Saturday, April 20, 2013

အမျိုးသားနိုင်ငံရေး ခေါင်းစဉ်အောက်က ငလျှင်လှုပ်ရှားမှုများ

by Lu Cifer (Notes) on Saturday, April 20, 2013 at 1:00am


စစ်တပ်ရဲ့ နိုင်ငံရေးနဲ့အဓိက ပါဝင်ပါတ်သက်လိုမှုက အမျိုးသားနိုင်ငံရေး ခေါင်းစဉ်အောက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်ဖို့ပဲဗျ၊ အဲဒီခေါင်းစဉ်အောက်မှာ ဘယ်ပါဝါကိုမဆို တွန်းလှဲ၊ ဘယ်လို့အမိန့်ဥပဒေမဆို ဆက်ပြီးပြင်ဆင်ပြဌာန်းသွားလို့ရတယ်လေ၊

အဲဒီတော့ Psychological Warfare Unit အားလုံးက အမျိုးသားနိုင်ငံရေးလမ်းစဉ် အောင်မြင်ရာ အောင်မြင်ကြောင်း နည်းဗျူဟာ( Tectics) မှန်သမျှရှာဖွေ တင်ပြပေးရတာဗျ၊

အဲဒီနေရာမှာ လူတိုင်းရဲ့ စိတ်အာရုံ လှုံ့ဆော်အပေးနိုင်ဆုံး သေချာမဲ့ လမ်းကြောင်းတွေကို
သမိုင်းမှာပြန်လှန်....
ဘယ်လို Version အသစ်နဲ့ကပြတင်ဆက်သွားနိုင်မလဲ...
ဘာသာရေး လူမျိုးရေးဟာ ညို့အားအကောင်းဆုံးဖြစ်တော့ ဒီလမ်းကြောင်းကို သုံးဖို့ဆုံးဖြတ်ရတာပေါ့၊
ဒီနေရာမှာ စစ်တပ်အနေနဲ့ ကိုယ်တိုင်တင်ဆက်ကပြလို့မဖြစ်ဘူး၊
ဇတ်သိမ်းခန်းမှာ ကယ်တင်ခြင်းဇတ်ကွက် ကရအုံးမှာကိုး၊

အဲဒီတော့ ရုပ်ထွက်ကောင်းမဲ့ ဘာသာရေးဇတ်ကောင်ရှာရတာပေါ့၊
ပံ့ပိုးပေးမဲ့ သမိုင်းမသိတဲ့ လူငယ်တွေကို Media သမီးပျိုတွေနဲ့ ပျော်မွေ့ထုံမွန်းအောင် တဖြေးဖြေးသိမ်းသွင်းယူသွားရတာပါ၊
ရဟန်းသံဃာတွေနဲ့ လူငယ်တွေ ကျွံဝင်သွားပြီးမှ....
တပ်မတော်ကြီးလဲ ချီလာပါပြီသီချင်းနဲ့ ကယ်တင်ခြင်းဇတ်ကွက်တွေကရမှာ...

တလောကတောင် "အဖေနဲ့သားများ" သီချင်းကို လူကြီးတယောက်က ဆိုမလို့ပြင်နေတာ...
OIC လူကြမ်းက မလာသေးဘူး နေပါအုံးလို့ ပြောထားရတယ်၊
ခုလာမယ်ဆိုတော့လဲ ဟဲရတာပေါ့၊ မျက်ခုံးလေးချီချီပြီး၊
အေးဗျာ...ဇတ်ကွက်လေးတွေကတော့ ကဏ္ဍအစုံပေါ့ဗျာ ယဉ်ကျေးမှုဇတ်ကွက်လေးလဲ ထည့်ရတာပေါ့၊ အမျိုးသားရေးနဲ့ မောင်နှမပဲဥစ္စာ၊
ရှေ့ဆက်မရိုးနိုင်မဲ့ ဇတ်လမ်း ဇတ်ကွက်ကလေးတွေလဲ ရေးသားတည်းဖြတ်နေပါကြောင်း။

Lucifer
20/04/2013

မှတ်ချက်။  ။ ဓါတ်ပုံ Post အဖြစ်တင်ပြီးဖြစ်ပါတယ်၊ Report Alert Message တွေဝင်လာလို့ Note အဖြစ်သိမ်းထားနိုင်ရန်ဖြစ်ပါတယ်။

No comments:

Post a Comment