Tuesday, May 14, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၅)

သစ်ထူးလွင်



Posted: 14 May 2013 07:21 AM PDT
မြန်မာ စံတော်ချိန်(၁၈း၃၀)နာရီ အချိန် တိုင်းထွာချက်- မြန်မာနိုင်ငံ (စစ်တွေမြို့)၏ အနောက်တောင် ဘက်မိုင်(၅၁၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၂၀)ခန့် ၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက်မိုင်(၅၂၀)ခန့် အိန္ဒိယနိုင်ငံ (ဗီဇာကာ ပတ္တနမ်မြို့) ၏ အရှေ့ တောင်ဘက်မိုင်(၂၄၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေ ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 14 May 2013 06:57 AM PDT
ဗဟန်းမြို့နယ် ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သော ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး အား မှုးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိမှု တစ်ခု မေလ ၁၁ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်း သတင်းအရ သိရသည်။ မေလ ၁၁ရက်နေ့ ညနေ ၅ နာရီအချိန်က ရဲအုပ်ဆန်းဦး (ရက/အရှေ့မူးယစ်အဖွဲ့) နှင့် အဖွဲ့သည် မူးယစ်ဆေး ၀ါးသတင်းအရ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 May 2013 06:41 AM PDT
ပြည်မြို့ ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ သက်တော်(၈၂)) ၀ါတော်(၆၂) ရှိ ကျောင်းထိုင် ဆရာတော် ဘုရားကြီးအား (ဓါးဖြင့်) လှီးဖြတ်ပြီး ဗိုက်တော်အား ဓါးဖြင့်ထိုး ခဲ့တဲ့ အမှု့တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါအမှု့ဖြစ်စဉ်မှာ ယနေ့ နေ့လည် (14.5.2013)ရက်နေ့ နေ့လည် (13း0)ခန့် အဂါင်္နေ့ မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျွန်တော်သတင်းကို အခုရသလောက် တင်ပြ လိုက်ရပါတယ်၊ ဓါတ်ပုံ ကတော့ ဆရာတော်ဘုရားကြီး ခွဲစိတ်ဆောင်ကို ၀င်သွားတဲ့ပုံနှင့် ဆရာတော် ဘုရားကြီး ဆေးရုံလူနာတင် ကုတင်ပေါ်တွင် ကျန်ရှိနေတဲ့သွေးစက်တော်များပါ။ Credit To: ပြည်သတင်းလူငယ်

Posted: 14 May 2013 06:29 AM PDT
မဟာစင် မုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရင်ဆိုင်ကျော်လွှားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်း သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့ ပတ်သက်တဲ့ ကြိုတင်ညှိနှိုင်း အစည်းအဝေးမှာ သမ္မတက ပြောကြားလိုက်တာပါ။

သမ္မတ ဦးသိန်းစိန်က မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေကိုလည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့၊ ဒါ့အပြင် ကုန်းတွင်းပိုင်းဖြစ်တဲ့ မကွေးတိုင်းဒေသကြီးကိုလည်း ကြိုတင်ပြင်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်ပါက အန္တရာယ်အများဆုံးနေရာမှာ ရခိုင်ပြည်နယ် မောင်တောနဲ့ စစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ ကျောက်ဖြူမှာ ဒုက္ခသည် ၁ သိန်းကျော်ရှိပြီး စစ်တွေမှာ ဒုက္ခသည် ၄-၅ သောင်းရှိတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်အချို့ကိုသာ အခိုင်အမာ အဆောက်အအုံတွေမှာ ပြောင်းရွှေ့နေရာချထားပြီးေ
ပမယ့် အချို့ဟာ ယာယီတဲတွေမှာ နေထိုင်ဆဲ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

