သစ်ထူးလွင်
|
- ရဲဝန်ထမ်းနှင့် အရပ်သားတို့ ထိုးကြိတ်ရာမှ အပြန်အလှန်တရားစွဲ
- ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပြိုင်ကားပေါ်မှ ပစ်ချသည့် တရားခံဖမ်းမိဟုဆို
- ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြောင်းလဲမှုရှိ
- လုပ်ငန်းသစ် စတင်လုပ်ကိုင်မည့်သူများ အတိုးနှုန်း သက်သာစွာ ငွေချေးယူနိုင်
- မတ်လ ၁၉ ရက်နေ့ ထုတ် Flower News Journal အတွဲ ၉ အမှတ် ၁၂
- မတ်လ(၁၉)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊ အမှတ်(၂၀)
- မတ်လ ၁၈ ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် Issue 11
- RCSS စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်
- သမ္မတဦးသိန်းစိန် ကို သြစတြေးလျရောက် တိုင်းရင်းသားများ ဆန္ဒပြ
- မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်
- လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ
- စစ်တွေ ၀န်ကြီးများ အိမ်ရာအနီးမှာ ဘင်္ဂလီများသတ်ပုတ် ရိုက်နှက်မှုတစ်ရပ် ဖြစ်ပွါးခဲ့
- ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြု
- Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို
- ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်
- ဓါးထိုးသတ်ခံရ ကျားဖြူဥက္ကဌတူ အမှုကို မတ်လ ၂၂ ရက် နေ့တွင်ရုံးပြန်ချိန်း
- ရခိုင်ပြည်နယ်မှ ဒုက္ခသည် ခြောက်သောင်းခွဲအတွက် အဆောက်အဦးများကို တည်ဆောက်ပေးမည်
- မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင်
- မတ်လ ၂၀ ရက်နေ့ ထုတ် shade journal အတွဲ(၇)၊ အမှတ်(၁၅)
Posted: 19 Mar 2013 05:15 AM PDT
အနောက်ပိုင်း
တက္ကသိုလ်ရဲကင်းမှ ရဲဝန်ထမ်း အပါအ၀င် သတင်းပေး လေးယောက်တို့နှင့်
အရပ်သားသုံးဦး ထိုးကြိတ်ကြရာမှ ဆွဲကြိုးဖြတ်လု ယက်မှု၊ တာဝန်ဝတ္တရား
နှောက်ယှက်မှုတို့ဖြင့် အပြန်အလှန်အမှု ဖွင့်ထားကြကြောင်း သတင်းရရှိသည်။
အရပ်သား လူငယ် ၃ ဦးသည် မတ် ၁၇ရက် ည ခုနှစ်နာရီခန့်က ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Mar 2013 05:07 AM PDT
ရန်ကုန်၊ မတ်-၁၉
လှိုင်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူအနီးတွင် ယခုလ ၁၇ ရက် ည ၈ နာရီခွဲအချိန်၌ ပြိုင်ကားတစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ယနေ့ မတ်လ ၁၉ ရက်တွင် တရားခံဟု ယူဆသူအား ဖမ်းမိခဲ့ပြီး စစ်ဆေးလျက်ရှိရာ ဖြစ်စဉ်အသေးစိတ်အား ထုတ်ပြန်ခြင်း မပြုသေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 7Day News Journal |
||
Posted: 19 Mar 2013 05:03 AM PDT
မတ်လ
၁၁ ရက်မှ ၁၆ ရက်အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်း တို့နှင့်အတူ
ပြည်တွင်း အခေါက်ရွှေဈေးပါ လိုက်ပါပြောင်းလဲမှု ရှိခဲ့ကြောင်း
ရွှေကုန်သည်များက ဆိုသည်။ “ဒီတပတ်ထဲမှာ ပြင်ပ ဒေါ်လာပေါက်ဈေးက ၈၇၃ ကျပ်ကနေ
၈၉၁ ကျပ်အထိ တက်လာတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Mar 2013 04:49 AM PDT
အသေးစားနှင့်
အလတ်စား လုပ်ငန်းသမားများ (SMEs) နှင့် လုပ်ငန်းသစ် စတင် လုပ်ကိုင်မည့်
သူများအား အတိုးနှုန်း သက်သာစွာဖြင့် ACLENDA မြန်မာ ကုမ္ပဏီက ချေးပေးနေသည်ဟု
ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Mar 2013 04:50 AM PDT
|
||
Posted: 19 Mar 2013 04:40 AM PDT
|
||
Posted: 19 Mar 2013 04:17 AM PDT
|
||
Posted: 19 Mar 2013 03:58 AM PDT
သျှမ်းပြည်တောင်ပိုင်း
ဟိုမိန်းမြို့နယ်အတွင်း လွယ်နဂါး တောင်ကြောရှိ RCSS/SSA ၏
လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရ စစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့်
ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Mar 2013 03:13 AM PDT
မြန်မာနိုင်ငံတော်
သမ္မတဦးသိန်းစိန် သြစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာမှာ
ရောက်ရှိနေစဉ်မှာပဲ မဲလ်ဘဲန်းမြို့၊ ကင်ဘာရာမြို့နဲ့ ဆီဒနီမြို့မှာ
နေထိုင်ကြတဲ့ မွန်၊ ကချင်၊ ကရင်နဲ့ ချင်းတိုင်းရင်းသားတွေ အပါအဝင်
ရိုဟင်ဂျာတွေလည်း ကင်ဘာရာမြို့ကိုလာရောက် ဆန္ဒပြခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Mar 2013 03:04 AM PDT
ထားဝယ်-မတ်၁၉
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မျှော်ရစ်ကမ်းခြေ (ကမ်းပနီ)တွင်
မတ်၁၆ရက်နေ့က ဝေလငါး အမျိုးအစား ငါးအသေကောင်တစ် ကောင်လာ ရောက်
သောင်တင် နေကြောင်း သိရသည်။ အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှ အမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့ အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံရေလုပ်သား ကဆိုသည်။ ၂၀၀၅ ခုနှစ်အတွင်းကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသထားကြောင် အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။ သတင်း - ဖိုေးဇာ်(ထားဝယ်) ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ) နှင့် ဖိုးဇော်(ထားဝယ်) Popular Myanmar News Journal |
