Sunday, May 19, 2013
သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၅)
သစ်ထူးလွင်
Posted: 19 May 2013 01:03 AM PDT
အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ စနေနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွ
က် မြန်မာလူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ေ
ကြာင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ်ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။
"နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကိုလာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်ေ
အာင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"
မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့်တက်ရောက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆို
ခဲ့ပါတယ်။
"မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိုးကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်
၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး"
မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
RFA Burmese
Posted: 19 May 2013 12:16 AM PDT
ရန်ကုန်၊ မေ ၁၈
အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသော တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSPP/SSA တို့သည် ဟိုပုံး မြို့နယ် မိုးပြင်းကျေးရွာအုပ်စု ကြည်တော်ရွာ အနီးတွင် မေလ ၁၇ ရက်က သုံးနာရီခန့်အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံတို့က The Voice သို့ ဆက်သွယ်ပြောကြားသည်။
ယင်းတိုက်ပွဲမှာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ တပ်မတော်မှ တပ်ရင်းများနှင့် SSPP/SSA တပ်တို့အကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၄င်းတို့၏အဆိုအရ သိရသည်။
"လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ ရွာသားတစ်ဦး သေပြီးတော့ တစ်ဦး ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာရသူကတော့ စဝ်စံထွန်းဆေးရုံမှာ ကုသနေတယ်" ဟု ဆေးရုံသို့ သွားရောက်ခဲ့သူ မြွေတောင်နန်းဟောင်း ကျေးရွာအုပ်စုမှ ဦးခွန်ထွန်းစိန်က ဆိုသည်။
သေဆုံးသူတစ်ဦးကိုမူ ၄င်းအနေနှင့် အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSA တို့ မတ်လ ၁၁ ရက်နေ့ တွေ့ဆုံခဲ့ရာတွင် တပ်မတော်အရာရှိကြီး များလည်း ပါဝင်ခဲ့ သည့်အတွက် တိုက်ပွဲများ ဆက်လက်မဖြစ် ပွားစေရန် တပ်ပိုင်းဆိုင်ရာ အောက်ခြေအထိ ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့သည်။
အစိုးရနှင့် SSPP/SSA တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသော်လည်း ယင်းကာလ မှ ၂၀၁၃ ခုနှစ် ဧပြီလကုန်ထိ တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ကြောင်း SSPP/SSA ၏ ကောက်ယူထားသော စာရင်းများ အရ သိရသည်။
The Voice Weekly
Posted: 18 May 2013 08:31 PM PDT
ရှမ်းပြည်နယ် ဒေသကြီး၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာ ရပ်ကွက် အလယ်တည့်တည့် မှ ဖြတ်သန်း သွားလာရသော ရွှေညောင်/ရပ်ဆောက် လမ်းမကြီး ဘေး လူနေ ရပ်ကွက်အတွင်း အမှိုက်ပုံကြီး ကို အလွန်ရုပ်ဆိုး အန္တရယ်ကြီးစွာ တွေမြင်နေရသည် မှာ နှစ်ပေါက်နေပြီ ဖြစ်ပါသည်။
ယာဉ်အန္တရယ်၊ မီးဘေးအန္တရယ်၊ လူမှုပြသနာများ၊ ကျန်းမာရေး ထိခိုက်နိုင်သော အန္တရယ်များ၊
မြို့ပါတ် ချောင်း ပိတ်ဆို့နေသဖြင့် ရေဆီးရေလာ မကောင်းသောကြောင့် လယ်သမားများ ရေအခက်အခဲ ရှိလာခြင်း၊ မြို့ကျက်သရေ မဲ့လာခြင်းများ ဖြစ်ပေါ်လာသဖြင့် မြို့မိ မြို့ဖ များနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ မှ သက်ဆိုင်ရာသို့ တရားဝင် သေသေချာချာ အကြိမ်ကြိမ် တင်ပြပါသော်လည်း တာဝန်ယူ ဆောင်ရွက် ပေးခြင်းမရှိ သဖြင့် အများပြည်သူများ  အန္တရာယ်နှင့် ရင်ဆိုင် ဒုက္ခ ရောက်နေကြကြောင်း သိရပါသည်။
