သစ်ထူးလွင်
|
- အန်အယ်လ်ဒီပါတီဝင်များကို နုတ်ထွက်ခိုင်းသည့်ကိစ္စ ပအိုဝ်းပြည်သူ့စစ် ငြင်းဆို
- လှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေတိုက်ခတ်၍ သစ်ပင်များလဲကျ
- မြန်မာငွေတန်ဖိုး မြင့်တက်ရန် လိုသေးကြောင်း လုပ်ငန်းရှင်များ ပြော
- ဇွန်လ (၅)ရက်နေ့ ထုတ် Mobile Guide Journal အတွဲ ၂၊ အမှတ် ၅
- ဇွန်လ (၂)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂၊ အမှတ် ၂၄
- ဇွန်လ (၅)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ ၁၊ အမှတ် ၁၈
- ဇွန်လ (၃)ရက်နေ့ တနင်္လာနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၇)၊
- ဇွန်လ (၃)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် အတွဲ ၂၊ အမှတ် ၂၀
- ဇွန်လ (၃)ရက်နေ့ တနင်္လာနေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ
- ဇွန်လ (၃)ရက်နေ့ တနင်္လာနေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ
- ဇွန်လ(၂) ရက်နေ့ တနင်္ဂနွေနေ့ ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၅၈)
- ဇွန်လ (၃)ရက်နေ့ တနင်္လာနေ့ ထုတ် မြ၀တီ နေ့စဉ်သတင်းစာ
- ယာဉ်ဖြတ်သန်းမှု ရုတ်တရက်ကန့်သတ်၊ ကုန်တင်ယာဉ်များ ရပ်တန့်ကုန်
- အိမ်မဲမြို့ - ရန်ကုန် မထသယာဉ်လိုင်းများ ပိတ်လိုက်သဖြင့် ဒေသခံများ ခရီးသွားရန် အခက်အခဲဖြစ်နေ
- လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား
- ရတနာပုံတယ်လီပို့ရှိ ဆက်သွယ်ရေးဝန်ကြီး ဌာနပိုင်ရှယ်ယာများ ပြန်ထုတ်ယူမည်
- ၀ှီးတက်အတုကား ရောင်းချသူများ သက်ဆိုင်ရာဌာနများနှင့် ပေါင်းလုပ်နေဟုဆို
- ပညာရေးဝန်ထမ်း အယောင်ဆောင်၍ အမျိုးသမီးနှစ်ဦးလိုက်လိမ်နေ
- ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်
- ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်
- နမ့်ဖက်ကာမှာ လူငယ် ၁၅ ဦးပျောက်ဆုံးနေ (ရုပ်/သံ)
- မလေးရှား အကြမ်းဖက်မှု ပါးနပ်စွာကိုင်တွယ်ရန် လိုအပ်
- တစ်နိုင်ငံလုံး အလုပ်သမားများ ကိုယ်စားဆန္ဒဖော်ထုတ်မှု ခွင့်မပြု
- ဆုံးရှုံးလယ်မြေများပြန်ရရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်ကတိပေး
- ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ
Posted: 03 Jun 2013 06:49 AM PDT
တောင်ကြီးမြို့
မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးကို ပအိုဝ်းပြည်သူ့စစ်က လက်နက်နဲ့ဝိုင်းပြီး
ပါတီဝင် ၅၀ ကျော်ကို ဖိအားပေး နုတ်ထွက်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့
ပအိုဝ်းပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက ငြင်းဆိုလိုက်ပါတယ်။
အန်အယ်လ်ဒီပါတီဝင်တွေကို နုတ်ထွက်ခိုင်းတယ်ဆိုတာ မဟုတ်ဘဲ သူတို့သဘောနဲ့
သူတို့ နုတ်ထွက်တာလို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဗိုလ်မှူးကြီးခွန်လာက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 04:31 AM PDT
၃.၆.၂၀၁၃
ရက်နေ့ ၁၁၀၀ အချိန် လှိုင်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ၆
မိုင်ခွဲမှတ်တိုင် အနီးတွင် အမြင့် ပေ ၂၀ ခန့် ၊လုံးပတ် ၁၀ လက်မခန့်ရှိ
မဟော်ဂနီပင်သည် မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သို့
လဲကျသဖြင့် ယာဉ်ကြော အနည်းငယ် ပိတ်ဆို့ခဲ့၍ စည်ပင်သာယာလမ်းတံတားတာဝန်ခံ
ဦးလေးမြင့် ပါ ၆ ဦးမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 04:27 AM PDT
နိုင်ငံခြားငွေနဲ့
အစိုးရကို ပေးဆောင်ရမယ့် အခွန်ငွေတွေကို မြန်မာ ကျပ်ငွေနဲ့သာ ပေးဆောင်
ရတော့မှာဖြစ်ပေမယ့် အမေရိကန် ဒေါ်လာဈေးနဲ့ ယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး
မမြင့်လာ နိုင်သေးကြောင်း သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြည်တွင်း
ထုတ်ကုန်တွေ များများ တင်ပို့နိုင်မှသာ မြန်မာကျပ်ငွေ တန်ဖိုး
မြင့်လာနိုင် မှာဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)
