟ မိန်းမရ ။

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ (Lon Ely )

No comments:

Post a Comment