အဆိုပါ အမှိုက်ပုံကြီးအား   သက်ဆိုင်ရာတို့မှ ရှင်းလင်း ပေးစေလိုကြောင်း ရပ်ကွက်နေ ပြည်သူများက Myanmar News Now ကို ပြောကြား လာပါသည်။
ပိုင်ရှင်ရှာနေသော ရွှေညောင် မြို့လယ်ခေါင်မှ အန္တရယ် အမှိုက်ပုံကြီး
Posted: 18 May 2013 08:28 PM PDT
မေလ (၁၉)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:43 PM PDT
အင်္ဂလန်က နံမည်ကျော် ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ဟာ သူ့ရဲ့ ကြေးစားဘောလုံးသမားဘ၀ နောက်ဆုံးပွဲကို မနေ့ စနေနေ့က ကစားခဲ့ပြီး၊ ဘောလုံး ကစား တာကနေ လုံးဝ အနားယူ လိုက်ပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ (PSG) နဲ့ ဘရက်စ် (Brest) အသင်းနဲ့ ကစားတဲ့ပွဲ ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားသက်တမ်း နှစ် ၂၀ အတွင်း နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကစားသမားဘ၀ကနေ အနားယူသွားတဲ့ အင်္ဂလန် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း။
Posted: 18 May 2013 07:37 PM PDT
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင် ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ အခု ဗွီအိုအေ မနက်ပိုင်း အစီအစဉ်တွေ အသံလွှင့်နေတဲ့ အချိန်မှာပဲ မြန်မာသံရုံးမှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံနေ ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သား ကိုသိန်းထိုက်ဦး ရောက်ရှိနေပါတယ်။ ဒီပွဲအကြောင်း ကိုသိန်းထိုက်ဦးကို မစုမြတ်မွန်က ဆက်သွယ်ပြီးမေးထားပါတယ်။ အရင်ဆုံးတော့ ဒီတွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန် အဓိက ဘာတွေပြောသွားသလဲဆိုတာကို ကိုသိန်းထိုက်ဦးက ခုလိုပြောပြပါတယ်။
“အဓိက ကတော့ သူ မြန်မာမိသားစုတွေနဲ့တွေ့တဲ့အချိ
န်မှာ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် မြန်မာမိသားစုတွေ၊ ပြည်ပမှာရောက်နေတဲ့သူတွေ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ဆိုပြီးတော့ ပြောသွားပါတယ်။ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ဒီတိုင်းပြည် ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခတွေ အများကြီး ကြုံခဲ့ရတဲ့အတွက်ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့အခြေအနေတွေကို အဓိက ပြောသွားတာပါခင်ဗျ။”
အမေရိကန်ကို တရားဝင်ခရီးစဉ်နဲ့ လာရတာနဲ့ပတ်သက်ပြီးတော့ရော သူ ဒီအကြောင်းကို ဘာပြောပါသေးလဲ။
“ဒီအမေရိကန်ပြည်ထောင်စုကို လာတဲ့ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်က အမေရိကန်အစိုးရ အရာရှိတွေ၊ အထက်လွှတ်တော်ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို သူ တွေ့မယ်ဆိုတဲ့အကြောင်း ပြောပါတယ် ခင်ဗျ။ ပြောတဲ့အကြောင်းရင်းကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတာဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းအရပါ ဖယ်ရှားပေးဖို့ပေါ့နော်။ အခုလို ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ကိစ္စမှာ သူကိုယ်တိုင် လာပြီးတော့၊ တွေ့ဆုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အမေရိကန်ပြည်ထောင်စုဘက်က လက်ခံနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့် တယ်ဆိုပြီးတော့လည်း ပြောသွားပါတယ်။ အဲဒီတော့ အဓိက ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းဖို့အတွက် အဓိက ပြောမယ်ဆိုတာမျိုးကိုတော့ ရည်ညွန်းပြောသွားပါတယ်ခင်ဗျ။”
အဲဒီတော့ မြန်မာမိသားစုတွေနဲ့ တွေ့တဲ့နေရာမှာလည်း ဖိတ်ထားတာက အသိုင်းအ၀ိုင်းမျိုးစုံကလို့ သိရပါတယ်။ ဘယ်လိုလူမျိုးတွေလာတာ တွေ့ရပါလဲ ရှင့်။