ရဲ့နာယကတဦးဖြစ်တဲ့ ဦးမြတ်သင်းအောင်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 04:15 AM PDT
|
||
Posted: 03 Jun 2013 04:11 AM PDT
|
||
Posted: 03 Jun 2013 04:08 AM PDT
|
||
Posted: 03 Jun 2013 04:00 AM PDT
ဇွန်လ (၃)ရက်နေ့ တနင်္လာနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၇)၊
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 03:56 AM PDT
|
||
Posted: 03 Jun 2013 03:53 AM PDT
|
||
Posted: 03 Jun 2013 03:49 AM PDT
|
||
Posted: 03 Jun 2013 03:47 AM PDT
ဇွန်လ(၂) ရက်နေ့ တနင်္ဂနွေနေ့ ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၅၈)
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 03:44 AM PDT
|
||
Posted: 03 Jun 2013 03:27 AM PDT
ဟင်္သာတ-ဇလွန်
လမ်းပိုင်းကို ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက မိုးရာသီကာလ (ဇွန် ၁ ရက်မှ
စက်တင်ဘာ လကုန် အထိ) ယာဉ်+ကုန် ၁၆ တန် အထက် ယာဉ်များ ဖြတ်သန်း သွားလာခွင့်
မပြုကြောင်း ကြေညာဘုတ်ကို ကြိုတင် အသိပေးခြင်း မရှိဘဲ ဇွန် ၂ ရက် ညနေ ၅
နာရီခန့်က ထောင်ထားပါတယ်။
အဲဒီ့နောက် ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း (ငြိမ်းချမ်း) ကျေးရွာ တိုးဂိတ်နားမှာ ဇွန် ၂ ရက် ညနေမှ စပြီး ဇွန် ၃ ရက်နေ့ နေ့လည် အထိ ကုန်တင်ယာဉ်များ ရပ်တန့်ထားရတာကို တွေ့မြင်ရပါတယ်။ ဒီဗွီဘီ သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ) |
||
Posted: 03 Jun 2013 03:21 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင်၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ(၃)ရက်နေ့မှ
စ၍ ခရီးသည်တင် မထသယာဉ်လိုင်းများ ခရီးစဉ်များ ရပ်နားခြင်းနှင့် ကုန်တင်ယာဉ်များ ရပ်နားမှုကြောင့်၊ အိမ်မဲမြို့မှ ရန်ကုန်မြို့သို့ခရီးသွားလိုသော ပြည်သူများနှင့် ကုန်ပစ္စည်း စီးဆင်းမှုများ အခက်တွေ့နေရကြောင်း သိရသည်။ အဆိုပါ မ.ထ.သခရီးသည် တင်ယာဉ်များနှင့် ကုန်တင်ကားများ ရပ်နားရခြင်းမှာ ကျောင်းကုန်းမြို့နယ် အင်ဂျင်နီယာ ဦးသန်းမြင့် (AE)မှ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 03:05 AM PDT
တနင်္သာရီတိုင်း၊
ကော့သောင်းခရိုင် လုံးဖောကြီး ကျေးရွာ မှတဆင့် ပါချန်မြစ်ကို လှေ ၃
စီးဖြင့် ဖြတ်ကျော်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်
ကြိုးစားသည့် မြန်မာနိုင်ငံသားများထဲမှ ရေနစ် သေဆုံးခဲ့သည့် အလောင်း ၁၂
လောင်းအား ရနောင်း ဆေးရုံ၌ လက်ခံရရှိထားသည်ဟု ရနောင်း ဆေးရုံမှ တာဝန်ရှိ
ပုဂ္ဂိုလ်တဦးက ပြောသည်။ ထိုအထဲတွင် အမျိုးသမီး ၆ လောင်းနှင့် အမျိုးသား ၆
လောင်း ပါဝင်သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 03:02 AM PDT
ဆက်သွယ်ရေး
လုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်း အော်ပရေတာ ဖြစ်လာမည်ဖြစ်သော
ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်ရှိသည့် ဆက်သွယ်ရေး ဝန်ကြီးဌာနပိုင်
ရှယ်ယာများကို ပြန်လည်ထုတ် ယူသွားမည် ဖြစ်သည်ဟု ဆက်သွယ် ရေးနှင့်
သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင် က
ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 02:57 AM PDT
သက်ဆိုင်ရာ
ဌာနများနှင့် ပူးပေါင်းကာ ၀ှီးတက်အတုပြုလုပ်ပြီး တရားမ၀င်မှောင်ခိုကားများ
ရောင်းချခြင်းနှင့် စီးနင်းခြင်းများရှိနေကြောင်း ကားဈေးကွက်တွင်းမှ
သတင်းရရှိသည်။ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြား
ဦးစီးဌာနများကအရေးယူပေးရန် မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်းက တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 02:53 AM PDT
ကျောက်တံတားမြို့နယ်အတွင်း
အခြေခံပညာ မူလတန်းကျောင်း တစ်ခု၏ ပညာရေး ၀န်ထမ်း ဟန်ဆောင်ပြီး
အမျိုးသမီးနှစ်ဦး ငွေကြေး လိမ်လည်ကောက်ခံမှု ဖြစ်ပေါ်နေ၍ ကျောက်တံ
တားမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ဇွန်လ ၁ရက် နံနက်
၁၀နာရီခွဲ အချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၆)အခြေခံပညာ
မူလတန်းကျောင်းမှဟု ဆိုကာ အမျိုးသမီးနှစ်ဦးက ကျောင်းသား မိဘများအိမ်သို့
သွား၍ အာဟာရကြေးကျပ် ၁၅၀၀ နှင့် အထွေထွေရန်ပုံငွေ ကျပ် ၃၀၀၀
ကောက်ခံခဲ့ကြောင်း သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 02:40 AM PDT
လူမျိုးရေးပဋိပက္ခများ
မဖြစ်ပွား စေရန်အတွက် မြို့နယ်အ သီးသီးတွင် အစိုးရအဖွဲ့များနှင့်
နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများကြား
ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Jun 2013 02:37 AM PDT
ဒီမနက်
ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက
တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက
သံဃာတော် တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေး ယူဆောင်ရွက်မှု
မပြုလုပ်မီ ဒီဆောင်းပါးကို အရင်ဖတ် ကြည့်ပါ။ ဆက်တိုက်ဖြစ်ပွားနေသည့်
ဘာသာရေး လူမျိုးရေး ပဋိပက္ခများက မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
များကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့်
မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်တည့်ဖို့ ကြိုးစားနေသည့်
လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့ အားထုတ်သည့် ပြဿနာဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Jun 2013 02:32 AM PDT
ကွက်ခိုင်မြို့နယ်၊
နမ့်ဖက်ကာ ကျေးရွာ အုပ်စုထဲမှာ ကျောင်းနေ အရွယ် ကလေး အပါအ၀င် လူငယ် ၁၅
ဦးကို မေလ ၂၇ ရက်နေ့က အမည်မသိ လက်နက်ကိုင်တွေက ခေါ်ဆောင်သွား တယ်လို့
ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး အိုင်စီဂျေ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 02:22 AM PDT
မလေးရှားမှာ
လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်နေတာတွေ ကို မြန်မာသံရုံး
မြန်မာအစိုးရနဲ့ မလေးရှား အစိုးရတို့ ပူးပေါင်းပြီး ပါးပါးနပ်နပ်
ကိုင်တွယ်ဖို့ လိုတယ်လို့ ကပုန်းကျောင်းဆရာတော် ဦးအိန္ဒိက က မိန့်ပါတယ်။
အရှင်ဘုရား တို့ကျောင်းမှာ ဆလာတန်းက မြန်မာ အလုပ်သမား ၁၀၀ လောက် ရောက်ရှိ
ခိုလှုံနေတယ်လို့ ကြားရလို့ပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Jun 2013 02:14 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်များရှိ
စက်ရုံအလုပ်သမားများစုပေါင်း ဆန္ဒဖော်ထုတ်ရန် စာတင်ထားရာမြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခွင့်မပြုသဖြင့် အစီအစဉ်ပျက်ခဲ့သည်ဟု အဆိုပါ
စက်ရုံအလုပ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို
ဦးဆောင်သူရှေ့နေဦးဌေးက မဇ္စျိမကို ပြော ကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 02:09 AM PDT
မြန်မာနိုင်ငံ
တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက
ကျေးရွာများတွင် လယ်ယာအပေါင်ခံသည့် ငွေရှင်များက အုပ်ချုပ်ရေးမှူး၊
အစိုးရဌာနက စာရေးတို့နှင့် ပူးပေါင်းကာ လယ်သမားများ မသိလိုက်ဘဲ
လယ်ပိုင်ရှင်နာမည်များ လွှဲပြောင်းခြင်းဖြင့်
လယ်ယာမြေဆုံးရှုံးမှုများရှိသလို၊ ဝန်ကြီးဌာန၊ စစ်တပ်တို့က
မြေသိမ်းခြင်းနှင့် စီမံကိန်းများအတွက် မြေသိမ်းခြင်းများလည်းရှိကြောင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Jun 2013 01:53 AM PDT
ရန်ကုန်-မန္တလေးသွား
အဆန်ရထား စက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ
ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်သည်။ မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌
ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊
ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု
ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment