Zaw Win and မတစ်ထောင် တစ်ကောင်ဘွား shared ကိုသောင်း ပုလဲမြေ'sphoto.
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဧပြီလ (၁၆) ရက်နေ့ မဟာသင်္ကြန်အတက် နေ့က စံပြ (၅) လမ်းရေကစား မဏ္ဍပ်ရှေ့တွင် စူပါစလွန်းဘင်ကား တစ်စီးဝင်တိုက်သွားသည့် သူကို စြံ ပ ဆေးရုံသို့ဦးစွာပို့ဆောင်ခဲ့သော် လည်း ငွေကြေးခက်ခဲခြင်းကြောင့် ဆေးရုံမှ ပြန်လာကာရဲစခန်းသို့ သွားရောက်ပို့ဆောင်သည့်လူငယ် ဦးမောင်ဇင်ကိုကို (၁၈) နှစ်၊ ကုလား (ခ) ပြည့်ဖြိုးပိုင် (၂၀) နှစ် (ကားတိုက်ခံရသူ) မောင် အောင်ကိုကို (၂၁) နှစ် (ဦးခေါင်းကွဲ၊ စံပြဆေးရုံတွင် ကုသပြီး နေအိမ်တွင်ဆေးကုသမှု ခံယူနေ)၊ ဦးသိန်းလှိုင် (၄၅) နှစ် (မျက်နှာတစ်ခြမ်းညိုမဲစွဲ)စသည့် (၄) ဦးကို သင်္ဃန်းကျွန်းရဲစခန်း ၀န်းထဲမှ ရဲဝန်ထမ်းအင်အား (၃၀) ခန့်က သံတုတ်နံပတ်တုတ် စသည်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ သောကြောင့် ဒဏ်ရာအနာတရ များရရှိခဲ့သော်လည်း ၀ိုင်းရိုက်သည့် ရဲစခန်းမှ ရဲများကိုအရေးယူခြင်း မပြုသည့်အပြင်ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် တွင် ထိုသတင်းကိုဖော်ပြရာ၌ “သင်္ဃန်းကျွန်းရဲစခန်းဝန်းအတွင်း ဒုရဲအုပ်တစ်ဦးကို ၀ိုင်းဝန်းထိုးကြိတ် မှုဖြစ်ပွား”ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သောကြောင့် ကာယကံရှင် များက မကျေနပ်၍ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အား သွားရောက်တိုင်တန်းသော အခါ “ရဲတွေဆိုတာလည်းပြည်သူ ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင် လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ်ကျယ် တွေမလုပ်တာအကောင်းဆုံးပါပဲ” ဟု ဖြောင့်ပြလွှတ် လိုက်သောကြောင့် ကာယကံရှင်ပြည်သူ (၄) ဦးက Hot News Journal တိုက်သို့လာ ရောက်ရင်ဖွင့်ခဲ့ကြပါသည်။
ဦးခေါင်းတွင်အရေပြားကွဲ ပြီးဆေ့း ရုံက ဆင်းခိုင်းသဖြင့် နေအိမ်တွင် ဆေးကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂၁) နှစ်အရွယ် ကိုအောင်ကိုကိုက သူကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်အားပြောပြ ရာတွင် ““အစ်ကိုစဉ်းစားကြည့်ဗျာ၊ တာဝန်သိပြည်သူအနေနဲ့ သင်္ကြန် မှာ ကားတိုက်ခံရတဲ့ လူကိုဆေး ရုံပို့ပေမဲ့ငွေကြေးအခက်အခဲကြော င့် ပြန်ဆင့်ပြီး တာဝန်နဲ့ မဏ္ဍာပ်ကို လာတဲ့ ရဲကိုအကူအညီတောင့် တာငါနဲ့ မဆိုင်ဘူးဆိုပြီး မလုပ် ပေးလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်္ဃန်းကျွန်းရဲ့စခန်းသွားပို့တာ ကို သင်္ဃန်းကျွန်းရဲ့စခန်းထဲက ပြည်သူ့ရဲဆိုတဲ့ရဲဝန်ထမ်းတွေက ၀ိုင်းရိုက်တာဗျာ။ တစ်ယောက်ဆို တစ်ကိုယ်လုံးညိုနေတယ်။ တစ်ယောက်ဆိုမျက်နှာတစ်ခြမ်း ညိုမဲစွဲသွားတယ်၊ ကျွန်တော်ဆို ခေါင်းကွဲ သွားတယ်။ အဲဒါကိုချုပ်ပေးပြီး တော့ ဆရာဝန်ကဆေးရုံကနေ ဆင်းခိုင်းတယ်။ အဲဒါကို မကျေ နပ်လို့လွှန်တော်အမတ်ကို သွား တိုင်တဲ့အခါသူကဘာပြောလဲဆို တော့ “ရဲတွေဆိုတာလည်း ပြည်သူ ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင် လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေ ပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ် ကျယ်တွေမလုပ်တာအကောင်းဆုံး ပါပဲ”ဟု အစ်ကိုရယ်။ စဉ်းစားကြည့် ပါ ကျွန်တော်တို့မိဘနေရာမှာ သူသာဆိုရင်အဲဒီစကားမျိုးပြောပါ့ မလားဗျာ”ဟု ပြောကြားသည်။
၎င်းတို့၏အဒေါ်တော်စပ် သူဒေါ်စန္ဒာဝင်းကရဲစခန်းအပြင် မှာနေ၍ သူတွေခဲ့ရသည့်ဖြစ်စဉ် ကို ပြောပြရာတွင် “ရဲတွေက ဒီကောင်တွေကိုအသေသတ်ဆို ပြီးတော့ အရေးပေါ်သံပေးပြီးတော့ ကျွန်မတူလေးတွေကို ၀ိုင်းရိုက်နေ တာကို ကျွန်မရင်နာနာနဲ့ မြင်ခဲ့ ရပါတယ်။ ပြည်သူလူထုကိုဒီလို ဆက်ဆံတဲ့ရဲတွေ မြန်မာနိုင်ငံမှာ မရှိသင့်ဘူးလို့ပဲ ကျွန်မအဓိက ယူဆပါတယ်”ဟု ပြောကြားသည်။ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ (၄) ဦး အား သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၁၅၈/၁၃၊ ပုဒ်မ (၃၃၂/
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ဧပြီလ ၂၂ ရက် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း စခန်းမှူးဖုန်းနံပတ် (၀၉- ၇၃၁၀၁၈၁၆)အား ဆက်သွယ်၍ ဧပြီ ၁၆ ရက်နေ့ ညနေ ၆း၃၀ နှင့် ၇း၃၀ အတွင်း ရိုက်ကူးထားသည့် CCTV လုံခြုံရေးကင်မရာ၏ ဗီဒီယိုဖိုင်အားလာရောက်ကြည့်ရှု ခွင့်ပေးရန်တောင်းဆိုခဲ့ရာ သင်္ဃန်းကျွန်းစခန်းမှူးက “ရန်ကုန် တိုင်းရုံးနဲ့ပဲဆိုင်တာကျွန်တော
လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
HotNewsWeekly
------------------------------
Kyawko Kokyaw shared Thuyaaung Thuyaaung Thuyaaung's photo.
No comments:
Post a Comment