“အဓိက ကတော့ မြန်မာသံရုံးနဲ့ အရင်ကတည်းက နီးစပ်မှုရှိတဲ့ သူတွေ၊ နောက်ပြီးတော့ သတင်းဌာနတွေ။ ၀ါရှင်တန်ဒီစီတ၀ိုက်မှာ ရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းတွေလို့ပဲ အဓိက ပြောရမှာပါခင်ဗျ။ တွေ့ဆုံ ပွဲမှာတော့ မြန်မာမိသားစု ၃၀၀ လောက် လာတယ်။ သမ္မတက အားလုံးကို နှုတ်ဆက်ပြီးတဲ့အခါကျတော့ မိန့်ခွန်းပြောသွားတယ်။ ကျန်တဲ့ သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းတာမျိုး၊ ကျန်တဲ့လူတွေနဲ့ တွေ့ဆုံမေးမြန်းတာ မျိုးတော့ မရှိပါဘူးခင်ဗျ။ သူနဲ့အတူ တခြား ၀န်ကြီး ၄ ယောက်၊ ဒုတိယ ၀န်ကြီးတွေ၊ နောက်ပြီးတော့ တချို့ ပြည်တွင်းက ရုပ်မြင်သံကြားဌာနတွေ၊ သတင်းဌာနတွေလည်း လိုက်လာတာတွေ့ရပါတယ်ခင်ဗျ။ အခု ကျနော် ပြောနေတဲ့အချိန်မှာ နောက်မှာကြားနေရတဲ့အတိုင်းပဲ သမ္မတ ဦးသိန်းစိန်ကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေလည်း အများကြီးရှိပါတယ်ခင်ဗျ။ သူတို့ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေက တကယ်တမ်း မစစ်မှန်သေးဘူး ဆိုပြီးတော့၊ သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ညာနေတယ်ဆိုပြီးတော့ လာပြီးတော့ ဆန္ဒပြတာပါခင်ဗျ။”
ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာမိသားစုတွေ့ဆုံပွဲ မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဖြစ်ပါတယ်။
စုမြတ်မွန်, ကိုသိန်းထိုက်ဦး (ဗွီအိုအေ)
သမ္မတဦးသိန်းစိန် ၀ါရှင်တန်ဒီစီ မြန်မာသံရုံး မိသားစုတွေနဲ့ တွေ့ဆုံနေစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၃)
Posted: 18 May 2013 09:26 AM PDT
“ ဖွ ”
အဆောက်အဦးတစ်ခု တည်ဆောက်မည်ဆိုပါက အခြေခံအောက်ခြေအုတ်မြစ် ခိုင်မာမှုရှိရန် အရေးကြီး လှသည်။ ကျန်းမာသန်စွမ်းမှုဖြစ်ရန် သန့်ရှင်းမှုသည် အဓိကကြသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်း ပြည်၏ အစိုးရနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းစွမ်းဆောင်မှုသည် အရေးပါလှသည်။ ဒီမိုကရေစီ နိုင်ငံထူထောင်မှု သည် ကျွန်တော်တို့ ပြည်သူလူထုတို့၏ စောင့်ထိန်းရမည့် စည်းကမ်းများသည် အဓိကဖြစ်တော့သည်။
ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့ အလယ်တွင် နာမည်ကောင်းဖြင့်ထင်ရှား၊ ကျော် ကြား၊ စံနမှုနာဖြစ်စေမည့် ခေတ်မှီတိုးတက် ဖွံ့ဖြိုးသန့်ရှင်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အင်တိုက်အားတိုက် အားမာန်ပြည့်ဝစွာဖြင့် စတင်ချီတက်မှုကို ပြုလုပ်နေချိန်တွင် ပြည်သူလူထုတို့၏အားထားရာ၊ ပြည်သူလူထုတို့တင် မြှောက်ထားသော သန့်ရှင်းသော အစိုးရအဖွဲ့အစည်း (Clean Governance) နှင့် ပြောင်းလဲမှု (Change)ကို ပြုလုပ် လိုသော နိုင်ငံတော်သမ္မတကြီးမှလည်း ယင်းကဲ့သို့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းတို့အား ပုံဖော်မှုပြုရာ တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ) နှင့်အတူ လက်တွဲပုံဖော်ရန် အရေးကြီးကြောင်း တရားဝင်အများပြည်သူလူထုတို့အား ရေဒီယိုမှ၎င်း၊ နိုင်ငံတော်ထုတ် သတင်းစာများမှ၎င်း၊ ဂျာနယ်၊ စာစောင်များတွင်၎င်း မိန့်ခွန်းပြောကြားခဲ့မှုများ ပါဝင်ခဲ့သည်။
 ထို့အပြင် ယခုအချိန် ကာလတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတော်ကြီး
ဖြစ်သော အမေရိကန်နိုင်ငံသို့ သွားရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘာရက် အိုဘားမားနှင့်လည်း တွေ့ဆုံကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ သည် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အဓိကကျသည့်အကြောင်း အချက်အလက်များအား ဆွေးနွေးကြမည်ဟု လည်းသိရှိရသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည်လည်း ယခုနှစ်မဟာသင်္ကြန်မကျရောက်မှီ တစ်ရက်အလိုတွင် ပြည်သူလူထုတို့အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွဲ့စည်းတည်ထောင်ထားသော “ပေးဆပ်သူများ” မဟာသင်္ကြန်သံချပ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာတွင် ဖျော်ဖြေပွဲအပြီးတွင် ဂုဏ်ပြုဆုငွေပေးအပ် ခဲ့စဉ် “တိုင်းပြည်ထူထောင်ရာတွင် သားတို့ရဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အင်အားတွေ အများကြီးလိုအပ်တယ်၊ အခုလိုတက်တက်ကြွကြွ အများပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုများအပေါ် အမေ အရမ်းကျေနပ်ဝမ်းသာ တယ်၊ အခုလိုပေးဆပ်မှုများအပေါ် ကျေးဇူးလည်းအထူးတင်တယ်” ဟူ၍ ပြောကြားခဲ့သည်။
 ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနြေ
ဖင့် ရန်ကုန်တိုင်းအတွင်း (အခမဲ့) နာရေးကူညီပံ့ပိုး ပေးမှုများကို ပြုလုပ်ပေးခဲ့သည်hအပြင် မြန်မာပြည်တွင်းရှိ တိုင်း/ မြို့နယ်/ ရပ်ကွက်များရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအဖွဲ့များအတွက် လိုအပ်သော နိဗ္ဗာန်မော်တော်ယာဉ်၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်ယာဉ် ထော်လာဂျီ၊ နိဗ္ဗာန်လက်ဆွဲလှည်းယာဉ်၊ စတီးဗန်း၊ အလူမီနီယံအခေါင်းအဖုံး၊ မီးသင်္ဂြိုလ်စက် စသည့်နာရေးလုပ်ငန်းနှင့် ပတ်သက်သော နိဗ္ဗာန်အသုံးအဆောင်ပစ္စည်းများအားလည်း လှူဒါန်းမှုတို့ကို ပြုလုပ်ပေးကာ နှစ်လတစ်ကြိမ်ခန့် မြန်မာတစ်ပြည်လုံးရှိ မြို့နယ်/တိုင်းဒေသများတွင် ဖွဲ့စည်းထူထောင်ထားသော လူမှုရေးအသင်းအဖွဲ့များအား လူမှုရေးစွမ်းရည်မြှင့်သင်တန်းများအားလည်း မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် (Camp) စခန်းသွင်း၍ သင်ကြားပေးလျှက်ရှိသည်။
ကျန်းမာရေးကူညီစောင့်ရှောက်ကုသေ
ပးမှုအဖြစ်လည်း ရန်ကန်မြို့ မြောက်ဒဂုံမြို့နယ်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ မျက်စိခွဲစိတ်ကုသပေးမှု၊ အရိုးအကြော၊ အရိုး အဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး (Physiothraphy)၊ ကလေး၊ အရေပြား၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ခွဲစိတ်(အသေးစား)၊ OG(ကိုယ်ဝန်ဆောင်မိခင်)၊ သွား၊ အထွေထွေ ရောဂါဝေဒနာရှင်များအား (အခမဲ့) နေ့စဉ်လ ကုန် နောက်ဆုံးရက်မှအပ ကုသပေးလျှက်ရှိပြီး နယ်ဒေသများသို့လည်း နယ်လှည့်ဆေးကုသပေးမှုလုပ်ငန်းအား ပရဟိတဆရာဝန်ကြီးများ၊ ပရဟိတလူငယ်လူရွယ်များနှင့် လက်တွဲကာ သွားရောက်ကုသပေးလျှက်ရှိသည်။
 ပညာရေးကိစ္စရပ်များနှင့် ပတ်သက်၍ သုခအလင်း ပညာဒါန ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးပညာသင်ကျောင်းများ
မှအစ အမေ့အိမ်ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန် လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ်ပြုချီးမြှင့်ငွေများပေးဆပ်မှု၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အား အလုပ်အကိုင်ရှာဖွေရေးဖြစ်သော LCCI စာရင်းအင်းပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု အတတ်ပညာ (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေး သူငယ်များအတွက် အနာဂတ်တွင်အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချ ပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများအတွက်လည်း (TOT) သင်တန်းများအားလည်း (Camp)စခန်း သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသများရှိ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များအတွက်လည်း စာအုပ် စာပေများအား စဉ်ဆက်မပြတ်လှူဒါန်းမှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့ သွားရောက်ပညာဒါနပြုလုပ်ပေးကာ အချို့သော ဒေသများ တွင် ပျက်စီးယိုယွင်းနေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ်လှူဒါန်းပေးလျှက်ရှိသည်။
 ထို့အပြင် သဘာဝဘေးဒါဏ်မျာဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေးသင့်ဒေသများသို့လည်း အချိန်နှင့် တပြေးညီ ပရဟိတလူငယ်များနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းကူညီ ဖေးမမှုများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ပေးခဲ့သည့် အပြင် စစ်ဘေးသင့်ဒေသများရှိ စစ်ဘေးဒါဏ်ခံ တိုင်းရင်းသားမိဘပြည်သူအပေါင်း