||
Posted: 19 Mar 2013 02:51 AM PDT
ရခိုင်ပြည်နယ်အတွင်းရှိ
မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ
အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်နေ့တွင်
ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား
ပြိုင်လောင်းတောင်တန်း အနီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Mar 2013 08:31 PM PDT
စစ်တွေမြို့၊
ဝန်ကြီးများ အိမ်ရာအနီးရှိ ဘာဆာရာ ဘင်္ဂလီရွာမှ ဖြတ်သန်းမောင်းနှင်သော
သဲတင်ကား(တေပါ) တစ်စီးအား မောင်းနှင်လာသူ အောင်နိုင်ကြီး(အသက်- ၃၀ ခန့်)အား
ဘင်္ဂလီ ၅၀ ခန့်မှ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒရိုက်ဘာဖြစ်သူ ဦး
နိုင်ကြီး မှာ ထွက်ပြေးခဲ့သော်လည်း နောက်မှ လိုက် လံ ရိုက်နှက်ခြင်းကြောင့်
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Mar 2013 08:00 PM PDT
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Mar 2013 07:49 PM PDT
ကမ္ဘာပေါ်မှာ
IT သတင်းနည်းပညာ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ
မြန်မာနိုင်ငံကို ဒီအပတ်ထဲ လာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ
အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ
အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး
စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို
Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက်
ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ် “ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ၀မ်းသာပါတယ်။” Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအ၀င် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ် “အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။” မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက - “Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။ “Google ရဲ့ တချို့ ၀န်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေ၀င်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။” မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။ “ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ၀င်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။” တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအ၀ိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။ ကိုဝင်းမင်း (ဗွီအိုအေ)
|
||
Posted: 18 Mar 2013 12:02 PM PDT
ပုဂံဒေသ
ဟိုတယ် လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များ အနေဖြင့်
ရှေးဟောင်း အဆောက်အဦများ ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာ
စားပွဲများ ပြုလုပ်နိုင် တော့မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် များထံက
သိရသည်။ ပုဂံဇုန်သို့ လည်ပတ်သည့် ခရီးသည်များ အတွက် စိတ်ရွှင်လန်းမှု
ရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Mar 2013 11:49 AM PDT
သျှမ်းပြည်မြောက်ပိုင်း
နမ့်ခမ်းမြို့ တွင် လူသတ်မှု ကျူးလွန်သော ပြည်သူ့ လွှတ်တော် အမတ်(ပန်းဆေး
ပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန် နှင့်
အပေါင်းအပါ အိုက်ဆမ် တို့အား ယခုလ ၁၄ ရက်က မူစယ်ခရိုင် တရားရုံး၌
ရုံးထုတ်စစ်ဆေးပြီးနောက် ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက် ကြောင်း
သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Mar 2013 11:41 AM PDT
ရခိုင်ပြည်နယ်ရှိ
ဒုက္ခသည်များ မိုးရာသီတွင် နေထိုင်နိုင်ရန် မိုးဒဏ်ခံနိုင်သော ယာယီဒုက္ခသည်
အဆောက်အဦးများကို ကုလသမဂ္ဂ အဖွဲ့အ စည်းများမှ စုပေါင်းပြီး တည်ဆောက်ပေးရန်
စီစဉ်လျက်ရှိကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူ မစ္စတာ အန်တိုနီယိုက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ တည်ဆောက် ပေးထားသော ယာယီဒုက္ခသည် စခန်းများမှာ
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Mar 2013 11:27 AM PDT
ကမ္ဘာတ၀ှမ်း
လက်နက်တင်ပို့မှုမှာ အခုနောက်ဆုံး ဗြိတိန်နိုင်ငံ ကို ကျော်လွန်ပြီး နံပါတ်
၅ နေရာအထိ ရောက်လာတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တင်ပို့မှုမှာတော့
ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ လက်နက်ရေးရာ
ဆန်းစစ်မှုအဖွဲ့တခုက ပြော လိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ လက်နက်တင်ပို့မှုဟာ
----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Mar 2013 11:24 AM PDT
|
No comments:
Post a Comment