သစ်ထူးလွင်
|
- မေ(၃၀)ဒီပဲယင်း နိုင်ငံရေး အကြမ်းဖက် လုပ်ကြံမှုကြီး ဆယ်နှစ်မြောက်
- လားရှိုးမှာ ဓာတ်ဆီလောင်းမီးရှို့ သူနှင့် ပါတ်သတ်လို့ ဝန်ကြီးဦးအောင်မင်း ပြောကြားချက် (ရုပ်/သံ)
- နိုင်ငံတ၀န်း ကျောင်းအပ်ရာတွင် အမျိုးမျိုးဖြစ်နေ
- နံရံတွင် သမ္မတပုံဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ
- ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှု လုံခြုံရေးအတွက်ဟုဆို
- ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်
- SEA Games ကို ဖိလစ်ပိုင် သပိတ်မှောက်မည်ဟုဆို
-
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
င် ထိုင်းတော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခံရ - လားရှိုးဆူပူမှု ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
- ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက် သဘောတူ
- လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၁၀၀၀ ခန့် ခိုလှုံ
- လာရှိုးမြို့ဈေးဆိုင်တချို့ ပြန်ဖွင့်၊ လုံခြုံရေးတိုးမြှင့်
- ပဲခူးတိုင်း မုန်းမြို့တွင် ဗလီဖျက်မှုဖြစ်
- မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၅)၊
- မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
-
- မေလ(၃၀)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ-၂၊ အမှတ်-၁၉
- ခရမ်းမြို့ကြက်ခြေနီက ကတ်ကြေးဖြင့်ထိုးမှု အရေးယူပေးစေလို
- မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးအဖွဲ့ကတိမတည်မှု
- တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်
- မန္တလေးတွင် သာသနာညှိုးနွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ
- လှိုင်သာယာ လယ်သိမ်းခံလယ်သမားတို့ လယ်လုပ်ငန်း စဝင်ပြီ
- ဇေကမ္ဘာ ဒေါက်တာခင်ရွှေကို လိမ်လည်သည်ဟု စွပ်စွဲကာ အမှုဖွင့်
- လယ်ယာသုံးနွားများကို ဈေးကောင်းပေးဝယ်ယူခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်ကြုံလာနိုင်
Posted: 30 May 2013 06:51 AM PDT
မေ(၃၀)ဒီပဲယင်း
နိုင်ငံရေး အကြမ်းဖက် လုပ်ကြံမှုကြီး ဆယ်နှစ်မြောက် နှစ်ပါတ်လည်နေ့
အခမ်းအနားကို မေ(၃၀)ရက်နေ့ နံနက်ပိုင်းမှာ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်
ကြည်ရွာ တွင် ပြုလုပ်ခဲ့ပါသည်။
ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှုကြီးမှာ ၂၀၀၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် ၏ စည်းရုံးရေး ခရီးစဉ် မုံရွာမြို့ကို ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ မုံရွာမြို့မှ ရေဦးမြို့သို့ ထွက်ခွာလာရာ ညဦးပိုင်း အချိန် ဒီပဲယင်းမြို့ အဝင် ကြည်ရွာတွင် ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှု အောင့်မေ့ဖွယ် အခမ်းအနားကို ယနေ့ မနက်(၈)နာရီတွင် စတင်ခဲ့ရာ အခမ်းအနားမှူးအဖြစ် ဒေါ်နှင်းနိုင်စိုး မှ ဆောင်ရွက်ပြီး ခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဦးဝင်းမြင့်အောင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် အစီအစဉ် များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ၏ သ၀ဏ်လွှာကို ဒီလှိုင်း အယ်ဒီတာ ဦးငြိမ်းသစ်မှ ဖတ်ကြားခြင်း၊ အဖွဲ့ချုပ် သဘာပတိဦးဝင်းတင်၏ သ၀ဏ်လွှာကို ဦးဇော်မျိုးအောင်မှ ဖတ်ကြားခြင်း ဒီပဲယင်း ဆယ်နှစ်မြောက်နှစ် ပါတ်လည် အမှတ်တရစကားကို ဗဟိုကော်မတီဝင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံမုံရွာအောင်ရှင်မှ ပြောကြားခြင်း၊ ကွယ်လွန်သူ ကဗျာဆရာကြီး ဆရာကြည်မောင်သန်း၏ (ဒီပရင်္ဂ)ကဗျာကို ကဗျာဆရာကျော်ခန့်လူမှ ဖတ်ကြားရွတ်ဆို ခြင်း အဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဦးကျော်စိုးလင်း ပြီးဆုံးခဲ့ပါသည်။ အဆိုပါ ဒီပဲယင်း မေ(၃၀)နှစ်ပါတ်လည် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မုံရွာ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရပါသည်။ သစ်ထူးလွင်