တို့အား၎င်း၊ လူမျိုးရေး ပဋိပက္ခ ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရရှာသော ပြည်သူပြည်သား အပေါင်းတို့ထံသို့၎င်း၊ လှူဒါန်းကူညီဖေးမအားပေး စကားများကို ပြောကြားကူညီခဲ့ကြသည်။
ကာ ရေတွင်းရေကန်များ၊ အဝီစိတွင်းများ တူးဖော်ပေးခြင်းများ၊ ရေပိုက်လိုင်းများ သွယ်တန်းပေးခြင်းများ၊ ရေသိုလှောင်ရန် အုတ်ကန်များ တည်ဆောက်ပေးမှုများ၊ ရေစုပ်စက်များ တပ်ဆင်ပေးမှုများအားလည်းပြုလုပ်ပေးကာ သောက်/သုံးရေရှားပါးသော လက်လှမ်းမှီရာ အရပ်ဒေသများဖြစ်ကြသော ဒေါပုံ၊ ဒလ၊ ပဲခူး၊ မှော်ဘီ၊ ခရမ်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဒဂုံ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူထားသော ရေဂါလံ (၃၆ဝဝ) ဆံ့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ရေကုသိုလ်လုပ်ငန်းအား ပေးဆပ်လျှက်ရှိသည်။
 ယခုဆိုလျှင် ကမ္ဘာ့ ရာသီဥတုဖောက်ပြန်မှု၊ အိုဇုန်းလွှာပျက်စီးမှုအား ကာကွယ်မှုပြုရန်အတွက် သဘာဝ ပတ်ဝန်းကျုင် စိမ်းလန်းစိုပြေရေးအတွက်လိုက်လံ
၍ လမ်းဘေးတွင် စည်ပင်သာယာအဖွဲ့မှ စိုက်ပျိုးထားပေးသော အရိပ်ရသစ်ပင်များအားလည်း ရှင်သန်ကြီးထွားလာရန်အတွက် ရေလောင်းပေးခြင်းလုပ်ငန်းရပ်အား “အစိမ်းရောင် စစ်ဆင်ရေး” ဟူ၍ ပထမခြေလှမ်းအဖြစ် မြောက်ဒဂုံမြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် လုပ်ဆောင်ပေးနေပြီ ဖြစ်သည်။ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချမှတ် ပေးလိုက်သော အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် အဆောက်အဦးများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသောအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ် ပလပ်စတစ်များ၊ ကော်ဗူးများ၊ သံတိုသံစများနှင့် ပြည့်နှက်ဖုံးလွှမ်းနေသော (၂) ဧကကျော်မြေကွက်အား ပြုပြင်ပြောင်းလဲခဲ့ရသော အတွေ့အကြုံဆိုးများ၏ ဒဏ်ရာ ဒဏ်ချက်များကြောင့်၎င်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခြေခံအုတ်မြစ်ဖြစ်သော လူ့စည်းကမ်း၊ ပြည်သူလူထုတို့ စောင့်ထိန်းရမည့်ကျင့်ဝတ်များထဲတွင် ပါဝင်သော စည်းမဲ့ ကမ်းမဲ့ အမိုက်ပစ်မှုများအား ပညာပေးလှုံ့ဆော်မှုအဖြစ်၎င်း၊ မြေသြဇာဖြစ်စေမည့်အမှိုက်နှင့် ပြန်လည်၍ အသုံးပြု နိုင်သည့်အမှိုက် (စက္ကူ၊ သစ်ရွက်၊ အဝတ်စုတ်နှင့် ရေသန့်ဗူးခွံ၊ သံဗူး၊ ပုလင်း၊ မီးချောင်း … ) စသည့် စွန့်ပစ် အမှိုက် များအား စနစ်တကျခွဲခြား၍ စွန့်ပစ်ကြရန် သင်္ခန်းစာပေးလိုသည့်ဆန္ဒအရလည်းကောင်း၊ အမှိုက်ကအစ ပြဿဒ် မီးလောင်မှုမဖြစ်စေရန် ကာကွယ်ထိန်းသိမ်းမှုကို ပြုလုပ်ကြရန်အတွက်၎င်း၊ လူဦးရေ (၅.၆) သန်းကျော်ရှိသော ရန်ကုန်မြို့နှင့် ရန်ကုန်မြို့စည်ပင်သာယာသန့်ရှင်းရေး လုပ်သားဦးရေ (၅ဝဝဝ) ကျော်ဟူသော အချိုးအစားအရ၄င်း၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးအသင်းအဖွဲ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုပြီး နိုင်ငံထူထောင်မှုအချိန်ကာလတွင် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီပေးမှုအဖြစ် ၁၁.၅.၂ဝ၁၃ စနေနေ့တွင် ပန်းဆိုးတန်းဆိပ်ကမ်းဧရိယာအတွင်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံဗောတံတားနှင့် အနီးပတ်ဝန်းကျင်များ၊ မြောက်ဥက္ကလာပမြို့နယ် လူစည်ကားသည့် မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီး ပတ်ဝန်းကျင်များတွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသောအမှိုက်များတို့အား ကောက်ယူသိမ်းဆည်း ခြင်းများကိုလိုက်လံ၍ လူမှုရေးသမားများနှင့် အတူတကွလက်တွဲ လုပ်ဆောင်ပေးခဲ့ကြသည်။ မြို့နယ်ဒေသခံ မိဘပြည်သူများမှာလည်း ဝမ်းသာကြည်နူးစွာဖြင့်အတူလက်တွဲ ကူညီပေးခဲ့ကြသည်။
 ကျွန်တော်တို့ ကောက်ယူခဲ့ သောအမှိုက်များအားလည်း မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်သုဿန်အနီးရှိ အမှိုက်ပုံသို့ စနစ်တကျစည်းကမ်း ရှိစွာသွားရောက် စွန့်ပစ်ခဲ့ကြသည်။ ယခုထပ်မံ၍ ၁၈.၅.၂ဝ၁၃ စနေနေ့ ညနေ (၃းဝဝ) နာရီအချိန်တွင်လည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လူသွားလူလာ ရုံးတက်/ရုံးဆင်း ထူထပ်များပြားလှသော မဟာဗန္ဓုလပန်းခြံ တစ်လျှောက် လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များနှင့် လက်တွဲကာ အင်တိုက် အားတိုက်သန့်ရှင်းမှုအား ပြုလုပ်ကြမည်ဖြစ်တော့သည်။
 ယခုတစ်ကြိမ်တွင် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်လာရခြင်းမှာ ပြည်သူပြည်သားများအား အသိပညာပေးမှုတွင်ထိရောက်သည့် လက်နက်ဖြစ်သော အနုပညာ စွမ်းအားများကို တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် တာဝန်ယူကြကာ အများပြည်သူအတွက် ပေးဆပ်ကြမှုတစ်ခုပင် ဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်ကာလအတွက် စိတ်ကူးအိမ်မက်များသည် မြို့နယ်တစ်ခုချင်း၊ ရပ်ကွက်တစ်ခု ချင်း၊ မြို့တစ်မြို့နှင့်တစ်မြို့ချင်
း၊ ပြည်နယ်နှင့်တိုင်းတစ်ခုချင်း၊ သန့်ရှင်းစိုပြေလှပမှုများကို အပြိုင်အဆိုင်အနိုင် လုပ် ဆောင်ကြမည်ဆိုပါက နိုင်ငံတော်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သလို “(၄) လအတွင်း စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်စေ ရမယ်” ဟူသောစကားမှာ မှန်ကောင်းမှန်ပေလိမ့်မည်။ သို့သော် ယနေ့ ၁၈.၅.၂ဝ၁၃ စနေနေ့ နံနက် (၉းဝဝ) နာရီခန့်အချိန်တွင် ကျွန်တော့်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ “ဦးကျော်သူတို့ အမှိုက်ကောက်မည့်အစီအစဉ်အား ရပ်ဆိုင်းပေးပါရန်” ဟူ၍ ရန်ကုန်မြို့ စည်ပင် သာယာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိကြီးတစ်ဦးမှ ဆက်သွယ်ပြောကြားလာခဲ့သည်။
 ထို့ကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်ဆောင်ပေးဆပ်ကြရန် စုရပ်ဖြစ်သော ဗိုလ်အောင်ကျော်လမ်း ထိပ်ရှိ “ရွှေလင်ဗန်း” လ္ဘက်ရည်ဆိုင်သို့သွားရောက်ကာ အစီအစဉ်ဖျက်သိမ်းကြောင်း ဂီတ၊ စာပေလူမှုရေးသမား များ၊ ရပ်မိရပ်ဖပြည်သူလူထုများနှင့် လူမှုရေးလုပ်ငန်းအားစိတ်ဝင်စား၍ လာရောက်ကြသော မူလတန်းအရွယ် ကလေးငယ်များကို ဦးဆောင်၍ခေါ်ယူလာသော BG အဖွဲ့သားများအား ဝမ်းနည်းစွာဖြင့် အကြောင်းကြားခဲ့ရတော့ သည်
။ အပြန်လမ်းတစ်လျှောက် ကျွန်တော်တွေးတောမိတော့သည်။ ကျွန်တော်တို့ လူမှုရေးသမားများသည် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးကြမည့်သူများ
မဟုတ်၊ နိုင်ငံတော်အား ဆူပူမှုဖြစ်အောင်လုပ်မည့်သူများ မဟုတ်၊ တည်ငြိမ်အေးချမ်းသော ရေပြင်အား ဂယက်ထဆူပွက်စေမည့် သူများမဟုတ်၊ ငြိမ်းချမ်းမှုကိုသာ လိုလား ကြသည့်၊ စည်းကမ်းရှိမှုကိုသာလိုလားကြသည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရုပ်/စိတ်တို့ကိုသာ လိုလားကြသည်။ စိမ်းလန်းသာယာမှုကို လိုလားကြသည်။ ကျန်းမာသန်စွမ်းပြီး ပညာရေးတိုးတက်မှုတို့ကိုသာ လိုလားကြသည်။
 အဘယ့်ကြောင့် ယခုကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်း
အား ဝိုင်းဝန်းပံ့ပိုးပေးမှုကို တားမြစ်ရသနည်း … ? ပိတ်ဆို့ရသနည်း … ? ဟန့်တားရသနည်း … ? ဤကဲ့သို့သော အသေးငယ်ဆုံး ပါမွှားလုပ်ငန်းလေးတစ်ခုကိုပင် တား မြစ်ခံရခြင်းအတွက် ကျွန်တော့်အတွက် အဖြေရှာမရ။ ထို့ကြောင့် အများပြည်သူအပေါင်းတို့အား တရားဝင်ကြေငြာ ထားသော အမှိုက်ကောက်မည့်အစီအစဉ်အား ဖျက်သိမ်းရခြင်းအကြောင်းကို အများပြည်သူတို့ထံသို့ တရားဝင် ပြန်လည်ပြောကြားရမည့် တာဝန်တစ်ရပ်ဖြစ်ပေါ်လာရသည်။ တစ်နည်းအားဖြင့် အများပြည်သူလူထုအား သတင်း ပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်းပင် ဖြစ်တော့သည်။
(အမှိုက်မကောက်ရ၍ အမှိုက်ဖွရန်မဟုတ် ! ။ အမှိုက်မကောက်ရ၍ သတင်းပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်း သက်သက်မျှသာဖြစ်သည် . . . ) ကျော်သူ
