Sunday, March 31, 2013

လှဲကျင်းရှင်းလင်းပြီး ပတ်သတ်နေသည်


by Volov Ra (Notes) on Saturday, March 30, 2013 at 2:24pm



ပထမဦးဆုံးအကြိမ် တစ်ဦးနှင့်တစ်ဦး
အပြန်အလှန် နှုတ်ခွန်းဆက်စကား
(တစုံတရာ/များစွာ)
ပါဝင်ပတ်သတ်ခြင်း ရှိ/မရှိ ရအောင်ရှာကြသည်

အကျိုးဆောင်သူ(တက်ကြွလွန်းသူ)
မောပန်းနွမ်းလျနေသည်။

အိမ်သန့်ရှင်းရေးလုပ်သည်
            ဖယ်ရှားသည်၊ ခြယ်မှုန်းသည်
            အလှဆင်သည်၊ ထုတ်ပိုးသည်
(လိုအပ်တာတွေကိုတော့ ကိုယ်တိုင်လုပ်ဖို့
ပစ္စည်းအစုံလိုက် ရောင်းတဲ့
ဆိုင်ကောင်းကောင်းမှာ ရနိုင်ပါတယ်)
အိပ်ခန်းကို မွမ်းမံပြုပြင်သည်
ထပ်မံသန့်စင်မွမ်းမံသည်
အစမှပြန်လုပ်သည်
မရှိဘဲ၊ မပါဘဲ လုပ်နိုင်သည်။

သေဟဲ့ နန္ဒိယ
ငါ့ထီး ဘယ်ရောက်သွားပြီလဲ
ဒီအတိုင်း မဖြစ်တော့ဘူး လိုအပ်နေပြီ
တနင်္ဂနွေနေ့က
ဘာတွေလုပ်နေတာလဲ
ပိုနေတဲ့ ထမင်းဟင်းတွေကို
ဘာလုပ်ကြမှာလဲ။

ဒုက္ခပါပဲ
မတရားသဖြင့် ပိတ်ပင်ခံရသည်
            ဝေဖန်ရှုံ့ချသည်၊ ပယ်ဖျက်သည်
            ကြယ်သီးတပ်သည်၊ ကြည့်ကောင်းစေသည်
(မရဘူး ကိုယ့်လူ ဒါတော့ မဖြစ်နိုင်ဘူး)
ထိခိုက်ဒဏ်ရာ ရသွားသည်။

သွားပါပြီ .  . .
တော်တော့၊ တန်တော့
တော်ပြီ၊ တန်ပြီ
မနက်လင်းအားကြီး လေးနာရီမှာ
ကျွန်တော့်ကို . . .
မနှိုးလည်း ဖြစ်ပါတယ်ဗျာ။           ။          

                               ဒီဆောင်း                          
                             

(မှတ်ချက် - ကိုယ်ပိုင်ခံစားချက် မဟုတ်။  မြန်မာစာဦးစီးအဖွဲ့ထုတ် အင်္ဂလိပ်- မြန်မာ အဘိဓာန် စာမျက်နှာ (၃၉၉)မှ ပေးထားဖော်ပြချက်များအား  ရည်ညွန်းကိုးကားပြီး ဝါကျပြန်ဖွဲ့ထားခြင်း ဖြစ်သည်)

No comments:

Post a Comment