Thursday, May 23, 2013

လက်တွေ့ဘဝတွေမှာတော့

Than Saw's photo.
Photo: အနုပညာနဲ့ပတ်သက်ပြီး မဟာဝိဇ္ဖာဘွဲ့ စာတန်းလုပ်နေသူ အင်္ဂလိပ်မ တစ်ဦးနဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်က ခေတ္တ သိဘူးပါတယ်။ သူမ ပထမလုပ်နေတဲ့ စာတန်းကို ကျမကိုပြတယ်။ ချေက်တီးချောက်ချက်ဘဲ။ ပြီး ကျမရဲ့ ၁၉၈၄ -၈၆ ကလုပ်ထားတဲ့ မဟာဝိဇ္ဖာ စာတန်းကို ကြည့်လိုသတဲ့။ ကျမကလည်း ပြလိုက်ပါတယ်။ နောက် ၈လလောက်ကြာတော့ သူ့စာတန်းအပြီးချုပ်ထားသာ လာပြတယ်။ ကျမစာတန်းလောက် ထူသွားတယ်။ အထဲမှာညှပ်ထားတဲ့ ပန်းချီကားချပ်ကြီး တွေကများနေသော စာတန်းကတော့ ကျမရေးခဲ့သာထက် ၅ ပုံ ၁ ပုံတောင် ရှိမလားဘဲ။ ထားပါတော့လေ။ ဒါနဲ့ ကျမက မေးလိုက်တယ်။ ပန်းချီဆွဲတတ်သလား။ တူရိယာ ပစ္စည်းတခုခု တီးမှုတ်တတ်ပါသလားဆိုတော့ မတတ်ဘူးတဲ့။ အံ့သြမိတယ်။ ဘယ် အင်္ဂလိပ် ကျောင်းထွက်လည်းတော့ မသိပါ။ 

သူ့ဘဝကို မေးကြည့်တဲ့အခါ၊ ပထမက သွားသူနာပြု ဧည့်ကြိုစာရေးမသာသာ သွားဆရာဝန်တစ်ယောက်ဆီမှာ လုပ်ခဲ့တယ်။၊ နောက်ပိုင်းမှာ တခြား အလုပ်မျိုးစုံ လုပ်တဲ့ အထွေထွေကု ဆရာဝန်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ လင်ယောက်ျားက အထင်သေးတဲ့ စကားမျိုးပြောလို့၊  တက္ကသိုလ်ပြန်တက်ပြီး သွားဆရာဝန်ဖြစ်လာတယ်။ ဒါပေမဲ့ ဘွဲ့သာရတယ် သွားဆရာဝန် အလုပ်တော့ မလုပ်ခြင်ဘူးတဲ့။   အသက် ၅၀ နားလောက်မှာ ကိုယ်ယောက်ျား ကလည်း နောက်မိန်းမယူခြင်လို့ ခွာသွားခဲ့တယ်။ (နောက်တော့ တိတ်တိတ်ပုန်း ရီးစားက ခေါက်လို့ ယောက်ျားပြန်လာပါတယ်။ အိမ်တော့ ခွဲနေကြတယ်။)  အဲဒီအခါမှာ  တက္ကသိုလ်ကို ဒုတိယ အကြိမ် ပြန် သွားပြီး အနုပညာ မဟာဝိဇ္ဖာဘွဲ့ကို လုပ်နေတုန်း ကျမနဲ့ သူ့သားက တဆင့် သိသာပါ။ သူ့ယောက်ျား ဆရာဝန်က စကော့ နဲ့ ရှယ်ယား ကစားတယ်။ ရှေးဟောင်း ပစ္စည်း လည်း အရောင်းအဝယ်လုပ်တယ်။ ဒီတော့ သူမကလည်း အနုပညာနဲ့ ဘွဲ့ထပ်ယူတယ်လေ။ 

အနုပညာနဲ့ မဟာဝိဇ္ဖာဘွဲ့ရပြီး နောက် တစ်နှစ်လောက်ကြာတော့ counselling သင်တန်း တက်နေသတဲ့။ Community Counsellor လုပ်ဖို့ စာရွက်တစ်ခုဘဲ လိုသတဲ့။  ရှေးဟောင်း အနုပညာ ပန်းချီပစ္စည်း အသိုင်းအဝိုင်းလည်း မဝင်နိုင်ဘူး ထင်သာဘဲ။ စိတ်ပညာ ဒစ်ပလိုမာ တစ်လုံးအတွက် သင်နေတုန်း တချိန်လုံး  ကျမကို psychoanalysis လုပ်ခြင်သလိုရှိလာတော့ ကသိကအောင့်ဖြစ်မိတယ်။ နောက်သူ အလုပ်အမျိုးမျိုးပြောင်းနေသာကို အဲဒီတုန်းက တော်တော်ကို အထင်သေးမိတယ်။ ဒါပေမဲံ အခုတော့ တော်တော်လေး ဘဝစုံခဲ့တဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ ချီးကျူးမိပါတယ်။ ပညာရပ် တခုမှာ မအောင်မြင်တဲ့အခါ စိတ်ဓါတ်မကျဘဲ နောက်ပညာရပ်တစ်ခု ပြောင်းလေ့လာဖို့ ဝန်မလေးသူမို့ပါ။ နောက်နားလည်သာက သွားသူနာပြုက သွားဆရာဝန်ဖြစ်လာတဲ့အခါမှာ ဒီအသိုင်းအဝိုင်းကြားထဲမှာ တော်တော်လေး အခက်အခဲတွေ့ရှာမှာဘဲ။ အော် အင်္ဂလိပ်လူမျိုးစစ်စစ်တောင်မှ ကျိုးစားသော်လည်း မအောင်မြင်သူတွေ အများကြီးပါ။ ဒါပေမဲ့ ဒီမိန်းမလို အသက်ကြီးသော်လည်း ဇွဲရှိလို့ ဘာတွေဖြစ်ဖြစ် စိတ်ဓါတ်မကျလို့ လေးစားမိပါတယ်။ 

သီအိုရီတွေပြောရ ဆွေးနွေးရသာတော့ အင်မတန် ကောင်းပါတယ်။ လက်တွေ့ဘဝတွေမှာတော့ တချို့အတွက် သိပ်မလွယ်ပါ။ ငွေရှိပေမဲ့ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အသိအမှတ်ပြုခံရဖို့ လူတွေ ဘယ်လောက်ကျိုးစားရသလည်း ဆိုသာ ဒီမိန်းမကိုဘဲကြည့်ပါတော့။ 
အနုပညာနဲ့ပတ်သက်ပြီး မဟာဝိဇ္ဖာဘွဲ့ စာတန်းလုပ်နေသူ အင်္ဂလိပ်မ တစ်ဦးနဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်က ခေတ္တ သိဘူးပါတယ်။ သူမ ပထမလုပ်နေတဲ့ စာတန်းကို ကျမကိုပြတယ်။ ချောက် တီးချောက်ချက်ဘဲ။ ပြီး ကျမရဲ့ ၁၉၈၄ -၈၆ ကလုပ်ထားတဲ့ မဟာဝိဇ္ဖာ စာတန်းကို ကြည့်လိုသတဲ့။ ကျမကလည်း ပြလိုက်ပါတယ်။ နောက် ၈ လလောက်ကြာတော့ သူ့စာတန်းအပြီး ချုပ်ထားသာ လာပြတယ်။ ကျမစာတန်းလောက် ထူသွားတယ်။ အထဲမှာညှပ်ထားတဲ့ ပန်းချီကားချပ်ကြီး တွေကများနေသော စာတန်းကတော့ ကျမရေးခဲ့သာထက် ၅ ပုံ ၁ ပုံတောင် ရှိမလားဘဲ။ ထားပါတော့လေ။ ဒါနဲ့ ကျမက မေးလိုက်တယ်။ ပန်းချီဆွဲတတ်သလား။ တူရိယာ ပစ္စည်းတခုခု တီးမှုတ်တတ်ပါသလားဆိုတော့ မတတ်ဘူးတဲ့။ အံ့သြမိတယ်။ ဘယ် အင်္ဂလိပ် ကျောင်းထွက်လည်းတော့ မသိပါ။