Posted: 18 May 2013 09:14 AM PDT
မွန်ပြည်နယ် ပေါင်မြို့မှာ မီတာတပ်ဆင်ခငွေကျပ် ဆယ်သိန်းတောင်းခံတာကြောင့် မကျေနပ်ကြတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေဟာ ဒီကနေ့ ရပ်ကွက် ၃ ခုမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မီတာပုံးတပ်ဆင်ခဟာ ပြေစာပေါ်မှာ ကျပ်တစ်သိန်းပဲ ဖေါ်ပြထားပေမယ့် တကယ်တမ်းမှာတော့ ကျပ် ၁၀ သိန်း တောင်းခံတာကြောင့် ပေါင်မြို့ဒေသခံ ၁၅၀ လောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး၊  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 09:03 AM PDT
လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့သည့် ရောဂါပိုး တစ်မျိုးသည် ခုခံအား ကျဆင်းမှုကို ပို၍ ဖြစ်ပွားနိုင်ခြေရှိကြောင်း US National Coalition of STD Directors အဖွဲ့မှ William Smith က သတိပေး ပြောကြား လိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 08:55 AM PDT
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ နေ့တွက်ကြေး ကျပ်နှစ်ရာတိုးပေးဖို့၊ ရှားပါးစရိတ်ပေးဖို့၊ နှစ်စဉ်အပို ဆုကြေးတွေ မျှမျှတတပေးဖို့စတဲ့ အချက် ၃ ချက်ကို မနေ့နေ့လည်ကတည်းက စတင်တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြနေတဲ့ အလုပ်သမတစ်ဦးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:59 AM PDT
တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း တရုတ် အာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောဆို တယ်လို့ ဒီကနေ့ တရုတ်နိုင်ငံက ပြန်လည်ရောက် ရှိလာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က RFA ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:54 AM PDT
အစိုးရသစ် လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး စီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာ ကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:43 AM PDT
ဓမ္မတာဆန့်ကျင် လိင်ဆက်ဆံခြင်းကို တားမြစ်ထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ကို လွှတ်တော်က ပယ်ဖျက်ပေးရန် မြန်မာနိုင်ငံရှိ မြို့နယ် ၁၃ မြို့နယ်မှ လိင်တူချစ်သူများက တောင်းဆိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:37 AM PDT
မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။ ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 18 May 2013 07:31 AM PDT
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် ဝန်းကျင်ကပင် နားလည်မှုဖြင့် စတင်ပေါ်ပေါက် လာသော International School (နိုင်ငံတကာ အသိအမှတ် ပြုကျောင်း) များမှာ ၁၈ နှစ်သား ရောက်ချိန်အထိ တရားဝင် မှတ်ပုံတင်ကျောင်း အနေနှင့် အသိအမှတ်ပြုခြင်း မရှိသေးသော်လည်း တစ်နှစ်ထက် တစ်နှစ် အသိအမှတ်ပြု လက်ခံသူ ပိုမိုတိုးတက် လာပြီး မြန်မာ့ပညာရေး ဈေးကွက်တွင် ဈေးကွက် အခိုင်အမာ ရရှိထားပြီးဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီး ၂ နှစ် ကျော်အကြာ ၂၀၁၃ မေလတွင် International School များ ကျောင်းအပ်ခနှုန်းထား အပြောင်းအလဲနှင့် ဝန်ဆောင်မှုများအပေါ် မကျေနပ်ရာမှ ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများ အကြား စတင်ပေါ်ပေါက်လာသော ပေါက်ကွဲမှုများမှသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပညာရေးစနစ်နှင့် အနားသတ် မဲ့နေသည့် မြန်မာ့ပညာရေးစနစ်ကို မေးခွန်း ထုတ်လာကြသည်။ အမြင်အမျိုးမျိုးဖြင့် ဝေဖန်လာကြသည်။ ယင်းသည်ပင် နှစ်ပေါင်း များစွာ သူ့သဘောသူဆောင်နေသော အနားသတ်မဲ့ မြန်မာ့ပညာရေးအတွက် လားရာသစ်များစွာကို မီးမောင်းထိုးလိုက် သကဲ့သို့ ဖြစ်လာသည်။
