သစ်ထူးလွင်
|
- ဇီးကုန်းမှာ ဗလီတလုံးနဲ့ မွတ်စလင်အိမ်ခြေ ၅၀ လောက်ကို ရာနဲ့ချီတဲ့လူအုပ်က လာရောက်ဖျက်ဆီး
- ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ
- ကလေးသူငယ်များအတွက် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းတော့မည်
- နတ်တလင်းမြို့နယ်တွင် ကောလဟာလများကြောင့် ရဲနှင့်တပ်တို့ ရွှေ့လျား လုံခြုံရေးယူနေရ
- တယ်လီဖုန်းဆင်းကတ်ကိစ္စ ဧပြီလဆန်း သတင်းထုတ်ပြန်မည်
- ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
- မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခကို စိုးရိမ်ထိတ်လန့်
- ပဲခူးတိုင်းတွင်အနောက်ခြမ်း အဓိကရုဏ်းတွေမဖြစ်ခင် ဖုန်းလိုင်းများဖြတ်တောက်ခြင်း
ခံရ - ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ NLD ကျင်းပ
- အမုန်းတရားများ မရှိပါလျက်
- ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်မှု ဖြစ်ပွား
- တပ်မတော်က စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
- တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
- မိုးကြိုးပစ်ရာမှ အိမ် ၄ လုံးမီးလောင်
- စိတ်ကြီးတဲ့ စွမ်းဇာနည် ကို ဇလွန်ပရိတ်သတ်က ၀ိုင်းရိုက်ပြီး ဇာတ်စင် နဲ့ ဇာတ်အဖွဲ့ ပိုင် ကားများပါ ဖျက်ဆီး
- မတ်လ (၂၅) ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၂
- မတ်လ (၂၆) ရက်နေ့ ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄၈)
- မတ်လ (၂၁) ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် - ၈၀၇
- ဘာသာရေးပဋိပက္ခ ပျံ့နှံ့မှု အမေရိကန်စိုးရိမ်
- မြန်မာ့တပ်မတော် အပေါ် ကနေ့လူထုအမြင်
- အကြမ်းဖက်ခံရသူ ဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ကူညီ
- လိင်တူ ထိမ်းမြားခွင့် အမေရိကန် တရားရုံးချုပ်မှာ ကြားနာ စစ်ဆေး
- မတ်လ (၂၈) ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-135
- နတ်တလင်းမြို့တွင်ဗလီနှင့် နေအိမ်အချို့ပျက်စီး
- မြိတ်မြို့မှာ ဆူပူမှုဖြစ်ပေါ်စေရန် လှုပ်ဆော်မှုကြောင့် အထိတ်တလန့်ဖြစ်ပွါး
Posted: 27 Mar 2013 06:07 AM PDT
ဖျက်နေတုန်းတော့ လုံခြုံရေးက ရဲရော စစ်တပ်ရော ဘာမှမတွေ့ဘူး။ မူဆလင် အိမ်ရှင်တွေက ကြားထားပြီးပြီ၊ ၉၆၉ အရ ဗလီတွေ၊ စီးပွားရေးတွေနဲ့ အိမ်တွေ ဖျက်မယ်ဆိုပြီးလေ။ သူတို့လည်း မသယ်နိုင်တာတွေထား တံခါးတွေပိတ်ပြီး နီးစပ်ရာ ရွာတွေဆင်းပြီး အသက်မသေပြီး ရောဆိုပြီး သွားနေရတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 05:45 AM PDT
မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းင်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 05:39 AM PDT
အရွယ်မရောက်သေးသော ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 05:34 AM PDT
နတ်တလင်းမြို့နယ်တွင် အဓိကရုဏ်း ဖြစ်စေမည့် ကောလဟာလများကြောင့် ရဲလုံခြုံရေး များနှင့် စစ်တပ်တို့မှ ရွှေ့လျား လုံခြုံရေးယူနေရကြောင်း နတ်တလင်းမြို့နယ် ရဲစခန်းမှ သိရသည်။ ထိုသို့ လုံခြုံရေးယူရခြင်းမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 05:26 AM PDT
မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ရောင်းချပေးမယ့် သတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လာမယ့် သီတင်းပတ်အတွင်း ထုတ်ပြန်ပြောဆိုမယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။ “ဧပြီလအတွင်းမှာ ရောင်းပေးဖို့တော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 04:43 AM PDT
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက်ရုံးခန်း တစ်ခန်း၊ ဓာတ်ဆီဆိုင် တစ်ဆိုင်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 04:33 AM PDT
