တစ်ခါက ရွာတစ်ရွာမှာ အူတူတူ အတတ ခပ်ကြောင်ကြောင် သူကြီးတစ်ယောက်ရှိပါသတဲ့....။
သူ့မှာ ထက်မြက်ပြီး ပြောရဲဆိုရဲ သားတစ်ယောက်လည်း ရှိပါတယ်။
တစ်နေ့တော့..... ရွာထဲမှာ ပြဿနာ တက်နေကျ ငမူး ဖိုးအေးနဲ့
တခြားရွာသားတစ်ယောက် ရန်ဖြစ်ကြတယ်လို့ သူကြီးရဲ့ အထောက်တော်တွေက လာရောက်
တင်ပြကြတယ်တဲ့....။
သူကြီး။ ဘယ်လိုဖြစ်တာလဲကွ။
အထောက်တော်။ ထုံးစံအတိုင်းပေါ့ သကြီး ဖိုးအေးနဲ့ ဖြစ်တယ်ဆိုမှတော့ ဖိုးအေးပဲ
စရှာတာ နေမှာပေါ့...။
သူကြီး။ အေး... မင်းပြောတာ ဟုတ်တယ်ကွ..... ဖိုးအေးကို ဖမ်းခဲ့ကွာ....။
အထောက်တော်။ အမိန့်အတိုင်းပါ သူကြီး။
အထောက်တော်လဲ သူကြီး အမိန့်ရတာနဲ့ ချက်ချင်း လူစု၊ ဖိုးအေးကိုဖမ်း
ထိပ်တုံးထဲ ထည့်ပြီးတော့သူကြီးရောက်လာပြီး ဖိုးအေးကို စစ်ဆေးပါသတဲ့။
သူကြီး။ ဟေ့ကောင် ဖိုးအေး ဘယ်လိုဖြစ်တာလဲ၊ မင်းကတော့ ပွဲတိုင်းကျော်ပဲ။
ဖိုးအေး။ ကျွန်တော် အရက်သောက်တာမှန်ပါတယ်သူကြီး၊ ကိုယ်ကြိုက်လို့ ကိုယ်
သောက်တာပါ၊ ကျွန်တော် မူးပြီး စရစ်တာ သူကြီး ကြားဘူးလို့လား။
အခုဖြစ်တာက သာလှဆိုတဲ့ကောင် ကျွန်တော့်ကို တွေ့တာနဲ့ နှာခေါင်း
ရှုံ့ တယ်၊ ပြီးတော့ ကျွန်တော်ကိုလည်း ကျက်သရေမရှိဘူးလို့ စပြောတာ
သူကြီးရဲ့ စဉ်းစားကြည့်ပါဦး။
သူကြီး။ အေး..... မင်းပြောတာလည်း ဟုတ်တာပဲ၊ ဒီကောင်လွန်တယ်။
ဟေ့ကောင်တွေ သာလှကို သွားခေါ်ခဲ့။
ဖိုးအေးနဲ့ ရန်ဖြစ်တဲ့ သာလှကို သူကြီးတပည့်တွေက ခေါ်လာကြတယ်... သာလှခမျာလည်း မျက်နှာငယ်လေးနဲ့ သူကြီးအနားကို ရောက်တော့...
သာလှ။ သူကြီးမင်းရယ် စဉ်းစားကြည့်ပါ..... ဒီကောင်က မူးမူးနဲ့ လမ်းဘေးမှာ
သေးပေါက်နေတယ်.... အရက်သမား သေးနံ့ဗျာ.... သူကြီး စဉ်းစား
ကြည့် အဲဒါနဲ့ ကျွန်တော်လည်း ကျက်သရေမရှိတဲ့ကောင်လို့ ပြောလိုက်
တာ.... သူက လက်သီးနဲ့ အရင် စထိုးတာဗျ။
သူကြီး။ အေး.... မင်းပြောတာ ဟုတ်တာပေါ့၊ ဒီကောင်မူးမူးနဲ့ မဆင်မခြင်လုပ်တာ
ဒီကောင်လွန်တယ်။
ဒီအခါမှာတော့ ဘေးကကြည့်နေတဲ့ သူကြီးသားက မနေနိုင်တော့ဘဲ `` အဖေ၊ အဖေ ခုဏက
ပြောတော့ ကိုသာလှလွန်တယ်ဆို.....၊ အခု ကိုဖိုးအေး လွန်ပြန်ပြီလား....၊
ပြဿနာဖြစ်တဲ့ အထဲမှာ တစ်ယောက်မှန်ရင် နောက်တစ်ယောက်ပြောတာ မှားရမယ်လေ....
ဒါမှ ပြဿနာတက်မှာပေါ့... အဖေ စဉ်းစားပါဦးဗျ..´´
ဒီအခါမှာတော့ သူကြီး မျက်မှောင်ကျု့ ကာ စဉ်းစားရင်း တစ်လုံးချင်းပြောချလိုက်တာကတော့ ...
`` အေးမင်းပြောတာလဲ ဟုတ်တာပဲ.....´´တဲ့။
ဒီပုံပြင်လေးကတော့ တရုတ်ပုံပြင်လေးတစ်ပုဒ်လို့ သိရပြီး ကျွန်တော့်ရဲ့
စီနီယာတစ်ယောက်က ရယ်ရွှင်ဖွယ်ရာ မြန်မာဟာသတစ်ပုဒ်အနေနဲ့ ပြောပြခဲ့တာ
ဖြစ်ပါတယ်။ တဖြည်းဖြည်း စဉ်းစားလာ မိတာကတော့ အင်မတန် အဓိပ္ပါယ်
သက်ရောက်မှုရှိတဲ့ ပုံပြင်လေး တစ်ပုဒ်ဖြစ်နေတာပါပဲ... ပုံပြင်လေးထဲက
တစ်ခုခုကိုတော့ ရယူနိုင်ကြပါစေဗျာ.....။
(ကွန်ဆူးမား)
(၃၀-၅-၂၀၁၃)
တစ်ခါက ရွာတစ်ရွာမှာ အူတူတူ အတတ ခပ်ကြောင်ကြောင် သူကြီးတစ်ယောက်ရှိပါသတဲ့....။
သူ့မှာ ထက်မြက်ပြီး ပြောရဲဆိုရဲ သားတစ်ယောက်လည်း ရှိပါတယ်။
တစ်နေ့တော့..... ရွာထဲမှာ ပြဿနာ တက်နေကျ ငမူး ဖိုးအေးနဲ့ တခြားရွာသားတစ်ယောက် ရန်ဖြစ်ကြတယ်လို့ သူကြီးရဲ့ အထောက်တော်တွေက လာရောက် တင်ပြကြတယ်တဲ့....။
သူကြီး။ ဘယ်လိုဖြစ်တာလဲကွ။
အထောက်တော်။ ထုံးစံအတိုင်းပေါ့ သကြီး ဖိုးအေးနဲ့ ဖြစ်တယ်ဆိုမှတော့ ဖိုးအေးပဲ
စရှာတာ နေမှာပေါ့...။
သူကြီး။ အေး... မင်းပြောတာ ဟုတ်တယ်ကွ..... ဖိုးအေးကို ဖမ်းခဲ့ကွာ....။
အထောက်တော်။ အမိန့်အတိုင်းပါ သူကြီး။
အထောက်တော်လဲ သူကြီး အမိန့်ရတာနဲ့ ချက်ချင်း လူစု၊ ဖိုးအေးကိုဖမ်း ထိပ်တုံးထဲ ထည့်ပြီးတော့သူကြီးရောက်လာပြီး ဖိုးအေးကို စစ်ဆေးပါသတဲ့။
သူကြီး။ ဟေ့ကောင် ဖိုးအေး ဘယ်လိုဖြစ်တာလဲ၊ မင်းကတော့ ပွဲတိုင်းကျော်ပဲ။
ဖိုးအေး။ ကျွန်တော် အရက်သောက်တာမှန်ပါတယ်သူကြီး၊ ကိုယ်ကြိုက်လို့ ကိုယ်
သောက်တာပါ၊ ကျွန်တော် မူးပြီး စရစ်တာ သူကြီး ကြားဘူးလို့လား။
အခုဖြစ်တာက သာလှဆိုတဲ့ကောင် ကျွန်တော့်ကို တွေ့တာနဲ့ နှာခေါင်း
ရှုံ့ တယ်၊ ပြီးတော့ ကျွန်တော်ကိုလည်း ကျက်သရေမရှိဘူးလို့ စပြောတာ
သူကြီးရဲ့ စဉ်းစားကြည့်ပါဦး။
သူကြီး။ အေး..... မင်းပြောတာလည်း ဟုတ်တာပဲ၊ ဒီကောင်လွန်တယ်။
ဟေ့ကောင်တွေ သာလှကို သွားခေါ်ခဲ့။
ဖိုးအေးနဲ့ ရန်ဖြစ်တဲ့ သာလှကို သူကြီးတပည့်တွေက ခေါ်လာကြတယ်... သာလှခမျာလည်း မျက်နှာငယ်လေးနဲ့ သူကြီးအနားကို ရောက်တော့...
သာလှ။ သူကြီးမင်းရယ် စဉ်းစားကြည့်ပါ..... ဒီကောင်က မူးမူးနဲ့ လမ်းဘေးမှာ
သေးပေါက်နေတယ်.... အရက်သမား သေးနံ့ဗျာ.... သူကြီး စဉ်းစား
ကြည့် အဲဒါနဲ့ ကျွန်တော်လည်း ကျက်သရေမရှိတဲ့ကောင်လို့ ပြောလိုက်
တာ.... သူက လက်သီးနဲ့ အရင် စထိုးတာဗျ။
သူကြီး။ အေး.... မင်းပြောတာ ဟုတ်တာပေါ့၊ ဒီကောင်မူးမူးနဲ့ မဆင်မခြင်လုပ်တာ
ဒီကောင်လွန်တယ်။
ဒီအခါမှာတော့ ဘေးကကြည့်နေတဲ့ သူကြီးသားက မနေနိုင်တော့ဘဲ `` အဖေ၊ အဖေ ခုဏက ပြောတော့ ကိုသာလှလွန်တယ်ဆို.....၊ အခု ကိုဖိုးအေး လွန်ပြန်ပြီလား....၊ ပြဿနာဖြစ်တဲ့ အထဲမှာ တစ်ယောက်မှန်ရင် နောက်တစ်ယောက်ပြောတာ မှားရမယ်လေ.... ဒါမှ ပြဿနာတက်မှာပေါ့... အဖေ စဉ်းစားပါဦးဗျ..´´
ဒီအခါမှာတော့ သူကြီး မျက်မှောင်ကျု့ ကာ စဉ်းစားရင်း တစ်လုံးချင်းပြောချလိုက်တာကတော့
`` အေးမင်းပြောတာလဲ ဟုတ်တာပဲ.....´´တဲ့။
ဒီပုံပြင်လေးကတော့ တရုတ်ပုံပြင်လေးတစ်ပုဒ်လို့ သိရပြီး ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်က ရယ်ရွှင်ဖွယ်ရာ မြန်မာဟာသတစ်ပုဒ်အနေနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။ တဖြည်းဖြည်း စဉ်းစားလာ မိတာကတော့ အင်မတန် အဓိပ္ပါယ် သက်ရောက်မှုရှိတဲ့ ပုံပြင်လေး တစ်ပုဒ်ဖြစ်နေတာပါပဲ... ပုံပြင်လေးထဲက တစ်ခုခုကိုတော့ ရယူနိုင်ကြပါစေဗျာ.....။
(ကွန်ဆူးမား)
(၃၀-၅-၂၀၁၃)
No comments:
Post a Comment