ှStatus: August 19/2012
လိုပါသည်။
ကျွန်တော်တို့တွင် တိုင်းပြည်၏ နယ်နိမိတ်ကို ပိုင်းခြားထင်ထင် သိမြင်နားလည်သော ပထဝီဆရာမများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်အထိ လိုအပ်နေပါသည်။
ကျွန်တော်တို့တိုင်းပြည်တွင် မည်သည့် သယံဇာတများ မည်သို့ထွက်သည်၊ မည်မျှထွက်သည်ကို သိရှိနားလည်သော ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေပါသည်။
ကျွန်တော်တို့တိုင်းပြည်တွင် အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် တော်လှန်ရေးခေတ်ကာလရုန်းကန်မှုမျ
ကျွန်တော်တို့ တိုင်းပြည်တွင် စပါးတန်ဘိုးကို သိအောင် သင်ပေးတတ်သော ဆရာ၊ ဆရာမများ လိုနေပါသည်။
ကျွန်တော်တို့ တိုင်းပြည်တွင် ဆရာ၊ ဆရာမများကို တန်ဘိုးထားတတ်အောင် ပြောကြားပြသပေးမည့် သူများလိုနေပါသည်။
ကျွန်တော်တို့ တိုင်းပြည်တွင် ဥာဏ်မီးတောက်အောင် ပျိုးပေးနိုင်မည့် စာရေးဆရာ ဝမ်းစာပြည့်သူများ လိုနေပါသည်။
ထိုအရာများ တစ်ခုချင်းကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးနိုင်သော အရာများမှာ Institutions များဟု ခေါ်ကြပါသည်။ အင်စတီကျူးရှင်းဆိုသည်မှာ ဘိုဆန်လွန်းသည်။ သာမန် အလွယ်ပင် အသင်းအဖွဲ့များဟု ခေါ်ကြပါစို့။ ထိုအသင်းအဖွဲ့ဟူသည်မှာ တက္ကသိုလ်တစ်ခုလည်း ဖြစ်နိုင်သလို စံနစ်တကျ သွားသော အဖွဲ့အစည်း အသင်းအပင်းတစ်ရပ်လည်း ဖြစ်နိုင်ပါသည်။
လိုအပ်နေမှန်းသိအောင် သတိထားမိစေဖို့ ရေးပြရန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည်။
လိုအပ်နေမှန်းသိလာလျှင် ဖြည့်ဖို့ကြိုးစားလာနိုင်ပေသည်။
ထို အသင်းအဖွဲ့များ အားကောင်းရှင်သန်လာလျှင် လူလတ်တန်းစားများအင်အားကောင်းလာ
နားလည်လွယ်သော လူတစ်ဦးကို တိုက်တွန်းရသည်က လူပြိန်းတစ်ဦးကို တိုက်တွန်းရသည်ထက် များစွာ လွယ်ကူသည်မဟုတ်လား။
ထို Institutions များ၏ တာဝန်မှာလည်း သက်ဆိုင်ရာ နယ်ပါယ်အသီးသီးတွင် လူအများကို လူပြိန်းအဆင့်မှ ကျွမ်းကျင်သူအဆင့်၊ ပညာကျော်အဆင့် ဖြစ်လာအောင်၊ တတ်သိနားလည်လာအောင် မွမ်းမံပေးခြင်း ဖြစ်လေသည်။
ထို သဘောတရားသည် လက်ဟောင်းသဘောတရားပင်ဖြစ်ပါသည်။
No comments:
Post a Comment