သစ်ထူးလွင် |
|
- ဖိုင်ဘာကေဘယ် ဆက်ကြောင်း ချို့ ယွင်းမှုကြောင့် အင်တာနက် တစ်လခန့်  နှောင့်နှေးမည်
- မော်လမြိုင်မြို့ မှာ တာဝန်ကျ ယာဉ်ထိန်းရဲတွေ ကားသမားတွေဆီက ငွေကြေး တောင်း (ရုပ်/သံ)
- ယနေ့ နိုင်ငံရေး အကျဉ်းသား (၆၈)ဦး လွတ်မြောက်
- KIA တပ်ရင်း (၈) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
- အီရတ်တွင် အကျဉ်းသားများကို စစ်ဆင်ရေးအသွင်ဖြင့် ကယ်ထုတ်သွား
- ကလေးသုံးဦးမိခင်ဖြစ်သူ မိမိကိုယ်ကို ကြိုးဆွဲချသေ
- မန္တလေးမြို့ ဗုံးပေါက်ကွဲမှု အစွန်းရောက်လက်ချက်ဟု ဦးဝီရသူဆို
- နယူးယော့ခ်ရှိ လာဂွာဒီရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်
- မွန်ပြည်သစ်ပါတီတပ်သား ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို
- ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး
- အဖျက်သိမ်းခံရသော ထင်ရှူးမြိုင် ဘုန်းကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်အား ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်
- မိုးကောင်းမြို့ မှာ သံဃာအတုအယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
- မိုးညှင်းမြို့နယ်တွင် သံဃာ အယောင်ဆောင် မူးယစ်ဆေး သယ်ယူသူ ဖမ်းမိ
- ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသူများအား ဖမ်းဆီး
- ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ
- အဓမ္မပြုကျင့်သည်ဟု စွပ်စွဲကာ အိမ်ရှင်အဖိုးအိုအား အိမ်အကူက အမှုဖွင့်
- အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ
- ဗုံးကွဲမှုဖြစ်ပေမယ့် ဦးဝီရသူ တရားပွဲများ ဆက်ဟောမည်
- ကျိုင်းတုံတွင် ရေမရ၍ ဧက သောင်းချီ စပါး မစိုက်ပျိုးနိုင်
- ၀ိုင်းမော်မှာ ဘိန်းမဲနှင့် ဘိန်းဆီခဲများ ဖမ်းဆီးမိ
- ပဲခူးတွင် လေပွေတိုက်ခတ်
- ပုသိမ်စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည်
- ဝယ်ခွန်နှုန်း မပြောင်း၍ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အေး
- NDF ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှုဖြင့် တရားစွဲမှု ယနေ့ စစ်ဆေးမည်
- အဆိပ်သင့်စာ ကျွေးမှုနဲ့ ကျောင်းအုပ်ကို ဖမ်းဝရမ်းထုတ်ထား
Posted: 23 Jul 2013 06:59 AM PDT
မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိက ချိတ်ဆက်
ထားသော ပင်လယ် ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည်
(၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွား
ခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 04:41 AM PDT
မော်လမြိုင်မြို့
အ၀င်အထွက် နေရာတွေမှာ တာဝန်ကျ ယာဉ်ထိန်း ရဲတွေ ကားသမားတွေ ဆီက ငွေကြေး
တောင်းယူ တာတွေ ရှိနေပါတယ်။ ။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး
စိုးကို - DVB TV New
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 04:34 AM PDT
ယနေ့
နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့်
မြန်မာနိုင်ငံ အကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အား
လွှတ်ပေးလိုက်သည်။
ယခု လွက်မြောက်လာသော အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအကျဉ်းထောင်မှ (၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊ မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊ မြစ်ကြီးနား အကျဉ်းထောင် မှ (၁၆)ဦီး ၊ မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်း အကျဉ်းစခန်းမှ (၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော် လွက်ငြိမ်း ချမ်းသာခွင့် ဖြင့် လွက်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသား (၆၈)ဦးတို့ ပါဝင်ကြသည်ဟုသိရသည်။ ယနေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် လွက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများ Former Political Prisoners |
||
Posted: 23 Jul 2013 03:19 AM PDT
ရှမ်းပြည်မြောက်ပိုင်း
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ်
