သစ်ထူးလွင်
|
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ (ရုပ်/သံ)
- မွန်ဂိုလီယားနိုင်ငံမှ ဒီမိုကရေစီ ညီလာခံ (ရုပ်/သံ)
- တန့် ယန်းလမ်းခွဲမှာ ယာဉ်တိမ်းမှောက် လူ ၅ ဦးသေ ၊ ၂၄ ဦး ဒဏ်ရာရ (ရုပ်/သံ)
- သုံးခွမြို့ မှ GSM ဖုန်းလိုင်း ခေါ်မရ၊ ပြောမရ ဖြစ်နေရမှု
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူးမှ ထုတ်ပယ်
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟောပြောမည်
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရှင်းလင်း
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အမှတ် (၁၃)
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၆)
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၇)
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် (၈၆၇)
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၃၃)
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် တစ်ဦးသေဆုံး ခြောက်ဦးဒဏ်ရာရ
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတွင် ရှိနေသေးကြောင်း အမေရိကန် သံအမတ်ပြော
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာရေးဂရုပြုသင့်
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ (၁၉)ဦးရဲ့ နစ်နာမှု ဦးအောင်သိန်းလင်းမှ ကူညီမည်ဟုဆို
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှု ပုံစံဖြစ်ပါက ထိရောက်စွာ အရေးယူမည်
- ပြည်ခိုင်ဖြိုးပါတီ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကျင်းပမည်
- နတ်မောက်မြို့တွင် ဇော်ကြီးစက်သုံးဆီ အရောင်းဆိုင်ရှေ့၌ ကားကြိတ်ခံရ၍ သေဆုံးမှုဖြစ်ပွား
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ရေပေးဝေ
- မိုးအဝင် နောက် ကျမယ်
Posted: 29 Apr 2013 05:38 AM PDT
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှ
မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်နေ့မှစ၍ ယခုထိ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် တိုက်ပွဲနေရာနှင့် အနည်းငယ် အလှမ်း ဝေးသည့် လေးလုံးမြိုင်ရပ်ကွက်မှလွှဲ၍ ရွှေနံ့သာမြိုင်၊ ပိတောက်မြိုင်၊ နှင်းဆီမြိုင်နှင့် ဇီဇ၀ါမြိုင် စသည့် ရပ်ကွက် များရှိ လူထုများသည် ယင်းအနီးတ၀ိုက်ရှိ ကမမောင်းမြို့အပါအ၀င် အုန်းတော၊ ကော့လူးကျွန်း၊ ကုန်းန၀င်းနှင့် ရွာသာအေး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု မြိုင်ကြီးငူ ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တဲ့နေ့က စပြီး မြိုင်ကြီးငူက လူတွေ အားလုံးနီးပါး ထွက်ပြေးကြတယ်။ လူဦးရေဘယ်လောက် ထွက်ပြေးဆိုတာတော့ မမှန်းတတ်ဘူး။ အခု မြိုင်ကြီးငူမှာ တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတဲ့ ရပ်ကွက် လောက်ပဲ လူတွေနေကြတယ်။ တိမ်းရှောင်နေရတဲ့ လူတွေကလည်း အိမ်မပြန်ရဲကြသေးဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။ လက်ရှိ မြိုင်ကြီးငူတွင် DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံ (၉၀၅)စစ်ကြောင်းမှူး ဗိုလ်မှူး ဖူးလေးဘော ဦးဆောင်သည့်အဖွဲ့ကို BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ် ဖွဲ့ဝင်များနှင့်အတူ စစ်ကူအဖြစ် ရောက်လာသည့် (၁၀၁၇)၊ (၁၀၁၈)နှင့် (၁၀၁၉)တပ်ရင်းတို့က ယမန်နေ့ည ၁၂နာရီမှ မနက် ၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း DKBA တပ်မှူးတဦးက ကေအိုင်စီသို့ ပြောသည်။ သူက “မြိုင်ကြီးငူမှာ ညက တိုက်ပွဲဖြစ်သေးတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ BGF ဘက်က လက်နက် ကြီး အဓိက အားကိုးပြီး ပစ်ခတ်ခဲ့ပေမယ့် သူတို့ ထိုးဖောက်လို့မရဘဲ နောက်ဆုံး ပြန်နောက်ဆုတ်လိုက်ရ တယ်”ဟု ပြောဆိုသည်။ ဆက်လက်၍ ယနေ့ မြိုင်ကြီးငူတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြိုင်ကြီးငူနှင့် မယ်သဝေါအကြား ရေတံခွန် ရှိ နားထီးကွီးတွင် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်၌ DKBA ကလို့ထူးလားဗျူဟာလက်အောက်ခံ တပ်ခွဲ(၂) တပ်ခွဲမှူး စောစကုတ် ဦးဆောင်သည့်အဖွဲ့နှင့် BGF တပ်ရင်း (၁၀၁၂)နှင့် (၁၀၁၅) လက်အောက်ခံတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားကာ BGF ဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု သူက ဆက်ပြောသည်။ သို့သော် ကေအိုင်စီအနေဖြင့် DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု စာရင်း အတိအကျနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြိုင်ကြီးငူရှိ လူထုများသည် အေးအေးချမ်းချမ်း နေထိုင်ခဲ့ရာမှ ယခုလို တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နှစ်ပေါင်း ၂၀နီးပါးအတွင်း ပထမဆုံးအကြိမ် နေအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရခြင်ြး Karen Information Center |
||
Posted: 29 Apr 2013 05:33 AM PDT
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံတွေက ဒီနေ့ ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လက်ပန်းတောင်းတောင် အနီးက ဆည်တဲ၊ ဇီးတော၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်ရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၅၀၀ လောက်က အစိုးရထံကနေ ခွင့်ပြုချက်ရယူ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ အလယ်တောရွာက ဒေါ်စန္ဒာက “လက်ပန်းတောင်းကြေးနီစီမံကိန်း အရင်ရက်ပိုင်းက လက်ပန်းတောင်းတောင်အနီး ထွန်တုံးတိုက်ပွဲတွေကို ဒေသခံတွေက ဆင်နွှဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက် ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိခဲ့သလို လက်ပန်းတောင်းတောင် စီမံကိန်း ဒေသအတွင်းမှာ မတည်မငြိမ်ဖြစ်အောင် ဆူပူလှုံ့ဆော်နေတယ်လို့ စွပ်စွဲပြီး တက်ကြွလှုပ်ရှားသူ ၈ ဦးကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ဧပြီ ၂၈ ရက်နေ့မှာ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုဝရမ်းထုတ်လိုက်တဲ့အပေါ်ကို ဒေါ်စန္ဒာက သူ့အမြင်ကို ခုလိုပြောပါတယ်။ “၀ရမ်းထုတ်ခဲ့ရသူတွေကို ဒေသခံတွေက ကာကွယ်မှာပါ။ သူတို့ ကြေးနီစီမံကိန်းဆက်လုပ်နိုင်ဖို ညနေပိုင်းမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသက ရွာသား ၅၀၀ လောက်ဟာ တရားဝင်ခွင့်ပြုချက်အရ စီမံကိန်းရပ်ဆိုင်းရေးဆန္ဒပြပွဲ ဒါနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြပွဲမှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ဒေါ်တင်မာဆွေ ပြောပြတာက “ညောင်ပင်ကြီးရဲစခန်းကိုရောက်ေ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာလည်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြီး ကြေးနီစီမံကိန်းလှုပ်ရှားမှုကြော by ဒီဗွီဘီ