မုန်တိုင်းဝင်ရောက်ချိန် လေတိုက်နှုန်းမှာ မိုင် ၁၂၀ လောက် ရှိမှာဖြစ်ပြီး ဒီရေလည်း ဝင်ရောက်နိုင်တဲ့အတွက် ယာယီတဲတွေမှာ နေထိုင်သူတွေ၊ အနိမ့်ပိုင်းဒေသနေ ပြည်သူတွေ အန္တရာယ် ရှိတဲ့အတွက် ဦးစားပေးရွှေ့ပြောင်းပေးနေတယ်
လို့ ဆိုပါတယ်။

မေ ၁၆ ရက်မှာ မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့အတွက် မေ ၁၃ ရက်ကစတင်ပြီး ကလေးတွေ၊ အမျိုးသမီးတွေ၊ မိအိုဖအိုတွေ၊ နေထိုင်မကောင်းသူတွေကို အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ တောင်ကုန်းနေရာတွေဆီ ရွှေ့ပြောင်းပေးနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး အရေးကြီးကြောင်းနဲ့ မုန်တိုင်းဖြတ်သန်းပြီးနောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးချိန်မှာလည်း လူမျိုး/ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ်ဆောင်ရမှဖြစ်ကြောင်း၊ ဒုက္ခရောက်နေသူအားလုံး အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း သမ္မတက ပြောပါတယ်။

အရေးပေါ်ကူညီဖို့ တပ်မတော်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
နေရာချထားရာမှာလည်း သူ့နေရာနဲ့သူအံဝင်ခွင်ကျ ဖြစ်အောင် တာဝန်ရှိသူတွေက စနစ်တကျ စီမံဆောင်ရွက်သွားဖို့၊ စားသောက်နေထိုင်ရေးအပြင် သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးနဲ့ ကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက်ကြဖို့၊ လုပ်ဆောင်သင့်တာတွေကို အချိန်နဲ့တပြေးညီ အဖွဲ့တွေ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားထားတယ်လို့ မ္မတက ပြောပါတယ်။

အစည်းအဝေးကို သမ္မတအပါအ၀င် ဒုတိယသမ္မတတွေဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

by ဒီဗွီဘီ

သမ္မတဦးသိန်းစိန် (သမ္မတရုံးဝက်ဘ်ဆိုဒ်)

Posted: 14 May 2013 06:26 AM PDT
ပေါက်တောမြို့နယ် နတ်ချောင်းကျေးရွာ မွတ်ဆလင် ဒုက္ခသည်စခန်းကနေ ဆင်တက်မှော်ကျေးရွာက မွတ်ဆလင်ဒုက္ခသည်စခန်းကို ညသန်းခေါင်ယံ စက်လှေနဲ့ ကူးအလာ မြစ်ထဲမှာ မတ်လ ၁၃ ရက်နေ့ညက လှေမှောက်ပြီး လူ ၁၀၀ ခန့်နစ်မြုပ်ခဲ့တယ်လို့ အဲဒီစက်လှေအုပ်စုမှာပါသူ တဦးက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းအန္တရာယ်ကို ကြောက်လို့ ကုန်းမြင့်ရှိရာနေရာကို စွန့်စားလာရောက်ကြတာဖြစ်ပါတယ်။ လှေပေါ်ပါသူ ၁၂၀ ကျော်ခန့်ထဲက ၁၈ ဦးကို ရေထဲကနေ ဆယ်ယူနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

လှေမှောက်တယ်ဆိုတဲ့ သတင်းကို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ ဒေသဆိုင်ရာ အရာရှိတဦးက အတည်ပြုပြောဆိုထားပါတယ်။

တိမ်းမှောက်တဲ့စက်လှေဟာ တခြာစက်လှေတွေနဲ့ စုစုပေါင်း လှေ ၁၀ စီးနဲ့ စွန့်စားထွက်ခွာလာတယ်လို့ သိရပါတယ်။ ဒါကြောင့် အသေးစိတ်သိရအောင် ညကလွတ်မြောက်လာပြီး ဆင်တက်မှော်ရွာရောက်နေသူ တဦးကို ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

 by ​အေး​နိုင် (ဒီဗွီဘီ)

မွတ်ဆလင်ဒုက္ခသည် လှေတစ်စီးအားတွေ့ ရစဉ်

Posted: 14 May 2013 06:18 AM PDT
ပြင်စလူ၊ မေ ၁၃

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး ပြင်စလူမြို့နယ်ခွဲရှိ ကျေးရွာ ၁၃ရွာတွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် နေ့စဉ် ရေဂါလန် တစ်သောင်းခန့် ကုန်းကြောင်းမှ ထော်လာဂျီများနှင့် လည်းကောင်း၊ ရေကြောင်းမှ စက်လှေများဖြင့် လည်းကောင်း ပေးပို့နေရကြောင်း နှလုံးသား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဝင်းက ပြောကြားသည်။

ကုန်းကြီး၊ နံ့သာကုန်း၊ ဝါးဖူးကုန်း၊ လေယာဉ်ကွင်း၊ ရေလူးဆိပ်၊ သောင်ကလေး၊ တကောင်းဆိပ်၊ အဝစားရွာများအပြင် အနီးအနားရှိကျေးရွာများကို သောက်ရေသွားရောက် လှူဒါန်းနေရကြောင်း ၄င်းက ဆိုသည်။

ပြင်စလူမြို့နယ်ရှိ ရေခန်းနေသည့် သောက်ရေကန်များမှာ မုန်တိုင်းမိုး ရွာပြီးပါက ရေကြည်ရရန် သုံးရက်ခန့် စောင့်ရမည်ဖြစ်ကြောင်း ဦးအောင်မိုးဝင်းက ထပ်လောင်း ပြောဆိုသည်။
မေလ ၅ ရက်နေ့က စ၍ ပို့ဆောင် ပေးနေခြင်းဖြစ်ပြီး မုန်တိုင်းမိုးကြောင့်
လပွတ္တာ မြို့နယ်ရှိ မင်္ဂလာသိဒ္ဓိဘုန်းကြီး ကျောင်း၏ သောက်ရေကန် ရေနောက်သွား ပါက ဒေသခံများအတွက် သောက်ရေ အခက်အခဲမဖြစ်စေရန် A1 ရှယ်တာနှင့် MAX ရှယ်တာတို့ရှိ ဂါလန်တစ်သောင်းဆံ့ သောက်ရေကန်များတွင် လေးရက်စာ ရေဂါလန် သုံးထောင်စီ သိုလှောင်ပေးထားကြောင်း သောင်ကြီးရွာမှ ဦးအောင်နိုင်က ပြောဆိုသည်။
ထိုကျေးရွာ ၁၃ ရွာတွင် စုစုပေါင်း နေထိုင်သူ လူဦးရေမှာ ခြောက်ထောင်ခန့် ရှိပြီး အများစုမှာ ကလေးငယ်များ ဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုကျေးရွာများအတွက် သောက်သုံးရေ ပို့ဆောင်ရန် High Class သောက်ရေသန့်နှင့် ယမကာထုတ်သည့် ကုမ္ပဏီက အဓိကပံ့ပိုးကူညီလျက် ရှိကြောင်းလည်း နှလုံးသားအခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ထံမှ သိရသည်။

ကုန်းကြီးရွာတွင် ကလေးငယ်များ ရေသောက်သုံးနိုင်ရန် အတွက် ဖခင်ဖြစ်သူ များက သောက်ရေရရှိနိုင်သည့် အရက်ဆိုင်များတွင် အရက်ဝယ်၍ ရေတောင်းသောက် နေရသည်ကို တွေ့ရှိရသောကြောင့် ထိုကျေးရွာ များအတွက် သောက်ရေ လှူဒါန်းပေးခြင်း ဖြစ်ကြောင်း High Class သောက်ရေသန့်နှင့် ယမကာထုတ်လုပ်သည့် ကုမ္ပဏီ၏ ပြင်စလူမြို့နယ်ခွဲ ကိုယ်စားလှယ် ဒေါ်နန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မုန်တိုင်း သတိပေးမှုကြောင့် ပြင်စလူမြို့နယ်ခွဲ အတွင်းရှိ ဆိုင်ကလုန်းရှယ်တာ များသို့ သောက်ရေ ဂါလန်သုံးထောင်နှင့် ဆန်ငါးအိတ်စီ ပေးလှူ ထားကြောင်း ၄င်းကဆိုသည်။