http://feeds.feedburner.com/
|
||
Posted: 30 May 2013 05:26 AM PDT
လားရှိုးမှာ
အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံနဲ့
တောင်ကြီးမြို့တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုးမှာ
အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့တဲ့အခါကျမှ ပဋိပက္ခတွေ
ပေါ်ပေါက်လာတာလို့  မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မြစ်ကြီးနား ကေအိုင်အိုနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံ ပြောဆိုသွားပါတယ်။
ဒီအကြောင်းကို မနက်ပိုင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာလဲ ထည့်သွင်း
ပြောကြားခဲ့ပါတယ်။ ဘယ်သူခိုင်းတယ် ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာကို
စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 05:05 AM PDT
မူလတန်း
ကျောင်းသားတွေ ကျောင်းအပ်ရာမှာ ငွေကြေးတစုံတရာ မပေးရတဲ့အပြင် ကျောင်းသား
တဦး ငွေကျပ် ၁၀၀၀ ကျောင်းက ပြန်လည် ထောက်ပံ့ ပေးနေပေမယ့် တချို့ဒေသတွေမှာ
မရကြဘဲ လျှောက်လွှာကြေးဆိုပြီး ပြန်လည် တောင်းခံ တာတွေ ရှိနေပါတယ်။
အခုနှစ် ကျောင်းအပ်ရာ သီဟာ မေလ ၂၇ ရက်က စတင်ခဲ့ပြီး ကျောင်းသားမိဘတွေ
ကျောင်းအပ်ချိန်မှာ အခုလိုမျိုး ကြုံတွေ့နေကြရတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:44 AM PDT
သမ္မတဦးသိန်းစိန်ရဲ့ပုံကို
နံရံမှာ ဂရပ်ဗတီ ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း
ပေးဆောင်လိုက်ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း
မီးပြိုင့္အနီးက အုတ္နံရံမွာ ဂရပ္ဗတီ လို့ အမည္တြင္တဲ့
နံရံပေါ်ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင်တရားရုံးက
ဒီကနေ့ ဒဏ်ငွေ ၁ သိန်း ချမှတ်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:34 AM PDT
လူ့အခွင့်အရေးကို
ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည်နယ်
မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ
ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေးကို
ချိုးဖောက်ခြင်းမဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး
ဦးဝင်းမြိုင် က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:23 AM PDT
စစ်ကိုင်းတိုင်း
ဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင် ပုံကျေးရွာရှိ အခြေခံ ပညာ
မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ
တစ်ရွာလုံးရှိ ကျောင်းသား မိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း
ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့်
ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:14 AM PDT
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ကို
သပိတ်မှောက်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ
ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင် သတင်းစာ The Philippine Star
သို့ မေလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
မြန်မာနိုင်ငံက ဆုတံဆိပ်ရနိုင်သည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:10 AM PDT
မြန်မာ့
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို
ထိုင်းဘုရင်ရဲ့ တော်ဝင်ဘွဲ့ တံဆိပ်ကို ချီးမြှင့်ခဲ့ပါသည်။ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ မေ ၂၈
ရက်နေ့က ချီးမြှင့်ခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:01 AM PDT
ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့
ဆူပူအကြမ်းဖက်မှုတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကြားက
ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုကြောင့် လူ ၁ ဦး
သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ သမ္မတရုံး
ပြောခွင့်ရသူ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြချက်အရ ၂ ရက်ဆက်
လားရှိုးမြို့ပေါ် ဆူပူဖျက်ဆီးမှုတွေမှာ ဦးဆောင်ပါဝင်သူလို့ ယူဆရသူ
လားရှိုးမြို့ပေါ်ရပ်ကွက်တွေက လူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့များက
ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 03:54 AM PDT
ကချင်လွတ်လပ်ရေး
အဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်
လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ ရက်ညနေပိုင်းမှာ သဘောတူ
လက်မှတ်ထိုး လိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကို
တက်နေတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဒီဗွီဘီကို
လက်မှတ် ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:50 AM PDT
ရှမ်းပြည်နယ်
လားရှိုးမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက် အကြမ်းဖက် မီးရှို့မှုတွေကြောင့်
နေအိမ်တွေ မီးလောင် ပျက်စီးသွားတဲ့အတွက် နေစရာမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက်
လားရှိုးမြို့ပေါ်က မန်ဆူရှမ်း ဘုန်းကြီးကျောင်းမှာ လာရောက်
ခိုလှုံနေကြတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ပါတယ်။ “အစ္စလာမ်
ဘာသာဝင်တွေရော၊ တခြား ဘာသာဝင်တွေရော ၁၀၀၀ လောက်ရှိ မယ်၊ ရောက်လာ ကြပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:29 AM PDT
လားရှိုးမြို့ပဋိပက္ခကြောင့်
၂ ရက်ကြာ ပိတ်ထားတဲ့ဈေးကို မေ ၃၀ ရက် ဒီနေ့မနက်က စတင် ဖွင့်လှစ်
ရောင်းချနေပါတယ်။ ဈေးဆိုင်တိုင်း မဖွင့်ပေမယ့် နေ့စဉ်စားသောက်ကုန်တွေ
လာရောက် ရောင်းချနေတာတွေ များပါတယ်။
ဈေးထဲမှာတော့ ကောလဟလတွေနဲ့ ပြန့်နေတဲ့အတွက် သတိထားရောင်းနေရတယ်လို့ ဆိုင်ဖွင့်တဲ့ ဈေးသည်အများစုက ပြောကြပါတယ်။ လားရှိုးမြို့မှာ ပဋိပက္ခဖြစ်ပွားပြီး ၃ ရက်မြောက်နေ့မှာတော့ ဈေးဆိုင်အချို့ စတင်ရောင်းချနေပြီး လုံခြုံရေးများ တိုးမြင့်ချထားတာကိုလည်း တွေ့မြင်ရပါတယ်။ by ဒီဗွီဘီ (သတင်းဓာတ်ပုံ – အိမ်ခိုင်မြဲ)
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:47 AM PDT
ပဲခူးတိုင်း
ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား အချင်းချင်းစကားများရာကနေ မေ ၂၉
ရက်နေ့ ညနေပိုင်းမှာ ဗလီတလုံးနဲ့ နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။
နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီကတည်းက မြန်မာ ၂ ဦးနဲ့
အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို
ထိန်းသိမ်းခဲ့ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:18 AM PDT
မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၅)၊
သတင်းစာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:16 AM PDT
မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:13 AM PDT
မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:10 AM PDT
မေလ(၃၀)ရက်နေ့ ကြာသပတေးနေ့ ထုတ် မြ၀တီနေ့ စဉ် သတင်းစာ
သတင်းစာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 02:06 AM PDT
မေလ(၃၀)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ-၂၊ အမှတ်-၁၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:58 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် 28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော
အားကစားနှင့် ကာယပညာ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ် ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည် ။ ပွဲပြီးချိန်တွင် ကွင်းအပြင်မှ မောင်ပြည့်စုံအား ခရမ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ လက်သီးဖြင့်ထိုးခြင်း ၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပါသည် ။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မောင်ပြည့်စုံ မှာ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည် ။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး ဖြေရှင်းခြင်း ၊လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး ၊ မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည် ။ အဆိုပါဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက် ချုပ်လိုက်ရပါသည် ။ ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင် ၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့ အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ စစ်ဆေး အရေးယူပေး စေလိုကြောင်း မောင်ပြည့်စုံ နှင့် နီးစပ်သူများက Myanmar News Now ကို ပြောပါသည်။ သစ်ထူးလွင်
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:48 AM PDT
မန္တလေးမြို့
၊ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းမှာ မြေဖို့ လမ်းခင်းလုပ်ငန်း များကို
ဆောင်ရွက် နေသောကြောင့် ၄၉လမ်း အပေါ်ဘက်ဖြစ် သော ရပ်ကွက်များမှာ မိုးရေနှင့်
ဆည်ရေများ ၀ပ်နေပါသဖြင့် ရေနုတ်မြောင်းကို ပိတောက်လမ်းအတိုင်း ၅၁လမ်း အထိ
ဖောက်ချရန် နှင့် ရပ်ကွက် အတွင်းရေများ မ၀င်ရောက်ရန် ပြုလုပ်ပေးမည်ဟု
မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးနှင့် လမ်းခင်းနေသော ကုမ္ပဏီ မှ လာရောက်
ပြောပြသဖြင့် အဆင်ပြေစေရန် ရပ်ကွက်သူ/သားများ လက်ခံခဲ့ပါသည် ။
သို့သော် အမှန်တကယ် ဖောက်လုပ်သောအခါတွင် ၅၁ လမ်းထိ ဖောက်လုပ်ပေးခြင်းမရှိပါသဖြင့် ရပ်ကွက်အတွင်း ရေ များ ၀င်ရောက်ကာ ရပ်ကွက်သူ/သား များ ရေဘေးဒုက္ခများ ဖြစ်ပေါ်နေပါသည်။ ထိုပြင် လမ်းများပေါ် ရေများ ၀င်ရောက်နေသဖြင့် ယာဉ်များ သွားလာရန် ခက်ခဲခြင်း လျက်ရှိပါသည်။ သက်ဆိုင်ရာ မြို့နယ်စည်ပင် သို့ တင်ပြထားပါသော် လည်း ကွင်းဆင်း ကြည့်ရှုပြီး ပြုလုပ်ပေးမည့် ဟုပြောကာ ယခု အချိန်ထိ ဆက်လက် လုပ်ဆောင်ပေးခြင်း မရှိပါသဖြင့် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။ မြရည်နန္ဒာ ရပ်ကွက်သူ/သားများ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:36 AM PDT
မြစ်ကြီးနား၊ မေ ၂၉
တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေး ကိစ္စများ ညှိနှိုင်းမှုအဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ တပ်ပိုင်းဆိုင်ရာများအတွက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်အေနှင့် တပ်မတော်တို့ သီးသန့်ဆွေးနွေးရာ ယင်းသို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခြင်းဖြစ်သည်။ တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကာကွယ်ရေး ဦးစီးချုပ် ၏ အာဏာကုန် လွှဲအပ်ပေးထားသော ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ သီးသန့်ဆွေးနွေးခဲ့ခြင်းဖြစ်သည် "ခုညှိနှိုင်းတာက တိုးတက်တဲ့ လက္ခဏာတွေ မြင်ရတယ်လို့ ပြောလို့ ရပါတယ်" ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး က ဆိုသည်။ အဆိုပါသီးသန့်တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်အသေးစိတ် အချက်အလက်များကို လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မေလ ၃၀ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။ ယင်းဆွေးနွေးမှုမတိုင်မီ တစ်ရက်အလိုတွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “တိုက်ပွဲတွေ ဘယ်လို လျှော့ချမလဲ ဆိုတာကို အဖြေရှာ ညှိနှိုင်းပါမယ်” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကိ ယင်းသို့နှစ်ဖက် တပ်ပိုင်းဆိုင်ရာများ ညှိနှိုင်းမှုအဆင်ပြေ နေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တွင်မူ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ The Voice Weekly