|
||
Posted: 29 Apr 2013 05:20 AM PDT
အထက် ဗမာပြည် မန္တလေးမြို့ မှာ မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာနေပါတယ်။ ဦးမောင်တူးတင်ဆက်။ ရိုက်ကူး အောင်အောင်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Apr 2013 05:06 AM PDT
မွန်ဂိုလီယားနိုင်ငံမှာ
ကျင်းပနေတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီအသိုက်အ၀န်းရဲ့ ညီလာခံကို မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပါတယ်။
ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။ (ရိုက်ကူး - ကျော်ဇေယျာဝင်း)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Apr 2013 05:23 AM PDT
လူ
၅ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိတဲ့ ယဉ်တိမ်း မှောက်မှုတစ်ခု
ရှမ်းပြည်နယ်၊ တန့်ယန်းလမ်းခွဲအနီး ခေးနင်းကျေးရွာ၊ ရေကျော်
တံတားခုံဆင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။
ရိုက်ကူး - ခွန်ဇော်ဦး
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Apr 2013 04:30 AM PDT
ရန်ကုန်တိုင်း
ဒေသကြီး သုံးခွမြို့ မှာ GSM တယ်လီဖုန်းလိုင်းတွေ အရမ်းကြပ်နေပါတယ် ။ GSM
တယ်လီဖုန်း သုံးစွဲသူများပြီး ဖုန်းတာဝါတိုင်က တစ်ခုထဲ ရှိတဲ့ အတွက်
ဖုန်းခေါ်လို့ မရ ဖြစ်နေကြောင်း သိရပါတယ်။
နေ့ ခင်းဘက် ဖုန်းတစ်ခါ ခေါ်ချင်ရင် လိုင်းအရမ်းကျပ်နေလို့ ခဏခဏ ခေါ်မှ လိုင်းဝင်ပြီး ဖုန်းတစ်ခါပြောမယ် ဆိုရင် လေးခါ ငါးခါ ခေါ်ဆိုနေရပါတယ်။ ဖုန်းပြောလို့ အဆင်မပြေဖြစ်လို့  မက့် ဆေ့ ပိုပြန်တော့လဲ မက်ဆေ့ ပိုလိုတောင်မရတာ အတော်ကြာနေပါပြီ။ ညနေ ၆နာရီ် ကျော်လာရင် ဖုန်းခေါ်လို့  လုံးဝမရတော့ ပါ။ မက်ဆေ့ ပို့ လို့ လဲ မရတော့ ပါ။ တခြားမြို့ မှ သုံးခွမြို့ က ဖုန်းတွေကိုခေါ်ဆိုနေရင်လဲ (ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ) အဲဒီလိုပဲ ဖြေနေပါတယ်။ ထိုသို့ ဖုန်းလိုင်းများ ကျပ်နေရသည့် အတွက် နောက်ထပ် GSM ဖုန်းလိုင်းများ ချပေးမှာကို လက်ရှိ ဖုန်းသုံးစွဲ နေသူများမှ စိုးရိမ်ကြောင့်ကျ နေရတယ်လို့ မြို့ ခံတွေက ဆိုပါတယ်။ ထိုကဲ့သို့ GSM ဖုန်း တာဝါတိုင်နှင့် သုံးစွဲသည့် GSM ဖုန်း အရေအတွက် မမျှတမှုတို့ကြောင့် ဖုန်းပြောဆိုရမှု ခက်ခဲနေရတာကို သုံးခွမြို့ မှ ဆက်သွယ်ရေး တာဝန်ရှိသူများကလဲ ဘာမှပြုလုပ်ပေးခြင်း မရှိသည့်အတွက် သုံခွမြို့မှ ဖုန်းသုံးစွဲသူ(ပြည်သူ ပြည်သားများ) (တောင်သူ ဦးကြီးများ) ရဟန်း ရှင်လူ မြို့သူမြို့သားများဟာ GSM ဖုန်း သုံးစွဲရတာကို အလွန်ကိုပဲ အခက်အခဲ ကြုံတွေနေရပါကြောင်း သုံးခွမြို့မှ GSM ဖုန်းကိုင်ဆောင်သူ ပြည်သူများက Myanmar News Now ကို ပြောပါတယ်။ သစ်ထူးလွင်
|
||
Posted: 29 Apr 2013 03:49 AM PDT
ဖြူး ၊ ဧပြီ ၂၈
အရက်မူးနေသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက် စစ်ဆေး ရာမှသေဆုံးခဲ့သည်နှင့် ကိစ္စနင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စိုးသန်းက The Voice သို့ ပြောကြားသည်။ အဆိုပါ လူသေဆုံးမှု သည် လွန်ခဲ့သော ခြောက်လခန့် စက်တင်ဘာလ ၁ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင်၊ ဖြူးမြို့တွင် အရက်မူးနေသည့် အသက်၂၄ နှစ်အရွယ် ဦးလင်းကိုကိုထက် (ခ) တောသားက စားသောက် ဆိုင် မှ အိမ်သို့ အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးက ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ပြီး ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်းထိန်သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် အပါအဝင် ၊ ရဲတပ်ကြပ်ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပယ်ခဲ့ပြီး ၊ ဒုရဲအုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချကာ ၎င်းတို့လေးဦးလုံးကို တောင်ငူခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ရဲမှူး စိုးသန်းက ရှင်းပြသည်။ “ရဲတပ်ဖွဲ့ဝင်တွေက လူငယ်ကို ရိုက်ရင် ရဲ အရာရှိမှာ တားရမဲ့ တာဝန် ရှိတယ်၊သူ မတားခဲ့လို့ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူတာပါ၊ လူသေတာက တော့ တရာရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးသန်းက ထပ်လောင်းပြောကြားသည်။ “ဆေးရုံမှာ ကျွန်မ မောင်လေးကို တွေ့တုန်းက နှာဖူးမှာဘု ထွက်ပြီ ညိုမဲနေတယ်၊ မျက်ကွင်းလည်း မဲနေတယ် ၊ ညာဘက်မျက်နှာမှာလဲ ဒဏ်ရာ ဒဏ်ချက်နဲ့ ဘယ်ဘက် နားရွက်မှာလည်းဒဏ်ရတွေ့တယ် ၊ နှာခေါင်းလည်းသွေးထွက်ပြီး ၊ပါးစပ်မှာလဲ ဒက်ရာတွေတွေ့တယ် ။” သေဆုံးခဲ့သည့် မောင်ဖြစ်သူ လင်းကိုကိုထက်ကို မြင့်တွေ့ခဲ့ရသည့် အခြေအနေအား အမတော်စပ်သူဒေါ်မြင့်ခက်ခက်မွန်က ပြောသည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ၊ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ ဖြင့် နိုဝင်ဘာလ ၂၉ ရက်မှစတင်ကာ စစ်ဆေးလျက်ရှိပြီး ဧပြီလ ၂၆ ရက်နေ့ အထိ ရုံးချိန်းပေါင်း ၁၄ ကြိမ် နှင့် သက်သေပေါင်း ၁၁ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တောင်ငူ ခရိုင် တရားသူကြီး ဦးအောင်စိုးက ပြောကြားသည်။ The Voice Weekly |
||
Posted: 29 Apr 2013 03:30 AM PDT
မွန်ဂိုလီးယားသမ္မတ Ts. Elbegdorj ရဲ့ ပုဂ္ဂိုလ်ရေးဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီယားနိုင်ငံ အစိုးရအိမ်တော်မှာ ဧပြီ ၃၀ ရက်ကျရင် ၇ ကြိမ်မြောက် ဒီမိုကရေစီအသိုက်အ၀န်းရဲ့ ၀န်ကြီးအဆင့်ညီလာခံမှာ မွန်ဂိုလီးယားသမ္မတနဲ့အတူ “မွန်ဂိုလီးယားနဲ့ မြန်မာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပူးတွဲဟောပြောကြမှာ ဖြစ်ပါတယ်။ ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဒီဟောပြောမှုကို မွန်ဂိုလီးယားစံတော်ချိန်နေ့ခင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ဖြစ်လာတာဟာ မတ် ၅ ရက်နေ့က မွန်ဂိုလီးယားသမ္မတရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂို မွန်ဂိုလီယားကိုယ်စားလှယ်အဖွဲ့ ဒီအစည်းအဝေးတွေမှာ ဧပြီ ၂၇ ကနေ ၂၉ ထိ အူလန်ဘတောမှာ ကျင်းပမယ့် ဒီမိုကရေစီအသိုက်အ၀န်းရဲ့ ၇ ကြိမ်မြောက် ၀န်ကြီးအဆင့်ညီလာခံကို မြန်မာဘက်က လွှတ်တော်နဲ့ အစိုးရကိုယ်စားလှယ်တွေ တက်မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့ ဖြစ်လာတာပါ။ အဲဒီအစည်းအဝေးကို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀ ကျော်ကို ဖိတ်ကြားခဲ့ပါတယ်။ မွန်ဂိုလီးယားသမ္မတက နိုင်ငံ ၁၀ ခုက အကြီးအကဲတွေကို ဂုဏ်ထူးဆောင်ဧည့်သည်တော်တွေအေ အဲဒီပွဲမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပြင် ၂၀၁၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မစ္စစ် တာဝပ်ကော ကာမန် (Tawakkol Karman) ကိုလည်း ဖိတ်ကြားထားပါတယ်။ သူ့ကိုတော့ မွန်ဂိုလီယားနိုင်ငံခြားရေးဝန် မစ္စစ် တာဝပ်ကော ကာမန်ဟာ ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ် သူဟာ အသက် ၃၂ နှစ်သာ ရှိသေးပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ ပထမဆုံး ယီမင်အမျိုးသမီး၊ အာရပ်အမျိုးသမီးနဲ့ ဒုတိယမြောက် မွတ်စလင်အမျိုးသမီးဖြစ်သလို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံးဆုရရှိသူ ဖြစ်ပါတယ်။ ကလေး ၃ ယောက်မိခင် သူဟာ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ by အေးနိုင် (ဒီဗွီဘီ) |
||
Posted: 29 Apr 2013 03:25 AM PDT
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ခင်း ၂ နာရီ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်နောင်မဖြစ်ပွားအောင် အကြံပြုတင်ပြတဲ့အပိုင်း ၂ ပိုင်းကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်း ရှိပါတယ်။ တပိုင်းက အချက်အလက်ရှာဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ။ အဲဒါတွေကို အတတ်နိုင်ဆုံး လူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ၊ နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့ စာကြည့်တိုက်များကနေ ရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့် အတတ်နိုင်ဆုံး ရှာဖွေပြုစုခဲ့ပါတယ်။” “နောက်တခုကတော့ အကြံပြုချက်အပိုင်းပါ။ လက်ရှိဖြစ်နေတာတွေကို ကျနော်တို့က ပကတိအတိုင်း လက်ခံနိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားပြီးတော့ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊ အကာကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းတာတွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြံပြုတင်ပြထားတယ်။” “တဆက်တည်းမှာပဲ အင်မတန်အကဲဆတ်တဲ့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့ နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါ ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစားခဲ့ကြောင်းနဲ့ ကော်မရှင်အစီရင်ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ ဒုက္ခသည်များကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း ရှင်းပြသွားပါတယ်။ ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာ ရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ပြန်လည် သဟဇာတဖြစ်ဖို့အတွက် ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အစရှိသဖြင့် ကျနော်တို့ အခန်းကဏ္ဍ ၁၂ ခု ခွဲထားပြီးတော့ ပြုစုထားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ် ရခိုင်ပြည်နယ်မှာ မနှစ် မေလနဲ့ ဇွန်လအတွင်း တည်ငြိမ်းအေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ ဥပဒေမဲ့ဆောင်ရွက်ချက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးနဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဝင်တွေထဲက ဟာဂျီဦးညွန့်မောင်ရှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ ၂ ဦးကို အကြောင်းပြချက် တစုံတရာမပေး၊ လူသိရှင်ကြားမထုတ်ပြန်ဘဲ ကော်မရှင်ကနေ ဖယ်ရှားခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ရဲ့တာဝန်ကတော့ တည်ငြိမ်အေးချမ်းမှုပျက်ပြားသော ပဋိပက္ခဖြစ်စေတဲ့အကြောင်းရင်း။ ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှူံးမှုများနဲ့ အခြားထိခိုက်မှုများ။ တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု။ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများေ by အေးနိုင် (ဒီဗွီဘီ) |
||
Posted: 29 Apr 2013 03:14 AM PDT
|
||
Posted: 29 Apr 2013 03:10 AM PDT
|
||
Posted: 29 Apr 2013 03:05 AM PDT
|
||
Posted: 29 Apr 2013 03:01 AM PDT
ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၇)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Apr 2013 02:57 AM PDT
|
||
Posted: 29 Apr 2013 02:53 AM PDT
ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၃၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Apr 2013 01:29 AM PDT
ရခိုင်ကမ်းဝေ
ငါးဖမ်းခွင့်ကို ဇွန်လ တစ်ရက်နေ့မှ စတင်ပြီး Closing Season
အဖြစ်သတ်မှတ်ကာ ရက်ပေါင်း (၄၅) ရက် တိတိ ပိတ်ထားမည်ဟု ငါးလုပ်ငန်း
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ဇွန်လ ၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိတ်မှာပါ။ ကျွန်တော်တို့ တောင်းဆိုထားကို တစ်လခွဲဘဲ ဗဟို အစိုးရက သတ်မှတ်ပေးပါတယ်” ဟု ဆိုသည်။ ယခု ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်ရခြင်းမှာ ငါးမျိုး မပြုန်းတီးရေနှင့် ငါးများ ရှင်သန်ကျက်စားမူ တိုးလာရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ “ အခု သတ်မှတ်ချက်က ကမ်းနီး မပါဝင်ပါဘူး။ ဒါကြောင့် ဒေသအတွင်းက ငါးဖမ်းသမားတွေ အတွက် မထိခိုက်နိုင်ပါဘူး။ အခု ကမ်းဝေး ပင်လယ်ပြင်မှာ ဖမ်းနေတဲ့ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြား ကုမ္ပဏီ အတွက် တားမြစ်ထားတာပါ” ဟု ဆိုသည်။ ယခုကဲ့သို့ ကမ်းဝေး ငါးဖမ်းခွင့်အား ယာယီ ပိတ်ထားမည့် အစီစဉ်ကို ရခိုင် ကမ်းရိုးတန်းတွင်သာမက ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတို့တွင်ပါ ပြုလုပ်သွားမည်ဟု သိရသည်။ ရခိုင်ပင်လယ်ပြင်သည် ကျောက်ဆောင်များ ပေါများပြီး ငါးများခိုအောင်းရန် သန္တာကျောက်တန်းများကြောင့် ငါးပေါများကြောင်း သိရသည်။ သို့သော် ရခိုင်ပင်လယ်ပြင်တွင် အမျိုးအမည်မသိသော ငါးဖမ်း သင်္ဘောများဖြင့် နေ့စဉ် ၀င်ရောက် ဖမ်းဆီးနေသဖြင့် ငါးများမှာ တဖြည်းဖြည်းနှင့် ရှားပါးလာသည်ဟု သိရသည်။ နိရဉ္စရာသတင်းဌာန |
||
Posted: 29 Apr 2013 01:26 AM PDT
ရခိုင်ပြည်နယ်
၊ တောင်ကုတ်မြို့ မှ ၂၈ မိုင် ၅ ဖာလုံ အကွာ ကျောင်းကုန်း ကျေးရွာ အနီး
ကျင်းချောင်း တံတား ၊ တံတား အမှတ် (၅/၂၈) နေရာ၌ ယမန်နေ့ နံနက် ၅ နာရီ ၄၅
မိနစ်က ယာဉ်တစ်စီး တံတား ညာဘက် သံပေါင်ကို ၀င်တိုက်မိပြီး လမ်းဘေးသို့
တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်က ရမ်းဗြဲ မှ သံတွဲမြို့သို့ ထွက်ခွာ လာသော ယာဉ်မောင်း ဦးသန်းဘို ၃၁ နှစ် (ဘ) ဦးဘလူအောင် ( အမှတ် ၄ ရပ်ကွက် ၊ အောင်ဆိပ်ရပ် ၊ ရမ်းဗြဲမြို့ နေသူ ) မောင်းနှင် လာသော Canter အမျိုးအစား ယာဉ်သည် ခရီးသည် အမျိုးသား ၈ ဦး ၊ အမျိုးသမီး ၉ ဦး တင်ဆောင် မောင်းနှင် လာခဲ့ရာ ကျင်းချောင်း တံတား နေရာ အရောက်၌ အရှိန် မထိန်းနိုင်ဘဲ တံတား ညာဘက် သံပေါင်အား ၀င်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် ဦးတင်လှိုင် ၃၅ နှစ် (ဘ) ဦးဖိုးကြည် ( အမှတ် ၆ ရပ်ကွက် ၊ ရမ်းဗြဲမြို့ နေသူ ) မှာ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာဖြင့် သေဆုံး ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၆ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ၊ ဒဏ်ရာရ ခရီးသည် များအား ရွှေလှေ တိုက်နယ် ဆေးရုံသို့ ယမန်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်က ပို့ဆောင် ပေးခဲ့ပြီး ယာဉ်မောင်း ဦးသန်းဘို အား ရွှေလှေ ရဲစခန်း က လုပ်ထုံး လုပ်နည်း နှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ မြ၀တီ သတင်း |
||
Posted: 29 Apr 2013 01:20 AM PDT
မြန်မာနိုင်ငံတွင်
အတင်းအဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ ရှိနေသေးကြောင်း မြန်
မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောသည်။
မြန်မာကွန်ဗင်းရှင်းစင်တာ၌ ယနေ့ပြုလုပ်သော အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များ ဖိုရမ်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်မှုနဲ့ လုပ်ငန်းခွင်အခက်အခဲတချို့ ရှိနေသေးတာ တွေ့ရ တယ်”ဟု အမေရိကန်သံအမတ်က ပြောသည်။ ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်၌ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက “ကလေးလုပ်သားများနှင့် ပတ်သက်သည့် ဆိုင်နှင့် အလုပ် ဌာနများ ဥပဒေ၊ ၁၉၅၁ အလုပ်ရုံများဥပဒေတို့တွင် အလုပ်လုပ်ကိုင်ရမည့် ကလေးအသက် အရွယ်များရှိကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်နေကြောင်း ပြောသည်။ အဓ္ဓမစေခိုင်းမှုနှင့် ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့ အသိပညာပေးတာတွေ လုပ်နေတယ်။ Force Labour ဆိုတာ တော်တော်နည်းနေပြီး အနည်းအကျဉ်းတော့ ရှိမှာပါ။ ၂၀၁၅ မှာ အပြီးတိုင်လုပ်ရမယ် ဆိုပေမယ့် ၂၀၁၅ မတိုင်ခင် အဓ္ဓမစေခိုင်းမှုကင်းစင်ဖို့ ကြိုးစားနေ တယ်”ဟု ဒုဝန်ကြီးကပြောသည်။ မေဇင်ဝင်း၊ ခိုင်နွယ်ဦး - Popular Myanmar News Journal |
||
Posted: 29 Apr 2013 01:14 AM PDT
ဧပြီလ
(၂၄)ရက်တွင် ငွေ ကျပ်(၁၅၀၀)တန် CDMA 800 MHZ ဖုန်းများကို ချထားပေးခဲ့
ရာတွင် လူတန်းစားမျိုးစုံ ဖုန်းကိုင် နိုင်သောကြောင့် ဖုန်းများ တွင်
ကျယ်လာမှုနှင့်အတူ ကျန်းမာ ရေးရှုထောင့်ကိုလည်း ဂရုပြုသင့်
ကြောင်းစားသုံးသူကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဗအုပ်ခိုင်က ပြောသည်။
““အခုနောက်ပိုင်း ဖုန်းတွေ က တွင်ကျယ်ကျယ်ဖြစ်လာတယ်။ ကျန်းမာရေးရှုထောင့်ကိုလည်း ဂရုပြုသင့်တယ်။ တစ်ချို့က အိပ် ရာထဲထည့်အိပ်တယ်။ ဒီလိုထည့် အိပ်တဲ့အခါမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်တတ် တယ်။ သတိမေ့ရောဂါတို့၊ အယ်လ် ဇိုင်းမားရောဂါ(ဦးနှောက်ရောဂါ ဖြစ်တက်တယ်။ တစ်ချို့သမီး ရည်စားတွေ ဖုန်းအကြာကြီးပြော တယ်။ ဒါကိုလည်း ဆင်ခြင်သင့် တယ်။ ဖြစ်နိုင်ရင် နားကြပ်နဲ့ ပြောတာအကောင်းဆုံးပဲ။ ဒီ အတိုင်းက မဖြစ်မနေပြောသင့် တယ်။ သံလိုက်စက်ကွင်းတွေက ဆိုးကျိုးဖြစ်စေတယ်။ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပေမဲ့ ကျန်းမာရေးအရ ဂရုပြုသင့် တယ်””ဟု ၎င်းကပြောသည်။ ၎င်းအပြင် တစ်ချို့သော လူကြီးများမှာ မိမိ၏ ကလေးငယ် များကိုပါ ဖုန်းများဝယ်ပေးလေ့ရှိ ရာ ထိုသို့ဝယ်ပေးခြင်းဖြင့် ကလေး ငယ်များ၏ ဦးခေါင်းအရည်ပြား မှာ လူကြီးများထက်ပိုပါးသော ကြောင့် လူကြီးများထက်ပို၍ရော ဂါဖြစ်တတ်ကြောင်း၊ အသက် (၁၀)နှစ်အောက်ကလေးများကို ဖုန်းဝယ်ပေးရန်မဆိုထားနှင့်ဖုန် ယဉ်ပပထွန်း - Hot News Weekly |
||
Posted: 29 Apr 2013 01:12 AM PDT
ရန်ကုန်တိုင်းဒေသကြီး
သုံး ခွမြို့နယ် သာယာမြိုင်ကျေးရွာ၊ မီးလောင်ချောင် အရှေ့ဘက်
ကွင်းအမှတ်-၆/၂(၁၀၅)နှင့် (၁၀၆)အတွင်းရှိ လယ်သမား(၁၉) ဦး
စိုက်ပျိုးအသက်မွေးနေသော မြေဧက ၁၃၈ ဧကကျော်အား လုပ်ငန်းရှင်တစ်ဦးနှင့်
ထိုစဉ်က အုပ်ချုပ်ရေးတာဝန်ရှိသူများအကူ အညီဖြင့် သိမ်းဆည်းခဲ့သည်အား
စတင်အသိမ်းခံရစဉ် ၂၀၀၅ ခုနှစ် ကတည်းကစ၍ အထက်ဌာန များသို့ တင်ပြစာများ
ပေးပို့ခဲ့ပါ သော်လည်း ယနေ့ထိ ထူးခြားမှု ရှိမလာသည့်အတွက် ယင်းလယ် သမား
(၁၉)ဦး၏ လယ်မြေသိမ်း ဆည်းခံရမှုအား ဥပဒေဘောင် အတွင်းမှနေ၍ အဆင်ပြေသည် အထိ
ရပ်တည်ကူညီသွားမည်ဖြစ် ကြောင်း လွှတ်တော်မြေယာနှင့် အခြားမြေများ
သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦးအောင် သိန်းလင်းကဆိုသည်။
““ဒီလို လယ်အသိမ်းခံရတဲ့ လယ်သမားတွေဘက်ကစာနာပါ တယ်။ ကျွန်တော့်အနေနဲ့လည်း လယ်သိမ်းခံရတဲ့ လယ်သမားတွေ နဲ့ တစ်ဖက်ကိုလည်း ပြဿနာ တွေမဖြစ်စေချင်ဘူး။ ကျွန်တော် တို့က လွှတ်တော်ကိုယ်စားလှယ် ပါ။ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အာဏာ ပိုင်မဟုတ်တဲ့အခါကြတော့ ဒီလို ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိအာဏာပိုင်တွေကို လို အပ်တဲ့ အကြောင်းကြားချက်တွေ ပို့ပြီး သူတို့ကူညီဖြေရှင်းပေး အောင် ဆောင်ရွက်ပေးမယ်။ ပြီး တော့ လွှတ်တော်မှာလည်း တင် ပေးမယ်။ နောက် အငြင်းပွားဆဲ ကာလမှာ ပြဿနာတွေမကြီး အောင် ဆစ်ဖက်ကလုပ်ရပ်တွေ ကို တားဆီးပေးပါဆိုပြီး ကျွန် တော်မေတ္တာရပ်ခံပေးမယ်။ တစ် ဖက်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကော်မရှင်ကို စာပို့ ပေးပါ။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးပါဆိုပြီး ၀န်ကြီးချုပ်ဆီ ကျွန်တော်စာတင်မယ်””ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သိန်းလင်းက လယ်သိမ်းခံ လယ်သမားများနှင့် တွေ့ဆုံစဉ် အားပေးပြောကြားသွားသည်။ အဆိုပါသိမ်းဆည်းခံလယ် မြေများမှာ တော်လှန်ရေးကောင် စီလက်ထက် လယ်ယာမြေများ ဖော်ထုတ်နိုင်ခဲ့ချိန်အခါက ချမှတ် သော ၁ဧက (၁၂)တင်းနှုန်း မူဝါဒချမှတ်စဉ်ကတည်းက လယ် သမားများအနေဖြင့် မြေခွန်များ ကျေပွန်စွာ ထမ်းဆောင်ကာ ၀မ်း ရေးအတွက် စိုက်ပျိုးခဲ့ပြီး လွန်ခဲ့ သည့် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင်း သဘာဝရေမြေပြောင်း လဲမှုကြောင့် ပင်လယ်ဘက်မှ ဆားငံရည်များဝင်ရောက်ခဲ့ချိန်၌ ယင်းအား အခွင့်ယူကာလုပ်ငန်း ရှင်တစ်ဦးက အာဏာပိုင်အချို့ အကူအညီအဖြစ် အစိုးရအမိန့် ဟုဆိုကာ သိမ်းယူခဲ့ခြင်းဖြစ် သည်။ ထိုသို့သိမ်းယူစဉ်အခါ၌ လည်း သဘောမတူကြောင်း ပြောဆိုခဲ့သည့် လယ်သမားအချို့ အားလည်း ရဲဝန်ထမ်းများအပါ အ၀င် လူအချို့မှ ၀ိုင်းဝန်းရိုက် နှက်ကာ အကျဉ်းချခဲ့သည်အထိ ပြုလုပ်ခဲ့ပြီး ယင်းမတရားမှုအပေါ် ထိုစဉ်မှစ၍ အထက်ဌာနများသို့ တိုင်ကြားခဲ့ပါသော်လည်း ထူးခြား မှုရှိမလာကြောင်း မကြာသေးမီ က မြေသိမ်းခံရမှုစုံစမ်းရေးကော် မရှင်သို့ တင်ပြသော အသနားခံ စာအရ သိရှိရသည်။ ခန့်ခန့်(ဒဿနိက) Hot News Weekly |
[Message clipped] View entire message
No comments:
Post a Comment