သူ့ဘဝကို မေးကြည့်တဲ့အခါ၊ ပထမက သွားသူနာပြု ဧည့်ကြိုစာရေးမသာသာ သွားဆရာဝန်တစ်ယောက် ဆီမှာ လုပ်ခဲ့တယ်။၊ နောက်ပိုင်းမှာ တခြား အလုပ်မျိုးစုံ လုပ်တဲ့ အထွေထွေကု ဆရာဝန်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ လင်ယောက်ျားက အထင်သေးတဲ့ စကားမျိုးပြောလို့၊ တက္ကသိုလ်ပြန်တက်ပြီး သွားဆရာဝန်ဖြစ်လာတယ်။ ဒါပေမဲ့ ဘွဲ့သာရတယ် သွားဆရာဝန် အလုပ်တော့ မလုပ်ခြင်ဘူးတဲ့။ အသက် ၅၀ နားလောက်မှာ ကိုယ်ယောက်ျား ကလည်း နောက်မိန်းမယူခြင်လို့ ခွာသွားခဲ့တယ်။ (နောက်တော့ တိတ်တိတ်ပုန်း ရီးစားက ခေါက်လို့ ယောက်ျားပြန်လာပါတယ်။ အိမ်တော့ ခွဲနေကြတယ်။) အဲဒီအခါမှာ တက္ကသိုလ်ကို ဒုတိယ အကြိမ် ပြန် သွားပြီး အနုပညာ မဟာဝိဇ္ဖာဘွဲ့ကို လုပ်နေတုန်း ကျမနဲ့ သူ့သားက တဆင့် သိသာပါ။ သူ့ယောက်ျား ဆရာဝန်က စကော့ နဲ့ ရှယ်ယား ကစားတယ်။ ရှေးဟောင်း ပစ္စည်း လည်း အရောင်းအဝယ်လုပ်တယ်။ ဒီတော့ သူမကလည်း အနုပညာနဲ့ ဘွဲ့ထပ်ယူတယ်လေ။

အနုပညာနဲ့ မဟာဝိဇ္ဖာဘွဲ့ရပြီး နောက် တစ်နှစ်လောက်ကြာတော့ counselling သင်တန်း တက်နေသတဲ့။ Community Counsellor လုပ်ဖို့ စာရွက်တစ်ခုဘဲ လိုသတဲ့။ ရှေးဟောင်း အနုပညာ ပန်းချီပစ္စည်း အသိုင်းအဝိုင်းလည်း မဝင်နိုင်ဘူး ထင်သာဘဲ။ စိတ်ပညာ ဒစ်ပလိုမာ တစ်လုံးအတွက် သင်နေတုန်း တချိန်လုံး ကျမကို psychoanalysis လုပ်ခြင်သလိုရှိလာတော့ ကသိကအောင့်ဖြစ်မိတယ်။ နောက်သူ အလုပ်အမျိုးမျိုးပြောင်းနေသာကို အဲဒီတုန်းက တော်တော်ကို အထင်သေးမိတယ်။ ဒါပေမဲ့ အခုတော့ တော်တော်လေး ဘဝစုံခဲ့တဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ ချီးကျူးမိပါတယ်။ ပညာရပ် တခုမှာ မအောင်မြင်တဲ့အခါ စိတ်ဓါတ်မကျဘဲ နောက်ပညာရပ်တစ်ခု ပြောင်းလေ့လာဖို့ ဝန်မလေးသူမို့ပါ။ နောက်နားလည်သာက သွားသူနာပြုက သွားဆရာဝန်ဖြစ်လာတဲ့အခါမှာ ဒီအသိုင်းအဝိုင်းကြားထဲမှာ တော်တော်လေး အခက်အခဲတွေ့ရှာမှာဘဲ။ အော် အင်္ဂလိပ်လူမျိုး စစ်စစ်တောင်မှ ကျိုးစားသော်လည်း မအောင်မြင်သူတွေ အများကြီးပါ။ ဒါပေမဲ့ ဒီမိန်းမလို အသက်ကြီးသော်လည်း ဇွဲရှိလို့ ဘာတွေဖြစ်ဖြစ် စိတ်ဓါတ်မကျလို့ လေးစားမိပါတယ်။

သီအိုရီတွေပြောရ ဆွေးနွေးရသာတော့ အင်မတန် ကောင်းပါတယ်။ လက်တွေ့ဘဝတွေမှာတော့ တချို့အတွက် သိပ်မလွယ်ပါ။ ငွေရှိပေမဲ့ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အသိအမှတ်ပြုခံရဖို့ လူတွေ ဘယ်လောက်ကျိုးစားရသလည်း ဆိုသာ ဒီမိန်းမကိုဘဲကြည့်ပါတော့။

No comments:

Post a Comment