မုန်တိုင်း သတိပေးချက်များ ထုတ်ပြန်သည့် မေလ ၁၂ ရက်နေ့ ကစ၍ ဒေသခံရွာသား အချို့မှာ ဆိုင်ကလုန်း ရှယ်တာနှင့် စာသင်ကျောင်းများသို့ လာရောက် နေထိုင်လျက်ရှိကြောင်း နှလုံးသားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဝင်းက ပြောဆိုသည်။

The Voice Weekly


Posted: 14 May 2013 03:16 AM PDT
ဘင်္ဂလာ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မဟာဆန် မုန်တိုင်းသည် လမ်းကြောင်း ပြောင်းလဲ မူများ ဖြစ်ပေါ်ပြီးနောက် မေလ ၁၅ ရက်နေ့ တချိန်ချိန်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပင်လယ် ကမ်းခြေသို့ ၀င်ရောက် တိုက်ခတ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဌာက ကျေညာသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မဟာဆန် မုန်တိုင်း ယနေ့ သွားရာလမ်းကြောင်းကို ဘင်္ဂလာ မိုးဇလ ဌာနမှ ယခုလို ထုတ်ပြန်ထားသည်။

Posted: 14 May 2013 03:10 AM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်း တစ်ခုမှ မုန်တိုင်း လွှတ်ရာသို့ ရွှေ့ပြောင်းသော စက်လှေ တစ်စီး နစ်မြုပ်သွားရာ လူအနည်းဆုံး ၈၀ ခန့်ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။ အဆိုပါ စက်လှေသည် ပေါက်တောမြို့နယ် ငှက်ချောင်း (လင်ဘာတီယာ) ဒုက္ခသည် စခန်းမှ သူတို့ အစီအစဉ်ဖြင့် သူတို့ ပြောင်းရွှေ့စဉ် ယမန်နေ့ ညနေ ၉ နာရီခန့်တွင် ပွဲကြည့်စင်တောင် အနီးတွင် ကျောက်ဆောင်နှင့် တိုက်ပြီး နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 May 2013 03:03 AM PDT
မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ တရုတ် အစိုးရကို တင်ပို့ရောင်းချမယ့် အစီအစဉ်အတွက် နှောင့်နှေးမှု မဖြစ်စေချင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် မြန်မာအစိုးရက နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံကို ရွှေဂတ်စ် ပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချမယ့် အစီအစဉ်ဟာ ပိုက်လိုင်းတလျှောက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ အစိုးရစွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားချက်အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာပါ။ ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်သလဲဆိုတာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတဲ့ နယ်မြေထဲမှာ ဖြတ်ပြီး ဖောက်လုပ်နေတဲ့ ရွှေဂတ်စ် ပိုက်လိုင်းတလျှောက်မှာ အစိုးရက နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် မကြိုးစားဘဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာမို့ တိုက်ပွဲတွေ အခုထိ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခအရေး စောင့်ကြည့်နေတဲ့ ကချင်တိုင်းရင်းသား ကိုနော်ဒင်း က ပြောပါတယ်။

