KhingKhing Su shared ပြည်ငြိမ်း's photo.
အားလုံးကို အကြွင်းမဲ့ မယုံပါနဲ့ ညီမလေး။ အားလုံးထဲမှာ လူလိမ်တွေ အများကြီးရှိနေလို့ပါ။ ရိုးသားတဲ့ မိန...်းကလေးတွေပာာ အရာရာကို ကိုယ်နဲ့ နှိုင်းပြီး ယုံအောင်ပြောရင် ယုံတတ်ကြပါတယ်။
မိန်းကလေးမှ မပာုတ်ပါဘူး။ ယောက်ျားလေးတွေကော ယုံအောင်ပြောရင် ယုံတတ်ကြပါတယ်။
အရာရာကို လွယ်လွယ်နဲ့ ယုံနေရင် အမြဲတမ်း အလှည့်စား ခံနေရတတ်ပါတယ်။ အမြဲတမ်း အလှည့်စားခံနေရတော့ ကိုယ်က လှည့်စားတဲ့ ပညာကို ကျွမ်းကျင်လာတယ်။ နောက်ဆုံးတော့ လူလိမ်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လွယ်လွယ်နဲ့ မယုံပါနဲ့။
ညီမလေးရေ။
သိပ်ချစ်ရတဲ့ ချစ်သူကိုလည်း အပြည့်မယုံပါနဲ့ (မပြောမရှိနဲ့နော်)။ ချစ်သူက ခန္ဓာကိုယ်ကို တောင်းခံလာရင် သူ့ကို ချစ်တာက တစ်ကြောင်း ယုံတာက တစ်ကြောင်းကြောင့် ပုံလိုက်ရင်တော့ မပာာ အမှားကြီး မှားသွားတာပါပဲ။
လက်တွေ့ တစ်ခုကို ပြောပြပါမယ်။ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်က မိန်းကလေးတစ်ယောက်ပာာ သူ့သူငယ်ချင်းကို တိုင်ပင်တယ်။
သူမချစ်သူက ခန္ဓာကိုယ်ကို တောင်းခံတဲ့အကြောင်း တိုင်ပင်လာတယ်။
သူမက ပေးချင်နေတယ်။ သူငယ်ချင်းက ငြင်းတယ်။ လုံးဝ မပေးသင့်ဘူးလို့ အပြတ်ငြင်းတာပါ။ မိန်းကလေးက "နင်သာ သူ့နေရာမှာဆို ရအောင်ယူမှပဲ မလား။ နင်မနာလို မဖြစ်ပါနဲ့။" စသည်ဖြင့် အကြောင်းပြ ဆင်ခြေပေးပြီး သူငယ်ချင်းစကားကို လက်မခံပဲ ချစ်သူကို ခန္ဓာကိုယ် ပေးလိုက်တယ်။
ချစ်သူကို ယုံတာကိုး။ ဒါပေမယ့် အဲ့ဒီချစ်သူနဲ့ တကယ် ကွဲသွားတယ်။ သေရော။ တစ်သက်လုံးတောင် မျက်နှာ ပြရဲစရာမရှိပါဘူး။
ဒါ့ကြောင့် ညီမလေးတို့ မိန်းကလေးတွေပာာ ဘယ်သူ့ကိုမှ လွယ်လွယ်မယုံပါနဲ့လို့ သတိပေးလိုက်ပါတယ်။
စေတနာများစွာဖြင့်
ပြည်ငြိမ်း
No comments:
Post a Comment