James Mint's photo.
အစိုးရနဲ့
အတိုက်အခံ အောင်အောင်မြင်မြင်နဲ့ အမျိုးသားရင်ကြားစေ့ရေးကို
အကောင်အထည်ဖော်နေတာကို မရှုစိမ့်နိုင်တဲ့ လူတွေကတော့ အဓိကရုဏ်းတွေကို
တစ်ခုပီးတစ်ခု ဖန်တီးကြမှာပဲ...... အဲ့ဒိ အဓိကရုဏ်းမှာ ဖန်တီးလို့
အကောင်းဆုံးကတော့ လူမျိုးရေး ဘာသာရေး ပဠိပက္ခ......
အစ္စလာမ် ဘာသာဝင်တွေထဲမှာလည်း ပြဿနာတက်စေချင်တဲ့လူတွေ၊ ပြဿနာ မတက်တက်အောင်
ဆွချင်နေတဲ့လူတွေက အဆင်သင့်ဆိုတော့ ဒီမီးပွားက ခဏခဏ တောက်ဖို့ ရှိတယ်.....
အစ္စလာမ်ဘက်က အစွန်းရောက်တွေက ပြဿနာတက်မှ အိုအိုင်စီ ၀င်ခွင့်ရမယ် ဒါမှ သူတို့လိုချင်သလို ထိမ်းလို့ရမယ်၊ ၁၉၈၂ လူဝင်မှု ကြီးကြပ်ရေးကိုပြင်လို့ရမယ်၊ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်မယ်..... ဒါမှ သူတို့ဟာ လူအင်အားများမှုကို အခြေပြုပြီး မြန်မာနိုင်ငံရဲ့ စတ္ထုတ္ထအင်အားစုကြီးဆိုပီး လွှတ်တော်မှာ သူတို့လိုချင်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ ကြိုးစားမယ်...... အရင် ဦးရာရှစ်လက်ထက်က ရှုံးနိမ့်ခဲ့တဲ့ ၀က်သား ဈေးမှာ မရောင်းရဆိုတဲ့ အဆိုမျိုးပြန်လည် တင်သွင်းနိုင်တဲ့အထိ ကြိုးစားဖို့ လုပ်နေကြတယ်..... (ရမ်းပြီး မစွတ်စွဲပါ၊ သက်သေ၊ သက္ကာယ များစွာရှိပါတယ်.... ပြဿနာ အစမပျိုးခြင်၍ ထုတ်မပြခြင်းပါ)...... မိတ္ထီလာကိစ္စကိုကြည့်ရင် အေးအေးချမ်းချမ်း ဖြေရှင်းလို့ရရဲ့သားနဲ့ ရိုက်နှက်ဖြေရှင်းတာ၊ ဘုန်းကြီးတစ်ပါးကို သတ်ပလိုက်တာတွေကို ကြည့်ရင် သိနိုင်တယ်.....
ဒါဖြင့် တစ်ဖက်က အစွန်းရောက်တွေ ရှိနေတော့ ဒီဘက်ကကောဘယ်လိုလဲ မေးစရာ ရှိလာတယ်.... အပေါ်မှာပြောထားသလို အစိုးရနဲ့ အတိုက်အခံ ပြေလည်နေတာကို မမြင်ခြင်တဲ့ကောင်တွေက ဘာသာရေး ပဠိပက္ခ ပြဿနာတွေ ဖန်တီးဖို့ ပြင်လာမှာပဲ..... ဟိုဘက်ကလည်း ပဠိပက္ခနဲ့ ပြဿနာတွေ ဖြစ်စေချင်၊ ဒီဘက်ကလည်း ပြဿနာတက်မှ သိက္ခာချရမယ်ဆိုတဲ့ မီးပွားနဲ့ ယမ်းမီးအိုးနဲ့ တွေ့ချိန်မှာ ပြဿနာတက်တော့တာပဲ..... အဲ့ဒိတော့ ပြဿနာဖြစ်စေချင်တဲ့ ခေါင်းစဉ်ရှာနေသူတွေအနေနဲ့ အမျိုးသားရေး လှုပ်ရှားမှုမှန်သမျှကို ခေါင်းစဉ်တပ်လာမှာပဲ.......
အခုအချိန် ၉၆၉ ဟော့နေလို့ ၉၆၉ ခေါင်းစဉ်တပ်ခံရတယ်...... အဲ့ဒိလိုပဲ ၉၆၉ နေရာမှာ အရဟံပဲ ဖြစ်စေဦးတော့ ငရဲမကြောက်တွေကတော့ အရဟံ ခေါင်းစဉ်တပ်ပီး လုပ်လာမှာပဲ..... မီးစာနဲ့ ယမ်းရှိနေသရွေ့၊ ပေါက်ကွဲစေချင်သူတွေ ရှိနေသရွေ့ မည်သည့် အမျိုးသားရေး လှုပ်ရှားမှုဖြစ်ပါစေ ဒါကို အကြောင်းပြုလှုပ်ရှားလာမှာ ဖြစ်သလို၊ အဆိုပါ အမျိုးသားရေး လှုပ်ရှားမှုဟာလည်း အကြမ်းဖက်မှု ခေါင်းစဉ်အတပ်ခံရမှာပဲဆိုတာ မြင်ယောင်မိတယ်.....
ဒါကြောင့် ဟိုဘက်က ဘာသာရေးအစွန်းရောက်ပီး အစ္စလာမ်ဥပဒေတွေ ပြဌာန်းဖို့ ကြိုးစားနေတဲ့လူတွေကို နိုင်နင်းအောင် ထိမ်းချုပ်ရမှာဖြစ်သလို၊ အစိုးရအနေနဲ့လည်း အမျိုးသားရင်ကြားစေ့ရေးကို အနှောင့်အယှက်ပေးနေသူတွေကို ပြတ်ပြတ်သားသား အရေးယူပစ်ဖို့ လိုပါတယ်..... ဒါမှ သွေးထိုးမှုတွေကြောင့်ဖြစ်ရတဲ့ ဒီလိုပဠိပက္ခတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်....
မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ တရားလည်းသိသလို ဓါးလည်းရှိပြီး အကြမ်းဖက်မှုတွေကို ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်.....

No comments:
Post a Comment