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:38 AM PDT
မန္တလေး၊ မေ ၂၉
မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေး သာဇံမြို့နယ်၊ လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း အနီးတစ်ဝိုက်၌ မေ၂၉ရက် ညနေ၅နာရီ အချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် အမှတ်စဉ် ကဒ်ပြား တစ်ခုကို အသုံးပြု၍ သာသနာညှိုး နွမ်းအောင် ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။ “သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာ တာဝန်ရှိသူတွေက ပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာတွင်နေထိုင် The Voice Weekly
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:37 AM PDT
ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ် ပဒံကျေးရွာအုပ်စု၊ ကျွန်လေးပဒံနှင့်
ကျွန်ကြီးပဒံကျေးရွာများရှိ ဝါဝါဝင်း ကုမ္ပဏီက သိမ်းယူထားသည်ဟု လယ်သမားတို့က
စွပ်စွဲနေသော လယ်မြေအချို့ပေါ်တွင် လယ်ယာလုပ်ငန်း စတင် လုပ်ဆောင်နေပြီဟု
လယ်သမားတို့က ပြောသည်။
ဝါဝါဝင်းကုမ္ပဏီနှင့် လယ်သမားတို့ ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျော်ကြေးပေးရန် သဘောတူညီမှု ရရှိခဲ့သော်လည်း လျော်ကြေးမရရှိ ခြင်းကြောင့်ဟု စွပ်စွဲကာ ယခုနှစ် မိုးရာသီတွင် လုပ်ငန်းစတင် လုပ်ဆောင်ခြင်းဟု လယ်သမားတို့က ပြောသည်။ ''ပြန်ပေးမယ်လို့ ရှေ့မှာပြောခဲ့ပြီး၊ ပြန်မပေးဘူး၊ လယ်သမားတွေက လယ်မထွန်ဘဲ ထိုင်ကြည့်နေရမှာလား၊ စားဝတ်နေရေး ခက်ခဲတာပေါ့'' ဟု ပဒံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ကိုညွန့်နိုင်က ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဝါဝါဝင်းကုမ္ပဏီဘက်သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေ ကြားမည့်သူမှာ ပြည်ပနိုင်ငံများသို့ ခရီးသွားနေသည်ဟု တုံ့ပြန်ပြောဆိုသည်။ အဆိုပါကိစ္စတွင် လယ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဝင်းချိုက ''မှန်ကန်တဲ့ တရားဥပဒေအတိုင်း ပြည်သူတွေ ဘက်က ရှိပေးသင့်တယ်၊ ဒီကိစ္စက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီဌာနက အရင်သိမ်းပြီးတော့ ဝါဝါဝင်းကုမ္ပဏီကို လွှဲလိုက်တာပါ'' ဟု ပြောသည်။ လယ်မြေဧကမှာ ၆၈ဝ ကျော်ရှိပြီး လယ်သမားတို့က လယ်မြေများ ပြန်လည်ရယူလိုကြောင်း ဆန္ဒထုတ်ဖော်မှုများ လည်း ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဆန္ဒပြရာတွင် အစာငတ်ခံ၍ ရက်ပေါင်း ၄ဝ ကျော် အထိ လယ်သမားများက ဆန္ဒပြခဲ့သည်။ ဆန္ဒပြခြင်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီဌာနရှေ အေးအေးကျော် | by Mizzima - News in Burmese
http://feeds.feedburner.com/
|
||
Posted: 30 May 2013 04:54 AM PDT
ဇေကမ္ဘာ
အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာခင်ရွှေကို မြေကွက် လိမ်လည် ရောင်းချသည်ဟု
စွပ်စွဲကာ မင်္ဂလာဒုံ မြို့မ ရဲစခန်းတွင် မေ ၂၈ ရက်က အမှုဖွင့် ထားကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းတွင် ပါရှိသည်။ မဇ္ဈိမက
ရရှိထားသည့် ရဲမှတ်တမ်း မိတ္တူ တွင် ''ဧရိယာ စုစုပေါင်း ၃.၃၇ ဧကရှိ မြေကွက်
သုံးကွက်ကို ဒေါက်တာခင်ရွှေ (အသက်၊ စိစစ်ဆဲ) အုပ်ချုပ်မှု ဒါရိုက်တာ
(ဇေကမ္ဘာကုမ္ပဏီ)၊ ဘ-စိစစ်ဆဲ'' ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/
|
||
Posted: 30 May 2013 01:11 AM PDT
လယ်ယာလုပ်ငန်းခွင်တွင်
အသုံးပြုသော နွားများကို ဈေးကောင်းပေး ၀ယ်ယူနေသည့်အတွက်
စိုက်ပျိုးရေးလုပ်ငန်းများတွင် နွားရှားပါးမှု ပြဿနာ နှင့်
ကြုံတွေ့လာနိုင်ကြောင်း လယ်သမားများက ပြောသည်။