“အဲ့ဒီနေရာမှာ အဓိက လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတယ်။ တစ်ခုကတော့ KIO/KIA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ နောက်ပြီးတော့ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ပေါ
့နော်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကို ကြည့်လို့ရှိရင်တော့ သူတို့ကတော့ ဒီရွှေဂတ်စ်စီမံကိန်းကို ကန့်ကွက်တဲ့ဟာ မရှိဘူး။ သို့သော်လည်းပဲ နိုင်ငံရေးဖြေရှင်းမှု မရှိတဲ့အချိန်မှာ သူတို့နယ်မြေကို ဖြတ်ပြီးမှ ရွှေဂတ်စ်ပိုက်လိုင်းကို လုပ်တယ်။ အဲ့ဒီမှာ အစိုးရတပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့မှ အင်အားတွေ အများကြီးချထားတယ်။ အဲ့ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြေရှင်းမှု မရှိလို့ရှိရင်တော့ အဲ့ဒီဒေသမှာ ဒီရွှေဂတ်စ်ပိုက်လိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်ဖို့ ခက်တုန်းပဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ တွေ့ရတယ်။”

စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက ပိုက်လိုင်းတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပေမဲ့ ဘယ်အချိန်မှာ စပြီး တင်ပို့နိုင်မယ်ဆိုတာ မသေချာသေးဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့သလို၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ
တွနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တင်ပို့ရောင်းချရန် အစီအစဉ်တွေ ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ သေသေချာချာ မလုပ်နိုင်သေးတာမို့ ဒီပိုက်လိုင်းစီမံကိန်းအတွက် ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်တယ်ဆိုတာ ဒီဆွေးနွေးပွဲ ရလဒ်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း ထောက်ပြပါတယ်။

“အခု ပိုက်လိုင်းတလျှောက်လုံး အစိုးရတပ်ဖွဲ့တွေကို အဲ့ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး ဆိုပြီးတော့မှ ချထားတာရှိတယ်။ တချိန်တည်းမှာလည်းပဲ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေထဲကို အဲ့ဒီလိုမျိုး တပ်ဖွဲ့တွေ ၀င်လာတော့ တိုက်ပွဲတွေက တစ်လနီးပါးလောက် နေ့တိုင်းဆိုသလို ကြိုကြား ကြိုကြား တိုက်ပွဲတွေက ပုံမှန်ဖြစ်နေတာ တွေ့ရတယ်။ တဘက်မှာကတော့ အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကတော့ အဆင်သင့်အနေအထား ရှိနေပြီ။ ဒီနှစ်မှာ သူတို့က ပြီးမယ်ဆိုပြီးတော့မှ သူတို့ စီမံကိန်းရှိတယ်။ သို့သော်လည်းပဲ အခု အဲ့ဒီမှာဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ရွှေဂတ်စ်ပိုက်လိုင်းက သူတို့စီမံထားတဲ့အတိုင်း ပြီးဖို့ဆိုတဲ့အပိုင်းမှာ နှောင့်နှေးနေတဲ့ အပိုင်းတွေရှိနေတယ်။ ဘယ်လောက်အထိ ပိုပြီးမှ နှောင့်နှေးမလဲဆိုတဲ့ဟာ အဲ့ဒါကတော့ အခု ဒီ KIO နဲ့ အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်ပေါ်မှာလည်း အရေးပါမယ်ဆိုတော့ အခု ဆွေးနွေးပွဲ တကယ်လို့ မအောင်မြင်လို့ရှိရင်တော့ တိုက်ပွဲတွေက ပိုပြီးမှ ကြီးမားနိုင်တယ်။ တကယ်လို့ တိုက်ပွဲက ကြီးမားလို့ရှိရင်တော့ စီမံကိန်းတွေ ပိုပြီးမှ နှောင့်နှေးသွားနိုင်တဲ့ အခြေအနေ ရောက်လာမယ်။”

ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံထဲမှာ လက်စမသတ်နိုင်သေးသလို၊ အန္တရာယ်ကြီးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့နိုင်လောက်အောင် ပိုက်လိုင်းတွေဟာ အရည်အသွေး စံနှုန်း မပြည့်မှီဘူးလို့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ သဘာဝပတ်ဝန်းကျင် လေ့လာသူ ကိုဝင်းအောင် က ပြောပါတယ်။

“မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ကျောက်ဖြူကနေပြီးတော့ မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမယ့် ဒီပိုက်လိုင်းဟာ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ တချို့နေရာတွေမှာ ပိုက်လိုင်းဆက်မယ့်နေရာတွေက လိုနေသေးတာတွေ ရှိသလို၊ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောတလျှောက်မှာ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးတဲ့ စက်ရုံတွေ၊ ရေနံ ပြန်ပြီးတော့ သန့်စင်တဲ့စက်ရုံတွေ၊ အဲ့လိုမျိုး စခန်းတချို့ဟာတွေ မဆက်သေးတဲ့ဟာတွေ တွေ့ရတယ်။ နောက်တစ်ခုက ပိုက်လိုင်းရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လပိုင်းက ဆိုရင်လည်း ရှမ်းပြည်ဘက်မှာ ပိုက်လိုင်းရဲ့ ဖိအားကို ရေထိပြီးတော့ ဆင်းတဲ့အခါ ယိုစိမ့်ပြီးတော့ တခြားစိုးရိမ်စရာတွေကို လေ့လာတွေ့ရှိရပါတယ်။”

ပြည်တွင်းမှာတင်မကဘဲ တရုတ်နိုင်ငံထဲ ဖြတ်သွားမယ့် ဒီပိုက်လိုင်း စီမံကိန်းအတွက် တရုတ်ဒေသခံတွေကပါ ကန့်ကွက်ကြတာမျိုးတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

“တရုတ်နိုင်ငံ ယူလီမှာရှိတဲ့ ဒေသခံတွေဆိုရင်လည်း ကျောက်ဖြူကလာတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံစီမံကိန်းတွေ တည်ဆောက်တဲ့နေရာတွေမှာ တချို့ဓာတုစက်ရုံတွေကိုပါ တရုတ်အာဏာပိုင်တွေအနေနဲ့ တည်ဆောက်တာကို စိုးရိမ်မကင်းဖြစ်တဲ့ဟာတွေကြော
င့်လည်း သိပ်မကြာခင်ကပဲ တရုတ်ဒေသခံတွေ ထောင်နဲ့ချီပြီးတော့ ဆန္ဒပြတာတွေ စီမံကိန်းကို ကန့်ကွက်တာမျိုးတွေလည်း တရုတ်ကုမ္ပဏီက ကြုံနေရတာကို တွေ့ရတာပေါ့နော်။”

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ဒီနှစ် မေလကုန်ထဲမှာ စတင်ပြီး ထုတ်လုပ်မှာဖြစ်သလို ရေနံပိုက်လိုင်းကိုတော့ စက်တင်ဘာလထဲမှာ စတင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တရုတ်ကုမ္ပဏီက တရားဝင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် (ဗွီအိုအေ မြန်မာဌာန)


Posted: 14 May 2013 02:29 AM PDT
ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်းCDMA မိုဘိုင်း Sim Card များအတွက် လျှောက်ထားမှု များကို သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးများမှာ စတင် လျှောက်ထား နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တန်ဖိုးနည်း မိုဘိုင်းဖုန်း လျှောက်ထားမှု ကိုတော့ ပြီးခဲ့တဲ့ လကုန်ပိုင်း ၀န်းကျင်မှ စတင်ကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 May 2013 02:26 AM PDT
တော်လှန်ရေးအစိုးရ လက်ထက်မှ စတင်ပြီး နိုင်ငံရေးပြစ်မှု အမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား များ၏ သားသမီးများကို ပညာသင် ထောက်ပံ့ကြေး ပေးအပ် မည် ဖြစ်ကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Burma VJ Media Network

