ဒေါင်းကြီး တစ်ကောင်......
အရောင်အသွေးလှပလို့
တောက်ပတဲ့ ဘုန်းသမ္ဘာနဲ့
ကမ္ဘာမှာ ထင်ရှား
သူ့ရဲ့ ပုံလွှာနဲ့ အတူ
ဒို့ဘိုးဘွားတွေက
လွတ်လပ်ရေးကို
ရယူပေးသွားကြခဲ့တယ်။
ဟိုး..... လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကပေါ့......။
ဒေါင်းမင်းကြီး
အနီးထိပျံသန်း
ဒို့ မြေးမြစ်များအတွက်
ငြိမ်းချမ်းခြင်းတွေကို
ချန်ထားရစ်ခဲ့တယ်.....။
ဒေါင်းမင်းကြီးခင်ဗျား....
ကျွန်တော်တို့ဆီကို
ဟိမ၀န္တာက ပျံလာသလား
မိုးပေါ်က ကျလာသလား
ရေထဲကပဲ ပျံထွက် ဒါမှမဟုတ် ဆန်တက်ခဲ့ပါသလား.....လို့
မ၀ံ့မရဲပေါ့......
မေးခွန်းလည်း ထုတ်မိတယ်....။
ဒေါင်းမင်းကြီး ပြောတဲ့ စကား
မကြားတစ်ချက်.. ကြားတစ်ချက်
မှင်သက်မိပါတယ်.....
ဟေ့သူငယ်....
မင်းနားလည်တတ်စမ်းပါ.....တဲ့။
ဒို့ရဲ့ နှလုံးသားမှာ-
တိုင်းပြည်ကို ကိုယ်စားပြုတယ်......
လူမျိုးကို ကိုယ်စားပြုတယ်.....
ဘာသာကို ကိုယ်စားပြုတယ်....။
သာသနာကို ကိုယ်စားပြုတယ်...။
အနာဂတ်ကို ကိုယ်စားပြုတယ်.....။
တရားမျှတခြင်းကို ကိုယ်စားပြုတယ်...။
တိုးတက်ခြင်းကို ကိုယ်စားပြုတယ်......။
ငါပျံသန်းလာတဲ့ အရပ်က
မြင့်မြတ်တဲ့ နှလုံးသားနဲ့
စွန့်စားရဲတဲ့ ရင်ခွင်ပေါ့.....။
အကြင်နာတရားတွေစီးဆင်း
ငြိမ်းချမ်းခြင်း ပင်လယ်နဲ့
သန့်စင်တဲ့ တောင်တန်းတွေကို
ဖြတ်ကျော်ပျံသန်းခဲ့တာပါ..... တဲ့။
ငါရဲ့ ပုံရိပ်ကို
မြင့်မြတ်ခြင်းတံဆိပ်တွေမှာ
တတ်ဆင်ဂုဏ်ပြုထားပါသတဲ့.....။
မင်းမှတ်ထားစမ်းပါ
နှလုံးသားမှာ အလှတရားမရှိရင်
ငါ့ရင်ခွင်ကို လာခွင့်မရ
ငါ့ဘ၀လည်း မဖြစ်
ငါကလည်း မချစ်ပါဘူး..... တဲ့။
ငါနဲ့ နီးစပ်သူ သို့မဟုတ် ရင်းနှီးသူက
ငါ့ကိုထပ်တူပြုသလို တိုင်းပြည်ကို ကိုယ်စားပြုပါသတဲ့.....။
ဟုတ်ကဲ့ပါခင်ဗျာ.....
ဒေါင်းမင်းရဲ့ တွန်သံသာကို
ကျွန်တော်သေချာမှတ်သား
အနာဂတ်ရဲ့ ရင်သွေးများကိုလည်း
မ၀ံ့မရဲနဲ့ ဆုံးမ
လက်ဆင့်ကမ်းပေးပါရစေ.....
ဒေါင်းမင်းကြီးရေ....
ထာဝရ ကျေးဇူးတင်ပါတယ်.....။
(ကွန်ဆူးမား)(၂၁-၅-၂၀၁၃)
(နိုင်ငံတော်၏ ကျေးဇူးရှင်ကြီးများအား တတ်စွမ်းသမျှဖြင့် ဂုဏ်ပြုရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါကြောင်းခင်ဗျာ
No comments:
Post a Comment