မြန်မာနိုင်ငံတွင် နွားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ခိုင်းစေရန် အတွက် မွေးမြူကြပြီး ယင်းခိုင်းနွားများကို အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ဈေးကောင်းပေးကာ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။ “ကျွန်တော်တို့က ဆိပ်ကမ်းသာ ကျေးရွာရဲ့ မော်တော်ဆိပ်နားမှာ နေတာပါ။ ညဖက်တစ်နာရီ ၀န်းကျင်လောက်ရောက်ပြီဆိုတိုင်း ကားကြီးကားငယ်တွေနဲ့ လာပြီးတော့ နွားတွေကို တင်ပါတယ်။ တစ်ခါတစ်လေကျရင် ကားအနေ အထားပေါ်မူတည်ပြီး အကောင်များရင် များသလို နည်းရင်နည်းရင် နည်းသလို ပါတယ်။ နှစ်ရက်ခြား သုံးရက်ခြား တစ်ခါလာပါ တယ်”ဟု မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါလုပ်ငန်းများကို ပြုလုပ်ရန် အတွက် ခရွဲကျေးရွာ၊ လက်ပံ့ကျေးရွာ၊ စန်းစုကျေးရွာနှင့် မုတ်ကမော့ကျေးရွာတို့မှ နွားများကို ဆိပ်ကမ်းသာကျေးရွာရှိ ဒေသခံတစ်ဦးမှ ပွဲစားအဖြစ်ကြားခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရွာထဲကနွားတွေကို ဘီးလင်းကို အရောက်ပို့ပြီး ဘီးလင်းကနေတစ်ဆင့် ရွှေရောင်ပြလမ်းကို သွားတယ်။ အဲဒီ ရောက်တော့ နွားတွေကိုချပြီး တောင်တက်လမ်း ကနေတစ်ဆင့် မြ၀တီကို တင်ပို့နေတာကိုတော့ သိတယ်။ ကျွန်တော်တို့ကလည်း ဈေးသည်တွေ။ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ရတော့ ဒီဘက်ကဒေသခံတွေနဲ့ ဒီလုပ်ငန်းနဲ့က အလွန်အဆင်မပြေ ဖြစ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် အဆိုပါကျေးရွာတွင်းရှိ နွားတစ်ကောင်၏ပေါက်ဈေးမှာ ကျပ် ၁၀ သိန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။ “သူတို့တွေ လုပ်ငန်းလာလုပ်တဲ့ ညတိုင်း အိပ်ရေးကိုဝအောင်မအိပ်ရပါဘူး။ အိပ်ရေးပျက်ပေါင်းတွေလည်း များပါပြီ။ ပြီးတော့သူတို့တွေက လက်နက်တွေလည်း ပါနေတော့ ကျွန်မတို့ဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိတ်မချရပါဘူး။ ဒီလိုမျိုးကို ခံစားနေရတာ ကျွန်မတို့ကျေးရွာတစ်ရွာလုံးအပါ ထို့ပြင် မကွေးတိုင်းဒေသကြီး ရေစ ကြို မြို့နယ်ရှိ ဆင်ခြေရာ၊ ရွှေလှန်မြေစွန်း၊ တော်ရွာသစ်၊ ဇရပ်နီကျေးရွာအပါအ၀င် မြောင်မြို့နယ်ရှိ မြစ်ဆုံ၊ မြစ်သာ၊ ငါးရံ့အို၊မင်းလှကျေးရွာတို့ရှိ နွားများကိုလည်း ဈေးမဆစ်ဘဲ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။ ယင်းကျေးရွာများရှိ ဒေသခံတောင် သူများထံမှ နွားများကို ဆိုဈေးကို မဆစ်ဘဲ ၀ယ်ယူလျက်ရှိနေပြီး ၁၀ ကောင် ခန့်ဝယ် ယူပြီးပါကအငှား မောင်းသူက မောင်းယူသွားကြောင်း၊ ယခုကဲ့သို့ လတ်တလော ငွေကြေးအကျိုးအမြတ်ကိုကြည့်ကာ နွားများကို စည်းကမ်းမဲ့ရောင်းချ နေခြင်းကြောင့် စိုက်ပျိုးရာသီတွင် ခိုင်းနွားမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများ တွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။ ယခင်က နွားများကိုဝယ်ယူရာတွင် ကျေးရွာနှင့် မြို့နယ်ဖြတ်ကျော်မှုတို့ အတွက် ကျေးရွာဥက္ကဋ္ဌများက နွား၏ အမွေး၊ အရပ်အမြင့်၊ အမွေးအရောင်၊ ချိုအမျိုးအစား တို့ကို မှတ်သားကာ ရောင်းသူဝယ်သူတို့ တန်ဖိုးနှင့် သယ်ယူမည့်နေရာ၊ သယ်ယူသူအမည်၊ လိပ်စာစသည့် ထောက်ခံချက်ယူပြီး မှ သယ်ဆောင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲကင်းသို့ အသိပေးတိုင်တန်းခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းကို စည်းကမ်းတကျပြုလုပ်စေရန်နှင့် လယ်ယာလုပ်ငန်းခွင် အန္တရာယ်မရှိ စေရေးအတွက် သက်ဆိုင်ရာဘက်မှ ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံတို့ဘက်မှ လိုလားလျက်ရှိကြောင်း သိရသည်။ “၀ယ်တဲ့သူတွေကလည်း ကြိုက် ဈေးပေးဝယ်တယ်။ ဒါကိုရောင်းတဲ့ သူတွေကလည်း ရှိနေတယ်။ စားဝတ်နေ ရေးပိုင်းမှာ အဆင်မပြေတော့ လည်း ရောင်းတဲ့သူတွေကိုတော့ အပြစ်မဆိုနိုင်ဘူးလေ။ ဒါပေမယ့် နောင်တစ်ချိန်မှာတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ နွားတွေမျိုးတုန်းကုန်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှ လယ်သမား တစ်ဦးက ပြောသည်။ -ဂျူးမေဇင် - The Farmer Media
http://feeds.feedburner.com/
|
No comments:
Post a Comment