Posted: 14 May 2013 02:23 AM PDT
မေလ (၁၆)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄)၊ အမှတ် (၁၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 14 May 2013 02:06 AM PDT
မေလ(၁၅)ရက်နေ့ ထုတ် Smart Pro  ဂျာနယ် အတွဲ ၁၊ အမှတ် ၁၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 01:30 AM PDT
မေလ(၁၃)ရက်နေ့ ထုတ် စီးပွားရေး သတင်း ဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 01:27 AM PDT
မေလ(၁၀)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 01:24 AM PDT
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့(ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ) တွင် 13.5.2013 ရက်နေ့တွင် မြို့နယ်အတွင်းရှိ တရားမ၀င် စက်သုံးဆီ အရောင်း ဆိုင်များကို မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ လိုက်လံစစ်ဆေး သတိပေး လျက်ရှိကြောင်း သိရှိရပါသည်။

လိုင်စင်မဲ့ စက်သုံး ဆီဆိုင်များသည် 19.5.2013 နောက်ဆုံးထား ပိတ်သိမ်းရ မည်ဖြစ်ပြီး လိုင်စင်ပြုလုပ်ရောင်းချရန် ညွှန်ကြားထားခြင် ဖြစ်ကြောင်း သိရှိရပါသည်။

 ဟိုပုံးမြို့တွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် စွမ်းအင် ၀န်ကြီးဌာနမှ လိုင်စင်ရယူ၍ တရားဝင်ဖွင့်လှစ်ထားသော စက်သုံးဆီ အရောင်းဆိုင် (၁)ဆိုင်သာရှိပြီး တရားမ၀င်လိုင်စင်မဲ့ စက်သုံးဆီအရောင်းဆိုင် အများစုသည် မြို့အတွင်း ရောင်းချလျက်ရှိရာ မီးဘေး အန္တရာယ်အတွက် စိုးရိမ်ရကြောင်း ဒေသခံ ပြည်သူများက Myanmar News Now ကိုပြောပါသည်။

သစ်ထူးလွင်


Posted: 14 May 2013 01:43 AM PDT
မြန်မာ့ ပင်လယ်ပြင်က ငါးဖမ်းရေယာဉ်တွေ မုန်တိုင်း အန္တရာယ်က ရှောင်ရှား ခိုလှုံနိုင်ဖို့ သတ်မှတ် နေရာတွေကို မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက မေ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာ့ ပင်လယ် ငါးလုပ်ငန်း ရေပြင်ထဲက ကမ်းနီးငါးဖမ်းလှေများ၊ ပြည်တွင်း/ပြည်ပ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ အနေနဲ့ ရခိုင်ပြည်နယ်က သတ်မှတ်နေရာ ၂ ခုနဲ့ ဧရာဝတီတိုင်းက သတ်မှတ်နေရာ ၃ ခုမှာ အချိန် မီခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရ‌ခိုင်ပြည်နယ် ကျောက်‌ဖြူမြို့ ငါးဖမ်းစက်လှေများ၊ (ဒီနေ့မနက် ၁၁နာရီ၊ မိုးရွာသွန်းနေစဉ်)