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခ သတင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ထိတ်လန့်မိကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 04:22 AM PDT
ယနေ့နေ့လည် ၃နာရီခန့်ကစတင်ပြီး ပဲခူးတိုင်းအနောက်ပိုင်း စစ်ကွင်းကျေးရွာတွင် အဓိကရုဏ်းများစတင်ဖြစ်ပွားနေေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 04:12 AM PDT
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာဟာ ပြည်သူနဲ့တပ်မတော် လက်တွဲကြိုးပမ်းခဲ့ကြလို့ဖြစ်
ဒီကနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား NLD ရန်ကုန်ရုံးချုပ်မှာ ကျင်းပရာမှာ အခုလိုထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး NLD နာယက ဦးတင်ဦးက ဖက်ဆစ်တော်လှန်ရေးကာလက စစ်တပ်မှာ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့ RFA Burmese photo: RFA/ Thiha Tun | ||||
Posted: 27 Mar 2013 02:29 AM PDT
"မိတ္ထီလာမြို့မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်း အားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်"
ဖြစ်ရပ်(၁) မီးလောင် ကျွမ်းနေသော သီရိမင်္ဂလာ ရက်ကွက်သို့ ကိုဖြိုးသန့်မင်း တစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ် ဘာသာဝင် အမျိုးသမီး တစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေး ၀န်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦး ထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင် ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။ အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက်ကယ်တင်ပေးရန် ဖုန်းများဖြင့် မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင်သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ “အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။ “ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။ ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်” ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။ ဖြစ်ရပ်(၂) အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက်လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ဆုံမိပြန်သည်။ “ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်းစွာရောက်ခဲ့ကြော ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွား ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။ “အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့အတွက်ဝယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။ ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေး “အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။ ဒုက္ခသည်စခန်းမရောက်ခင် ပဋိပက္ခဖြစ်ပွားစဉ်ရက်များအတွင်း တစ်ရပ်ကွက်တည်း အေးအတူ ပူအမျှနေထိုင်ခဲ့ကြသော ဘာသာမတူသူများမှာ ခဏချင်း တုတ်၊ ဓားများကိုင် တစ်ဖက်နှင့်တစ်ဖက် ရန်သူများသဖွယ် နေ့ချင်းညချင်း ကူးပြောင်းခဲ့ကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မုန်းတီး၍တော့မဟုတ်ဘဲ မိမိကိုးကွယ်ရာ ဘာသာဝင်များအား ကာကွယ်ရန်နှင့် စိုးရိမ်စိတ်တို့ကြောင့် ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်လာခြင်းဖြစ်သည်။ ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်မှာ ကျပ်တစ်သိန်းလေးသောင်းတန် ရွှေထည်ပစ္စည်းကို ငါးသောင်းပေးမည်ဟုဆိုကာ ရောင်းမှားဝယ်မှားဖြစ်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ နယူးဝိန်စိန်ရွှေဆိုင်မှ ရွှေဆံကုတ် ၀ယ်ယူခဲ့သော ပြွန်ကောက်ကျေးရွှာမှ ဦးခင်မောင်ဝင်းနှင့် မအေးနိုင်တို့မှာ ထိုရွှေထည်အား ထိုဆိုင်မှ ဘောင်ချာဖြင့် ပြန်လည်ရောင်းချစဉ် ပြဿနာ ဖြစ်ပွားခဲ့သည်။ ဦးခင်မောင်ဝင်းတို့ ရွှေထည်အားဝယ်ယူရန် ရွှေဆိုင်က စစ်ဆေးရာတွင် ပဲ့သွားခဲ့သဖြင့် မူလပြောထားသော သတ်မှတ်ထားသည့် ဈေးမပေးတော့ရာမှ စတင်ကာ အချင်းများကြပြီးဆိုင်ရှင်က ဦးခင်မောင်ဝင်းအားကိုယ်ထိလက်ေ ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ကို မြင်တွေ့ခဲ့သူများက ဆိုင်ရှင်ဇနီးမောင်နှံအား ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသော်လည်း မကျေနပ်သဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် လူများက စုဝေးပြီး ထိုရွှေဆိုင်အပါအ၀င် ကပ်လျက်ဆိုင်ခန်းအား အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပဋိပကမ္ခများ ပိုမိုကြီးထွားလာပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် သာစည်မြို့နယ်၊ ဟံဇားကျေးရွာ ကျောင်းမှသက်တော် ၄၅ နှစ်ရှိ ဆရာတော် ဦးသောဘိတမှာ ယဉ်ကျေးလိမ္မာကျောင်းအတွက် စာအုပ်ဝယ်ရန် မိတ္ထီလာမြို့သို့ လာရောက်စဉ် အစ္စလာမ်ဘာသာဝင် အချို့က ရိုက်နှက်သဖြင့် ပျံလွန်တော်မူခဲ့သည်။ “သံဃာတစ်ပါး သွေးမြေကျသွားတဲ့ ကိစ္စကြောင့်ပါ။ အစတုန်းကတော့ ဗလီတွေဘက် ပစ်မှတ်မရှိကြဘူး။ ပစ်မှတ်မရှိတဲ့ အကြောင်းလည်း လူအုပ်ကြီးက သတိပေးထားပါတယ်။ သံဃာတော်တွေကလဲ ကတိပေးထားပါတယ်။ အဲဒီအချိန်မှာ မဆီမဆိုင် သံဃာတစ်ပါးသွေးမြေကျတာနဲ့ ပတ်သက်ပြီးတော့ ပစ်မှတ်ပြောင်းသွားတာပေါ့” ဟု ဆရာတော်ဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။ သို့သော် နောက်ပိုင်းရက်များတွင်မူ မြို့ခံများပင် မသိသော စာသင်သားငယ်ဖြူမှန်း မသိသောသူများ ၀င်ရောက်လာခဲ့ပြီးနောက် ပြဿနာမှာ ကြီးသွားခဲ့သည်ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။ မြို့ခံများကလည်း မတ်လ ၂၁ ညနှင့် ၂၂ ရက် အခြေအနေများမှာ ရှုပ်ရှုပ်ထွေးထွေးဖြင့် အကြမ်းဖက်မှုများ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ကြောင် “တတိယနေ့ကတော့ ပယောဂ ၀င်ပူးသွားပြီ” ဟု ဆရာတော်ဦးဝီရသူက မှတ်ချက်ပြုသည်။ ထို့ကြောင့် ရွှေဆံကုတ်အရောင်းအ၀ယ်မှ စတင်ခဲ့သော အကြမ်းဖက်မှု သုံးရက်အတွင်း လူပေါင်းများစွာသေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ များစွာရှိပေါ်စေခဲ့ခြင်းဖြစ်သည် ပြဿနာဖြစ်ပွားနေစဉ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်ငယ်က စပါးခင်းထဲမှာ ချထားတဲ့ စာခြောက်ရုပ်ထက်မပိုပါဘူး။ ဓားနဲ့ခုတ်လည်း ကြည့်နေတယ်။ မီးရှို့လည်း ကြည့်နေတယ်” ဟု ဒေါက်တာစန်းလှိုင်က မှတ်ချက်ပြုသည်။ “ဒီပြဿနာ ကြီးထွားလာတာ ဆက်ပြီးဖြစ်လာတာက အုပ်ချုပ်သူတွေက အချိန်မီမဖြေရှင်းနိုင်တဲ့သဘော ဖြစ်သွားတယ်။ နောက်ကွယ်ကလည်း ပယောဂဆိုတာမျိုးလည်းပါနိုင်ပါ ထို့ကြောင့် မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ငွေကြေးပြည့်စုံသူများနှင့် လူလတ်တန်းစားများနေထိုင်သည့် သီရိမင်္ဂလာရပ်ကွက်၊ ဆင်းရဲသား အများစုနေထိုင်သော ရန်မျိုးအောင်ရပ်ကွက်၊ ချမ်းအေးသာစံ ရပ်ကွက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးသူများရှိခဲ့သည်။ သာမန်အရောင်းအ၀ယ်မှ စတင်ပြီးသုံးရက်ကြာဖြစ်ပွားခဲ့ေ မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ကြရသည်။ နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် အကူအညီစတင်ယူခဲ့သည့် နေ့မှစ၍ တည်ငြိမ်စပြုလာသော်လည်း ရပ်ကွက်များ ဒုက္ခသည်စခန်းများတွင်မူ ဒေသခံများက စောင့်နေရဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်များအား ခရိုင်အားကစားကွင်း၊ စာသင်ကျောင်းများတွင်ထားပြီး