ယနေ့မြန်မာနိုင်ငံ အခြေခံပညာရေး နယ်ပယ်ကိုကြည့်ပါက အစိုးရပညာရေး၊ နိုင်ငံတကာ သင်ရိုးများနှင့် သင်ကြားသော ပုဂ္ဂလိကပညာရေးနှင့် အစိုးရသင်ရိုးကို ပင်မ ထား သင်ကြားသော အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပညာရေး ဟူ၍ ပညာရေးစနစ်သုံး မျိုးရှိနေသည်။
အစိုးရပညာရေးကို ကြည့်ပါက ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးနေသည် အထိ နှစ်ကာလကြာရှည်စွာ စနစ်ဆိုး၏ အောက်တွင် ပျက်စီးယိုယွင်းနေရသည်။
အုပ်ချုပ်သူအဆက်ဆက် စမ်းသပ် ပြုပြင်ခဲ့သော ပညာရေးစနစ်များသည် နိုင်ငံတကာ ပညာရေးနှင့် ဝေးကွာခဲ့သလို အာဆီယံဒေသတွင်းမှာလည်း တဖြည်းဖြည်း နိမ့်ကျခဲ့သည်။ လက်တွေ့အားနည်းချက် များနှင့် ဆရာဦးဆောင် သင်ကြားသော ပုံစံများကြောင့် စာသင်ခန်းနှင့်ကျောင်းသားများ ကြား ခြားနားလာခဲ့သလို အရည်အချင်းစစ် စာမေးပွဲစနစ် ယိုယွင်းချက်ကြောင့် တွေးခေါ် စဉ်းစားနိုင်စွမ်းထက် အလွတ်ကျက် ပညာရေးစနစ် အဖြစ် ပြောင်းလဲခဲ့သည်။
ထို့ကြောင့် ကျောင်းသားများ၏ တစ်နေ့တာအချိန် သုံးပုံနှစ်ပုံနီးပါးမှာ ကျောင်းတွင်း စာသင်ချိန်၊ ကျူရှင်ချိန် (ကျောင်းစာကို နားမလည်သဖြင့် ကျူရှင်တွင် အချိန်ပိုယူ သင်ကြားချိန်)၊ စာကျက်ချိန်တို့ဖြင့် အချိန် ကုန်သွားသည်။
ကျောင်းသား တစ်ယောက်အတွက် တစ်ရက် ၁၃ နာရီမှ ၁၆ နာရီအထိ အချိန်များ ကို ကျောင်းစာအတွက် အသုံးပြုရသဖြင့် အိပ်ချိန်ရှစ်နာရီ ပေါင်းပါက ကိုယ်ပိုင်အချိန် မရှိသလောက်အထိ ဖြစ်သွားခဲ့သည်။
ယင်းသည်ပင် အစိုးရပညာရေးစနစ်၏ အဓိကအားနည်းချက် ဖြစ်လာသည်၊ အမှန်တကယ်တတ်ခြင်း၊ မတတ်ခြင်း၊ လက်တွေ့နယ်ပယ်တွင် အသုံးဝင်ခြင်း၊ မဝင်ခြင်းကို ထည့်မတွက် သေးသည့်တိုင် အစိုးရပညာရေး စနစ်မှာ ပြုပြင်စရာ လိုအပ်ချက်များစွာ ရှိနေသည်။ ယင်းကြောင့်ပင် မြန်မာ့ပညာရေး စနစ်ကို အောက်ခြေကပင် ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း ပညာရှင်များက ယနေ့ပြောကြားလာခြင်း ဖြစ်သည်။
အစိုးရပညာရေး စနစ်၏ အဆိုပါ အားနည်းချက်များကြောင့် ငွေကြေးတတ် နိုင်သူများက နိုင်ငံခြားပညာရေးကို အလေးပေး ဦးတည်သော International School များကို အားပြုလာကြသည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ စတင်ဖွင့်လှစ်လာသည့် International School များမှာ ကမ္ဘာ့အဆင့် ပညာရေး စနစ်အမျိုးမျိုးဖြင့် သင်ကြားကြခြင်းဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုးကွဲပြား ကြသည်။
"မြန်မာနိုင်ငံမှာ အမေရိကန် ပညာရေးစနစ်နဲ့ သင်ကြားနေတဲ့ ကျောင်းတွေထဲမှာ အမေရိကား အသိအမှတ်ပြု လက်မှတ်ရထားတာ ISY (International School Yangon)၊ ISM (International School of Myanmar)၊ YIS (Yangon International School) ရယ် အဲဒီကျောင်းတွေ ရှိတယ်၊ ISY ကတော့ အမေရိကန် သံရုံးက ပညာရေးဌာန အသိအမှတ်ပြုနဲ့ လုပ်လာတာ နှစ် ၅၀ ရှိပြီ။ သူက သက်တမ်း အကြာဆုံးပဲ၊ Horizon ကျောင်းကတော့ ဆွစ်ဇာလန် ပညာရေးစနစ်ကို သုံးတယ်၊ သူလည်း အသိအမှတ်ပြုလက်မှတ် ရထားတာပဲ" ဟု မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း များတွင် သင်ကြားရေး အတွေ့ အကြုံ ၁၅ နှစ်နီးပါးရှိသူ ဦးအောင်ဆန်းမြင့် က ရှင်းပြသည်။
ယင်းသို့ အသိအမှတ်ပြုသည့် နိုင်ငံများ မတူသကဲ့သို့ သင်ကြားသည့် စနစ်မတူခြင်း၊ သင်ရိုးမတူခြင်း တို့ကြောင့် ကျောင်းသားမိဘ အများစုအတွက် ကျောင်းရွေးချယ်မှု၊ ကျောင်းပြောင်းရွှေ့မှု များတွင် ဆုံးဖြတ် ချက်ချနိုင်ရန် ခက်ခဲလေ့ရှိသည်။
ထို့အပြင် ကျောင်းအများစုတွင် မြန်မာဘာသာ မသင်ကြားခြင်း၊ မြန်မာ့သမိုင်း အပါအဝင် မြန်မာနိုင်ငံသားတစ်ဦး သိသင့်သိထိုက်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာ အကြောင်း သင်ကြားမှု မရှိခြင်း တို့မှာလည်း အကြီးမားဆုံးပြဿနာ တစ်ရပ်အဖြစ် ပညာရှင်များက ထောက်ပြကြသည်။
တစ်ဖက်တွင်လည်း အားနည်းချက် ရှ
...
[Message clipped]  View entire message
No comments:
Post a Comment