တပ်ရင်း ၈ ဒေသတွင် အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် ဇူလိုင်လ ၁၈ ရက်
ကြာသပတေးနေ့ နံနက်တွင် နှစ်ဖက်တပ်မှ တွေ့ဆုံ ပစ်ခတ်တိုက်ခိုက်မှု
ဖြစ်ပွားခဲ့သည်။ ၎င်းအစိုးရတပ်များသည် နမ္မတူမြို့နယ် မုန်းမောဘက်မှ
လှုပ်ရှားလာသည့် အင်အား ၇၀ ခန့်ရှိသော အစိုးရတပ်များနှင့် KIA တပ်ရင်း (၈)
အောက် ပြည်သူ့စစ် (MHH) တပ်ခွဲ(၂) တပ်ဖွဲ့မှ အောင်နန်ရွာ အောက်ရှိ
နားရောင်းရွာဟောင်းတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 03:06 AM PDT
အီရတ်နိုင်ငံတွင်
အကျဉ်းထောင်တစ်ခုမှ လွတ်မြောက်သွားသော အယ်လ်ကေးဒါး စစ်သွေးကြွများ အပါအဝင်
ရာနှင့်ချီသော ရာဇဝတ်သားများကို အသည်းအသန် လိုက်လံ ရှာဖွေမှုများ
ပြုလုပ်နေရကြောင်း သိရှိရသည်။ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့မှ ထိပ်တန်းအဆင့်
ခေါင်းဆောင်များ အပါအဝင် အကျဉ်းသား (၅၀၀)မှ (၁၀၀၀)ကြား အရေအတွက်မျှသည်
အဘူဂါရိတ်ဘ် အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့ကြောင်း အာဏာပိုင်များက ဝန်ခံ
ပြောကြားခဲ့သည်။ ပြင်ပမှ စစ်ဆင်ရေး တစ်ခုသဖွယ် ချဉ်းကပ်လာပြီး
အကျဉ်းထောင်ကို တိုက်ခိုက်ကာ ၎င်းတို့အား ကယ်ထုတ်သွားခြင်းဖြစ်ကြောင်း အီရတ်
အာဏာပိုင်များက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 03:01 AM PDT
ကယားပြည်နယ်
လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ ကလေးသုံးဦးမိခင်ဖြစ်သူ
ဒေါ်ခင်ချိုသင်း ဆိုသူသည် မိသားစုအရေး စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာ၍
မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့
နွားလ၀ိုးကျေးလက် ကျန်းမာရေးဌါနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက
ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 02:57 AM PDT
မန္တလေးမြို့
မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ရဲ့ တရားပွဲအနီး
လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ
အစ္စလာမ်အစွန်းရောက်တွေရဲ့လုပ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 02:43 AM PDT
အမေရိကန်နိုင်ငံ၊
နယူးယော့ခ်မြို့တွင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆင်းဂီယာ
ချွတ်ယွင်းမှုကြောင့် ပြဿနာကြုံခဲ့ပြီး လူ(၁၀)ဦးမျှ ဒဏ်ရာများ
ရရှိခဲ့ကြောင်း သိရှိရသည်။ လေယာဉ်သည် နယူးယော့ခ်ရှိ လာဂွာဒီရာ လေဆိပ်သို့
ဆင်းသက်စဉ် ရှေ့ဘက် ဘီးချရာ၌ လဲကျသွားခဲ့ခြင်းဟု အာဏာပိုင်များက ဆိုသည်။
နက်ရှ်ဗီးလ်မှ ပျံသန်းလာသည့် အနောက်တောင် လေကြောင်းလိုင်းပိုင်
ခရီးစဉ်အမှတ် (၃၄၅)လေယာဉ်သည် အရှိန်ဖြင့် တရွတ်ဆွဲသွားပြီး ပြေးလမ်းမှ
ချော်ထွက် သွားခဲ့ကြောင်း လေဆိပ်မန်နေဂျာ တွမ်ဘော့စ်ကိုက သတင်းထောက်များအား
ပြောကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 02:28 AM PDT
ပြီးခဲ့တဲ့
သီတင်းပတ်က အစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီကြား အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွား ခဲ့ပြီးနောက် အစိုးရတပ်ဘက်က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အဖွဲ့ဝင် ၂
ဦးကို ပြန်လွှတ်ပေးဖို့ မွန်ပြည်သစ်ပါတီက တောင်းဆိုလိုက်ပါတယ်။
မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ အစိုးရတပ် ခမရ ၅၈၁ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့
တပ်သား နိုင်အောင်ထွန်းနဲ့ ဇနီးဖြစ်သူ မချိုတို့ကို ပြန်လွှတ်ပေးဖို့
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 02:23 AM PDT
မန္တလေးမြို့တော်တွင်
ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ
တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့်
မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့်
လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။ ယင်းအပြင် မန္တလေးမြို့
အဝင်၊ အထွက် ထူးခြားမှုများကိုလည်း စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ဆိုသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 02:19 AM PDT
ရှမ်းပြည်နယ်
တောင်ကြီးမြို့ ၊သစ်တောဂိတ်၊ အနီးရှိ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း
ဆရာတော် ဦးကဝိစာရ(ဦးကျော်မွှေး) အား တောင်ကြီးမြို့ နယ် တရားရုံးမှ ၊
ပုဒ်မ၂၉၅၊ သာသနာ ညှိုးနွးမ်းမှုဖြင့်၊ ယနေ့  ဇူလိုင်လ (၂၃)ရက်နေ့ တွင်
ထောင်ဒဏ်၁-နှစ်နှင့်၆လ (ချုပ်ရက် အပါအဝင်) အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း
ဆွေမျိုးဖြစ်သူ မသင်းယုမှ ပြောပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 01:58 AM PDT
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်း ဘူတာတွင် (22.7.2013) ည(113း0) အချိန်၌
သံဃာအတု အယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိပါသည်။ မိုးကောင်းမြို့ သံဃာ့ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့နှင့် မိုးကောင်း ရဲတပ်ဖွဲ့(စခန်းမှူး/နယ်ထိန်း) ဘူတာ မီးရထား ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးရာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 01:42 AM PDT
ကချင်ပြည်နယ်
မိုးညှင်းမြို့နယ် သိမ်အင်း ရပ်ကွက် နေထိုင်သူ ဦးကျောက်ချင်မို၏ အိမ်တွင်
ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သင်္ကန်း ဝတ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ
အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မိုးညှင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။ အဆိုပါ
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ဦးဝင်းမြင့် (ခ) အိုက်စံ၏
အိပ်ခန်းတွင်းရှိ ခုတင် ပေါ်မှ သင်္ကန်း နှစ်စုံကို တွေ့ရှိခဲ့ကြောင်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 01:24 AM PDT
ဇူလိုင်
၁ဝရက် ညနေ ၆နာရီက စစ်တွေမြို့မ ရဲစခန်းသို့ ဧရာဝတီတိုင်း ဒေသ ကြီး
ကျောင်းကုန်းမြို့နယ်နေ မ... (၂ဝ နှစ်) ရောက်ရှိလာပြီး ¤င်းအား မတ် ၂၅
ရက် ညနေက ပိန်းခရမ်း ကျေးရွာနေ စန်းစန်း(ခ) ညိုညိုစန်း(၃၅နှစ်)က
စစ်တွေမြို့ရှိ ထမင်းဆိုင်တွင် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ် ၅ဝဝဝဝ ရမည်
ဟုခေါ်သဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:59 AM PDT
၁၅.၇.၂၀၁၃
ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ
ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း
ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ
စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း
(ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:52 AM PDT
အိမ်ရှင်အဖိုးအို
တစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲကာ အိမ်အကူ အမျိုးသမီး တစ်ဦးက
တိုင်ကြားမှုတစ်ခုကို သင်္ကန်းကျွန်း ရဲစခန်းက ဇူလိုင် ၂၁ ရက်တွင်
အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းသူမှာ အသက် ၂၇ နှစ်အရွယ်
အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သင်္ကန်းကျွန်းမြို့နယ်တွင် အိမ်အကူအဖြစ်
အသက်မွေးသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:34 AM PDT
အစိုးရဌာန
တစ်ခုဖြစ်သော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် သင်္ဘောတစ်စီးမှ
ဝန်ထမ်းတစ်ဦးသည် ခရီးသည် အမျိုးသမီး တစ်ဦးကို အဓမ္မကျင့် ခဲ့သည်ဟု
စွပ်စွဲတိုင်တန်း ခံထားရကြောင်း ဆိပ်ကမ်း မြို့နယ်ရဲစခန်းမှ စခန်းမှူး
ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။ “လောလောဆယ် တရားခံက
ရှောင်နေပါတယ်။ ရေကြောင်း ပို့ဆောင်ရေး ဌာနဘက်ကတော့ တရားခံကို အပ်ပေးမယ်
ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့် ၀န်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက
ဆက်ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:31 AM PDT
ပြီးခဲ့တဲ့
ဇူလိုင် ၂၁ ရက် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် တရားပွဲမှာ
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ် ဆရာတော် ဦးဝီရသူကတော့ တရားပွဲတွေ ဆက်လက်
ဟောသွားမယ်လို့ မိန့်ပါတယ်။ “ဘုရားပွဲတွေ ဆက်ပြီး ဟောသွားဖို့ အစီအစဉ်တွေ
ရှိတယ်နော်။ သို့သော်လည်းပဲ အစိုးရက လုံခြုံရေး အကြောင်းပြပြီး တရားပွဲတွေ
နားမယ်၊ မနားဘူး၊ ရပ်မယ်၊ မရပ်ဘူးဆိုတာ မသိရဘူး။ ဦးဇင်နောက်ကျောမှာ ကား ၂
စင်းခံနေတာရယ်၊ ဦးဇင်းရဲ့ ပလ္လင်ရဲ့နောက်မှာ ဗီနိုင်းခံနေတာရယ် အဲဒီ ကား
၂စင်းက ဦးဇင်းကို ကယ်သွားတာ။” ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 12:26 AM PDT
ရှမ်းပြည်နယ်
အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးပြီး
စိုက်ပျိုးရေ မရရှိသောကြောင့် တောင်သူ လယ်သမားများသည် စပါးဧက သောင်းချီ
မစိုက်ပျိုးနိုင်သည်မှာ တစ်လကျော်သွားပြီ ဖြစ်ကြောင်း ယင်းမြို့နယ်
တောင်သူများက တညီတညွှတ်တည်း ပြောကြားသည်။ ကျိုင်းတုံမြို့နယ်တွင်
မိုးစပါးစိုက် ဧက ၅၀,၃၆၄ ဧကရှိရာ ဧက ၁၅,၀၉၆ ခန့်သာ
စိုက်ပျိုးပြီးစီးကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:23 AM PDT
မြစ်ကြီးနားခရိုင် ဝိုင်းမော်ရဲစခန်းမှ မြန်မာကျပ်ငွေတန်ဖိုး(၂၄၇၀၀၀၀)
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jul 2013 12:15 AM PDT
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို
က လေပွေတစ်ခုတိုက်ခတ်ခဲ့ရာ ပဲခူးမြို့၊ရုံးကြီးရပ်ကွက်၊ရွှေ လမ်း အ ထ က(၁)ကျောင်းဝန်းအတွင်းရှိ ဘုရင့်နောင်အဆောင်ရှိ ဆဌမတန်း A B C D အပေါ်ထပ်ရှိအမိုးသွပ်ချပ်များ ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားမှုကြောင့် သွပ်ချပ်ပေါင်း(၂၅၀)ခန့်နှင့် စုစုပေါင်းကာလတန်ဖိုး ငွေ သိန်း(၂၀)ခန့်ဆုံးရှုံးသွားပြီး လူနှင့်တိရိ စ္ဆာန်များ ထိခိုက်ဒဏ်ရာမရရှိ ကြောင်းသိရသည်။ Thant Zin |
||
Posted: 23 Jul 2013 12:12 AM PDT
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့နယ်နှင့် ကန်ကြီးဒေါင့်မြို့နယ်အကြား ငဝန်မြစ်အနီးတွင်
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး
အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက်
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မြေယာများကို ဒေသခံ
တောင်သူများနှင့် ဈေးညှိနှိုင်း ဝယ်ယူမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက်
အသုံးပြုမည့် မြေဧက အကျယ်အဝန်းကိုမူ အတိအကျ မသိရှိသေးကြောင်း ၎င်းက
ပြောဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jul 2013 12:08 AM PDT
ဝယ်ယူခွန်
လျှော့ပေါ့မည်ဟု မျှော်လင့်ချက်များဖြင့် အရောင်းအဝယ် သွက်ခဲ့သည့် အိမ်၊
ခြံ၊ မြေဈေးကွက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ယခင်အတိုင်း ဆက်လက်ကောက်ခံမည်ဟု
ဇူလိုင်လ ၂၀ ရက်နေ့က ကြေညာလိုက်သဖြင့် အရောင်းအဝယ် ပြန်လည် အေးစက်
သွားကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jul 2013 08:12 PM PDT
အမျိုးသား
ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာကို
လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ
ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်
တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။ ဒေါ်ဘောက်ဂျာကို
ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့်
ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက
တရားစွဲဆိုထားခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Jul 2013 08:10 PM PDT
အိန္ဒိယ
နိုင်ငံမှာ အဆိပ်ပြင်းတဲ့ ကျောင်းနေ့လည်စာ စားပြီး ကလေးပေါင်း ၂၃
ဦး သေဆုံးမှုဖြစ်ပေါ် ပြီးနောက် ပြစ်မှုမကင်း ဖြစ်ပြီး
ပုန်းရှောင်နေတဲ့ ကျောင်းအုပ်ကြီးကို အိန္ဒိယ အာဏာပိုင်တွေက
ဖမ်းဝရမ်းထုတ်ထား တယ်လို့ သိရပါတယ်။ ကလေးတွေကို ကျွေးတဲ့
နေ့လည်စာထဲမှာ အဆိပ်ပြင်းတဲ့ ပိုးသတ်ဆေး ပါဝင်တာကို စုံစမ်းတွေ့
ရှိခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
No comments:
Post a Comment