သစ်ထူးလွင်
|
- ရန်ကုန် အကြမ်းဖက်လှုံ့ဆော်မှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီဝင်အချို့ ပါဝင်ဟုဆို
- ပြည်မြို့တွင် ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေး ကွန်ရက် ဖွဲ့စည်း
- သွေးထိုးလှုံ့ဆော်မှုများကို ဟန့်တားရန် ရန်ကုန်ရှိဆိုင်များ ည၉နာရီနောက်ပိုင်း ပိတ်ရ (ရုပ်/သံ)
- မမှန်မကန် တရားစီရင်ခဲ့သည်ဟု ယူဆရသော အမှုတစ်ခုကို လွှတ်တော်က စုံစမ်းဖော်ထုတ်မည်
- ပုဒ်မ ၁၈၈ကြောင့် ညပိုင်းတက္ကစီမောင်းနှင်သူများ အခက်တွေ့
- ပဲခူးတိုင်း ကြို့ပင်ကောက်တွင် အကြမ်းဖက်ဖျက်ဆီးမှုများ ဖြစ်ပွား
- အသက်၁၀ နှစ်အရွယ် ကျောင်းသူလေးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုမှာ အပြန်အလှန် တရားစွဲ
- မတ်လ (၃၀) ရက်နေ့ ထုတ် Netguide Vol(2), No (79)
- မတ်လ (၂၆) ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)
- ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ်
- အညာ(၅)ရွာ ဘုရားပွဲတော်တွင် အရက်သမားများ ဆူပူအကြမ်းဖက်မှုကြောင့် ဇာတ်ပွဲရပ်နားရ
- အမေရိကန်သံရုံးက ခရီးသွားလာရေး ဆိုင်ရာ သတိပေးချက် ထုတ်ပြန်
- စမ်းသပ်သန်းခေါင် စာရင်းတွင် လူနေမှု အဆင့်အတန်း ကိုပါ စစ်တမ်း ကောက်ယူမည်
- မိတ္ထီလာ ဒုက္ခသည်တွေကို ကူဖို့ ကုလသမဂ္ဂ သွား
- ရမည်းသင်း မီးရှို့ အကြမ်းဖက်မှု (ရုပ်/သံ)
- ရွှေ့ပြောင်းနေထိုင်သူများ တရားဝင် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမည်
- လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို
- မိထ္ထီလာ ဒုက္ခသည်များအတွက် အိမ်များ ပြန်ဆောက်ပေးရန် ၈၈ စီစဉ်နေ
- မိတ္ထီလာမြို့ခံတွေလုံခြုံရေးအတွ
က် စိုးရိမ်နေဆဲ - နေရာ တခိျု့မှာ ပဋိပက္ခ ထပ်ဖြစ်
- ရန်ကုန်တိုင်း မြို့နယ် တခိျု့ မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်
- မန္တလေးက ကျူးကျော်အိမ်ရှင်တွေကို ရုံးတင်စစ်ဆေး
- ရန်ကုန်မှာ လုံခြုံရေး တင်းကြပ်
Posted: 26 Mar 2013 05:27 AM PDT
ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ် တချို့မှာ အောက်ခြေ နိုင်ငံရေး ပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 05:15 AM PDT
ပြည်မြို့တွင် ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး အကျဉ်းသားများနှင့် မြို့မိမြို့ဖများ ပါဝင်သော ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေး ကွန်ရက်ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။ “အစိုးရအဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 05:03 AM PDT
ဘာသာရေး၊ လူမျိုးရေး အဓိက ရုဏ်းနဲ့ ပတ်သက်ပြီး ကောလ ဟာလတွေ ပြန့်နှံ့နေ တာကြောင့် လှုံ့ဆော်မှု တွေ မဖြစ်ပွားအောင် ထိန်းချုပ်ဖို့ အတွက် ရန်ကုန်ရဲ့ လူစည်ကားတဲ့ အဓိကမြို့နယ်တွေမှာ ဆိုင်တွေကို ည၉နာရီ ပိတ်ကြဖို့ မြို့နယ်အုပ်ချုပ် ရေးမှူးတွေက မတ်လ ၂၅ရက်နေ့ ညနေမှာ အမိန့်ထုတ်ပြန် ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 04:51 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်မှ ငွေချေး ယူမှုနှင့် ပတ်သက်ပြီး ခရိုင် တရားရုံး၏ အဆုံး အဖြတ်အား မျှတမှုမရှိဟု ယူဆရ၍ အမျိုးသား လွှတ်တော်က ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ စုံစမ်းဖော်ထုတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Mar 2013 04:22 AM PDT
ရန်ကုန်မြို့ တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ည ၉နာရီမှ မနက် ၅နာရီအထိ ဆိုင်ခန်းများ မဖွင့်ရ ဟု ကြေညာချက် ထုတ်ပြန် လိုက်သဖြင့် ညပိုင်းတက္ကစီ မောင်းနှင်သူများ အခက်တွေ့ လျက်ရှိကြောင်း သိရသည်။ “မနေ့ညက ပုဒ်မ၁၈၈ ထုတ်လိုက်ပြီး ည ၉နာရီကနေ မနက် ၅နာရီအထိ ဆိုင်တွေမဖွင့်ဖို့ အမိန့်ထုတ်လိုက်တော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 04:06 AM PDT
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မနေ့ညက လူအုပ်စုတွေဟာ ဗလီ ၁ လုံးအပါအ၀င် အစ္စလာမ်ဘာသာဝင် အိမ် ၇ လုံးလောက်နဲ့ ဈေးဆိုင်တွေကို ထုရိုက်ဖျက်ဆီးသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်မှာ ဗလီပေါ်မှာ အိပ်နေသူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Mar 2013 04:07 AM PDT
သထုံမြို့ တွင် နေထိုင် လျက်ရှိသော လေးတန်း ကျောင်းသူ၏ လေးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှုဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက် ကျူးလွန်မှုဖြင့် ပြန်လည် တရားစွဲဆိုမှုကို လေးတန်း ကျောင်းသူလေး၏ ဖခင်မှာ ရင် ဆိုင်နေရကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူလေးကို ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 03:56 AM PDT
| ||
Posted: 26 Mar 2013 03:54 AM PDT
| ||
Posted: 26 Mar 2013 02:07 AM PDT
မတ်လ ၂၅ ရက်နေ့ကစပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ် လိုက်တယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့ သတင်းအသိုင်းအ၀ိုင်းကို ကိုးကားပြီး ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 01:40 AM PDT
မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်း ဘုရားပွဲတော်၊ အလှူပွဲတော်များတွင် အရက်ဆိုင်များ ဖွင့်လှစ် ရောင်းချသည့်တွက် ဘုရားပွဲတော်တွင်း ဆူပူခြင်း၊ မူးရစ်သောက်စား သူများပြားခြင်းများ ဖြစ်ပေါ်နေပြီး ပွဲတော်ကမရ သည့် အထိဖြစ်ပေါ်လျှက်ရှိပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Mar 2013 01:20 AM PDT
အမေရိကန် နိုင်ငံသားများ အနေဖြင့် ဒေသန္တရ အမိန့်များ ထုတ်ပြန် ကြေညာထားသည့် မင်္ဂလာဈေးနှင့် ယုဇန ပလာဇာ တစ်ဝိုက် နေရာများအား သွားလာခြင်း လုံးဝရှောင်ကျဉ်ရန် ခရီး သွားလာရေးဆိုင်ရာ အကြံပြုချက်တစ်ရပ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Mar 2013 08:07 PM PDT
မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ကောက်ယူမယ့် စမ်းသပ် သန်းခေါင်စာရင်းမှာ လူနေမှု အဆင့်အတန်းနဲ့ သက်ဆိုင်တာ တွေကိုပါ ကောက်ယူ သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Mar 2013 07:48 PM PDT
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယား ဟာ မိတ္ထီလာ မြို့ကို သွားရောက် ခဲ့ပြီး အဓိကရုဏ်း အတွင်း ထိခိုက် နစ်နာ ခဲ့ရသူ တွေ ကို တွေ့ဆုံ အားပေးစကား ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် က မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 03:49 PM PDT
ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှာ မီးရှို့ အကြမ်းဖက်မှုကြောင့် လူနေအိမ်တွေ မီးရှို့ဖျက်ဆီး ခံခဲ့ရတာတွေ ရှိပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။
ရုပ်/သံ ကြည့်ရှု့ ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Mar 2013 03:21 PM PDT
ကယား ပြည်နယ် အတွင်း ရွှေ့ပြောင်း သွားလာ နေကြသူတွေနဲ့ နယ်စပ် ဒုက္ခသည် စခန်းကနေ ပြန်လာတဲ့ သူတချို့ တို့ကို တရားဝင် အိမ်ထောင်စု စာရင်း ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်စိုးက ယခုလို ရှင်းပြသွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 03:10 PM PDT
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ် တွင် ဖေါ်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Mar 2013 02:58 PM PDT
မိတ္ထီလာမြို့မှ အဓိက ရုဏ်းဒဏ်ခံ ဒုက္ခသည်များ အတွက် အိုးအိမ် အစားထိုး ဆောက်လုပ်ပေး
ရန် ၈၈ မျိုးဆက် ကျောင်းသားများက စီစဉ်နေကြောင်း မြို့ခံ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။ “ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ အတွက် လေးပင်-သုံးခန်း အိမ် ဆောက်ပေးဖို့ စီစဉ်နေပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 02:44 PM PDT
မန္တလေးတိုင်း မိတ္တီလာမြို့မှာ သွေးထွက်သံယို ဆူပူမှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် အခြေအနေတွေ တည်ငြိမ်စ ပြုလာပေမဲ့ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကတော့ လုံခြုံရေးအတွက် စိတ်မအေးနိုင်သေး ဘဲ ဖြစ်နေကြပါတယ်။ အခုအခါ ထောင်ဂဏန်း ချီရှိတဲ့ မူဆလင် ဒုက္ခသည်တွေကိုတော့ မြို့ခံတွေသာမက တခြားလူမှုရေး အဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်းကူညီစောင့် ရှောက်နေကြရတာပါ။ မိတ္ထီလာနဲ့ အနီးအနားမြို့တွေက နောက်ဆုံးအခြေအနေတွေကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မိတ္ထီလာမြို့ ရွှေဆိုင်တဆိုင်ကနေ စတင်ဖြစ်ပွားခဲ့ရတဲ့ အကြမ်းဖက်မှုတွေအတွင်း အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် ပိုပြီးတော့ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်ဆိုပြီး မြို့ခံတွေက တွက်ဆထားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်တွေကြား အစ္စလာမ်ဘာသာဝင်တွေ အများဆုံးရှိနေ တယ်ဆိုပြီး မြို့ခံတွေက ဆိုပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မြို့ခံတဦးကတော့ “ဒုက္ခသည်တွေကို ခရိုင်အားကစားကွင်းရယ်၊ နောက်တခုက တီတီစီကျောင်းဝင်းရယ် အဲ့ဒီနေရာမှာတော့ သူတို့ ထားထားတယ်။ ခရိုင်အားကစားကွင်းမှာက အစိုးရအဖွဲ့ အစည်းတွေ ပြောတာကတော့ ထောင်ပိုင်းလောက်ရှိတယ်။ ဒါပေမဲ့ ကျနော် သွားကြည့်တဲ့အချိန်မှာတော့ တော်တော်များပါတယ်။ ၆ ထောင် ၇ ထောင်လောက်ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ များပါတယ်။ အိမ်တွေ မီးထဲပါသွားတဲ့ မီးဘေးသင့် မြန်မာဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေလည်း အဲ့ဒီမှာရှိပါတယ်။ ဒုက္ခသည်တွေဆီကို သွားရောက်ပြီးတော့မှ ကိုယ့်ဘက်က တတ်နိုင်သလောက်လေး လှူဒါန်းမယ်ဆိုရင်တော့ လှူဒါန်းလို့ရပါတယ်။ အဲ့ဒီမှာ လောလောဆယ် ရဲတွေကနေပဲ လုံခြုံရေးအနေနဲ့ ချထားပေးတာရှိပါတယ်။” မိတ္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးကတော့ မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုတွေကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။ “ဒီကနေ့ နောက်ဆုံးအနေအထားက စစ်အုပ်ချုပ်ရေးဝင်တယ်လို့ ပြောပေမဲ့ ဗမာတွေလည်းပဲ အခုအချိန်မှာ စိတ်မအေးရသေးဘူး။ ကိုယ့်လမ်းကိုယ်ကို ပြန်ပြီးတော့ လုံခြုံရေးတွေ ယူနေရတုန်းပဲ။ ညဘက်ကို မီးစုန်းပစ်မလားဆိုပြီး စိုးရိမ်ရတာတွေ ရှိသေးတယ်။ မူဆလင်တွေကလည်း ကိုယ့်အိမ်ကိုယ် ပြန်မလာရဲသေးဘူး။ ပြန်လာဖို့ ကျတော့လည်း သူတို့မှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ ကျမလေ့လာလိုက်ကြည့် တဲ့အခါမှာ မူဆလင်တွေ ပိုင်တဲ့အိမ်တွေက တော်တော်လေး မရှိသလောက်ကို ပျက်စီးသွားတယ်။ လမ်းမတန်းတွေမှာရှိတဲ့ တိုက်ကြီးတွေ၊ တိုက်ကြီးတွေဆိုရင် အထဲမှာလည်း ဘာပစ္စည်းမှကို မရှိတော့ဘူး။ မီးရှို့ပြီးတော့ နောက်ပိုင်း လုတာတွေရောပေါ့နော်။ မီးတွေလောင်နေတဲ့ ချမ်းအေးဆိုတဲ့ ရပ်ကွက်ဆိုလို့ရှိရင် မူဆလင်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီး အပိုင်း ၄ ပိုင်းပိုင်းထားတယ်။ အဲ့ဒါဆိုရင် ပြားပြားဝပ်တွေ မီးတွေ အကုန်လောင်ထားတာ” အကြမ်းဖက်မှုတွေကို ကိုယ်တိုင်မြင်တွေခဲ့ရတဲ့ မြို့ခံကတော့ သူရှေ့မှာတင် သတ်ဖြတ်မှု တွေနဲ့ အလောင်းတွေကို မီးရှို့ဖျက်စီးမှုတွေကို မြင်ခဲ့ရကြောင်း ဒီ့အတွက် သေဆုံးမှုဟာ အစိုးရခန့်မှန်းချက်ထက် ပိုနိုင်တယ်လို့ဆိုပါတယ်။ ဒေသခံတွေ သဘောကတော့ ဒုက္ခသည်တွေကို မောင်းထုတ်ဖို့အထိ မုန်းတီးတဲ့အခြေအနေ မရှိတဲ့အကြောင်း ပြောပြ ပါတယ်။ “သူတို့ရေးထားတာကတော့ ၃၀ ကျော်ပေါ့။ ကျနော်တို့ အထင်ကတော့ အဲ့ဒီထက် ပိုမှာပါ။ တချို့နေရာတွေမှာကျတော့ မီးကလည်း အရမ်းလောင်၊ မီးလောင်မှုကလည်း ဖြစ်ပွားနေ တော့ ရိုက်သတ်ပြီး မီးလောင်နေတဲ့ အိမ်တွေထဲ ပစ်ထည့်တဲ့ဟာမျိုးတွေ၊ စာရင်းမပေါ် တဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိတယ်။ လူသတ်မှုပေါ့။ အများကြီးရှိပါတယ်။ အဲ့ဒီတော့ ၃၀ ကျော် မကပါဘူးခင်ဗျ။ သတ်ဖြတ်တဲ့နေရာမှာလည်း လက်က အတော်လေး ယဉ်ပါးတဲ့ပုံစံမျိုးတွေပေါ့။ အဲ့ဒါမျိုးတွေတော့ တော်တော်များများ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်ပေါ့။ ဒုတ်နဲ့ ရိုက်တဲ့နေရာမှာရော၊ ဓားနဲ့ထိုးတဲ့နေရာမှာတွေရောက ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲနဲ့ ဒီဥစ္စာကြီးကို လုံးဝ မုန်းတီနာကြီးပြီး လုပ်နေတဲ့ ပုံစံမျိုးတွေ ပေါ်လွင်နေတယ်။ အငြိုးအတေးတွေနဲ့ လုပ်နေတဲ့ ပုံကြီးတွေ ပေါ်လွင်နေ တာပေါ့။ ပဋိပက္ခဖြစ်လာပြီးဆိုမှ လုံးဝကြီး မောင်းထုတ်မယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင် ဘူးလို့ ကျနော်တို့ကတော့ ထင်ပါတယ်။ လူတွေလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးအိမ်တွေလည်း ပစ်ပြီးတော့မှ ဒုက္ခတွေ အများကြီးရောက်နေတဲ့အချိန်မှာ ကျနော်တို့ ထပ်ပြီးတော့မှ မြို့ခံလူထုကလည်း လုံးဝ လက်မခံဘူးဆိုရင် ဒီပြဿနာကြီးက လုံးဝ ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။ အကုန်လုံးကတော့ လောလောဆယ် စိုးရိမ်နေတဲ့ အခြေအနေမှာပဲ တွေ့နေရတယ်။ စစ်တပ်က ရောက်လာ တာတော့ ရောက်လာတာပေါ့နော်။ ကျနော်တို့ အခုချိန်မှာ မြို့ခံတွေကတော့ ကိုယ့်ရပ်ကွက်တွေ ရပ်ကွက်တွေမှာ လမ်းတွေမှာ ကင်းစောင့်နေရတာမျိုးတွေ ရှိပါတယ်။ အရေးပေါ်အခြေအနေ ချထားတယ်ဆိုပေမဲ့ စစ်တပ်ကလည်း မြို့ထဲက တချို့နေရာလေးတွေမှာတော့ အစောင့်ချထားတာလေးတွေရှိပါတယ်။ ညဘက်ဆိုရင်တော့ စစ်ကားပတ်တယ်။ ဒါပေမဲ့ မြို့ခံတွေကတော့ ကိုယ့်ရပ်ကွက် ကိုယ့်နေရာကိုယ် လုံခြုံဖို့ကတော့ လမ်းတွေမှာ စောင့်နေရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လုပ်နေရတယ်ပေါ့ အဲ့ဒါမျိုး။” ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ရုန်းရင်းဆန်ခတ် အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတော့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ မိတ္ထီလာမြို့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ သူဟာဒုက္ခသည်တွေကို တွေ့ဆုံပြီး အားပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာအစိုးရ အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရတဲ့ မိတ္ထီလာလိုပဲ ၀မ်းတွင်း၊ မလှိုင်၊ သာစည် စတဲ့နေရာတွေမှာလည်း အရေးပေါ်အခြေအနေတွေ ထုတ်ပြန်ထားရပါတယ်။ အလားတူပဲ တမြို့နဲ့တမြို့ကူးစက်မှုတွေ ဖြစ်လာတာမျိုး ရေရှည် မလုံမခြုံ ဖြစ်နေရမယ့် အခြေအနေမျိုး ဖြစ်လာမှာကို မလိုလားဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မိတ္ထီလာမြို့မှာ လူသေဆုံး ထိခိုက်မှုတွေအတွက် ကန့်ကွက်တဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင်တွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး လူနည်းစုတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုတိုက်တွန်းသွားကြ ပါတယ်။ မအေးအေးမာ (ဗွီအိုအေ)
| ||
Posted: 25 Mar 2013 02:39 PM PDT
နေပြည်တော် တပ်ကုန်း မြို့နယ်၊ ပဲခူးတိုင်း အုတ်ဖို မြို့နယ် အတွင်းက အိုးသည်ကုန်း မြို့နဲ့ မင်းလှ မြို့နယ် လက်ပံ ရေကျော် ကျေးရွာတို့မှာ အဆောက် အဦးတွေကို လူစုနဲ့ ဖျက်ဆီး ခဲ့တာရှိတယ်လို့ ဒေသခံ တွေနဲ့ သက်ဆိုင်ရာ ရဲအရာရှိ တစ်ယောက်က ပြော ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 02:29 PM PDT
ရန်ကုန်တိုင်း မြို့နယ် တခိျု့မှာ ပုဒ်မ ၁၈၈ အမိန့် ထုတ်ပြန် လိုက်ပြီး ဈေးဆိုင် တွေကိုလည်း ည ၉ နာရီ နောက်ပိုင်း အကုန် ပိတ်ဖို့ အမိန့် ထုတ်ပြန် ထား ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတော့ ၂၄ ရက်နေ့ ညက ရန်ကုန် မြို့မှာ အထိတ် တလန့် ဖြစ်ပွားခဲ့တာ ကြောင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 02:19 PM PDT
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်းရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆိုပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Mar 2013 02:09 PM PDT
မတ်လ (၂၅)ရက်နေ့ ညက ရန်ကုန်မြို့မှာ နယ်မြေ ဒေသ အလိုက် ဒေသန္တရ အမိန့်များ ထုတ်ပြန်ထားရှိပြီး လုပ်သား ပြည်သူများ အနေဖြင့် တည်ဆဲဥပဒေများ ဖောက်ဖျက်ကျူးလွန်ခြင်း ၊ တုတ် ၊ ဓါး ကိုင်ဆောင်သွားလာခြင်း ၊ အုပ်စု ဖြင့် ရန်စ စော်ကားခြင်းများ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment