Friday, May 31, 2013

ခွေးမြီး ပေါက်တဲ့ လူ

by Than Min Lwin (Notes) on Friday, May 31, 2013 at 2:11pm

တစ်နေ့တွင် ဘိုးတော်ဦးဝိုင်းသည် ညီလာခံ၌  ဦးပေါ်ဦးကိုမိန့်တော်မူသည်။
“မင်းကြီး  မိုးဒါးစား   အမတ်ကြီးဟာ  ပညာဂုဏ်နဲ့  လွန်စွာမာန်စွယ်ပြတယ်လို့  ထင်တော်မူတယ် ”
ဟုမိန့်ကြားရာ အမတ်ကြီး  ဦးပေါ်ဦးက.....         
““မှန်လှပါ၊  မိုးဒါးစားအမတ်ကြီးမှာ   ပညာတည်းဟူသော    အမြီးပေါက်ခြင်း သည်  ခွေးမှာပေါက်တဲ့  အမြီးနဲ့တူပါတယ်  ဘုရား၊


အခြားသူများမှာ  ပေါက်တဲ့  ပညာတည်းဟူသော  အမြီးမှာ   ဆင် ။ မြင်း ၊ခြင်္သေများမှာ   ပေါက်တဲ့ ဘအမြီးနဲ့တူပါတယ်၊ တူပုံတူနည်းကို  လျောက်ထားပါဦးမယ်ဘုရား     ဆင် ။ မြင်း ၊ခြင်္သေတို့မှာ   ပေါက်တဲ့အမြီးဟာ  မှက် ၊ ခြင်   ၊ယင်၊ တို့လဲ ခြောက်ရပါတယ်။
မိမိတို့ အင်္ဂါဇာတ်ကိုလဲ  ဖုံးလွမ်းရပါတယ်၊  ခွေးမှာပေါက်တဲ့ အမြီးကတော့   မှက် ၊ ခြင်   ၊ယင်၊ တို့လဲ ခြောက်လို့မရ  ။  မိမိအင်္ဂါဇာတ်ကိုလဲ   ဖုံးလွမ်းလို့ မရရှိပါတယ်””                          

““မိုးဒါးစားအမတ်ကြီးဟာ   ပညာနဲ့လုံလောက်သူ  မှန်ပါလျက်   မိမိအရှက်ကိုလဲ  မဖုံးလွမ်းနိုင် သူတထူးတို့လာတဲ့   အရေးကိုလဲ  ကာကွယ်တားဆီးနိုင်ခြင်း  မပြုနိုင်တဲ့အပြင်   ခွေး  မြီး လို ပဲ ပညာတည်း  ဟူသော   မာန်မာန  အမြီးကို  တထောင်ထောင်နဲ့  နေခြင်းသာ  ပညာရှိတို့အလယ်မှာ ရှက်ဖွယ်ရာ ဖြစ်ပါကြောင်း  ရှိခိုး သံတော်ဦးတင်ပါတယ်ဘုရား  ဟု လျှောက်ထား လေ လျှင် ညီလာခံ  ဘိုးတော်ဦးဝိုင်းနှင့် တကွ  ညီလာခံ မှုး  မတ်  အပေါင်းတို့ အားပါးတရ  ရယ်မောကြလေသတည်း။

No comments:

Post a Comment