အပြင်ထွက်ခွင့်မပေးသေးပေ။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်များမှာမူ ဘုန်းတော်ကြီးကျောင်းတွင် အများစုနေထိုင်ကြပြီး အချို့မှာ သစ်ပင်အောက်များတွင် နေထိုင်လျက်ရှိသည်။ ထိုကဲ့သို့သော ပြဿနာများ ဆက်လက်မဖြစ်ပွားရန် အစိုးရအပြင် သက်ဆိုင်ရာဒေသတွင်းရှိသော ဘာသာရေးနှင့် လူမှုခေါင်းဆောင်များကပါ ထိန်းသိမ်းကူညီပေးရန်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချု “လူမျိုးရေးကို အခြေခံတဲ့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခမျိုးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရား၊ ကရုဏာတရားစတဲ့ စိတ်နေသဘောထားတွေကိုလည်း အများက မေးခွန်းထုတ်လိမ့်မယ်။ အချုပ်ပြောရရင် တစ်တိုင်းပြည်လုံးအတွက် ရှက်စရာ ကောင်းပါတယ်” ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။ သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြေလျှော့အောင် မလုပ်နိုင်ခဲ့မှုမှာ အဓိက အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်သည်။ “ဒီလိုရောယှက်နေတဲ့ နေရာမှာတော့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ လူတွေက အရမ်းစိုးရိမ်နေတယ်။ အရမ်းကြောက်နေတာတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့စိတ်တော့ မတွေ့ရဘူး” ဟု ဒုက္ခသည်စခန်းများအားလှည့်လည် သို့သော်အစ္စလာမ်ဘာသာဝင်များ ရောယှက်နေသည့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ကားများနှင့် ဆိုင်ကယ်များတွင်မူ သာသနာအလံများ ထောင်ထားခြင်းများ ပြုလုပ်ထားကြသည်ကို တွေ့ခဲ့ရသည်။ ကြင်နာပြီး၊ ကြင်နာသနားတတ်သည်ဟု သတင်းကြီးခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း ထိုမျှရက်ရက်စက်စက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် "အဓိကကတော့ အားလုံးက ကျွန်တော်တို့မြန်မာတွေ၊ လူသားတွေချည်းပဲဆိုတာကို အခြေခံပြီး စဉ်းစားလိုက်ရင် အမုန်းတရားလည်း မရှိနိုင်တော့ပါဘူး" ဟု မိတ္ထီလာမြို့ခံတစ်ဦးကပင် ပြောသည်။ အမုန်းတရားများ မရှိပါလျက် ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံးစိတ်ထဲတွင်မူ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးဆုံးဖြစ်ပေသည်။ ။ အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည် - 7Day News Journal | ||||
Posted: 27 Mar 2013 02:13 AM PDT
ဒီနေ့ မနက် ၃ နာရီ ၀န်းကျင်လောက်က ပဲခူးတိုင်း ဇီးကုန်းမြို့မှာ ဗလီ ၁ လုံးနဲ့ လူနေအိမ်တချို့ကို ၀င်ရောက်ဖျက်ဆီးမှု ဖြစ်ခဲ့ကြောင်း ဇီးကုန်းကို ရောက်နေတဲ့ မန္တလေးမြို့ခံ မျက်မြင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ လူ ၁၀၀ ၀န်းကျင်လောက်ရှိတဲ့ လူအုပ်ဟာ ဇီးကုန်းဘုရားလမ်းက ဗလီ ၁ လုံးနဲ့ လူနေအိမ်တချို့ကို ချိုးဖျက်ဝင်ရောက်ပြီး --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 02:01 AM PDT
မြန်မာ့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုမျိုးမှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက် ကျူးလွန်သူ တွေကိုလည်း စစ်စည်းကမ်းနဲ့အညီ ထိရောက်စွာ အရေးယူခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာမျိုးလည်း တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝ မရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 27 Mar 2013 04:56 AM PDT
ပြည်သူ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖြစ်ပုံကို---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 27 Mar 2013 01:44 AM PDT
၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့နယ်၊ ဟိုမောမန်နိမ့်ကျေးရွာအုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွားခဲ့ေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 01:12 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့  ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်တွင် တပေါင်းလပြည့်ကျော် (၁)ရက်နေ့ မတ်လ(၂၇)ရက်နေ့ နံနက် (၂း၃၀)နာရီ ခန့်တွင် စွမ်းသဘင်ဇာတ်ရုံမှာ ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး စင်အားမီးရှို့ ၊ ဇာတ်အဖွဲ့မှ ပါလာသော လေအိတ်ကား တစ်စီး ၊ ကုန်ကားနှစ်စီး ၊ မင်းသား၏ ကိုယ်ပိုင်ကား တစ်စီး မှန်များ ရိုက်ခွဲခံရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 27 Mar 2013 12:58 AM PDT
| ||||
Posted: 27 Mar 2013 12:55 AM PDT
| ||||
Posted: 27 Mar 2013 12:53 AM PDT
| ||||
Posted: 26 Mar 2013 07:25 PM PDT
မိတ္ထီလာခရိုင်မှာစခဲ့တဲ့ အကြမ်းဖက်မှုတွေ တခြားမြို့နယ်တွေအထိ ပျံ့နှံ့ဖြစ်ပွားနေတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံတွင်း ခရီးသွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ် ပွားနေတဲ့နေရာတွေကို ခရီးသွားလာတာတွေ မလုပ်ဖို့ ရန်ကုန် အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မိတ္ထီလာခရိုင်တွင်း ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ ပဲခူးတိုင်းထဲက ဒေသတွေအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောခွင့်ရသူ (Patrick Ventrell) က မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ “ပဲခူးမှာ လူမှုအသိုင်းအ၀ိုင်းကြားဖြစ်တဲ့ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အလွန်အမင်း စိုးရိမ်နေတုန်းပဲ ဖြစ်ပါတယ်။ ဒါ အရင်ကျနော်တို့ပြောခဲ့တဲ့ မိတ္ထီလာမြို့ရဲ့ တောင်ဘက်ပိုင်းမှာ ဖြစ်ပါတယ်။ အစောပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ လူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ အကြီးအကျယ် သေကျေပျက်စီးရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ် ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။” အကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရတဲ့ မိသားစုတွေ အပါအ၀င် အားလုံးအတွက် အမေရိကန် ပြည်ထောင်စုက အထူးစိတ်မကောင်း ဖြစ်ရကြောင်းလည်း ၀မ်းနည်းစကား ပါးခဲ့သလို၊ လက်ရှိ အကြမ်းဖက်မှုတွေကို အာဏာပိုင်တွေအနေနဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားပြီး တရားဥပဒေနဲ့အညီ ကိုင်တွယ်မှုတွေနဲ့ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေ ပြန်ရောက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ မြန်မာအစိုးရဘက်က ဥပဒေ စိုးမိုးရေးကိစ္စတွေမှာ ပြောင်းလဲကိုင်တွယ်လာတဲ့ အပေါ်မှာ ကျနော်တို့ဘက်ကလည်း အခုလို ပြုပြင် ပြောင်းလဲရေး ကာလမှာ သူတို့နဲ့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” မိတ္ထီလာမြို့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် အကူအညီအဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁ သိန်း အကူအညီ ပေးအပ် သွားမယ့် အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့သလို ဒုက္ခသည်တွေ လိုအပ်တဲ့ တကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းတွေ၊ စောင်၊ ပလက်စတစ် အမိုးအကာ၊ အရေးပေါ် သောက်သုံးရေ စတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်း လည်း ပြောခွင့်ရသူက ပြောသွားခဲ့ပါတယ်။ မတူကွဲပြားတဲ့ ဘာသာရေး အယူအဆရှိသူတွေ အချင်းချင်းကြား သည်းခံစိတ်ထားပြီး အပြန်အလှန် လေးစားမှုရှိဖို့နဲ့ ဘာသာမတူသူတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ ဘာသာရေး ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်က နိုးနိုးကြားကြား ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ (Patrick Ventrell) က ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လို ဆက်ဆံနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတွေလှမ်းဖို့ ဆန္ဒရှိနေတဲ့ နိုင်ငံတခုအနေနဲ့ ဥပမာပါပဲ။ ကျနော်တို့ဘက်ကလည်း ဒါကို လုပ်ရပ် တခုချင်းအပေါ်မှာ တုံ့ပြန်တဲ့ မူဝါဒနဲ့အညီ ဆက်ပြီး တုံ့ပြန် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တစုံတရာ အထိအခိုက်မခံတဲ့ အနေအထားမှာ ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ကျနော်တို့အနေနဲ့ နိုးနိုးကြားကြား ရှိရမှာပါ။ တရားဥပဒေ စိုးမိုးမှုရှိရေးနဲ့ သတင်း လွတ်လပ်ခွင့်လို တချို့ကိစ္စတွေမှာ အပြောင်းအလဲတချို့ ရှိလာတာလည်း ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီကိစ္စတွေကို အနီးကပ် ကြီးကြပ် စောင့်ကြည့်သွားမှာပါ။ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးကိစ္စတွေနဲ့ တိုင်းရင်းသား ပြဿနာတွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်နိုင်မလဲ ဆိုတဲ့ ကျနော်တို့ရဲ့အမြင်တွေကိုလည်း မြန်မာအာဏာပိုင်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။” တိုင်းရင်းသား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်သလို ဒီကိစ္စကို မျက်ခြေမပျက် စောင့်ကြည် သတိပေးတာတွေ လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ရွှေဆိုင်တခုကနေ အစပြု အချင်းများရာကနေ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ရန်ကုန် အပါအ၀င် တခြားမြို့နယ်တွေမှာပါ ပျံ့နှံ့လာတဲ့ အခြေအနေတချို့ ရှိတာကြောင့် မြန်မာနိုင်ငံတွင်း ခရီးလှည့်လည် သွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာရာမှာ သတိထားကြဖို့လည်း ရန်ကုန် အမေရိကန်သံရုံးက သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးတွင်း ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့နဲ့ ရန်ကုန်မြို့မှာတော့ အကြမ်းဖက် ရန်လိုမှုတချို့ ရှိခဲ့တဲ့ ကန်တော်ကြီး အရှေ့ဘက်ခြမ်း ယုဇနပလာဇာနဲ့ မင်္ဂလာဈေးတ၀ိုက် သွားလာမှုတွေကို ရှောင်ရှားဖို့ အမေရိကန်သံရုံးက မနေ့ အင်္ဂါနေ့က သတိပေး ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မခင်ဖြူထွေး (ဗွီအိုအေ)
| ||||
Posted: 26 Mar 2013 07:21 PM PDT
ကနေ့မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း နဲ့ လုံခြုံရေး ကို ထိပါးတဲ့ အခြေအနေ ပိုဆိုးလာရင် တပ်မတော် အုပ်ချုပ်ရေး နဲ့ ထိန်းသိမ်းဖွယ်ရာ ရှိတယ် လို့ တာဝန်ရှိသူ တခိျု့က ပြောနေ ကြ ပါပြီ။ ဒီအခါ မှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လည်း ပါလာလို့ ကနေ့ လို ၆၈ နှစ်ပြည့် တပ်မတော်နေ့ မှာ ပြည်သူ့ အမြင် သဘောထား သုံးသပ်ဖို့ လိုပါပြီ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 26 Mar 2013 07:18 PM PDT
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး နွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပဋိပက္ခရဲ့ ဓါးစာခံ ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရက အကူအညီငွေ ဒေါ်လာ တသိန်းပေးမယ်လို့ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 26 Mar 2013 07:27 PM PDT
အမေရိကန်နိုင်ငံမှာ လိင်တူ စုံတွဲတွေ လက်ထပ် ထိမ်းမြားခွင့် ထောက်ခံ တောင်းဆို သူတွေ လျှောက်ထားလာတဲ့ အမှုတွဲ နှစ်ခုထဲက ပထမ အမှုတွဲကို အမေရိကန် တရားရုံးချုပ်က ကြားနာ စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လိင်တူအချင်းချင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
No comments:
Post a Comment