Wednesday, June 26, 2013

ဘာသာမဲ့ခြင်း မတူကြပုံများ

Than Saw added a photo from June 25, 2013 to her timeline.
ဘာသာမဲ့ခြင်း မတူကြပုံများ

တကမ္ဘာလုံးမှာ ဘာသာမဲ့တွေအထဲမှာ နံမည်အကြီးဆုံး သိပ္ပံပညာရှင်ကြီး Richard Dawkins နဲ့ သူနောက်လိုက်တွေက ဗုဒ္ဓဘာသာကို တိုက်ခိုက်သာ တခါမျှ မရှိခဲ့ဘူး။ 

ကျမလည်း ဘာသာမဲ့ပါဘဲ။ ဒါပေမဲ့ ဘာသာပေါင်းစုံအကြောင်း ရေးသားချက်တွေကို တတ်နိုင်သမျှတော့ မျက်ခြေမပြတ်အောင် ဖတ်ပါတယ်။ လူ့ရှေးဦး သမိုင်းမှာ ယဉ်ကျေးမှုအမျိုးမျိုးရဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ မှတ်တမ်းတွေအနေနဲ့   လေ့လာခဲ့တယ်။ 

ဒါပေမဲ့ ဘာသာမဲ့ဖြစ်တိုင်း လူသန်းရာပေါင်းများစွာဘဲ ဖြစ်ဖြစ်၊ လက်တစ်ဆုတ်စာ လူတစ်စုကဘဲဖြစ်ဖြစ်၊ ယုံကြည် ကိုးကွယ် ဆည်းကပ်တဲ့ ဘာသာတစ်ခုကို မုန်းတီးခြင်း ကြီးစွာနဲ့ လူတတ်ကြီးလုပ်ပြီး (((အကြောင်းမဲ့))) အချိန်ဖြုန်း အားအားယားယား တိုက်ခိုက်နေစရာမလိုပါဘူး။ 

ငါတို့က ဆင့်ကဲဖြစ်စဉ်ကို နားလည်တဲ့ ခေါင်းရှိလို့ လူတကာထက် ဆင်ခြင်တုံစွမ်းရည်ကောင်းလို့ တခြားလူတွေကိုးကွယ် ယုံကြည်တဲ့ ဘာသာအယူအဆမှန်သမျှကို တိုက်ခိုက်မယ် တိုက်ဖျက်မယ် ဆိုတဲ့ ဘာသာမဲ့တွေဟာ ဥဏှောက်ရှုံ့နေကြတဲ့ တာလီဘန်တွေ အယ်လ်ကိုင်းယီးယား အဖွဲ့သားတွေနဲ့ ဘာမျှ မထူးခြားဘူး။ ဒီလူတွေအထဲမှာ တခြား အစွန်းရောက်အမြင် အယူအဆတွေကို ဘာမျှ မပြောရဲ လုံးဝ နှုတ်ဆိတ်နေပြီး ဗုဒ္ဓဘာသာလို ဘာသာတစ်ခုကိုဘဲ ရွေးတိုက်ခိုက်နေတဲ့ ဘာသာမဲ့ဆိုသူတွေကတော့ ဘာတွေမှန်းတောင် မသိတော့ဘူး။ ထိုသူတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်တဲ့ အခါမှာတော့ ....

ထပ်ဖြည့်စွက်ချက်။ ။ အမေရိကန်နိုင်ငံလိုမျိုးမှာ ခရစ်ယန် အစွန်းရောက် ဂိုဏ်းအမျိုးမျိုးက အမျိုးမျိုး သူတို့ယုံကြည်ရာကို အစဉ်မပြတ် ရေးသား ပြောဆိုနေသာ သူတို့လွှမ်းမိုးတဲ့ စာသင်ကျောင်းတွေက သင်ရိုးတွေမှာ သူတိုအမြင်တွေ ထည့်သင်နေသာတွေကြောင့် ခရစ်ယန် ဘာသာတစ်ခုလုံးကို အစွန်းရောက်ဘာသာတစ်ခုလို့ ပုံဖော်လို့ မရပါဘူး။ 

ဒီငွေကြေးတောင့်တင်းပြီး အင်အားရှိတဲ့ ရေဒီယို ရုပ်မြင်သံကြား မီဒီယာတွေကိုတောင် ချုပ်ကိုင်ထားတဲ့ ဒီ အစွန်းရောက် ခရစ်ယန် အဖွဲ့အစည်းကြီးတွေကို ပုတ်ရဟန်းမင်းကြီးကလည်း ဘာမျှ ဂရုမစိုက်ဘူး။ တခြား ခရစ်ယန်ဂိုဏ်းတွေကလည်း ဂရုမစိုက်ပါဘူး။ 

ဒီအကြောင်းတွေ သိချင်ရင် သမိုင်းစာအုပ်တွေ ဖတ်ချိန်မရရင် Sinclair Lewis ရေးတဲ့ Elmer Gantry (1927) ဝထ္ထုလိုမျိုး ဖတ်ခြင်ဖတ် မဖတ်နိုင်ရင်လည်း ဒီလို ဝထ္ထုမျိုးကို အခြေခံ ရိုက်ထားတဲ့ ဟောလီဝုဒ်ရုပ်ရှင်တွေ ကြည့်ပြီး လေ့လာကြပေါ့ကွယ်။ John Huston ရဲ့ Wise Blood ဆိုတဲ့ ကားက ဒီအကြောင်းတွေကို ပိုပြီး ပီပီပြင်ပြထားပါတယ်။ တရားဟောဆရာ အရူးတစ်ယောက်ကြောင့် ခရစ်ယန်အများစုအတွက်ရော တခြားသူတွေအတွက်ပါ ဘာမျှ အိပ်ရေးပျက်စရာ မလိုပါဘူး။

No comments:

Post a Comment