Posted: 14 May 2013 01:49 AM PDT
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲက  မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်း အနီးမှာ ဘတ်သန်းပေါင်း  ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရ မိတယ်လို့ ထိုင်းနိုင်ငံ မြောက်ပိုင်း မူးယစ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြ သွားပါတယ်။ မြန်မာနယ်စပ် ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်ဖို့ ရှိတယ်လို့ သတင်း ရထားချက်အရ  ထိုင်းတပ်မတော် အမှတ် ၃ စစ်ဒေသရဲ့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 01:54 AM PDT
မိုးလေဝသနှင့် ဇလဗေဒဌာနမှ သတင်း ထုတ်ပြန် ထားသည့် အတိုင်း ရခိုင်ပြည်နယ်သို့ ဖြတ်သန်း တိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းမှာ ယခုအခါ မုန်တိုင်း လက္ခဏာ များ ပြသလာပြီ ဖြစ်ကြောင်း ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့မှ ဒေသခံများက ဆိုသည်။ “ဒီနေ့မနက်ပိုင်းမှာ အနောက်ဘက် အခြမ်း ကောင်းကင်ပြင်တခုလုံး မဲမှောင်လာပြီး လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 01:59 AM PDT
ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ယနေ့နံနက် မြန်မာစံတော်ချိန် ဝဝ၃ဝ နာရီမှ စတင်၍ မြောက်ဘက်သို့ ဦးတည်ရွေ့လျားပြီး မြန်မာစံတော်ချိန နံနက် ၀၆၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့ဘက် မိုင် ၃၄ဝ ခန့်၊ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၆၇ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၇၃၅ မိုင်ခန့်အကွာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 May 2013 02:03 AM PDT
ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်ဘက် မိုင်(၆၄၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၅၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၆၀) ခန့်၊ အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက်မိုင်(၂၅၀)ခန့် အကွာပင်လယ်ပြင်ကှို ဗဟိုပြုနေပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 May 2013 06:01 PM PDT
မြန်မာနိုင်ငံထဲကို ​မေလ ​၁၆ရက် ​ကြာသာပတေးနေ့မှာ ​၀င်ရောက် တိုက်ခတ်သွားမဲ့ ​မဟာစင် ​ဆိုင်ကလုံးမုန်တိုင်း ​အန္တရာယ် အတွက် ​အစိုးရအနေနဲ့ ​ကယ်ဆယ်ရေး လုပ်ငန်းတွေ ​အသင့် ​ပြင်ဆင် ထားပြီးလို့ ​ဆိုပါတယ်။ မုန်တိုင်း အန္တရာယ် အတွက် ​ပင်လယ် ကမ်းရိုးတမ်း ​ဒေသတွေမှာ ရှိတဲ့ ​စစ်တပ်တွေက ​လိုအပ်ရင် ​အသုံးပြုဖို့ အတွက် ​လေယာဉ်၊ ​ရဟတ်ယာဉ်၊ ​သင်္ဘော၊ ​မော်တော်ယာဉ်တွေအပြင်

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 May 2013 05:05 PM PDT
၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့အတိုင်းဖြစ်မလာသေးပါ။ (၁၃-၅-၂၀၁၃)ရက်နေ့အထိ Mahasen နဲ့ပတ်သက်တဲ့ data တွေ ရလာတော့ မဟာဆန်သူကို (၁၃-၅-၂၀၁၃)ရက်နေ့ ညနေ(၆)နာရီခွဲမှာ စတင်ပြီး NNE ကို စပြောင်းတော့မယ်လို့ ခန့်မှန်းထား ခဲ့ပေမယ့် Mahasen ဟာ NW ကိုဆက်လက်ရွေ့လျှားနေဆဲဖြစ်ပါတယ်။ မကွေ့သေးပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 May 2013 04:04 PM PDT
မေလ ၁၃ ရက် တနင်္လာနေ့ ညနေ ၆ နာရီ က မိုးလေ ဝသ တိုင်းထွာ ချက်တွေ အရ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပွား နေတဲ့ မဟာစင် မုန်းတိုင်း ဟာ ကိုကိုကျွန်းရဲ့ အနောက် တောင်ဘက် မိုင် ၄၃၀ ခန့်၊ ကျောက်ဖြူမြို့ အနောက် တောင်ဘက် မိုင် ၆၀၀ ခန့်မှာရှိတဲ့ ပင်လယ်ပြင်ကို ဗဟိုပြု နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မဟာစင် မုန်တိုင်း ၁၆ ရက်နေ့ညနေမှာ မြန်မာ့ ကမ်းရိုးတန်းကို ဝင်နိုင်

Posted: 13 May 2013 04:12 PM PDT
ပြီးခဲ့တဲ့မတ်လက မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ သံဃာတော်တစ်ပါး အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးထဲက ၆ ဦးကို လာမယ့် မေလ ၂၁ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။ ဒီကနေ့ရုံးချိန်းဟာ တတိယ အကြိမ်မြောက်ဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့တယ်လို့ အဲ့ဒီအမှုမှာ စွဲချက်တင် ခံထားရသူတချို့ကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး



No comments:

Post a Comment