သစ်ထူးလွင်
|
- ဧပြီ ၁ ရက်နေ့ ပုဂ္ဂလိက သတင်းစာ ထွက်ပြီ
- ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို
- ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူ
ဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား - အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီဖွဲ့
- စစ်တွေ တက္ကသိုလ်ဝင်းထဲ မီးလောင်မှု ဖြစ်ပွား
- ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာရှိဒုက္ခသည်များသို့ သွားရောက်ကူညီမည်
- ပဋိပက္ခကို ဘက်ပေါင်းစုံက ဖြေရှင်းဖို့ သဘောတူ
- ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ
- ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့်
- သဲကုန်းအခြေအနေ တင်းမာဆဲ
- တိဘက်မြေပြို ရွှေတွင်းလုပ်သား ၈၀ ကျော် ရှာမတွေ့သေး
- ခြိမ်းခြောက်မှုရပ်ဆိုင်းဖို့ မြောက်ကိုရီးယားကို တောင်ပိုင်းကသတိပေး
- စစ်ဖြစ်တဲ့ အခြေအနေ ရောက်ပြီလို့ ပြုံရမ်း ကြေညာ
- မြေမြုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော
- အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
Posted: 31 Mar 2013 05:57 AM PDT
The Voice Daily၊ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time သတင်းစာ လေးစောင် စထွက် မယ် ဆယ်စုနှစ် များစွာ အတွင်း မနက်ဖြန် ဧပြီ ၁ မနက်က စလို့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ တွေ ပြန်လည် ထွက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Mar 2013 04:40 AM PDT
အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Mar 2013 04:32 AM PDT
မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူး
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 09:45 PM PDT
မြန်မာ နိုင်ငံမှာတော့ အရေးပေါ်ကာလ စီမံ ခန့်ခွဲရေး ကော်မတီ တစ်ရပ်ကို နိုင်ငံတော် သမ္မတရုံးက မတ်လ ၃၀ ရက် ရက်စွဲနဲ့ ဖွဲ့စည်း လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာ တွေက သတင်းထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ ကော်မတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Mar 2013 09:36 PM PDT
စနေနေ့ မနက် ၁၀း၄၅ နာရီခန့်က စစ်တွေ တက္ကသိုလ်ခြံဝင်းအတွင်း၌ မီးလောင်မှု တခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ တက္ကသိုလ် အဆောက်အဦများကို လောင်ကျွမ်းခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်း၏ နောက်ဘက် မြက်ခင်းပြင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်စဉ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 04:22 PM PDT
ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။ “ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 04:10 PM PDT
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ဘာသာရေး အသွင် ပဋိပက္ခကို ဘက်ပေါင်းစုံက ပူးပေါင်း ဖြေရှင်းဖို့ ကြိုးပမ်း နေကြတယ် မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး ဘာသာရေး ခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Mar 2013 04:03 PM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီး တာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 03:59 PM PDT
ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 03:49 PM PDT
ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ
ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအော သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။ “နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။ နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။” သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။ “ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။” သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက် ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။ “ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။ “မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။” ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက် မဆုမွန် (ဗွီအိုအေ) | ||
Posted: 30 Mar 2013 03:47 PM PDT
တိဘက် တောင်တန်းဒေသ ရွှေတူးထုတ်လုပ်တဲ့ မိုင်းတွင်းတခုမှာ မြေပြိုကျတဲ့အတွက် အလုပ်သမား ၈၃ ယောက် ပိတ်မိနေခဲ့ပြီး နောက်တနေ့မှာ ရုပ်အလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး အသက်ရှင်လျက် တယောက်မှ ရှာဖွေ မတွေ့သေးဘူးလို့ တရုတ်နေ့စဉ်သ တင်းမီဒီယာက ဖော်ပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Mar 2013 03:42 PM PDT
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန်းကရပ် ဖို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားတပ်ဖွဲ့တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်မှု မျိုးကိုမဆို ပြတ်ပြတ်သားသား ဒဏ်ခတ်အရေး ယူသွားဖို့ အဆင်သင့် အနေအထားမှာ ရှိတယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Mar 2013 08:45 AM PDT
ကိုးရီးယား ကျွန်းဆွယ်မှာ တင်းမာ မှုတွေ တိုးပွား လာနေချိန် မှာပဲ မြောက်ကိုးရီးယား အစိုးရက တောင်ကိုးရီးယားနဲ့ စစ်ဖြစ်တဲ့ အနေ အထားကို ရောက်လာ နေပြီလို့ ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။ မြောက်ကိုးရီးယားက အခုလို ထုတ်ဖေါ် ကြေညာ လိုက် ပေမယ့် ကိုးရီးယား စစ်ပွဲကြီး ဖြစ်ခဲ့ ကတည်းက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Mar 2013 08:24 AM PDT
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်မှသာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေကို အပြည့်အ၀ရှင်းလင်းနိုင်မှာဖြစ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Mar 2013 08:11 AM PDT
မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။ မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ တော်တော်ဆိုးတယ်” ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment